ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Thursday, December 25, 2014



Monday, October 07, 2013  htwe naing  No comments
Description: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTu_Xclxq_x1j4vP0wQqrRZIGfrKBComTSi_ZSwhK5pR_xAdM8XBmOpDRW586vxK00jD6LYBthjRpCWkmW4FFh2-0hXRxA21tBfnB7vlAINF2KkDiBDDv7YUVhGFYgtxfE6gp6gvXqzHRw/s400/Software_Icons_Pack_by_deleket.jpg

လိုချင်တာတခုထဲနဲ့ အလွယ်တကူတွေ့ရာ Websites တွေက ဆော့ဝဲတွေဒေါင်းလုပ်လုပ်၊ဘာမှမဖတ် သေချာမကြည့်ဘဲ အင်စတောလုပ်ပြီး စက်ထဲအတင်းထည့်ကြတော့ စက်ကမကြာခဏ Harm ဖြစ်၊ Error တွေတက်၊Search Provider တွေပြောင်း၊တခါတခါ အင်တာနက်
ရှိနေရက်နဲ့ Browser ဖွင့်လိုက်ရင်မတက်လာတော့ဘူး..အားလုံးကမောက်ကမတွေ ဖြစ်ကုန်ပါ
လေရော..။

အဲဒီတော့မှ ကယ်ပါအုံး..ဆိုပြီး အွန်လိုင်းကရော၊လက်တွေ့ပါ ကူညီပေးရတာများလာလို့ ဒီပို့စ်လေးကိုရေးလိုက်တာပါ။သိပြီးသူတွေအတွက် မရည်ရွယ်ပါ။မသိသေးတဲ့သူများ သတိထားနိုင်
အောင်ဖြစ်ပါတယ်။

(၁)ဆော့ဝဲများ ဒေါင်းလုပ်ယူခြင်း
   (က)လိုချင်တဲ့ဆော့ဝဲကို Search မှာရိုက်ရှာပြီး ဒေါင်းလုပ်ယူမဲ့ဆိုဒ်ကို သေချာရွေးပါ။
        အကောင်းဆုံးနဲ့ အသန့်ရှင်းဆုံး ဆိုဒ် ၂-ခုကို နမူနာ အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

        www.filhippo.com
        www.majorgeeks.com


   (ခ)Ads များလွန်းသောဆိုဒ်များ၊Register လုပ်ခိုင်းသော ဆိုဒ်များကို ရှောင်ပါ။Ads များလွန်းတဲ့ဆိုက်တွေအတွက် firefox နဲ့ chrome browser တွေမှာမလိုအပ်တဲ့ Ads တွေကို block လုပ်ပေးနိုင်တဲ့
simple adblock ကိုသုံးပါ။
 (ဂ)လိုချင်တဲ့ဆော့ဝဲတခု ရဘို့ တခြားဆော့ဝဲတွေ၊ပရိုဂရမ်တွေကိုအရင်ယူလိုက်မှ ဒေါင်းလုပ်
       ကျတဲ့ ဆိုဒ်များကိုရှောင်ပါ။

   (ဃ)Windows Popup ဘောက်ကျလာတဲ့ ဆိုဒ်များမှာ ဒေါင်းလုပ်မယူပါနဲ့။

   (င)ဒေါင်းလုပ်ယူပြီး ဆော့ဝဲရဲ့ Setup ကို ပုံမှန် Icon ဟုတ်မဟုတ်ကြည့်ပြီး၊မိမိစက်မှာ
       လက်ရှိသုံးနေတဲ့ Antivirus ဆော့ဝဲနဲ့ Scan လုပ်ပါ။

အိုကေပြီဆိုရင်..နောက်တဆင့် အင်စတောလုပ်နိုင်ပါပြီ။

(၂)ဆော့ဝဲများကို အင်စတောလုပ်ခြင်း
   (က)အင်စတောလုပ်မဲ့ဆော့ဝဲပေါ် ညာကလစ်ထောက်ပြီး Run as Administrator ဖြင့်သာ
        ဆော့ဝဲတိုင်းကို Run လုပ်ပါ။(Double Click နဲ့ Run ပါကတချို့ ဆော့ဝဲ Icon မှာ Windows
        Icon လေးကပ်နေခြင်၊Windows Firewall ကခွင့်မပြုသဖြင့် အင်တာနက် Block ဖြစ်ပြီး
        သုံးမရခြင်းများဖြစ်တတ်ပါတယ်။)

   (ခ)License Agreement ကိုသေချာဖတ်ပြီးမှ I agree (or) I accept ကိုကလစ်ပါ။

   (ဂ)နောက်တဆင့်မှာ အင်စတောလုပ်မဲ့ ဆော့ဝဲနဲ့ အတူထည့်ထားတဲ့ Toolbar များ၊အခြား
       ဆော့ဝဲများပါလာပါက Decline(ငြင်းပယ်) ကိုကလစ်ပြီးမှ Next ကိုဆက်သွားပါ။

      (တချို့ ဆော့ဝဲများမှာ Autorun Search Provider များ ထည့်ထားတတ်ပါတယ်။သတိထားပါ။

       အဆိုးဆုံး Search Provider တခုကတော့ Qvo ပါဘဲ၊စက်ထဲဝင်သွားရင်ပြန်ထုတ်ဘို့အတော်
       ခက်ပါတယ်။Homepage ကို Google ပြောင်းလဲ သူကအရင်တက်ပြီးမှ Google တက်ပါတယ်။)

   (ဃ)အင်စတောပြီးရင် IE နဲ့ Firefox ကိုဖွင့်ကြည့်ပြီး Homepage များ၊Search Provider များ
        ပြောင်းမပြောင်း ပြန် Check လုပ်ပါ။

 အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ပါစေဗျာ..


Wednesday, December 24, 2014



samsung ဖုန်းတွေမှာ software dead ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ...........? samsung ဖုန်းတွေမှာ software dead ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ...........? လွတ်ပစ်လိုက်တော့ မှာလား ......? ဆိုင် ပို့် လိုက်တော့ မလား ကြိုးစားကြည့် ချင်သေးလား တော်ရုံတန်ရုံ ပျက် တာလောက်နဲ့  ကတော့  ဒီနည်းလေးနဲ့  ကြိုးစားကြည့် လိုက်ပါ။အဆင်ပြေသွားပါလိမ့် မယ်။ကဲအောက်မှာနည်း ကိုဖော်ပြပေးထားပါတယ်။ဆိုင်မှာဆိုရင်တော့  ( 50000 အထက်ပဲရှိမယ်ထင်ပါတယ် ) မိတ်ဆွေတို့ ကြိုးစားကြည့် ချင်တယ်ဆိုရင်တော့ အောက်မှာလေ့ လာပေးပါ။လုပ်ပုံလုပ်နည်းကတော့ ရိုးရှင်းပါ တယ်သေသေချာချာလေးစိတ်ပါဝင်စားစွာနဲ့ လိုက်လုပ်ကြည့် ပေးပါ။အခုဖော်ပြပေးတာက software dead ပါ။ hardware dead မဟုတ်ပါဘူးခင်ဗျာ။ hardware dead ဆိုရင်တော့ မရနိုင်ပါဘူးခင်ဗျာ။ အဆင့် ( ၁ ) ------------------------------- ဖုန်းကိုပိတ်ပါ။ Rebootလုပ်ပြီး recoveryထဲကို ( Middle key + Power on ) နဲ့ ဝင်ပါ။ wipe cache ကိုရွေးပါ wipe data/factory reset လုပ်ပါ။ download modeထဲကိုဝင်ပါ ပြီးရင် firmware ကို Odinကိုအသုံးပြုပြီး flash လုပ်ပါ။ အဆင့်  ( ၂ ) -------------------------- Download mode ထဲကိုဝင်မရသူများအတွက် ကတော့ အောက်ကအတိုင်းဝင်ပေးပါ။ Home + Volume Down + Volume Up + Power download mode ထဲကိုဝင်ပါ။ ( သို့ မဟုတ် ) battery ဖြုတ်ပြီး Volume down + Middle key + Power on. ကိုနိုပ်ထားပါ။ flash ပြုလုပ်နိုင်ပါပြီ။ အဆင့် ( ၃ ) -------------------------------- Java ကိုpc မှာ install လုပ်ပါ။ Download Java site ကိုဒီမှာဒေါင်းပါ။ Direct link , solidfiles , zippyshare one-click Unbrick tool ကိုဒီမှာယူပါ install လုပ်ပါ ။ Direct link , zippyshare , solidfiles window users အတွက် .rar/.zip extractor software ကို ဒီမှာယူပါ install လုပ်ပါ။ DOWNLOAD. အဆင့် ( ၄ ) -------------------------- ၁ ။ One-Click.jar file, ကို Right-click ထောက်ပြီးတော့  “7-zip” ထဲကိုထည့် ပြီး “Extract to OneClick”.ထဲသို့ ထည့် ပေးလိုက်ပါ။ ၂ ။ ယခုဆိုရင် ‘OneClick’ folder ကိုရပါပြီ။ ၃။ ‘OneClick.jar’ file ကို copy ယူပြီး ‘OneClick > heimdalloneclick > resources > HeimdallPackage’ folderထဲ ကို paste လုပ်ပေးပါ။ ၄။ ‘oneclickloader.exe’ file ကို Right-click ထောက်ပြီး ‘Run as Administrator’. အဖြစ်နဲ့  run ပါ။ ၅။ Heimdall ကို Installion လုပ်ဆောင်နေပါပြီ။ ၆။ install လုပ် ပြီးသွားရင်တော့  One-Click UnBrick ရဲ့ ပုံလေးကိုတွေ့ မြင်ရမှာပါ။ ၇။ . ဖုန်းနှင့် ကွန်ပျူတာကို usb ကြိုးနှင့် ချိတ်ဆက်ပြီး “unsoft brick” လေးကိုနိုပ်ပြီး recovery လုပ်နိုင်ပါပြီ ၈ ။ samsung usb driver ကိုဒီမှာယူပါ။ DOWNLOAD - အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ စိုင်းသူ www.saithu102.blogspot.com ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ You might also like:

