ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Monday, December 7, 2015

Oppo ဖုန်းများကို Firmware ရေးသားနည်း ကွန်ပျူတာမလို

8:11 PM

Oppo ဖုန်းများအတွက် ကွန်ပျူတာမလိုပဲ ဖုန်းမှာတင် Firmware
အလွယ် ရေးသာနည်းကိုအားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် Normal Rom ကို Official အတိုင်း ရေးသားနည်းနဲ့
Normal Rom Firmware များကို Color Rom များသို့တင်နည်း
ဆိုပြီး အားလုံးနားလည်လွယ်မယ့်ပုံစံမျိုးအသေးစစ်ရှင်းပြပေးထားပါတယ်။


ဒီဖုန်းမှားအတွက် Official Firmware များကိုတော့ အောက်ပါလင့်များမှာ
အလွယ်တကူ ဒေါင်းလော့ရယူနိုင်ပါတယ်။

http://www.zunite.org/search/label/Oppo

http://www.oppomobile.vn/ho-tro/download.html

Firmware စတင်ရေးသားနည်း
----------------------------------
၁။ ဒေါင်းလော့ရလာတဲ့ Firmware zip ဖိုင်လုံးဝမဖြေပါနဲ့
၂။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ပြီး Firmware zip ဖိုင်ကို SD Card သို့ကူးထည့်လိုက်ပါ
၃။ ဖုန်းမှာ Recovery Mode ကိုဝင်ပေးရပါမည်၊ (Vol down+power button)
အသံတိုးတဲ့ ခလုပ်နဲ့ ပါဝါ ခလုပ်ကိုများကို တစ်ပြိုင်တည်းတွဲနှိပ်ထားလိုက်ပါ။


၎။ ပြီးရင် Volu+Up ကီးကိုထပ်နှိပ်ပြီး Recovery Mode သို့ဝင်လိုက်ပါ။

၎။ Recovery mode တွင် Volu+up သည် အထက်၊ Volu+Down သည်အောက်  အတည်ပြုပေးတဲ့ခလုပ်သည် Power ကီးများဖြစ်ကြပါသည်။ 
၅။ Recovery mode ဝင်ရောက်နေတဲ့အချိန်မှာ လက်ရှိ မိမိ ဖုန်းဟာ
 Normal Rom ဆိုရင်အထက်ဖေါ်ပြပါ Hardware Button များကို အသုံးပြုပြီး 
wipe factory / wipe data သွားပြီ စက်ကို factory reset ချပေးလိုက်ပါ ပြီရင်
"Install zip from sdcard" >choose zip from internal sdcard ဆိုပြီး
တစ်ဆင့်ချင်းနှိပ်သွားပြီး SD ကဒ် အတွင်း ကူးယူခဲ့ပြီးသော
 firmware/rom.. Zip ဖိုင် ကို ရွေးချယ် install လုပ်ပါပေးလိုက်ပါ။

၆။ Firmware update ကို စတင်ပြီး ၁ မီးနစ် ခန့် အကြာဖုန်းမှာ 
Auto Reboot ကျသွားပါလိမ့်မယ် ဖုန်းပြန်ပွင့်လာရင်
 Firmware update ပြုလုပ်ခြင်းကိစ္စအောင်မြင်ပြီးဆုံးပါပြီ။
Nomal Rom မှ Color Rom သို့မြှင့်တင်နည်း
ဒီတစ်ခါ Oppo ဖုန်းများအတွက် Normal Stock Rom များကို
Color Rom များသို့ Firmware ရေးသားနည်းကို လေ့လာကြည့်ရအောင်ပါ။
၁။ ဒေါင်းလော့ရလာတဲ့ Firmware zip ဖိုင်လုံးဝမဖြေပါနဲ့
၂။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ပြီး Firmware zip ဖိုင်ကို SD Card သို့ကူးထည့်လိုက်ပါ
၃။ ဖုန်းမှာ Recovery Mode ကိုဝင်ပေးရပါမည်၊ (Vol down+power button)
အသံတိုးတဲ့ ခလုပ်နဲ့ ပါဝါ ခလုပ်ကိုများကို တစ်ပြိုင်တည်းတွဲနှိပ်ထားလိုက်ပါ။
၎။ ပြီးရင် Volu+Up ကီးကိုထပ်နှိပ်ပြီး Recovery Mode သို့ဝင်လိုက်ပါ။
ဒီနေရာမှာ Firmware မရေးသားမှီ Wipe data and cache Partition ကို 
ရှင်းလင်းပေးရမှာဖြစ်ပါတယ်။
၅။ Language ဘာသာရွေးခိုင်းနေရင်တော့ English ဆိုတာကိုရွေးပါ
၆။ ပြီးရင် Wipe data and cache ဆိုပြီးပါတဲ့စာကြောင်းကိုထပ်ရွေးချယ်ပါ

၇။ နောက်တစ်ကြိမ် အဲဒီစာကြောင်းကိုပဲ ထပ်နှိပ်လိုက်ပါ၊
Warning Box လေး ကျလားပြီး Yes or No ဆိုပြီးပြလာပါလိမ့်မယ်။
Yes ကိုထပ်ပြီးရွေးချယ်လိုက်ပါ။

Wipe cache ကိုရှင်းလင်းနေတုန်းခနစောင့်နေလိုက်ပါ။
Wipe successfully ပြနေရင်တော့ Yes ကိုသာနှိပ်ပါ။
၇။ Firmware ကိုစတင်ရေးသားရန်အတွက် “Install From SD Card”  
ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။ From SD ဆိုတာကိုထပ်နှိပ်ပေးပါ။

၈။ ပြီးရင် မိမိရေးသားလားလိုတဲ့ Firmware Rom ကိုရွေးချယ်ပြီး
Update Box လေးကျလာပါလိမ့်မယ် Yes ကိုရွေးချယ်ပေးလိုက်ပြီး
Firmware Flash တစ်ခုကိုစတင်လိုက်ပါ။


၉။ Updating please wait ဆိုပြီး စတင်ရေးသားနေပါလိမ့်မယ်
 ခနစောင့်နေလိုက်ပါ အချိန်အနည်းငယ်ကြာနိုင်ပါတယ်။


Prompt Box လေးကျလာပြီး သူရဲ့အောက်မှာ
Installation Successfully ဆိုပြီးပြနေပါလိမ့်မယ်

ပြီးရင် Reboot ဆိုတာကိုနှိပ်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ
 ဖုန်းကို Reboot ပြုလုပ်နေတုန်းအချိန်မှာအချိန်နည်းနည်းကြာနိုင်ပါတယ်
 Color Os အဖြစ် Firmware update မြင်နေရပါလိမ့်မယ်။
Oppo ဖုန်းအတွက် Color OS Firmware ရေးသားခြင်းပြီးဆုံးပါပြီ။
ဖုန်းကိုစတင်အသုံးပြုရန်အတွက် New setup တစ်ခုပြုလုပ်ပြီး Active ပြုလုပ်ပေးလိုက်ပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

No comments:

Post a Comment