ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Friday, December 5, 2014

Photoshop ဖြင့်စာရွက်စာတမ်းများ ဖြတ်ကပ်ပြုလုပ်ခြင်း

 Photoshop နဲ့ စာရွက်စာတန်းတွေ ဖြတ်ကပ်လုပ်တာလေး ပြောပြချင်လို့ပါ..။ နိုင်ငံခြားရောက်နေတဲ့ လူတွေအတွက် ဒီလိုနည်းလေးတွေလည်း တတ်ထားသင့်ပါတယ်..။ Photoshop ကိုလုံးဝမသုံးတတ်သေးတဲ့ သူများပါ နဲနဲချင်း လုပ်တတ်လာအောင်လို့ Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း အလျှင်းသင့်သလို ဖေါ်ပြပေးသွားပါမယ်..။ အခုဒီနည်းလေးကို ဘာလို့ဖေါ်ပြရလည်းဆိုတော့ ကျနော်ရဲ့သူငယ်ချင်း တယောက်က ပါတ်စပို့စာအုပ်လုပ်ချင်တယ်..။
သူ့သူဌေးကလည်း လုပ်ပေးတယ်..။ သံရုံးမှာတင်ဖို့ ဘာစာရွက်စာတန်းမှ မရှိဘူး..။ သူ့အိမ်နဲ့လည်း အဆက်အသွယ်လုပ်လို့ မရပါဘူး..။ ဖုန်းခေါ်ဖို့ မပြောနဲ့ လူကြုံတောင်မရှိတဲ့ နေရာ..။ ဘယ်လိုလုပ်မလဲ..။ ကျနော့်ကို အတင်းခိုင်းပါတော့တယ်..။ သူကတော့ စာရွက်စာတန်း ဖြတ်ကပ်လုပ်တယ် ဆိုပေမယ့် အားလုံးအမှန်တွေပဲ ရေးတာပါ..။ သူ့ရွာ၊ သူ့မြို့နယ်၊ တိုင်း အားလုံး အမှန်တွေပဲ ရေးထည့်တာပါ..။ KL မြို့ထဲမှာလည်း ဒီလိုနည်းနဲ့ စာရွက်စာတန်းတွေ လုပ်ပေးတယ်..။ ပိုက်ဆံလည်း အများကြီးပေးရတယ်..။ လုပ်နည်းကတော့ လွယ်ပါတယ်..။ မလုပ်တတ်ရင်တော့ ပိုက်ဆံကုန်တာပေါ့ဗျာ.. ကျနော့်သူငယ်ချင်းကို ဒီနည်းလေးပါ သင်ပေးလိုက်တယ်.. 
အရင်ဆုံး မိမိတို့ ဖြတ်ကပ်လုပ်မယ့် စာရွက်တွေတော့ ရှိဖို့လိုပါတယ်.. စာရွက်စာတန်းတွေ ရှိပြီဆိုရင် Photoshop ပရိုဂရမ်ကို အရင်ဖွင့်လိုက်ပါ.. ၄င်းပရိုဂရမ်ရဲ့ ဘယ်ဘက်ထောင့်က File ကိုကလစ်.. ကျလာတဲ့ ဘောက်စ်ထဲမှာ Open ကနေ မိမိတို့ ပြုလုပ်ချင်တဲ့ စာရွက်ကို ယူလိုက်ပါ..။ စာရွက်ရလာပြီဆိုရင် အောက်ပုံမှာ ပြထားတဲ့ Rectangular Marquee Tool (M) ပေါ်မှာ R/C ဆိုတာ Right Click ထောက်လို့ပြောတာပါ..။ ပေါ်လာတဲ့ အကွက်လေးထဲက လေးထောင့်ကွက်လေးကိုကလစ်ပါ..။ ဒါဆိုရင်တော့ စာရွက်ပေါ်က မိမိလိုတဲ့ နေရာကို ဖြတ်လို့ရပါပြီ..။ စာရွက်မှာမဖြတ်ခင် မိမိတို့ရဲ့ စာရွက်ကို Ctrl+[+] နဲ့ Ctrl+[-] နဲ့ လိုသလို အကြီးအသေး Zoom ဆွဲကြည့်လို့ ရပါတယ်..။ ဘယ်ပရိုဂရမ်မှာ ဖြစ်ဖြစ် ဒီ Zoom mode ပါပါတယ်..။ စာရွက်ကို မိမိတို့ စိတ်ကြိုက် အကြီးဆွဲပြီးရင် စာရွက်ပေါ်မှာ မိမိတို့ ဖြတ်ချင်တဲ့ နေရာကို မောက်စ်နဲ့ ဖိဖြတ်လိုက်ပါ..။ စလက်ရှင်အကွက်လေးပေါ်နေပါလိမ့်မယ်..။ ပြီးရင် ကီဘုတ်ရှော့ကပ် ကီး Ctrl+J ကိုနှိပ်ပါ..။ Ctrl+J ဆိုတာမိမိတို့ ဖြတ်လိုက်တဲ့ စလက်ရှင်ဝင်နေတဲ့ အပိုင်းလေးကို Layer လို့ခေါ်တဲ့ အလွှာကလေး တခု ထပ်ပွါးလိုက်တာပါ..။ အောက်ဒုတိယပုံမှာကြည့်ပါ..