Source:
http://www.aungkyaw.net/2013/10/samsung-software-dead.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်

Wednesday, December 10, 2014

Resident Evil Operation Raccoon City (ENG RUS) [Repack] PC Game (3.87 Gb)


သဲထိတ်ရင်ဖို၊စွန့်စား တိုက်ခိုက်ရတဲ့ Action ဂိမ်းတွေကိုကြိုက်တဲ့ သူများအတွက်
Resident Evil Operation Raccoon ဂိမ်းကြီးကို တင်ပေးလိုက်ပါတယ်။ဖိုင်ဆိုဒ်ကြိးတဲ့
အတွက် RAR (7) ဖိုင်ခွဲပြိးတင်ထားပေးပါတယ်။
ဂိမ်းကို အင်စတောမလုပ်ခင် System Requirement ကို သေချာဖတ်ပါ။ပြီးမှ အင်စ
တော လုပ်ပါ။

RAR Password - www.linthit.com
အင်စတော လုပ်နည်း..
-ဒေါင်းပြီး အပိုင်း(၇)ပိုင်းကို Extract ပြန်လုပ်ပါ။
-ရလာတဲ့ဖိုင်(၁၁)ဖိုင်ထဲမှ Setup.exe ဖိုင်ကို အင်စတောလုပ်ပါ။
-အင်စတောကြာချိန်မှာ မိနစ်(၄၀)ခန့်ကြာပါမယ်။
-ပြီးရင် ဂိမ်းကိုဖွင့်ပြီး ကစားနိုင်ပါပြီ။
:<> System Requirement....
Operating system: Windows XP / Vista / 7
Processor: Intel Core 2 Duo processor clocked at 2.4 GHz
RAM: 2 GB
Video: 512 MB ??VRAM (NVIDIA GeForce 8800 GTS / ATI Radeon HD 3850)
Sound Card: DirectX 9.0c compatible
Free space on hard disk: 8 GB

Part 1

Part 2

Part 3

Part 4

Part 5

Part 6

Part 7

          Screen Shots.....






Tuesday, December 9, 2014

Activated လုပ်ပြီးသား Offline ကစားနိုင်တဲ့ Call of Duty Modern Warfare 2 IW4PLAY MP+SP Full PC Game (English) ^^nosTEAM^^ (11.8 Gb)


တောင်းဆိုထားကြသူများအတွက် PC Games လောကမှာ နာမည် အကြီးဆုံးနဲ့ ရေပန်းအစား
ဆုံး ဂိမ်းကြီးတခုဖြစ်တဲ့ Call of Duty Modern Warfare 2 ကို တင်ပေးလိုက်ပါပြီ။တောင်းဆို
ထားသူများ ဒေါင်းဘို့သာပြင်ကြပေတော့..လို့ပြောလိုက်ပါရစေ။
ဖိုင်ဆိုဒ်က အရမ်းကြီးတဲ့ အတွက် RAR (၁၈) ဖိုင် ခွဲပြီး တင်ထားပေးပါတယ်။

RAR ဖိုင်တဖိုင်(Part တခု) လျှင် 700 Mb ရှိပါတယ်။
ှSingle Player and MultiPlayer (၂) မျိုးစလုံး ကစားနိုင်တဲ့ ဂီမ်းကြီးဖြစ်ပါတယ်။
System Requirements..အနေနဲ့ကတော့...
    OS: Microsoft Windows XP / 7 / 8
    *Processor: Intel Pentium 4 3.2 GHz or AMD Athlon 64 3200+ processor or
    better supported
    *Memory: 1 GB RAM
    *Graphics: 256 MB NVIDIA GeForce 6600GT or better or ATI Radeon 1600XT
    or better
    *DirectX: Microsoft DirectX 9.0c
    *Hard Drive: 12GB of free hard drive space
    *Sound: 100% DirectX 9.0c compatible sound card

အင်စတော လုပ်နည်း...
-Part 1 to 18 ကိုဒေါင်းလုပ်ပြီး Extract လုပ်ပါ။
-RAR Password -www.linthit.com
-Extract လုပ်ပြီးရင်..
(1) COD MW2 MP-SP nosTEAM.part1.exe(3.98 Gb)
(2) COD MW2 MP-SP nosTEAM.part2.rar(3.98 Gb)
(3) COD MW2 MP-SP nosTEAM.part3.rar(3.91 Gb)...ဆိုပြီး ဖိုင်(၃)ဖိုင် ပြန်ထွက်လာပါမယ်။
-part 1.exe ကို အင်စတောလုပ်ပါ။part1.exe ကိုအင်စတောလုပ်တာနဲ့ part2.rar နဲ့
 part3.rar တို့ကို Auto Install လုပ်ပေးသွားပါလိမ့်မယ်။
-PreCracked လုပ်ပြီးသားမို့ အင်စတောပြီးရင် ကစားနိုင်ပါပြီ။

Notes:
This version of game is already cracked - just install and play.
You can play single player - full game.
You can play Special Ops.
Included all DLC available for this game.
Multiplayer version used - IW4PLAY.
To change player name - open file "alterIWnet.ini" from game folder and replace
Player-nosTEAM from line "Nickname=Player-nosTEAM" with your player name.

How to install:
After download is done:
- open part1 (executable file) ,
- choose location,
- click install ,
- wait until is done,
- play game.

Part 01         Part 02          Part 03

Part 04          Part 05          Part 06

Part 07          Part 08          Part 09

Part 10          Part 11          Part 12

Part 13          Part 14          Part 15

Part 16          Part 17          Part 18



Sunday, December 7, 2014

Rambo-The Video Game For PC (2.93 Gb)


ဂီမ်းကြိုက်သူများ အတွက် နာမည်ကြီး Rambo ရုပ်ရှင်ကားကို အခြေခံ ထုတ်လုပ်ထားတဲ့
Rambo Video Game ကို တင်ပေးလိုက်ပါတယ်။ရုပ်ရှင်မှာ နာမည်ကြီးခဲ့သလို ဂိမ်းအဖြစ်
ထုတ်လုပ်လိုက်တဲ့အခါမှာလဲ အတော်နာမည်ကြီးခဲ့ပါတယ်။

Mission (၁၆) ခုပါဝင်ပြီး ရန်သူပုံစံ (၂၄) မျိုး ပါဝင်ပါတယ်။
ဖိုင်ဆိုဒ်ကြီးလို့ RAR ဖိုင် (၆) ဖိုင်ခွဲပြီး တင်ထားပါတယ်။
RAR Password - www.linthit.com
အင်စတောလုပ်နည်း...
-ISO ဖိုင်ကို DVD မှာ Bootable Image အဖြစ် Burn လုပ်ပြီး Autorun ဖြင့် အင်စတောလုပ်ပါ။
(မှတ်ချက်....ISO ဖိုင်ကို Extract လုပ်ပြီး Setup.exe ကိုအင်စတောလုပ်ပါက ဂိမ်းမှာ ကစား
 မရ နိုင်ပါ။)
Win-XP/Vista/7/8

Part 1

Part 2

Part 3

Part 4

Part 5

Part 6

                Screen Shots.....



Friday, December 5, 2014

Photoshop ဖြင့်စာရွက်စာတမ်းများ ဖြတ်ကပ်ပြုလုပ်ခြင်း

 Photoshop နဲ့ စာရွက်စာတန်းတွေ ဖြတ်ကပ်လုပ်တာလေး ပြောပြချင်လို့ပါ..။ နိုင်ငံခြားရောက်နေတဲ့ လူတွေအတွက် ဒီလိုနည်းလေးတွေလည်း တတ်ထားသင့်ပါတယ်..။ Photoshop ကိုလုံးဝမသုံးတတ်သေးတဲ့ သူများပါ နဲနဲချင်း လုပ်တတ်လာအောင်လို့ Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း အလျှင်းသင့်သလို ဖေါ်ပြပေးသွားပါမယ်..။ အခုဒီနည်းလေးကို ဘာလို့ဖေါ်ပြရလည်းဆိုတော့ ကျနော်ရဲ့သူငယ်ချင်း တယောက်က ပါတ်စပို့စာအုပ်လုပ်ချင်တယ်..။
သူ့သူဌေးကလည်း လုပ်ပေးတယ်..။ သံရုံးမှာတင်ဖို့ ဘာစာရွက်စာတန်းမှ မရှိဘူး..။ သူ့အိမ်နဲ့လည်း အဆက်အသွယ်လုပ်လို့ မရပါဘူး..။ ဖုန်းခေါ်ဖို့ မပြောနဲ့ လူကြုံတောင်မရှိတဲ့ နေရာ..။ ဘယ်လိုလုပ်မလဲ..။ ကျနော့်ကို အတင်းခိုင်းပါတော့တယ်..။ သူကတော့ စာရွက်စာတန်း ဖြတ်ကပ်လုပ်တယ် ဆိုပေမယ့် အားလုံးအမှန်တွေပဲ ရေးတာပါ..။ သူ့ရွာ၊ သူ့မြို့နယ်၊ တိုင်း အားလုံး အမှန်တွေပဲ ရေးထည့်တာပါ..။ KL မြို့ထဲမှာလည်း ဒီလိုနည်းနဲ့ စာရွက်စာတန်းတွေ လုပ်ပေးတယ်..။ ပိုက်ဆံလည်း အများကြီးပေးရတယ်..။ လုပ်နည်းကတော့ လွယ်ပါတယ်..။ မလုပ်တတ်ရင်တော့ ပိုက်ဆံကုန်တာပေါ့ဗျာ.. ကျနော့်သူငယ်ချင်းကို ဒီနည်းလေးပါ သင်ပေးလိုက်တယ်.. 
အရင်ဆုံး မိမိတို့ ဖြတ်ကပ်လုပ်မယ့် စာရွက်တွေတော့ ရှိဖို့လိုပါတယ်.. စာရွက်စာတန်းတွေ ရှိပြီဆိုရင် Photoshop ပရိုဂရမ်ကို အရင်ဖွင့်လိုက်ပါ.. ၄င်းပရိုဂရမ်ရဲ့ ဘယ်ဘက်ထောင့်က File ကိုကလစ်.. ကျလာတဲ့ ဘောက်စ်ထဲမှာ Open ကနေ မိမိတို့ ပြုလုပ်ချင်တဲ့ စာရွက်ကို ယူလိုက်ပါ..။ စာရွက်ရလာပြီဆိုရင် အောက်ပုံမှာ ပြထားတဲ့ Rectangular Marquee Tool (M) ပေါ်မှာ R/C ဆိုတာ Right Click ထောက်လို့ပြောတာပါ..။ ပေါ်လာတဲ့ အကွက်လေးထဲက လေးထောင့်ကွက်လေးကိုကလစ်ပါ..။ ဒါဆိုရင်တော့ စာရွက်ပေါ်က မိမိလိုတဲ့ နေရာကို ဖြတ်လို့ရပါပြီ..။ စာရွက်မှာမဖြတ်ခင် မိမိတို့ရဲ့ စာရွက်ကို Ctrl+[+] နဲ့ Ctrl+[-] နဲ့ လိုသလို အကြီးအသေး Zoom ဆွဲကြည့်လို့ ရပါတယ်..။ ဘယ်ပရိုဂရမ်မှာ ဖြစ်ဖြစ် ဒီ Zoom mode ပါပါတယ်..။ စာရွက်ကို မိမိတို့ စိတ်ကြိုက် အကြီးဆွဲပြီးရင် စာရွက်ပေါ်မှာ မိမိတို့ ဖြတ်ချင်တဲ့ နေရာကို မောက်စ်နဲ့ ဖိဖြတ်လိုက်ပါ..။ စလက်ရှင်အကွက်လေးပေါ်နေပါလိမ့်မယ်..။ ပြီးရင် ကီဘုတ်ရှော့ကပ် ကီး Ctrl+J ကိုနှိပ်ပါ..။ Ctrl+J ဆိုတာမိမိတို့ ဖြတ်လိုက်တဲ့ စလက်ရှင်ဝင်နေတဲ့ အပိုင်းလေးကို Layer လို့ခေါ်တဲ့ အလွှာကလေး တခု ထပ်ပွါးလိုက်တာပါ..။ အောက်ဒုတိယပုံမှာကြည့်ပါ..



 Ctrl+J နဲ့ ဖြတ်ထားတဲ့စာရွက်ကို မိမိလိုတဲ့နေရာ ရွှေ့ဖို့အတွက် Move Tool (V) ကိုကလစ်ပါ..။ (V) တို့ (M) တို့ဆိုတာ ကီးဘုတ်ရှော့ကပ်ကီးတွေပါ..။ အမြန်သွားချင်ရင် အဲဒီ ကီးတွေ နှိပ်ပြီး သွားနိုင်ပါတယ်..။ Move Tool (V) ကိုကလစ်ပြီး စောစောနဖြတ်ထားတဲ့ လေယာတွေကို မိမိလိုတဲ့ နေရာကို ရွှေ့လိုက်ပါ..။ ပြီးရင် လေယာကို မိမိရွှေ့လို့ ရောက်တဲ့ နေရာမှာပဲ Ctrl+J နဲ့ Layer နောက်တစ်ခု ပွါးလိုက်ပါ..။ မိမိဖုံးချင်တဲ့ စာသားပေါ်ကို (V) နှိပ်ပြီး ထပ်ရွှေ့ပါ..။ ပြီးရင် ဒီတိုင်းထပ်လုပ်ပါ..။ နောက်ပိုင်း လေယာပွါးပြီး ရွှေ့ရမှာ Ctrl+J  >> (V) >>  ဒီတိုင်းပါပဲ..။

 
မိမိတို့ စာသားတွေကို လေယာတွေနဲ့ ဖုံးပြီးသွားရင်တော့ လေယာတွေကို Ctrl+Shift+E နဲ့ပေါင်းပေးလိုက်ပါ..။ အပ်ါပုံ ညာဘက်အောက်က အကွက်လေးက လေယာတွေကို ပြထားတာပါ..။ အဲလေယာတွေကို ပေါင်းပြီး File >> Save as >> Desktop >> Name >> Format JPEG >> Save ကိုနှိပ်ပြီး သိမ်းလိုက်လို့ ရပါပြီ..


ဖိုင်တွေကို အောက်ပုံကအတိုင်း သိမ်းလိုက်ပါ..။


အောက်မှာတော့ နောက်ထပ် လေ့ကျင့်ခန်းလေးတစ်ခု ထပ်ပြပေးထားပါတယ်...။ ပုံလေးတွေ ကြည့်ပြီး နားလည်မယ်လို့ ထင်ပါတယ်.. 
လုပ်နည်းကအပေါ်က လေ့ကျင့်ခန်းအတိုင်းပါပဲ.. အစဉ်လိုက် ရှော့ကပ်ကီးလေးတွေ ရေးပေးလိုက်ပါတယ်.. File >> Open >> စာရွက်ယူ >> Ctrl+[+] >> (M) Tool နဲ့ ဖြတ် >> Ctrl+J လေယာပွါး >>  (V) Tool မိမိလိုတဲ့ နေရာရွှေ့ ပြီးဖုံးပါ >> Ctrl+Shift+E လေယာပေါင်း >> File >> Save as >> Desktop >> Name >> Format JPEG >> Save ပြီးပြီ......

 
အောက်ပုံမှ အနီလေးထောင့်ကွက်လေးတွေက ၄င်းနေရာမှ စာရွက်အဖြူအား ဖြတ်ပြီး အပေါ်စာသားမှာ လာဖုံးဖို့ ပြထားတာပါ..။



မြို့နယ်၊ ရဲစခန်း၊ ကျေးရွာအုပ်စု၊ ကျေးရွာ စတဲ့နေရာတွေမှာ မိမိတို့ လိပ်စာအမှန်ကို ထည့်ပေးလိုက်ပါ.. အောက်မှာ ပလိန်း၂ရွက် ပြပေးလိုက်ပါတယ်..။ အဆင်ပြေကျပါစေဗျာ..



ဒီနည်းလမ်းလေးက မြန်မာပြည်မှ မိသားစုနဲ့ အဆက်အသွယ်မရတဲ့ သူများ၊ အကြောင်းအမျိုးမျိုးကြောင့်  စာအုပ်လုပ်ဖို့ အခက်အခဲဖြစ်နေသူမျာအတွက် ကူညီမှုလေးတစ်ခု ဖြစ်မှာပါ..။
မှတ်ပုံတင်နဲ့ ရွာထောက်ခံစာများကိုလည်း ဒီနည်းအတိုင်းပဲ လုပ်ပါတယ်..။

Photoshop ဆော့ဝဲများကိုတော့ မြန်မာ နည်းပညာဆိုဒ်များမှ ဒေါင်းလော့ချနိုင်ပါတယ် ခင်ဗျာ...

✔Hola Free Vpn Apk v1.5.454(updated)✔
-ပိတ်ထားတဲ့ websiteတွေ၊app တွေနဲ့ video
ဆိုဒ်တွေကို၊ကျော်ခွဖြတ်သန်းဝင်ရောက်လို့
ရစေမယ့် "Hola Free Vpn"ဆိုတဲ့vpnကျော်တဲ့
unblocker vpn ဆော့ဖ်ဝဲနောက်ဆုံး updated
ဆော့ဖ်ဝဲလေးတစ်ခုကိုတင်ပေးလိုက်ပါပြီ။
ပိတ်ပင်ထားတဲ့ဆိုဒ်တွေကိုကျော်ပြီးဝင်တဲ့အခါ
မှာလည်း၊browser ကိုလျှင်မြန်သွက်လက်စွာ
နဲ့ဝင်ရောက်နိုင်အောင် support လုပ်ပေးနိုင်
တာကိုတွေ့ရပါတယ်။
unblock လုပ်ထားတဲ့ဆိုဒ်တွေကို၊ကျော်ဖို့
အတွက်နဲ့၊browser လျှင်မြန်စွာဝင်ရောက်
နိုင်ဖို့အတွက် application ကောင်းလေး
တစ်ခုပဲဖြစ်ပါတယ်-

-ဒါ့အပြင် pingerတို့၊text nowတို့၊text plusတို့်၊
upptalk စတဲ့ဆော့ဖ်ဝဲများမှာအကောင့်န်ဖောက်
ဖို့မှာvpnကျော်ဖို့ရန်အတွက်လည်းအသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။ဒီapkကိုအသုံးပြုဖို့အတွက်မိမိဖုန်းမှာ
root access ရရှိပြီးသားဖြစ်ဖို့်လိုပါမယ်။
★အသုံးပြုနည်းကတော့★
-Hola Apk ကိုinstallလုပ်
-Apk ထဲကိုဖွင့်ဝင်
-Root တောင်းရင်Allow(or)Grand ပေး
-သော့ခတ်ထားတဲ့ပုံနေရာက unblocker
ဆိုတဲ့စာသားနေရာကိုနှိပ်ပြီးON ပေး
-i trust this application စာသားရဲ့ဘယ်ဘက်
ဘေးနားကလေးထောင့်ကွက်မှာအမှတ်ခြစ်ပေးပြီး
ok ကိုနှိပ်
-ဒါဆိုconnected ဖြစ်သွားပြီးဖုန်းရဲ့noti bar
မှာသော့ပုံလေးနဲ့connectedပြလိမ့်မယ်
-ပြီးရင်ကိုယ်vpnကျော်ပြီးအသုံးပြုချင်တဲ့apkကိုရွေး
-အဲ့ဒိမှာနိုင်ငံတွေပေါ်လာမယ်
United Kingdomတို့၊United Stateတို့်၊
Canadaတို့်၊Franceတို့၊Malaysiaတို့၊
Thailandတို့၊Japanတို့...စသဖြင့်မိမိနှစ်သက်ရာ
နိုင်ငံရဲ့vpnကိုရွေးခြယ်အသုံးပြုပြီးကျော်ဝင်နိုင်
ပါတယ်။
-ကိုယ်အသုံးပြုမယ့်apkကိုရွေး၊ကိုယ်ကျော်ဝင်ချင်တဲ့နိုင်ငံကိုရွေးပေးပြီးရင်စတင်အသုံးပြုနိုင်ပါပြီ
-Websiteတို့Blogတို့ကိုကျော်ဝင်ချင်ရင်
ကိုယ်သုံးမယ့်Browser Apkကိုရွေးပေးပြီး
အသုံးပြုနိုင်ပါတယ်
-Hola ဆော့ဖ်ဝဲကိုမသုံးချင်တော့လို့ပိတ်ချင်တယ်
ဆိုရင်ဖုန်းရဲ့noti ဘားဆွဲချပြီး သော့ပုံနေရာလေး
ကိုနှိပ်ပြီး disconnect လုပ်ပေးလိုက်ပါ။
-Apk file Size 7.30 MB ရှိပြီး
-Android OS Version 4.0.3 နှင့်အထက်ရှိတဲ့
ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြု
နိုင်ပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ဆွဲနိုင်ပါပြီ-
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
★DOWNLOAD ဆွဲရန် လင့်ခ်★
http://www.solidfiles.com/…/Hola-Vpn-ARM5-1.5.454-Kozawthwi…
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)

Monday, December 1, 2014

facebook ID Card လုပ်နည်း

မင်္ဂလာပါခင်ဗျာ ဒီတစ်ခါ ကျတော်
facebook id card လုပ်နည်းလေးကို
ပြန် လည်မျှဝေချင်ပါတယ်ဗျာ
ပထမ ဆုံးအနေ နဲ့ ပေးထားတဲ့  link ကို ဝင်ရမှာပါ
link ကို မဝင်ခင် ပုံလေး တွေကို အရင်ကြည့်ပါဗျာ
link ဝင်ရန်
link က ဒီမှာပါ
image
image
image
ပုံထဲက အတိုင်း ဝင်သွားပါ  ဒုတိယပုံမှာ
ကိုယ်ဝင်လိုက်တဲ့ briwser မှာ ကိုလုပ်မဲ့ fb အကောက် ထည့်ထား ရင် ok ရုံပါပဲ
ထည့်မထားဘူးဆိုရင် fb အကောက်ဝင်ပေးလိုက်ပါ
တတိယ ပုံရောက်ရင် ကိုလိုချင်တဲ့
facebook id card ပုံ ရပြီဆိုတော့ save ထားလိုက်ပါ
အကောက်ပျက်ရက် ပြန်လိုက်ရလွယ်မှာပါဗျာ
လာရောက်လည်ပတ်သူ အားလုံးကျေးဇူးတင်ပါတယ်ဗျာ
ဆရာ ကိုဇော်သွင်အား
                ကျေးဇူးတင်လျှက်
                               လှိုင်မြင့်ကို
                                     { အိမ်မက်ထဲကနတ်သားလေး }

Sunday, November 16, 2014

USB Drive ဖြင့်အလွယ်တကူတင်နည်း

ကျွန်တော်ဒီနေ့တော့  Windows တင်တော့မယ် ဆိုရင် CD/DVD Drive မရှိလို့ အခက်အခဲ ဖြစ်နေသူ များအတွက်  Flash Drive , USB Drive ကနေ Windows တင်လို့ရမယ့် နည်းလမ်းလေးကို ရေးပေးသွားပါမယ် အခု နည်းလမ်းလေးက Windows 7 တင်တဲ့ နည်းပါ.. XP  တင်တဲ့ နည်းကတော့ ကျွန်တော် နောက်မှ ထပ်ရေး ပေးသွားပါမယ်..အခု နည်းလမ်းလေးက အရမ်းလဲလွယ်ပါတယ်.. ကျွန်တော် မလုပ်တက်သေး သူတွေပါ အဆင်ပြေပြေ နဲ့လုပ်တက်သွား အောင်အောက်မှာ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်..

 အရင်ဆုံး Flash Drive ကနေ Windows 7 မတင်ခင် လိုအပ် တာလေးတွေကို ပြောပြပေး သွားပါမယ်..
1. Windows 7  image ISO  File
2. USB Drive  ( 4 GB )
3.WinToFlash  Software တို့လိုအပ် မှာဖြစ်ပါတယ်..
ကျွန်တော်တို့ Windows 7 image ISO File မရှိသေးတဲ့ သူများကတော့ ဒီအောက် ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Collection ဆိုပြီး တင်ပေးထားတာ ရှိပါတယ်.. မိမိတို့ တင်ချင်တဲ့ Windows အမျိုးအစား ကိုရွေးပြီးတော့ သာဒေါင်းလော့ ချသွားလိုက်ပါ..
Windows ခွေကို ဒေါင်းလော့ချပြီးရင် အောက်ကပုံ မှာပြထားသလို ဖိုင်ဖြည်လိုက်ပါ.. ပြီးရင်အဲ့ဒီ Folder လေးကို Partation တစ်ခုထဲမှာ ထည့်ထားပေးပါ..
 အောက်ကပုံမှာ ပြထားသလို Folder လေးပေါ်လာပါလိမ့်မယ်..
အောက်ကပုံကတော့ ပေါ်ကပြထားတဲ့ ဖိုဒါထဲမှာပါတဲ့ Windows setup File တွေပဲ ဖြစ်ပါတယ်..
နောက်တစ်ချက် USB Flash Drive ကတော့ မိမိတို့ အစီအစဉ်နဲ့ ၀ယ်မယ်ဆိုရင်လဲ ၀ယ်လိုက်ပါ..။ ဒါမှမဟုတ် သူငယ်ချင်းဆီက ယူပြီးငှားသုံးမယ် ဆိုရင်လဲသုံးပါ အဆင်ပြေသလိုသာ လုပ်ပါ.. USB Drive ( 4 GB ) ဆိုအဆင်ပြေပါတယ် 
နောက်တစ်ချက် WinToFlash ကိုတော့ သူရဲ့မူရင်း ဆိုဒ်မှာသွားပြီး ဒေါင်းလော့ ချရင်လဲရပါတယ်..ကျွန်တော် အောက်မှာလဲ တင်ပေးထားတာရှိပါတယ်..


ကျွန်တော်အပေါ် မှာပြောခဲ့တဲ့ အဆင့်သုံးဆင့် ကိုပြင်ဆင်ပြီး  သွားပြီဆိုရင်တော့ Windows 7 ကို USB Drive မှဘယ်လို Install လုပ်ရမယ်ဆိုတာကို အောက်မှာတစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်..
အရင်ဆုံး ဒေါင်းလော့ချထားတဲ့ WinToFlash လေးကိုမိမိတို့ရဲ့ စက်မှာ Run ပေးလိုက်ပါ..
အောက်ကပုံ အတိုင်းပေါ် လာပြီဆိုရင်တော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ပြထားသလို အဆင့်ဆင့် လုပ်ပေး လိုက်ပါ..
ဒီအောက်က အဆင့်ကို ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့က စောစောက ဒေါင်းလော့ချပြီး ဖိုင်ဖြည်ထားတဲ့ Windows 7 image ဖိုင်ကို USB Drive ထဲကိုထည့်ပေး ရမှာဖြစ်ပါတယ်..ကျွန်တော် အောက်မှာ 1 နဲ့ 2 ဆိုပြီး ပြပေးထားပါတယ်..1 ကတော့ စောစောက ဖိုင်ဖြည်ထားတဲ့ Windows 7  image Folder ကိုရွေးပေးရမှာဖြစ်ပါတယ်.. 2 ကတော့ ကျွန်တော်တို့ Windows တင်တဲ့အခါ အသုံးပြုမဲ့ USB Drive ကိုရွေးပေးရမှာ ဖြစ်ပါတယ်..
အောက်ကပုံအတိုင်း ရွေးပေးပြီးပြီ ဆိုရင်တော့ Next ကိုပေးလိုက်ပါ..
အောက်ကပုံအတိုင်း  License တောင်ရင်တော့ Next time ပေးလိုက်ပါ..
အပေါ်က အဆင့်တွေကတော့ USB Drive ထဲမှာ Windows image ဖိုင်ကိုထည့်ပြီး ပြင်ဆင်တဲ့ အပိုင်းပါ..ကျွန်တော်တို့ နောက်တစ်ဆင့် Windows Installation လုပ်တဲ့အခါမှာ First Boot ကို USB HDD  လို့ပြောင်းပေးဖို့ လိုပါလိမ့်မယ်..ဒါမှသာ Boot လုပ်ငန်းစဉ်ပြီးလို့ Bios ကိုဝင်စစ်တဲ့အခါမှာ USB Drive ကိုတွေ့ မှာဖြစ်ပါတယ်..ကျွန်တော်ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါ တယ်.. အရင်ဆုံး မိမိတို့ ကွန်ပျူတာကို Restart ချလိုက်ပါ.. ပြီးရင် Keyboard မှ Delete Key ကိုနှိပ်ထားလိုက်ပါ.. ဒါဆိုရင် BIOS ထဲကိုရောက်သွားပါလိမ့်မယ်..
အောက်ကပုံ အတိုင်း USB HDD ကိုရွေးပေးပြီးရင် Enter ခေါက်လိုက်ပါ..
ပြီးရင် Second Boot Device ကို Hard Disk လို့ပြောင်းပေးဖို့ လိုပါလိမ့်မယ်. အခုအတိုင်းပဲ ပြောင်းပေးလိုက်ပါ..
အောက်က ပုံအတိုင်းပြောင်းပြီးသွား ပြီဆိုရင်တော့ Keyboard မှ F10 ကိုနှိပ်ပြီး Save  လိုက်ပါ..
အောက်ကပုံ အတိုင်းပေါ်လာပြီ ဆိုရင်တော့ Y ကိုနှိပ်ပြီး Enter ခေါက်ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် BIOS ထဲမှာလည်း ပြင်ဆင်ပြီးသွားပါပြီ..
 
ဒီလောက် ဆိုရင်တော့ USB Drive ကနေ Windows တင်တာနဲ့ ပါတ်သတ်ပြီး အားလုံးပဲ အဆင်ပြေပြေ နဲ့လုပ်တက်သွားမယ်လို့ ထင်ပါတယ်..
ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..
အားလုံးပဲအဆင်ပြေကြပါစေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ..