ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Wednesday, September 30, 2015

Window 8 မြန်မာဖောင့်ထည့်လို့ ရပြီး ၊ လက်ကွက် မရဘူးဆိုရင်လုပ်နည်း



Window 8 သမားတွေအတွက် မြန်မာစာ ပြဿနာ

ပထမဆုံးတော့ Zawgyi Blogday ဖောင့်ကို  Download ယူအင်စတောလုပ်ပါ

အင်စတောလုပ်ပြီး Restart ချ ဖတ်မရ ရေးမရ အဆင်မပြေရင် တစ်ဆင့်ချင်းလုပ်

Control Panel ကိုသွား

Language ဆိုတာကို နှိပ်

Advance Setting ထဲကိုဝင်

ဒုတိယမြောက်နေရာမှာ Default input method မှာ Zawgyi ထားလိုက်

မြန်မာစာမြင်ရပီး စာရိုက်မရတာ ကီးဘုတ်မပေါ်တာဆိုရင်

ပုံမှာပြထားတဲ့အတိုင်း Option ကနေ အမှန်ချစ်ပေး OK လုပ်လိုက်ပါ

Window 8- Window 7 64 bit ကွန်ပျုတာအတွက် သီးသန့် ကီးဘုတ်ထည့်

32 bit တွေမှာ ပြဿနာမရှိပေမယ့် 64 မှာ မြန်မာစာ အတုံးဖြစ်တာတွေ

ကီးဘုတ်မပေါ်လို့  စာဖတ်ရပြီး မြန်မာစာရိုက်မရတာတွေအတွက်တော့

အောက်က ကီးဘုတ်ယူသုံးပါ အဆင်မပြေသူများ စမ်းကြည့်လိုက်ပါ






ဒီမှာ Download ယူပါ - Zawgyi-keyboard-for windows 8,7, 64bit



ဒီမှာ Download ယူပါ -Zawgyi Blog Day Font and Keyboard window 8

ဒီမှာ Download ယူပါ -www.zippyshare.com/Zawgyi Blog Day Font 



မြန်မာစာနဲ့ ပတ်သက်ရင် အောက်ကလင့်ကို နှိပ်ဖတ်လိုက်ပါ







ကွန်ပြူတာ Notepad မှ မြန်မာစာ သိမ်းချင်တဲ့ သူတွေအတွက် မြန်မာစာပေါ်အောင် ဒီနည်းလေး ကို ကြည့်လိုက်ပါ

ကျနော်တို့ ကွန်ပြူတာသုံးတဲ့ သူတိုင်း ဟာ Website တွေထဲက စာတွေ, ကဗျာ တွေ ပြီးတော့ လင့်တွေကို Notepad ထဲမှာ သိမ်းကြပါတယ်။ အခု မြန်မာစာကို Notepad ထဲမှာ သိမ်းရန် Save ပြီးတိုင်း ပုံကလို ???? ပဲ ပေါ်နေတဲ့ သူငယ်ချင်းတွေအတွက် ဖြေရှင်းနည်းလေး ဖြစ်ပါတယ်။ လူဟောင်းတွေကတော့ လူတိုင်း နည်းပါး ဒါကို နားလည်ကြပါတယ်။ 
အခုမှ စသုံးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဒီနည်းလေးရေးတင်ပေးလိုက်တာပါ။ မေးလာကြတာလည်း များလာလို့ အလွယ် ကြည့်နိုင်အောင် ဒီနည်းလေးတင်ပေးလိုက်တာပါ။ ကွန်ပြူတာ သုံးသူတိုင်း လူတိုင်း ဖြစ်မနေ Notepad ကို အသုံးပြုရတာပါ။ အောက်မှာ ပုံနှင့်တကွ သေချာလေး ပြထားပေးပါတယ်။ အားလုံး နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အရင်ဆုံး မိမိကွန်ပြူတာရဲ့ Dasktop နေရာလွတ်တခုခုကို Right Click ထောက်လိုက်ပြီး အောက်ကပုံကို ကြည့်လိုက်ပါ။

 New ကိုကလစ်ပြီး Text Documant ကို ကလစ်လိုက်ရင် Dasktop မှာ Text ဖိုင်တခု ဖြစ်လာပါတယ်။ အဲဖိုင်ကို ဖွင့်ပြီး မြန်မာစာရေးရင် အောက်က ပုံလို အတုံးတွေသာ မြင်ရပါမယ်။

 မြန်မာစာ မြင်ရဖို့က အောက်ကပုံကိုပြည့်လိုက်ပြီး ဆက်လုပ်လိုက်ပါ။ Format ကိုကလစ်ပြီး Font ကိုကလစ်လိုက်ပါ။
 ပြီးရင် အောက်ကပုံလို ဘောက်တခုကျလာပါမယ်။ အဲအခါဆိုရင် Zawgyi-One ကိုပြောင်းပြီး OK ပေးလိုက်ပါ။

 ဒါဆိုရင်တော့ မြန်မာလိုမြင်ရပါပြီ။ Save ဖို့က အောက်ကပုံကို ဆက်ကြည့်လိုက်ပါ။ အရင်ဆုံး File ကို နှိပ်ပြီး Save As ကို ကလစ်လိုက်ပါ။

