ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Monday, December 7, 2015

Samsung ဖုန်းများတွင် Firmware ရေးပြီးလို့ Logo မှာပဲရန်နေရင်ဖြေရှင်းနည်း


Android နည်းပညာအကြောင်းပြောရင် Boot loop အကြောင်းလည်း
ချန်ထားခဲ့လို့ဖြစ်မယ်မထင်ပါ အရေးမကြီးလို့သာထင်နေရတဲ့
တယ်အခက်ကြုံတော့မှ ဘာဆက်လုပ်မှန်းမသိဖြစ်နေတတ်ပါတယ်။

အခုနောက်ပိုင်း Samsung Devices တွေမှာ ဖုန်းကို Firmware ရေးတာပဲဖြစ်ဖြစ်
 Root လုပ်လို့ပဲဖြစ်ဖြစ် Odin Tool နေရာမှာ Auto Reboot အမှန်ခြစ်ထားပြီး
ရေးသားလိုက်ရင် Odin မှာတော့ Pass ပြပြီး ပါဝါပြန်တက်လာတဲ့အခါ
Logo မှာပဲ အကြာကြီးရပ်နေပြီး ဘာမှလုပ်မရတာမျိုးဖြစ်လေ့ရှိပါတယ်။


အချို့သောအလုံးတွေမှာဆိုရင် Recovery Mode ကိုဝင်ဖို့အစရှာမရလောက်အောင်
အခက်ကြုံတတ်ပါတယ် မှတ်မှတ်ရရ SM-E700F အလုံးပဲ ဒုက္ခကောင်းကောင်း
ပေးသွားတာ ဗဟုသုတ တစ်ခုတိုးတာပေါ့လေ

အဲဒီလို Firmware ရေးသားလိုက်လို့ Odin မှာလည်း Pass ပြနေပြီး
 Reboot ကျပြီးလို့ပြန်တက်လာတဲ့အခါ ပွင့်မလာတော့ဘဲ အချိန်အကြာကြီး
Logo မှာပဲရပ်နေရင်တော့ ဖုန်းကို Recovery Mode သို့ဝင်ပြီး
Wipe Data/Factory Reset and Wipe Cache Partition task များကိုရှင်းထုတ်ပေးရပါမယ်။

ဒီအတွက် Samsung Device တိုင်းမှာတော့ Volume Up+Home+Power တွဲနှိပ်ပြီး
Recovery Mode သို့ဝင်လိုက်ပါ အချို့သောအလုံးတွေမှာ ၀င်မရဖြစ်နေတတ်ပါတယ်၊

ကျနော်ကြုံဖူးတဲ့ SM-E700F မှာတာ့လုံးဝင် ၀င်မရခဲ့ပါ၊
E7 ဖုန်းတွေမှာ Battery ကိုဖြုတ်ရလည်းခက်ခဲပါတယ်၊
ဒီလိုပါပဲ Samsung နောက်ဆုံးထုတ်ကုန်ဖုန်းတွေအများစုဟာ
ဒီလို စနစ်မျိုးအသုံးပြုလာတာကိုသတိထားမိကြမယ်ထင်ပါတယ်။

ဒီတော့ ကျနော်ဘာဆက်လုပ်သလဲဆိုရင် အရင်ဦးဆုံး
Volume Down+Home+Power များတွဲနှိပ်ထားပြီး Download Mode သို့
ဝင်လိုက်တယ်၊ ပြီးတော့မှပဲ ၀ါပါစပွင့်လာတာနဲ့ Down Key ကိုလွှတ်လိုက်ပြီး
Volume Up ကိုလိုက်နှိပ်ထားလိုက်ပါတယ် အဲဒီတော့မှာ
Recovery Mode သို့ရောက်ပါတယ်ခင်ဗျား.....

ဖုန်းအမျိုးအစားအလိုက်ကွဲပြားရှနိုင်ပြီး အများစုကတော့
Samsung Devices မှန်ရင် အားလုံးနီးပါတူကြပါတယ်။

Boot Loop ကိုဖြေရှင်နည်း (၁)
================
၁။ Battery ဖြုတ်တပ်လို့ရသောအလုံးများတွင် Battery ကိုဖြုတ်လိုက်ပါ

၂။ Battery ကိုပြန်တပ်ပြီး Volume Up+Home+Power များကို
တွဲနှိပ်ထားပြီး Recovery Mode သို့ဝင်လိုက်ပါ။

၃။ Recovery Mode တွင် ပထမဆုံး Vo+Donw ကိုနှိပ်ပြီး
 Wipe Data ကိုရွေးပါ ပြီးရင် Power ကီးကိုနှိပ်ပြီး ရှင်းထုတ်ပစ်ပါ။

၎။ ဒီတစ်ခါ Vo+Donw ကိုနှိပ်ပြီး Wipe Cache Partition ကိုရွေးချယ်ပါ၊
Power ကီးကိုနှိပ်ပြီး ရှင်းထုတ်ပစ်ပါ။

၅။ နောက်ဆုံး Vo+Donw ကိုနှိပ်ပြီး Factory Reset ကိုရွေးးချယ်ပါ၊
Power ကီးကိုနှိပ်ပြီး ဖုန်းကို Reset ချပေးလိုက်ပါ။

၆။ ပြန်တက်လာတဲ့အခါ Boot Loop မှာရပ်မနေတော့ပဲ မိမိရေးထားပြီးသား
 Firmware လေးတက်လာပါလိမ့်မယ်။

Boot Loop ကိုဖြေရှင်နည်း (၂)
===================
၁။ Battery ကိုဖြုတ်တတ်မရသောဖုန်းများတွင် Volume Down+Home+Power
ကိုတွဲနှိပ်ထားပြီး ပထမဆုံး Download Mode သို့ဝင်လိုက်ပါ။

၂။ ပါဝါတက်လာတဲ့အခါ Volume Up ကီးကိုနှိပ်ပြီး Downgrade
သို့ရောက်တဲ့အခါ ပါဝါကီးကိုနှိပ်လိုက်ပါ ပါပြန်တက်လာတဲ့အခါ
Volume Up+Home+Power နှိပ်ထားလိုက်ပါ။

၃။ Recovery Mode တွင် ပထမဆုံး Vo+Donw ကိုနှိပ်ပြီး
Wipe Data ကိုရွေးပါ ပြီးရင် Power ကီးကိုနှိပ်ပြီး ရှင်းထုတ်ပစ်ပါ။

၎။ ဒီတစ်ခါ Vo+Donw ကိုနှိပ်ပြီး Wipe Cache Partition ကိုရွေးချယ်ပါ၊
Power ကီးကိုနှိပ်ပြီး ရှင်းထုတ်ပစ်ပါ။

၅။ နောက်ဆုံး Vo+Donw ကိုနှိပ်ပြီး Factory Reset ကိုရွေးးချယ်ပါ၊
Power ကီးကိုနှိပ်ပြီး ဖုန်းကို Reset ချပေးလိုက်ပါ။

၆။ ပြန်တက်လာတဲ့အခါ Boot Loop မှာရပ်မနေတော့ပဲ မိမိရေးထားပြီးသား
 Firmware လေးတက်လာပါလိမ့်မယ်။

Get Out of A Bootloop GS5, GS6, Note 4, & Note 5
==============================

How to fix any Samsung Phone/Tablet Boot Loop
=============================

How to Fix Boot loop on Samsung galaxy
==========================


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
  www.ayekyaw.org

No comments:

Post a Comment