 Ctrl+J နဲ့ ဖြတ်ထားတဲ့စာရွက်ကို မိမိလိုတဲ့နေရာ ရွှေ့ဖို့အတွက် Move Tool (V) ကိုကလစ်ပါ..။ (V) တို့ (M) တို့ဆိုတာ ကီးဘုတ်ရှော့ကပ်ကီးတွေပါ..။ အမြန်သွားချင်ရင် အဲဒီ ကီးတွေ နှိပ်ပြီး သွားနိုင်ပါတယ်..။ Move Tool (V) ကိုကလစ်ပြီး စောစောနဖြတ်ထားတဲ့ လေယာတွေကို မိမိလိုတဲ့ နေရာကို ရွှေ့လိုက်ပါ..။ ပြီးရင် လေယာကို မိမိရွှေ့လို့ ရောက်တဲ့ နေရာမှာပဲ Ctrl+J နဲ့ Layer နောက်တစ်ခု ပွါးလိုက်ပါ..။ မိမိဖုံးချင်တဲ့ စာသားပေါ်ကို (V) နှိပ်ပြီး ထပ်ရွှေ့ပါ..။ ပြီးရင် ဒီတိုင်းထပ်လုပ်ပါ..။ နောက်ပိုင်း လေယာပွါးပြီး ရွှေ့ရမှာ Ctrl+J  >> (V) >>  ဒီတိုင်းပါပဲ..။

 
မိမိတို့ စာသားတွေကို လေယာတွေနဲ့ ဖုံးပြီးသွားရင်တော့ လေယာတွေကို Ctrl+Shift+E နဲ့ပေါင်းပေးလိုက်ပါ..။ အပ်ါပုံ ညာဘက်အောက်က အကွက်လေးက လေယာတွေကို ပြထားတာပါ..။ အဲလေယာတွေကို ပေါင်းပြီး File >> Save as >> Desktop >> Name >> Format JPEG >> Save ကိုနှိပ်ပြီး သိမ်းလိုက်လို့ ရပါပြီ..


ဖိုင်တွေကို အောက်ပုံကအတိုင်း သိမ်းလိုက်ပါ..။


အောက်မှာတော့ နောက်ထပ် လေ့ကျင့်ခန်းလေးတစ်ခု ထပ်ပြပေးထားပါတယ်...။ ပုံလေးတွေ ကြည့်ပြီး နားလည်မယ်လို့ ထင်ပါတယ်.. 
လုပ်နည်းကအပေါ်က လေ့ကျင့်ခန်းအတိုင်းပါပဲ.. အစဉ်လိုက် ရှော့ကပ်ကီးလေးတွေ ရေးပေးလိုက်ပါတယ်.. File >> Open >> စာရွက်ယူ >> Ctrl+[+] >> (M) Tool နဲ့ ဖြတ် >> Ctrl+J လေယာပွါး >>  (V) Tool မိမိလိုတဲ့ နေရာရွှေ့ ပြီးဖုံးပါ >> Ctrl+Shift+E လေယာပေါင်း >> File >> Save as >> Desktop >> Name >> Format JPEG >> Save ပြီးပြီ......

 
အောက်ပုံမှ အနီလေးထောင့်ကွက်လေးတွေက ၄င်းနေရာမှ စာရွက်အဖြူအား ဖြတ်ပြီး အပေါ်စာသားမှာ လာဖုံးဖို့ ပြထားတာပါ..။



မြို့နယ်၊ ရဲစခန်း၊ ကျေးရွာအုပ်စု၊ ကျေးရွာ စတဲ့နေရာတွေမှာ မိမိတို့ လိပ်စာအမှန်ကို ထည့်ပေးလိုက်ပါ.. အောက်မှာ ပလိန်း၂ရွက် ပြပေးလိုက်ပါတယ်..။ အဆင်ပြေကျပါစေဗျာ..



ဒီနည်းလမ်းလေးက မြန်မာပြည်မှ မိသားစုနဲ့ အဆက်အသွယ်မရတဲ့ သူများ၊ အကြောင်းအမျိုးမျိုးကြောင့်  စာအုပ်လုပ်ဖို့ အခက်အခဲဖြစ်နေသူမျာအတွက် ကူညီမှုလေးတစ်ခု ဖြစ်မှာပါ..။
မှတ်ပုံတင်နဲ့ ရွာထောက်ခံစာများကိုလည်း ဒီနည်းအတိုင်းပဲ လုပ်ပါတယ်..။

Photoshop ဆော့ဝဲများကိုတော့ မြန်မာ နည်းပညာဆိုဒ်များမှ ဒေါင်းလော့ချနိုင်ပါတယ် ခင်ဗျာ...

No comments:

Post a Comment