Save As ကို ကလစ်ပြီးတာနဲ့ အောက်ကပုံလို ဘောက်တခုကျလာပါမယ်။ ဒီနေရာမှာ အရေးကြီးပါတယ်။ Encoding နေရာမှာ ANSI နဲ့ ပြနေပါတယ်။ အဲတာကို ဒီအတိုင်း Save လိုက်ရင်တော့ ???????? ပုံတွေပဲ ပေါ်ပါမယ်။ အောက်မှာ မြားပြထားသလို Unicode ပြောင်းပြီးမှ Save ပါ။
 ပြီးရင် Do You Want To Replay It ဆိုတဲ့ စာတန်းနဲ့ ဘောက်တခုကျလာရင် Yes သာပေးလိုက်ပါ။ ဒီအဆင့်ပြီးရင်တော့ အားလုံး အဆင်ပြေပါပြီ။

ဒီလောက်ဆိုရင် မေးထားကြတဲ့ သူငယ်ချင်းတွေ နားလည်လောက်ပြီထင်ပါတယ်။ 
အားလုံးအဆင်ပြေပါစေ...။ 
ဇော်မင်းသန်း

Tuesday, September 29, 2015



25
September






Windows 8/8.1 မှာ .NET Framework 4.5 အင်စတောလုပ်ပြီးသား ပါရှိလာမှာဖြစ်ပါတယ်။တစ်ချို့  Application တွေကို အင်စတောလုပ်ဖို့ အတွက် .NET Framework 3.5 လို Version အနိမ့်တွေ အင်စတောလုပ်ထားဖို့ လို ပါတယ်။Windows 8 မှာ .NET Framework 3.5 နဲ့  သူ့ အနိမ့် Version တွေကို Enable လုပ်ပြီးသုံးနိုင်ပါတယ်။ထပ်ပြီးအင်စတောလုပ်လို့ မရပါဘူး။ဒီိဆောင်းပါးမှာ Enable လုပ်နိုင်မယ့် နည်းနှစ်နည်းကိုရေးပါမယ်။


When You Are Online


ကွန်နက်ရှင်ရှိနေရင်တော့ ဒီနည်းကိုသုံးနိုင်ပါတယ်။ Windows 8 Search Box ကနေ Uninstall a program ကိုရှာပြီး ဖွင့်ပါ။






























ပြီးရင်  ညာဘက်က Turn Windows features on or off ကိုနှိပ်ပါ။


ဝင်းဒိုး တစ်ခုပေါ်လာရင် ".NET Framework 3.5 (includes .NET 2.0 and 3.0) " ဆိုတဲ့ Check Box တွေ မှာ အမှန်ခြစ်ပေးပါ။





OK နှိပ်ရင် လိုအပ်တဲ့ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပါလိမ့်မယ်။ ဒေါင်းလုပ်လုပ်ပြီးရင်တော့ Restart ချရင် .NET Framework 3.5,  3.0  ,2.0  အားလုံးကို Enable လုပ်ပြီးပြီဖြစ်လို့  အင်စတောလုပ်မရတဲ့ Application တွေကို အင်စတောလုပ်နိုင်ပါပြီ။





ကျွန်တော်ကတော့ ဒီနည်းသုံးကြည့်တာ ဒေါင်းနေတဲ့ အချိန်ကြာတဲ့အတွက် Cancel လုပ်ပြီးအောက်ကနည်းကိုသုံးပါတယ်။


When You Are Offline


C:  အောက်မှာ NET35 ဆိုတဲ့ဖိုဒါတစ်ခုပြုလုပ်ပါ။


Windows 8 CD/DVD ခွေထဲက sources\sxs ဖိုဒါကို ကော်ပီကူးပါ။ ISO Image ဖိုင်ရှိရင် ISO ဖိုင်ပေါ် Right Click နှိပ်ပြီး Mount လုပ်ပါ။ sources\sxs ဖိုဒါကိုကော်ပီကူးပါ။ ကူးထားတဲ့ဖိုဒါကို NET35 ဖိုဒါထဲထည့်ပါ။





Cmd ကို Admin အနေနဲ့ ဖွင့်ပြီး အောက်က Command ရိုက်ပေးပြီး Enter ခေါက်ပါ။


DISM.exe /online /enable-feature /featurename:NetFX3 /All /Source:c:\net35 /LimitAccess



Successful Message ကျလာရင် အဆင်ပြေပါပြီ။



မင်္ဂလာပါ နောက်ဆုံးထွက် Version အသစ်နဲ့ Antivirus ဆော့ဝဲတခုဖြစ်တဲ့ Eset NOD32
Smart Security 7 ကို တင်ပေးလိုက်ပါတယ်။ x32 နဲ့ x64 တဖိုင်စီ သီးသန့်ပါဝင်ပါတယ်။သုံးချင်တဲ့ဘော်ဘော်အောက်မှာဒေါင်းသွားနိုင်ပါတယ်...

 
အင်စတော လုပ်နည်း...
=>Setup x32 (or) x64 ကိုအင်စတော လုပ်ပါ။
=>Start Menu>Type "config">Click "System Configuration">Boot>
     Check "safe boot" >Apply>Ok>Restart...
=>၎င်း safe mode မှာ PURE FIX ကို run ပြီး Reset ကိုကလစ်ပါ။
=>Restart ပြန်ကျပြီး safe mode ထဲပြန်ရောက်ပါမယ်။
=>အပေါ်ကအတိုင်း ပြန်ဝင်ပြီး safe mode မှ အမှန်ခြစ်ကို ဖြုတ်လိုက်ပြီး Restart
     လုပ်ပါ။Normal Mode ဖြင့် ပုံမှန်ပြန်တက်လာပြီး Eset မှာ Activate ဖြစ်တာကို
     တွေ့ရပါမယ်.။

      
DOWNLOAD HERE                  

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ.