ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Sunday, April 30, 2017

Omh Min HtetFollow
March 8 ·

Samsung ဖုန်းများ Root ရှိလားမရှိလား

Root လုပ်နည်းများ သူများဆီမှာတကူးတက
တောင်းရန်မလိုတော့ပါ
ဒီမှာပါခင်ဗျ Samsung အလုံးအားလုံးအတွက် Root Flash File တွေပါ
ကိုယ့် Model ကိုယ် ရွှေးချယ်ဒေါင်းယူပါ
https://autoroot.chainfire.eu/

Flash ရန်အတွက် Odin လိုအပ်ပါတယ်
Odin မရှိကဒေါင်းရန်
odindownload.com/download/Odin3_v3.10.6.zip
Driver မရှိသူများ လိုအပ်ပါက ဒေါင်းရန်
http://samsungusbdriver.com/downlo…/samsung-driver-v1-5-63-0
Root လုပ်နည်းကတော့
Odin ကိုဖွင့် Ap ကိုနှိပ်ပါ
ကိုယ် Flash မဲ့ Cf-Auto Root ဖိုင်ကို ရွှေးပေးပါ
Firmware Flash သလိုပါပဲခင်ဗျာ
Root ဖောက်လိုက်လို့ Softbrick ဖြစ်သွားတာလား
မကြောက်ပါနဲ့
ဒီဖိုင်လေးကိုဒေါင်း
https://my.pcloud.com/publink/show…
Softbrick ဖြစ်တဲ့အနေအထားကပဲ
Download ရလာတဲ့ OMH.tar ကို Root File Flash
သလို Flash ပေးလိုက်ပါ
Logo ပြန်လည်လာပါမယ်
Cf-Auto ROot နဲ့ဖောက်လို့ Softbrick ဖြစ်ရင် မဖောက်ပါနဲ့တော့
CWM Or Twrp နဲ့ ဖောက်တဲ့နည်းများရှာဖောက်ပေးပါ
အဆင်ပြေကြပါစေ
Post By - Omh Min Htet
Like And Share နိုင်ပါတယ် ခင်ဗျာ
#OMH

Friday, April 28, 2017

Windows 7 Admin Password ကို Hack နည်း Software မလို 100% April 21, 2017 ကွန်ပျူတာဆိုင်ရာများ No comments မိုဘိုင်းဖုန်း နည်းပညာဆိုင်ရာတော့မဟုတ်ပါဘူး Windows 7 အသုံးပြုသူ ညီအကိုများအတွက် အရေးကြုံလာရင် အသုံးတည့်အောင်လို့ ဒီပို့စ့် လေးကို အားလုံးအတွက် ရေးဖြစ်သွားတာပါ။ ခေါင်းစဉ်မြင်တာနဲ့ ကွန်ပျူတာ အခြေခံ နားလည်ပြီးသား သူတွေကတော့ သဘောပေါက်ကြမှာပါ မသိကြသေးတဲ့ သူတွေကတော့ ယခုဖေါ်ပြပါ နည်းလမ်းလေးကို စမ်းသပ်အသုံးပြုကြည့်ဖို့ကို ပြောကြားလိုပါတယ်။ ကွန်ပျူတာပိုင်းဘက် အချိန်ကုန်တုန်းကပေါ့ ကျနော် တစ်ခါတော့ သူငယ်ချင်းတစ်ယောက်ကို ကူညီဖူးပါတယ် ဒါပေမယ့် နှစ်နှစ်လောက်တော့ရှိခဲ့ပါပြီ၊ အခုပြန်လိုလာလို့ လုပ်ကြည့်တော့ မေ့နေတာနဲ့ ပြန်ရှာဖြစ်တယ်။ အခုပြန်လုပ်ကြည့်တော့လည်း အဆင်ပြေနေတုန်းပဲ အရမ်းအဆင်ပြေတဲ့ နည်းလမ်းလေးမို့ အသုံးလိုသူတိုင်း စမ်းသပ်အသုံးပြုလို့ရအောင် တစ်ဆင့်ပြန် လည်မျှဝေပေးလိုက်ဖြင်းပဲဖြစ်ပါတယ်။ Windows 7 အသုံးပြုသူ User တိုင်း ကြုံဖူးကြမှာပါ မိမိကွန်ပျူတာကို Password ပေးပြီး တစ်ခါတလေ မိမိပေးထားသည့် Password ကို လုံးဝ မမှတ်မိတော့ပဲ Log in ၀င်မရတော့ပဲ အုံးစားဖူးတဲ့ နေ့ရက်တွေကိုပေါ့ ကျနော့် အတွေ့အကြုံလေး ပြောပြချင်ပါတယ်၊ သူငယ်ချင်းတစ်ယောက် ကွန်ပျူတာ ၀ယ်လာခါစရှိသေး Password ထားသုံးချင်တယ် လုပ်ပေးပါဦးဆိုတော့၊ အင်း... ရတယ်လေ ဆိုပြီး ကွန်ပျူတာကို အနားကို ဆွဲယူလိုက်တယ်၊ ပြီးရင် ကျနော် သူ့ကို မေးဖူးတဲ့ စကားအချို့ရှိပါတယ်၊ ဘာမေးမိလည်း ဆိုတော့... မင်းက Password ကိုပေးထားပြီး မေ့တတ်တဲ့ တစ်ယောက်လား? မင်းအတွက် Password ထားသုံးလို့ တကယ်ကော အဆင်ပြေပါ့မလား? အဖြေက... ဒါလေးများ ခက်ရော့ လား လုပ်သာလုပ်ပေးစမ်းပါ အဆင်ပြေပါတယ်...။ ဒါဆိုရင်လည်း ပြီးရော့ကွာ ဆိုပြီး လုပ်ပေးလိုက်တယ် တစ်ရက်တော့ အဆင်ပြေသွားတယ် နောက်နေ့ ပြာယာခပ်ပြီးရောက်လာပြီ... ဘာတုန်းငါ့ကောင် လို့မေးလိုက်တယ်... ဘာပြောတယ်မှတ်တုန်း... မင်းလုပ်သလို ငါ့ဖာသာငါ Password ပြောင်းကြည့်လိုက်တာ အခု Password ကိုမမှတ်မိတော့ဘူး Log in လည်း ၀င်မရတော့ အခေါက်ပေါင်းမနည်းတော့ဘူး...ဆိုပဲ... ကျနော် ပြန်ပြောလိုက်တာကတော့ အင်းကွာ...ဖြစ်တတ်ပါတယ် မင်းကို ငါကြိုပြောသားပဲ မင်းကပဲ အဆင်ပြေပါတယ် ပါးပါးလေးပါ ဒီလောက်လေးကတော့ သာယာပါတယ်ဆိုကွာ...အခုတော့... ဟုတ်ပါတယ် Windows 7 အသုံးပြုသူတိုင်း မလွဲမသွယ် ကြုံကြိုက်ဖူးကြမယ့် Windows ဆိုင်ရာ Tutorial လေးတစ်ခုဖြစ်မယ်ထင်ပါတယ်၊ တကယ်လို့ သင့်ကွန်ပျူတာတွင် (သို့) မဟုတ် သူငယ်ချင်း တစ်ယောက်ရဲ့ ကွန်ပျူတာအတွက် အကူအညီလိုအပ်လို့ နည်းလမ်းကောင်း လိုက်ရှာနေတယ်ဆိုရင်တော့ ယခုဖေါ်ပြပါ Software မလိုပဲ Windows 7 Admin Password ကို Hack နည်း ကို စမ်းသပ်ကြည့်လိုက်ပါ။ သိပြီးသား သူတွေကတော့ ကျော်ခွသွားလိုက်ကြပါ၊ အထူးပြောချင်တာကတော့ ဖေါ်ပြပါ နည်းလမ်းကို တစ်ဦးတစ်ယောက် (သို့) မဟုတ် မကောင်းသည့် စိတ်ထားဖြင့် သူတစ်ပါး၏ Windows Password ကို ကျော်ခွပြီး Data များကို ခိုးယူမှု ဖျက်စီးမှုများ ပြုလုပ်ပါက သင့်ထိုက်နဲ့ သင့်ကံဖြစ်သလို (ဘယ်သူမပြု မိမိမှု) ဆိုသလို ကိုယ်ပြုသည့်ကံ ကိုယ်ထံ ရောင်ပြန်လာမှာဆိုတာကို ကြိုတင်ပြောထားပါရစေခင်ဗျား... အဖြစ်စေချင်ဆုံး ဆန္ဒကတော့ School များအတွက် Personal အသုံးပြု သူငယ်ချင်း ဘော်ဒါများ၏ Computer labs များနဲ့ workplaces လို့ ခေါ်တဲ့ နေရာတွေမှာ လိုအပ်ပါမှ အသုံးပြုစေချင်ပြီး တစ်ဖက်သားကို ကူညီလိုတဲ့စိတ်ထားဖြင့် လိုအပ်နေသည့်အချိန်တွင် အသုံးပြုစေချင်ပါတယ်။ အများစုက Password မသိတော့ရင် Windows အသစ်တင်လိုက်တာ (သို့) Service ဆိုင်သို့သွားပြီး ပြုလုပ်လိုက်တာ စသည်ဖြင့် ပြုလုပ်တတ်ကြပါတယ် တကယ်တော့မလိုအပ်ပါ ဖေါ်ပြပါ Bypass နည်းကိုသာ သိထားရင်တော့ မိမိကိုယ်တိုင် Windows 7 Admin Password ကို Software မလိုပဲ အလွယ်တကူ Hack ယူနိုင်မှာပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ကွန်ပျူတာတွင် Password ပေးထားပြီး Log in လုပ်ရန် ပေးထားသည့် Password ကို လုံးဝမမှတ်မိတော့ပဲ Admin Password ကိုဖျက်လိုတဲ့အခါ (သို့) မဟုတ် တစ်ခြားသူတစ်ဦးတစ်ယောက်ရဲ့ administrator ၏ Admin Password ကို Hack လိုတဲ့အခါ ဖေါ်ပြပါ နည်းလမ်းများအတိုင်း Step by Step ပြုလုပ်သွားလိုက်ပါ၊ Software မလိုဘူးနော် Windows 7 Admin Password ကို Hack နည်းဖြစ်ပါတယ် 1000% ဖြစ်ပါတယ်။ Windows 7 Admin Password ကို Hack နည်း Software မလို 1000% ======================================== ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ ကွန်ပျူတာရဲ့ Advanced Boot Options မှ Repair Method မှသွားရမှာဖြစ်လို့ အောက်ပါပုံအတိုင်း Starting Windows လို့မြင်နေရတဲ့အခါ ကွန်ပျူတာကီးဘုတ်မှ F8 ကိုနှိပ်ထားလိုက်ပါ၊ (Windows Recovery Option ဟုခေါ်) အောက်ပါပုံအတိုင်း Windows Error Recovery option ဖြင့် တက်လာပါလိမ့်မယ် Lauch Starup repair (recommended) ဆိုတာကို ရွေးချယ်ပြီး Enter ကိုခေါက်လိုက်ပါ။ windows is loading files... ဆိုပြီးမြင်နေရရင်တော့ ခနစောင့်နေလိုက်ပါ အောက်ပါပုံအတိုင်း Microsoft Corporation ဆိုပြီးမြင်နေရရင်တော့ Windows ကို Recovery လုပ်နေတာပါ စောင့်နေလိုက်ပါ။ အောက်ပါပုံအတိုင်း Startup Repair ဖြင့်တက်လာခဲ့ရင် မိနစ်အနည်းငယ် ကြမှာဖြစ်တဲ့အတွက် ပြီးဆုံးအောင်စောင့်နေလိုက်ပါ။ System Restore ပြုလုပ်မလား စသည့်ဖြင့် မြင်နေရရင်တော့ Cancel ဆိုတာကို နှိပ်ပေးလိုက်ပါ၊ အောက်ပါပုံအတိုင်း။ အောက်ပါပုံအတိုင်း Attempting repairs... ဆိုပြီး မြင်နေရရင်တော့ ငါးမိနစ် (သို့) ဆယ်မိနစ်လောက် ကြာနိုင်ပါတယ် ပြီးအောင် စောင့်နေလိုက်ပါ (ဘာမှထပ်လုပ်နေစရာမလိုပါ) Windows cannot repair this computer automatically ဆိုပြီးပေါ်လာပါလိမ့်မယ် အောက်ပါပုံအတိုင်း Hide problem details ဆိုတာကိုနှိပ်လိုက်ပါ မောက်စ့်ဖြင့် Scroll Down ကိုအောက်သို့ဆွဲချပြီး X:\windows\system32\en-US\erofflps.txt ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ အောက်ပါပုံအတိုင်း erofflps - Notepad ဖြင့်ပွင့်လာတဲ့အခါ File >>Open ဆိုပြီးနှပ်လိုက်ပါ အောက်ပါပုံအတိုင်း တက်လာခဲ့ရင်တော့ Computer ကိုတစ်ချက်နှိပ်ပါ မိမိကွန်ပျူတာတွင် Windows ရှိသည့် Local Disk သို့သွားရမှာဖြစ်ပါတယ် (ဥပမာ- Local Disk (C:) စသည်) Windows ဆိုတာကိုထပ်နှိပ်ပါ Scroll Down ကိုအောက်သို့ဆွဲချပြီး System32 ကိုထပ်နှိပ်လိုက်ပါ အောက်ပါပုံအတိုင်း Files of type: နေရာတွင် All Files ဆိုတာကိုပြောင်းပေးလိုက်ပါ Scroll Down ကိုအောက်သို့ဆွဲချပြီး sethc သို့သွားလိုက်ပါ အောက်ပါပုံအတိုင်း ဒီတစ်ခါ sethc နေရာကို Right -Click ထောက်ပြီး Rename ပြောင်းပေးရမှာ ဖြစ်တဲ့အတွက် အောက်ပါပုံအတိုင်း sethc1 ဆိုပြီးပြောင်းပေးပြီး Enter ကိုခေါက်ပါ။ ဒီတစ်ခါ Scroll Down ကိုအပေါ်သို့ ဆွဲတင်ပြီး cmd ဖိုင်ကိုလိုက်ရှာပါ cmd ကို အောက်ပါပုံအတိုင်း sethc ဆိုပြီး နာမည်ပြောင်းလိုက်ပြီး ကွန်ပျူတာကီးဘုတ်မှ Enter ကီးကိုခေါက်လိုက်ပါ။ အားလုံးပြီးသွားရင်တော့ Windows များကို Exit or Close ကိုနှိပ်ပြီးထွက်ပါ အောက်ပါပုံအတိုင်း Don't send ကိုဆက်နှိပ်ပေးလိုက်ပါ အောက်ပါပုံအတိုင်း Finish ကိုနှိပ်ပါ ကွန်ပျူတာမှာ Restart ကျသွားပြီး Starting Windows ဖြင့်တက်လာပါလိမ့်မယ် ဒီတစ်ခါ ပုံမှန်အတိုင်း Log in Windows သို့ရောက်သွားပါလိမ့်မယ် ဒီတစ်ခါ Setch.exe ကို ဖွင့်ပြီး အသုံးပြုရမှာဖြစ်လို့ ကွန်ပျူတာကီးဘုတ်မှ shift ကို ငါးခေါက် ဆက်တိုက်နှိပ်လိုက်ပါ အောက်ပါပုံအတိုင်း sethc.exe ဖြင့် Command Prompt ပွင့်လာပါလိမ့်မယ် net user လို့ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ ကွန်ပျူတာပိုင်ရဲ့ နာမည် (Name) ကိုမသိခဲ့ရင်လျှင် Net user ဆိုပြီး ရိုက်ထည့် Enter ခေါက်လိုက်ရင် ကွန်ပျူတာပိုင်ရှင်၏ Name (နာမည်) ပေါ်လာပါလိမ့်မယ်။ ဥပမာ - Administrator ..... Chad.....Guest ဆိုပြီးမြင်နေရပါလိမ့်မယ် ထိုတွင် .....Chad..... ဆိုပြီး မြင်နေရသည့် (Name) နာမည်က ကွန်ပျူတာပိုင်ရှင် Administrator ပဲဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ Admin (Name) နာမည်ကိုသိပြီးသားဆိုရင်တော့ net user * ဆိုပြီးရိုက်ထည့်ပြီး Enter ကိုခေါက်ပါ Enter ကီးကိုခေါက်လိုက်တဲ့အခါ အောက်ပါအတိုင်း ဖြစ်သွားပါလိမ့်မယ် ဒီတစ်ခါ အောက်ပါ အတိုင်း Command ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ Net user (Admin Account -နာမည်ကို (သို့) ကွန်ပျူတာပိုင်ရှင်နာမည်) ဒီနေရာတွင် Option နှစ်ခုပြုလုပ်နိုင်ပါတယ်၊ တကယ်လို့ Admin ၏ password ကိုတိုက်ရိုက် Delete ပြုလုပ်လို့ရသလို (သို့) Admin ၏ Password ကိုပြောင်းလဲအသုံပြုနိုင်ပါတယ်။ Password ပြောင်းလဲအသုံးပြုလိုက New Password ကိုပေးလိုက်ပါ တိုက်ရိုက်ဖျက်လိုတယ်ဆိုရင်တော့ ကီးဘုတ်မှ Enter ကီးကို ဆက်ခေါက်ပါ နောက်ထပ် Enter ကီးကို ထပ်ခေါက်ပေးလိုက်ပါ (နှစ်ချက် ဆက်တိုက်ခေါက်ပေးရမှာပါ) Admin ၏ Password ကို Delete လုပ်ပြီးဖြစ်လို့ Exit ဆိုပြီးရိုက်ထည့် Enter ခေါက်ပြီး ထွက်လိုက်ပါ Lock Screen သို့သွားလိုက်ပြီး Log in နေရာတွင် mouse Cursors မြှာထားပြီး Enter ကီးကိုခေါက်လိုက်ရုံပါပဲ Welcome ဆိုပြီး Admin Password ကို မတောင်းတော့ပဲ ကွန်ပျူတာပွင့်သွားပါလိမ့်မယ် ပုံများဖြင့် အားမရသေးရင်တော့ အောက်ပါ Youtube လင့်များတွင် Video ဖိုင်များကို လေ့လ့ာကြည့်ရှုလိုက်ပါ Read & Video Tutorial " ဒီကသွားပါ " Credit - " ဇူးနစ် ( နည်းပညာသို့ ) Email ThisBlogThis!Share to TwitterShare to Facebook You might also like: Gmail accounts ဖျက်​နည်း Go Keyboad အသုံးပြု နည်း ဗီဒီယိုတွေကိုအကောင်းဆုံးဒေါင်းယူနည်း BAGAN KEYBOAD APK (ပုဂံကီးဘုတ်​) Blog လုပ်​နည်းအပြည့်​အစုံ(ဖုန်းဖြင့်​သာ) Linkwithin Newer Post Older Post Home 0 post comment: Post a Comment Social Profiles TwitterFacebookGoogle PlusLinkedInRSS FeedEmail " Wecome To My Page " Facebook တွင်ထားရှိပါ ❆ ❆ ❆ ❆ ❆ ❆ ကဏ္ဍအလိုက်​ရှာပါ English Website (1) Facebook All Version (6) Facebookဆိုင်​ရာများ (52) Game ဆိုင်ရာများ (2) KingRoot All Version (1) Mail ဖွင့်နည်းများ (5) Root ဆိုင်​ရာများ (4) TubeMate All Vresion (1) ကွန်ပျူတာဆိုင်ရာများ (7) ဖုန်းပြသနာဆိုင်​ရာများ (35) ဘ​လော့ဆိုင်​ရာများ (5) မြန်မာမူ့ဆော့ဝဲများ (2) သီချင်းများဆိုင်​ရာ (9) အမှာစကား (1) ​ဆော့ဝဲPROဆိုင်​ရာ (7) ​ဆော့ဝဲဆိုင်​ရာများ (37) Popular Tags Blog Archives ⏩⏩⏩ မေးမြန်းနိုင်သည် Related Posts Plugin for WordPress, Blogger... လူကြိုက်​များ​သောပို့စ်​ ကိုယ်လိုင်းပေါ်မှာရှိနေတာကို သူများမသိအောင်လုပ်မယ် ကိုယ် Facebook သုံးနေတာကိုတစ်ဖက်လူမသိအောင်ဒီနည်းအတိုင်းလေးလုပ်လိုက်ပါ အောက်မှာလေ့လာကြည့်ပါ.. အိုင်တီဖို... Report ကိုထိ​ရောက်​စွာထုနည်း Report ထုနည်း​လေးတင်​​ပေးလိုက်​ပါတယ်​ဗျာ.. လူတိုင်းသိတဲ့နည်းပါပဲ.. ဒါ​ပေမဲ့..အသိ​သေးတဲ့သူ​တွေအတွက်​..တင်​​ပေးတာပါ.. ​အောက်​မှာပုံနှင်​... Facebook မှာသူငယ်​ချင်းအပ်​မရ​အောင်​ပိတ်​နည်း Facebook မှာ သူငယ်​ချင်းအပ်​မရ​အောင်​လုပ်​ထားချင်​သူ​တွေအတွက်​တင်​​ပေးလိုက်​ပါတယ်​ သူငယ်​ချင်းအပ်​မရ​အောင်​လုပ်​ပြီး Follow ပဲဖွင့်ြ... Gmail ​password မေ့​နေတာပြန်​ယူနည်း ဒီနည်းကတင်​သာတင်​ရတယ်​.လွယ်​​တော့မလွယ်​ဘူး.နည်းပညာ​တွေကလဲ​နေစဉ်​ နဲ့အမျှ​ပြောင်းလဲ​နေကြ​တယ်​ အခုဟာက ကျွန်​​တော်​တင်​တဲ့နည်းနဲ့တခြားသ... Viber မှာကိုယ်သုံးနေတာကိုOnline မှာမတွေ့ အောင်ထားနည်း (Screen Close) ကဲ..အထွေအထူးတော့မရှိဘူး. Viber သုံးတဲ့သူတွေခဏခဏမေးတဲ့ပိုစ့်ပါ.. ကျွန်တော်တင်ပေးထားပေမဲ့ပျက်သွားခဲ့ပါတယ်.. အခုပြန်ဖြည့်စွက်တင်ပေးထ...

POST http://itpoekarlay.blogspot.sg/2017/04/windows-7-admin-password-hack-software.html
အိုင်တီဖိုးခွါး - နည်းပညာမှကူးယူဖော်ပြသည်
Windows 7 Admin Password ကို Hack နည်း Software မလို 100% April 21, 2017 ကွန်ပျူတာဆိုင်ရာများ No comments မိုဘိုင်းဖုန်း နည်းပညာဆိုင်ရာတော့မဟုတ်ပါဘူး Windows 7 အသုံးပြုသူ ညီအကိုများအတွက် အရေးကြုံလာရင် အသုံးတည့်အောင်လို့ ဒီပို့စ့် လေးကို အားလုံးအတွက် ရေးဖြစ်သွားတာပါ။ ခေါင်းစဉ်မြင်တာနဲ့ ကွန်ပျူတာ အခြေခံ နားလည်ပြီးသား သူတွေကတော့ သဘောပေါက်ကြမှာပါ မသိကြသေးတဲ့ သူတွေကတော့ ယခုဖေါ်ပြပါ နည်းလမ်းလေးကို စမ်းသပ်အသုံးပြုကြည့်ဖို့ကို ပြောကြားလိုပါတယ်။ ကွန်ပျူတာပိုင်းဘက် အချိန်ကုန်တုန်းကပေါ့ ကျနော် တစ်ခါတော့ သူငယ်ချင်းတစ်ယောက်ကို ကူညီဖူးပါတယ် ဒါပေမယ့် နှစ်နှစ်လောက်တော့ရှိခဲ့ပါပြီ၊ အခုပြန်လိုလာလို့ လုပ်ကြည့်တော့ မေ့နေတာနဲ့ ပြန်ရှာဖြစ်တယ်။ အခုပြန်လုပ်ကြည့်တော့လည်း အဆင်ပြေနေတုန်းပဲ အရမ်းအဆင်ပြေတဲ့ နည်းလမ်းလေးမို့ အသုံးလိုသူတိုင်း စမ်းသပ်အသုံးပြုလို့ရအောင် တစ်ဆင့်ပြန် လည်မျှဝေပေးလိုက်ဖြင်းပဲဖြစ်ပါတယ်။ Windows 7 အသုံးပြုသူ User တိုင်း ကြုံဖူးကြမှာပါ မိမိကွန်ပျူတာကို Password ပေးပြီး တစ်ခါတလေ မိမိပေးထားသည့် Password ကို လုံးဝ မမှတ်မိတော့ပဲ Log in ၀င်မရတော့ပဲ အုံးစားဖူးတဲ့ နေ့ရက်တွေကိုပေါ့ ကျနော့် အတွေ့အကြုံလေး ပြောပြချင်ပါတယ်၊ သူငယ်ချင်းတစ်ယောက် ကွန်ပျူတာ ၀ယ်လာခါစရှိသေး Password ထားသုံးချင်တယ် လုပ်ပေးပါဦးဆိုတော့၊ အင်း... ရတယ်လေ ဆိုပြီး ကွန်ပျူတာကို အနားကို ဆွဲယူလိုက်တယ်၊ ပြီးရင် ကျနော် သူ့ကို မေးဖူးတဲ့ စကားအချို့ရှိပါတယ်၊ ဘာမေးမိလည်း ဆိုတော့... မင်းက Password ကိုပေးထားပြီး မေ့တတ်တဲ့ တစ်ယောက်လား? မင်းအတွက် Password ထားသုံးလို့ တကယ်ကော အဆင်ပြေပါ့မလား? အဖြေက... ဒါလေးများ ခက်ရော့ လား လုပ်သာလုပ်ပေးစမ်းပါ အဆင်ပြေပါတယ်...။ ဒါဆိုရင်လည်း ပြီးရော့ကွာ ဆိုပြီး လုပ်ပေးလိုက်တယ် တစ်ရက်တော့ အဆင်ပြေသွားတယ် နောက်နေ့ ပြာယာခပ်ပြီးရောက်လာပြီ... ဘာတုန်းငါ့ကောင် လို့မေးလိုက်တယ်... ဘာပြောတယ်မှတ်တုန်း... မင်းလုပ်သလို ငါ့ဖာသာငါ Password ပြောင်းကြည့်လိုက်တာ အခု Password ကိုမမှတ်မိတော့ဘူး Log in လည်း ၀င်မရတော့ အခေါက်ပေါင်းမနည်းတော့ဘူး...ဆိုပဲ... ကျနော် ပြန်ပြောလိုက်တာကတော့ အင်းကွာ...ဖြစ်တတ်ပါတယ် မင်းကို ငါကြိုပြောသားပဲ မင်းကပဲ အဆင်ပြေပါတယ် ပါးပါးလေးပါ ဒီလောက်လေးကတော့ သာယာပါတယ်ဆိုကွာ...အခုတော့... ဟုတ်ပါတယ် Windows 7 အသုံးပြုသူတိုင်း မလွဲမသွယ် ကြုံကြိုက်ဖူးကြမယ့် Windows ဆိုင်ရာ Tutorial လေးတစ်ခုဖြစ်မယ်ထင်ပါတယ်၊ တကယ်လို့ သင့်ကွန်ပျူတာတွင် (သို့) မဟုတ် သူငယ်ချင်း တစ်ယောက်ရဲ့ ကွန်ပျူတာအတွက် အကူအညီလိုအပ်လို့ နည်းလမ်းကောင်း လိုက်ရှာနေတယ်ဆိုရင်တော့ ယခုဖေါ်ပြပါ Software မလိုပဲ Windows 7 Admin Password ကို Hack နည်း ကို စမ်းသပ်ကြည့်လိုက်ပါ။ သိပြီးသား သူတွေကတော့ ကျော်ခွသွားလိုက်ကြပါ၊ အထူးပြောချင်တာကတော့ ဖေါ်ပြပါ နည်းလမ်းကို တစ်ဦးတစ်ယောက် (သို့) မဟုတ် မကောင်းသည့် စိတ်ထားဖြင့် သူတစ်ပါး၏ Windows Password ကို ကျော်ခွပြီး Data များကို ခိုးယူမှု ဖျက်စီးမှုများ ပြုလုပ်ပါက သင့်ထိုက်နဲ့ သင့်ကံဖြစ်သလို (ဘယ်သူမပြု မိမိမှု) ဆိုသလို ကိုယ်ပြုသည့်ကံ ကိုယ်ထံ ရောင်ပြန်လာမှာဆိုတာကို ကြိုတင်ပြောထားပါရစေခင်ဗျား... အဖြစ်စေချင်ဆုံး ဆန္ဒကတော့ School များအတွက် Personal အသုံးပြု သူငယ်ချင်း ဘော်ဒါများ၏ Computer labs များနဲ့ workplaces လို့ ခေါ်တဲ့ နေရာတွေမှာ လိုအပ်ပါမှ အသုံးပြုစေချင်ပြီး တစ်ဖက်သားကို ကူညီလိုတဲ့စိတ်ထားဖြင့် လိုအပ်နေသည့်အချိန်တွင် အသုံးပြုစေချင်ပါတယ်။ အများစုက Password မသိတော့ရင် Windows အသစ်တင်လိုက်တာ (သို့) Service ဆိုင်သို့သွားပြီး ပြုလုပ်လိုက်တာ စသည်ဖြင့် ပြုလုပ်တတ်ကြပါတယ် တကယ်တော့မလိုအပ်ပါ ဖေါ်ပြပါ Bypass နည်းကိုသာ သိထားရင်တော့ မိမိကိုယ်တိုင် Windows 7 Admin Password ကို Software မလိုပဲ အလွယ်တကူ Hack ယူနိုင်မှာပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ကွန်ပျူတာတွင် Password ပေးထားပြီး Log in လုပ်ရန် ပေးထားသည့် Password ကို လုံးဝမမှတ်မိတော့ပဲ Admin Password ကိုဖျက်လိုတဲ့အခါ (သို့) မဟုတ် တစ်ခြားသူတစ်ဦးတစ်ယောက်ရဲ့ administrator ၏ Admin Password ကို Hack လိုတဲ့အခါ ဖေါ်ပြပါ နည်းလမ်းများအတိုင်း Step by Step ပြုလုပ်သွားလိုက်ပါ၊ Software မလိုဘူးနော် Windows 7 Admin Password ကို Hack နည်းဖြစ်ပါတယ် 1000% ဖြစ်ပါတယ်။ Windows 7 Admin Password ကို Hack နည်း Software မလို 1000% ======================================== ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ ကွန်ပျူတာရဲ့ Advanced Boot Options မှ Repair Method မှသွားရမှာဖြစ်လို့ အောက်ပါပုံအတိုင်း Starting Windows လို့မြင်နေရတဲ့အခါ ကွန်ပျူတာကီးဘုတ်မှ F8 ကိုနှိပ်ထားလိုက်ပါ၊ (Windows Recovery Option ဟုခေါ်) အောက်ပါပုံအတိုင်း Windows Error Recovery option ဖြင့် တက်လာပါလိမ့်မယ် Lauch Starup repair (recommended) ဆိုတာကို ရွေးချယ်ပြီး Enter ကိုခေါက်လိုက်ပါ။ windows is loading files... ဆိုပြီးမြင်နေရရင်တော့ ခနစောင့်နေလိုက်ပါ အောက်ပါပုံအတိုင်း Microsoft Corporation ဆိုပြီးမြင်နေရရင်တော့ Windows ကို Recovery လုပ်နေတာပါ စောင့်နေလိုက်ပါ။ အောက်ပါပုံအတိုင်း Startup Repair ဖြင့်တက်လာခဲ့ရင် မိနစ်အနည်းငယ် ကြမှာဖြစ်တဲ့အတွက် ပြီးဆုံးအောင်စောင့်နေလိုက်ပါ။ System Restore ပြုလုပ်မလား စသည့်ဖြင့် မြင်နေရရင်တော့ Cancel ဆိုတာကို နှိပ်ပေးလိုက်ပါ၊ အောက်ပါပုံအတိုင်း။ အောက်ပါပုံအတိုင်း Attempting repairs... ဆိုပြီး မြင်နေရရင်တော့ ငါးမိနစ် (သို့) ဆယ်မိနစ်လောက် ကြာနိုင်ပါတယ် ပြီးအောင် စောင့်နေလိုက်ပါ (ဘာမှထပ်လုပ်နေစရာမလိုပါ) Windows cannot repair this computer automatically ဆိုပြီးပေါ်လာပါလိမ့်မယ် အောက်ပါပုံအတိုင်း Hide problem details ဆိုတာကိုနှိပ်လိုက်ပါ မောက်စ့်ဖြင့် Scroll Down ကိုအောက်သို့ဆွဲချပြီး X:\windows\system32\en-US\erofflps.txt ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ အောက်ပါပုံအတိုင်း erofflps - Notepad ဖြင့်ပွင့်လာတဲ့အခါ File >>Open ဆိုပြီးနှပ်လိုက်ပါ အောက်ပါပုံအတိုင်း တက်လာခဲ့ရင်တော့ Computer ကိုတစ်ချက်နှိပ်ပါ မိမိကွန်ပျူတာတွင် Windows ရှိသည့် Local Disk သို့သွားရမှာဖြစ်ပါတယ် (ဥပမာ- Local Disk (C:) စသည်) Windows ဆိုတာကိုထပ်နှိပ်ပါ Scroll Down ကိုအောက်သို့ဆွဲချပြီး System32 ကိုထပ်နှိပ်လိုက်ပါ အောက်ပါပုံအတိုင်း Files of type: နေရာတွင် All Files ဆိုတာကိုပြောင်းပေးလိုက်ပါ Scroll Down ကိုအောက်သို့ဆွဲချပြီး sethc သို့သွားလိုက်ပါ အောက်ပါပုံအတိုင်း ဒီတစ်ခါ sethc နေရာကို Right -Click ထောက်ပြီး Rename ပြောင်းပေးရမှာ ဖြစ်တဲ့အတွက် အောက်ပါပုံအတိုင်း sethc1 ဆိုပြီးပြောင်းပေးပြီး Enter ကိုခေါက်ပါ။ ဒီတစ်ခါ Scroll Down ကိုအပေါ်သို့ ဆွဲတင်ပြီး cmd ဖိုင်ကိုလိုက်ရှာပါ cmd ကို အောက်ပါပုံအတိုင်း sethc ဆိုပြီး နာမည်ပြောင်းလိုက်ပြီး ကွန်ပျူတာကီးဘုတ်မှ Enter ကီးကိုခေါက်လိုက်ပါ။ အားလုံးပြီးသွားရင်တော့ Windows များကို Exit or Close ကိုနှိပ်ပြီးထွက်ပါ အောက်ပါပုံအတိုင်း Don't send ကိုဆက်နှိပ်ပေးလိုက်ပါ အောက်ပါပုံအတိုင်း Finish ကိုနှိပ်ပါ ကွန်ပျူတာမှာ Restart ကျသွားပြီး Starting Windows ဖြင့်တက်လာပါလိမ့်မယ် ဒီတစ်ခါ ပုံမှန်အတိုင်း Log in Windows သို့ရောက်သွားပါလိမ့်မယ် ဒီတစ်ခါ Setch.exe ကို ဖွင့်ပြီး အသုံးပြုရမှာဖြစ်လို့ ကွန်ပျူတာကီးဘုတ်မှ shift ကို ငါးခေါက် ဆက်တိုက်နှိပ်လိုက်ပါ အောက်ပါပုံအတိုင်း sethc.exe ဖြင့် Command Prompt ပွင့်လာပါလိမ့်မယ် net user လို့ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ ကွန်ပျူတာပိုင်ရဲ့ နာမည် (Name) ကိုမသိခဲ့ရင်လျှင် Net user ဆိုပြီး ရိုက်ထည့် Enter ခေါက်လိုက်ရင် ကွန်ပျူတာပိုင်ရှင်၏ Name (နာမည်) ပေါ်လာပါလိမ့်မယ်။ ဥပမာ - Administrator ..... Chad.....Guest ဆိုပြီးမြင်နေရပါလိမ့်မယ် ထိုတွင် .....Chad..... ဆိုပြီး မြင်နေရသည့် (Name) နာမည်က ကွန်ပျူတာပိုင်ရှင် Administrator ပဲဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ Admin (Name) နာမည်ကိုသိပြီးသားဆိုရင်တော့ net user * ဆိုပြီးရိုက်ထည့်ပြီး Enter ကိုခေါက်ပါ Enter ကီးကိုခေါက်လိုက်တဲ့အခါ အောက်ပါအတိုင်း ဖြစ်သွားပါလိမ့်မယ် ဒီတစ်ခါ အောက်ပါ အတိုင်း Command ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ Net user (Admin Account -နာမည်ကို (သို့) ကွန်ပျူတာပိုင်ရှင်နာမည်) ဒီနေရာတွင် Option နှစ်ခုပြုလုပ်နိုင်ပါတယ်၊ တကယ်လို့ Admin ၏ password ကိုတိုက်ရိုက် Delete ပြုလုပ်လို့ရသလို (သို့) Admin ၏ Password ကိုပြောင်းလဲအသုံပြုနိုင်ပါတယ်။ Password ပြောင်းလဲအသုံးပြုလိုက New Password ကိုပေးလိုက်ပါ တိုက်ရိုက်ဖျက်လိုတယ်ဆိုရင်တော့ ကီးဘုတ်မှ Enter ကီးကို ဆက်ခေါက်ပါ နောက်ထပ် Enter ကီးကို ထပ်ခေါက်ပေးလိုက်ပါ (နှစ်ချက် ဆက်တိုက်ခေါက်ပေးရမှာပါ) Admin ၏ Password ကို Delete လုပ်ပြီးဖြစ်လို့ Exit ဆိုပြီးရိုက်ထည့် Enter ခေါက်ပြီး ထွက်လိုက်ပါ Lock Screen သို့သွားလိုက်ပြီး Log in နေရာတွင် mouse Cursors မြှာထားပြီး Enter ကီးကိုခေါက်လိုက်ရုံပါပဲ Welcome ဆိုပြီး Admin Password ကို မတောင်းတော့ပဲ ကွန်ပျူတာပွင့်သွားပါလိမ့်မယ် ပုံများဖြင့် အားမရသေးရင်တော့ အောက်ပါ Youtube လင့်များတွင် Video ဖိုင်များကို လေ့လ့ာကြည့်ရှုလိုက်ပါ Read & Video Tutorial " ဒီကသွားပါ " Credit - " ဇူးနစ် ( နည်းပညာသို့ )

POST http://itpoekarlay.blogspot.sg/2017/04/windows-7-admin-password-hack-software.html
အိုင်တီဖိုးခွါး - နည်းပညာမှကူးယူဖော်ပြသည်

Thursday, April 27, 2017

Safe Mode

======
ဖုန်းနည်းပညာသမားတွေအတွက် Safe Mode ဆိုတာလေးကို သိထားသင့်ပါတယ်။
မသိသေးတဲ့သူများအတွက်...လေ့လာကြည့်လိုက်ပါ။
Android Devices တွေမှာ Safe Mode ကို ဘယ်လို ၀င်ရမလဲ?
Windows မှာလိုပဲ Android မှုာလည်း Safe Mode ကိုဝင်လို့ ရပါတယ်။ Android မှာ Safe Mode ကိုဝင်ရင် third-party applications တွေကို Disable လုပ်ပေးထားမှာ ဖြစ် ပါတယ်။
သင့် Android Device ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေမှာ Safe Mode ကနေ ပြဿနာတွေကို အဖြေရှာနိုင်ပါတယ်။ သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့ ပိတ်သွာတာတွေ၊ ဖုန်းလေးလံလာတာတွေ၊ Apps တွေအလုပ် ကောင်းကောင်းမလုပ်ဘဲ ရပ်နေတာတွေ၊ Battery ကြာရှည်စွာ အသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကို ၀င်ပြီး အဖြေရှာနိုင်ပါတယ်။ Safe Mode ကိုဝင်ပြီးဖြစ် နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ ပြဿနာ တွေမဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေ ကို Uninstall လုပ်နိုင်ပါတယ်။
Safe Mode ကို ၀င်ခြင်း
-------------------------
Android 4.1 နဲ့ သူ့အထက်မှာ Safe Mode ကိုဝင်ဖို့ အ တွက် Power Options Menu ကိုမြင်တဲ့အထိ Power Button ကိုဖိထားပါ။
Power off option ကို ဖိထားပါ။ ဒါဆိုရင် Safe Mode ကို ၀င်မလားမေးပါလိမ့်မယ်။ OK ကိုနှိပ်ပါ။ Android Version အဟောင်းတွေမှာတော့ Power Button ကိုဖိပြီး ဖုန်း ကို ပိတ်ပါ။ Power Button ကိုဖိပြီးဖုန်းကို ပြန်ဖွင့်ပါ။ Power button ကို ဖိထားတာကို လွှတ်ပါ။ Logo ကို မြင်ရရင် Volume Up နဲ့ Volume Down buttons နှစ်ခုကို ပြိုင် တူဖိထားပါ။ Screen ရဲ့ ဘယ်ဘက်အောက်ခြေမှာ Safe Mode လို့ ပြနေတဲ့အထိ ဖိထား ရမှာဖြစ်ပါ တယ်။
Safe Mode မှာ ပြဿနာ တွေကို အဖြေရှာခြင်း
---------------------------------------------------
Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာ ကိုတွေ့ နိုင်ပါတယ်။ Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ ရမှာ ဖြစ်ပြီး သင် Install လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable လုပ်ပေးထား မှာပါ။ သင့် ဖုန်းကို သာမာန်လိုပဲ အသုံးပြုကြည့်ပါ။ ပြဿ နာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေ မဖြစ်တော့ရင် သင် Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။
Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီး Apps ကိုနှိပ်ပါ။ ပြဿနာဖြစ်စေတယ်လို့ ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီ ကသွင်းထားတဲ့ Apps တွေက ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မကြာမီ ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။
ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ။ ဖြုတ်လိုက်တဲ့ Apps တွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြ ဿနာဖြစ်စေတာလဲဆိုတာကို ဒီနည်းနဲ့  ရှာဖွေပါ။
သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား အကြောင်း အရာတွေကြောင့်ဆိုရင်တော့ သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore လုပ်သင့်ပါတယ်။ သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီ အ တွက် Backup လုပ်ထားသင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default Settings ကို Reset လုပ်ဖို့ အတွက် Settings ထဲကို သွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။ ပြီးရင် ညွှန်ကြား ချက်တွေအတိုင်းဆက်လုပ်သွားပါ။

From Myanmar Digital Life Journal
· 7 hrs ·
OPPO Qualcomm 9008 Board Firmware တွေပါ
အကြောင်းအမျိုးမျိုးကြောင့် Firmware တင်ရင် Dead သွားရင်ပြန်တင်လို့ရအောင်လို့ မျှဝေပေးလိုက်ပါတယ်
တင်ရအစဉ်ပြေအောင် အသုံးပြုရမဲ့Tool လေပါတင်ပေးလိုက်ပါတယ်
Tool အတွတ် BypassMDT ပါထည့်ပေးထားပါတယ်.


Image may contain: phone

လူသိနည်းပြီး အသုံးဝင်တဲ့ iPhone ရဲ့ လုပ်ဆောင်ချက်(၁၀)ခု ( Part 2)

(1) Set Timer for Music Playing
ကျနော်တို့ ညဘက် သီချင်းနားထောင်ရင်း အိပ်ပျော်သွားတဲ့အခါ တစ်ညလုံး သီချင်းပွင့်နေရင် ဖုန်းအားကုန်ပါတယ်။ ဒီအတွက် iPhone မှာ Timer နဲ့ သီချင်းကိုရပ်ခိုင်းလို့ ရပါတယ်။ Clock App ထဲကိုဝင်လိုက်ပါ Timer ထဲကိုသွားလိုက်ပါ၊ ပြီးရင် When Timer Ends မှာ Stop Playing ကို ရွေးပြီး အချိန် သတ်မှတ်ပေးလိုက်ယုံပါပဲ။ ဒါဆို ကိုယ်သတ်မှတ်ထားတဲ့ အချိန်ကုန်ရင် သီချင်းက အလိုလိုရပ်သွားပါလိမ့်မယ်။
(2) Scroll to Top
Facebook, Internet, Messages, Notes သုံးနေ ကြည့်နေရင်း အောက်ကိုရောက်လာတဲ့အခါ၊ ဟိုအပေါ်ဆုံးကို ပြန်သွားချင်တယ်ဆို၊ အပေါ်ရောက်တဲ့အထိ ပွတ်နေစရာမလိုပါဘူး။ Screen ထိပ်နားမှာ ပေါ်နေတဲ့ “အချိန်” လေးကို နှိပ်လိုက်ယုံနဲ့ အပေါ်ဆုံးကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။
(3) Swipe to Back
iPhone မှာ Android တွေလို Back Button ဆိုတာမပါပါဘူး။ Back အတွက် အဆင်ပြေအောင်တော့ Button လေးတွေထည့်ထားပေးပါတယ်။ ဒါပေမယ့် Back ပြန်သွားဖို့ အတွက် လွယ်ကူ ထိရောက်တဲ့ Gestures ရှိပါတယ်။ iPhone Screen ကို ဘယ်အစွန်းကနေ ညာဘက်ကို ပွတ်ဆွဲလိုက်ရင် Back ပြန်ရောက်သွားမှာပါ။
(4) Reachability
iPhone 6 နဲ့ 6 Plus ကစလို့ Phone Size တွေဟာကြီးလာပါတယ်။ လက်သေးတဲ့ လူတွေအဖို့ လက်နှစ်ဖက်သုံးမှ အဆင်ပြေမဲ့အနေအထားပေါ့။ ဒီအတွက် Apple က လက်တစ်ဖက်တည်းနဲ့  Screen တစ်ခုလုံးကို လက်လှမ်းမှီနိုင်ဖို့ Reachability ကို ထည့်သွင်းပေးထားပါတယ်။ Settings > General > Accessibility > Reachability ကို On လိုက်ပါ။ ပြီးရင် Home Button ကို နှစ်ချက် ခပ်ဖွဖွပုတ်လိုက်ယုံနဲ့ အပေါ်က Apps တွေအောက်ကို ကျလာပြီး လက်လှမ်းမှီသွားပါပြီ။ ဒီ Features က Touch ID ပါတဲ့ 6,6Plus,6s,6sPlus တို့ ပဲရနိုင်ပါတယ်။
(5) Reduce Motion
IOS ရဲ့ Transition ဟာ သိမ်မွေ့ ပါတယ်။ နှေးလဲနှေးကွေးပါတယ်။ အဲ့ဒါကိုစောင့်မနေချင်ဘူးဆိုရင် Settings > General > Accessibility > Reduce Motion ကို On ပေးလိုက်ပါ။ ဒါဆို သုံးရတာ Animation မပါတော့ပဲ ပိုမြန်လာတာတွေ့ ရမှာ ဖြစ်ပါတယ်။
(6) Location Services
iPhone ရဲ့ Battery အားကုန်စေတဲ့ အချက်တွေထဲမှာ Location Services လည်းတစ်ခုပါဝင်ပါတယ်။ ကိုယ်မသုံးတဲ့ Apps တွေက Location ကိုတစ်ချိန်လုံး မဖွင့်အောင် တားလို့ ရပါတယ်။ Settings > Privacy > Location Services ထဲမှာ Location ကို သုံးနေတဲ့ Apps List ရှိပါတယ်။ ဒီထဲကမှ Apps တိုင်းကို While Using ဖြစ်အောင် ရွေးပေးပါ။ ဒါဆို အဲ့ဒိ Apps တွေကို သုံးနေချိန်မှသာ Location ကိုဖွင့်ပါလိမ့်မယ်။
(7) Lock Notes
iPhone ရဲ့  Notes ဟာ မှတ်စုတိုတွေမှတ်ဖို့ အသုံးဝင်လှပါတယ်။ အဲ့ဒိ Notes တွေကို Lock ချလို့ ရတယ်ဆို ပိုစိတ်ချရတာပေါ့ဗျာ။ IOS 9.3 ကစလို့  Notes တွေကို Lock ချလို့ ရပါပြီ။ Notes Apps ထဲကိုဝင်လိုက်ပါ။ Note တစ်ခုခုရေးပြီး Note ရဲ့ ညာဘက် အပေါ်ထောင့်နားမှာ မြှားပုံစံလေးကို နှိပ်လိုက်ပါ။ ပြီးရင် Lock Note ကိုရွေးလိုက်ပါ။ Password တောင်းရင် ဖြည့်လိုက်ပြီး ရပါပြီ။ Lock ကို Touch ID နဲ့ လဲ သုံးချင်တယ်ဆို Settings > Notes > Password > Use Touch ID ကိုရွေးပေးလိုက်ရင် ရပါပြီ။
(8) Swipe to see Time in Messages
Messages App မှာ ကိုယ်ပို့ ထားတဲ့၊ ကိုယ့်ဆီပို့ ထားတဲ့ Messages တွေရဲ့ အချိန်ကို ကြည့်ချင်ရင် Screen ကို ညာ မှ ဘယ် သို့ ပွတ်ဆွဲ ပေးလိုက်ယုံပါပဲ။
(9) Slow-mo & Timelapse in Camera
iPhone 6 က စလို့  Camera မှာ သိပ်စိတ်ဝင်စားဖို့ ကောင်းတဲ့ Slowmotion နဲ့  Timelapse ရိုက်လို့ ရပါပြီ။ Camera App ထဲဝင်ပြီး ဘယ် မှ ညာ ပွတ်ဆွဲလိုက်ရင် Slow-mo နဲ့  Timelapse Featuers တွေတွေ့ ရမှာပါ။ Slow-mo ရဲ့ frame per seconds ကို Settings > Photos & Camera ထဲက Record Slow-mo မှာ ၀င်ပြင်လို့ ရပါတယ်။
(10) Turn Off Automatic Download
iPhone ကို ခုမှစသုံးတဲ့ သူတွေအဖို့ Internet Data အရမ်းစားတာ ဖြစ်တတ်ကြမှာပါ။ ဒါဟာ App Store က Automatic Download တွေ လုပ်နေလို့ ဖြစ်ပါတယ်။ ဒါကိုပိတ်ဖို့ ရာ Settings > iTunes & App Store ထဲက Automatic Downloads ကို ပိတ်၊ Use Cellular Data ကို ပိတ်လိုက်ရင် အဆင်ပြေသွားပါပြီ။
ကျနော်ပြောခဲ့တဲ့ Tips & Tricks တွေဟာ iPhone ကို စသုံးမဲ့သူတွေရော၊ သုံးနေကြသူတွေ အတွက်ပါ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
နောက်လည်း Apple Products တွေရဲ့ အသုံးဝင်ပုံတွေ သတင်းတွေ တင်ပေးသွားပါဦးမယ်။ :)
Credit Original Uploader
(iOS Banker Myanmar)
Xiaomi Firmware Downloader
***********************
Xiaomi ROM (Firmware) တွေကို တကူးတက လိုက်ရှာစရာမလိုပဲ အလွယ်တကူ ဒေါင်းယူနိုင်တဲ့ Tool လေးပါ... Tool ထဲမှာ မပါသေးတဲ့ Model တွေကိုလည်း ဖြည့်စွက်နိုင်ပါသေးတယ်.. လိုအပ်သူများ အောက်မှာဒေါင်းယူနိုင်ပါတယ်ခင်မျာ...။

Wednesday, April 26, 2017

Image may contain: phoneImage may contain: phone

Icloud Bypass ကျော်နည်းအခြေခံပထမပိုင်း

Uncle ပြည့်ပြည့်စုံစုံတင်ပေးလိုက်ပါတယ်ရတာကတော့လက်ရှိversion 10.2အထိပဲရပါသေးတယ်တခါလေ့လာရုံနဲ့တသက်ခံပါတယ်uncleခုညွန်ပေးတဲ့dnsနံပါတ်ကactiveအရမ်းဖြစ်ပါတယ်computerမလိုပါဘူး
ခုကျော်နည်းမျိုးဝင်ကြည့်ပြီးသက်ဆိုင်ရာဗားရှင်းအလိုက်emoji copyယူပြီးbypassဒုတိယပိုင်းvideoအတိုင်းလုပ်ယူပါခင်ဗျာဒူတိယပိုင်းကအောက်ကလင့်ကနေလေ့လာပေးပါ

https://m.facebook.com/story.php…
Ios version 7.1.2 တွင်ဖြည်ပြထားသောအခြေခံ video အောက်မှာလေ့လာပါ emojiမလိုပါ crash1,2နှိပ်ယုံပါပဲ
https://m.facebook.com/story.php…
ကဲဆက်ပြောမယ်ဗျာbypassကျော်နည်းဆိုတာuncleရောင်းချသင်ပေးနေတဲ့သင်ရိုးထဲကလုံးဝမဟူတ်ပါbypassနည်းကိုuncleပစ္စည်းစစ်ဖို့အတွက်သာသုံးပါတယ်ဒီနည်းအတိုင်းကျော်ပြီးလိမ်မရောင်းကြဖို့မေတ္တာရပ်ခံပါတယ်fmi မoffပဲရောင်းနေကြတဲ့phoneတွေuncleတွေ့နေရလို့ပါ
Uncleရဲ့ရာသက်ပန်official unlock solution ဝယ်ယူခြင်သူများအောက်ပါလင့်မှာလေ့လာပေးပါဝယ်ယူမည်ဆိုဖုန်းဘေတိုင်းလက်မခံပါဘေကတ်မဝယ်ခင်cbတွင်ကြိုပြောပါရန်အာမခံပါတယ်ခင်ဗျာရာသက်ပန်ဖြည်နည်းအမှန်မျိုးဖြစ်ပြီတစ်ကမ္ဘာလုံးနဲ့အတူအလုပ်လုပ်လို့ရပါတယ်ခင်ဗျာ
https://m.facebook.com/story.php…
Dns serverများမှာ
78.109.17.60
104.155.220.58
104.155.28.90
104.154.51.7
78.109.17.61
အဆင်ပြေကြပါစေ
@icloudallmethod
Comment

Monday, April 24, 2017

Graphic အကြောင်း 3

.

ဂရပ်ဖစ် ဒီဇိုင်းရေးကြမယ်ဆိုရင် အရောင်စနစ်အကြောင်းး သိသင့်ပါတယ် ...
(အဓိက ကွန်ပြူတာမှာ ရှိတဲ့ အရောင်စနစ်အကြောင်း ပြောပြပါမယ် ...)
.
(တချို့ သိပြီးဖြစ်ပေမယ့် ခုမှ လေ့လာသူများ သိဖို့အတွက်ပါ)
.
Color နဲ့ ပတ်သက်လို့ အရောင် စနစ်မှာ အဓိက ၃ မျိုးကို နားလည်သင့်ပါတယ်။ တခြား Lab Color, HSB တွေနဲ့ ပတ်သက်လို့ အသေးစိပ်မသိတောင် ကျွန်တော်တို့ အမြဲလို ထိတွေ့နေတဲ့ ပုံနှိပ်လုပ်ငန်းသုံးနဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်း ... တီဗွီ၊ ကွန်ပြူတာ၊ အင်တာနက်မှာသုံးနေတဲ့ CMYK, RGB, Index အရောင် အကြောင်းတော့ သိထားသင့်ပါတယ်။
.
CMYK color-
.
ပုံနှိပ်လုပ်ငန်းသုံး၊ ကွန်ပြူတာပရင့်တာတွေ ရိုက်ထုတ်နေတဲ့ အရောင်စနစ်ဟာ CMYK လို့ခေါ်ပါတယ်။ လေးရောင်ပေါင်းစပ်တဲ့ စနစ်လို့ပြောလိုရပါတယ်။ အရောင်တခုနဲ့ တခု ပေါင်းစပ်ဖော်ယူတာပါ။ အဝါနဲ့ အပြာပေါင်းရင် အစိမ်းရတယ်လေ။ အပြင်မှာ လက်နဲ့ ဆေးရေး၊ ဆေးသုတ်တာလဲ ဒီစနစ်ပါပဲ။ အလင်းရောင်က အရောင်ကို၊ အရောင်ရှိတဲ့ မျက်နှာပြင်ကို ထိရိုက်ပြီး လူ့မျက်စေ့ကို လာထိတဲ့အခါ မြင်ရတဲ့ အရောင်သဘောတွေဟာ ဒီစနစ်နဲ့ အကြုံးဝင်ပါတယ်။
.
အပြာကို Cyan လို့ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအပြာထဲမှာ အနီလုံးဝမပါပါဘူး။ လူအများမျက်စေ့ထဲမှာ မြင်နေ ပြောနေတဲ့ အပြာက မိုးပြာရောင်ပါ။ အဲဒီက အရောင်သီအိုရီအရ အနီပါနေပါတယ်။ အနီကိုလဲ အဝါမပါရတဲ့ အတွက် Magenta လို့ခေါ်ပါတယ်။ နောက် အဝါနဲ့ အနက်ပါ။ ပရင့်တာမင်အိုးတွေ လေဆာ မင်တွေလဲ ဒီ ၄ ရောင်ပဲစပ်ပါတယ်။ တချို့ပရင့်တာ အကောင်းစားတွေက အနီ ၂ မျိုး အပြာ ၂ မျိုး ထပ်ခွဲ ထားတတ်ကြပါတယ်။ အရောင်ကို ပိုကျယ်ကျယ်ပြန့်ပြန့် စပ်ချင်လို့ လုပ်ကြတာပါ။ စက္ကူပေါ်နဲ့ အပြင်မှာရေးကြတဲ့ ပန်းချီ၊ ဆိုင်ဘုတ်လုပ်ငန်းတွေဟာ ဒီအရောင်စနစ်ပါ။ အရောင်တွေ အချိုးကျ ပေါင်းစပ်ရင် အဖြူဖြစ်ပါတယ်။ ဆတူပေါင်းရင် အမည်းရောင်ဖြစ်သွား ပါတယ်။
.
အောက်မှာ(ပုံ-၁) မူလဓာတ်ပုံ ရောင်စုံကနေ လေးရောင်ခွဲပြီး ပြန်လည်ပေါင်းစပ်မှုကို သိသာအောင် ခွဲပြထားပါတယ်။
.
နောက်အရောင် စနစ်တခုက
.
RGB Color ပါ ... ပုံ-၂
.
RGB စနစ်က စက္ကူပေါ်မှာမဟုတ်ပဲ ကွန်ပြူတာ (မော်နီတာ) ပေါ်မှာမြင်ရတဲ့ အရောင်၊ တီဗွီမှန်သားပြင်ပေါ်မျာ မြင်ရတဲ့ အရောင်။ စလိုက်ထိုးပြတဲ့ ပြပွဲတွေမှာ သုံးတဲ့ အရောင်စနစ်ဟာ RGB ပါ။ ဒီစနစ်မှာ မြင်ရတဲ့ အရောင်တွေဟာ ၄ ရောင်စနစ်ကလို အရောင်ကို အလင်းကထိ နောက်မျက်လုံးကို အလင်းပြန် ရိုက်ခတ်လို့ မြင်ရတာမဟုတ်ပါဘူး။ အလင်းရောင်ကို မီးနဲ့ မျက်နှာပြင် တခုခုပေါ်မှာ ထိုးပြပြီးမှ မျက်စေ့ကို ရိုက်ခတ်ပြီး ပြန်မြင်ရတာပါ။ ပြောရရင် အဲဒီ RGB အရောင်တွေဟာ သဘာဝမှာ သာမန်မျက်လုံးရှေ့မှာ မမြင်ရတဲ့ အရောင်တွေပါ။
.
သူက အရောင်တွေကို တရောင်နဲ့တရောင် ပေါင်းစပ်တာမဟုတ်ပါဘူး။ တရောင်ရဖို့အတွက် အခြား ၂ ရောင်ကို သုံးပြီး အချိုးကျ နှုတ်ယူရတဲ့ သဘောလို့ မှတ်ယူနိုင်ပါတယ်။ အရောင်နှုတ်တယ်ဆိုတဲ့ သဘောကို ပြောရရင် ငယ်ငယ်တုန်းက ဆီစိမ်စက္ကူ ရောင်စုံလေးတွေကို မျက်မှန်လိုလုပ်ပြီး ကြည့်ဖူးကြမှာပါ။
.
အနီရောင်ခံကြည့်တဲ့အခါ။ အနီရောင် အဝတ်ဝတ်ထားသူရဲ့အဝတ်ဟာ ဖြူနေသလို အရောင်မရှိသလို ဖြစ်သွားပါတယ်။ အဲဒါဟာ အနီကို အနီနဲ့ခံကြည့်တာဟာ မြင်ကွင်းက အနီကို အနီနဲ့ နှုတ်ကြည့်တဲ့သဘောပါ။
.
ဒီအရောင်စနစ်မှာ အရောင်တွေကို ဆတူပေါင်းရင် အဖြူဖြစ်သွားပါတယ်။ အရောင်အားလုံး ရာခိုင်နှုန်းပြည့် 100% နှုတ်ကြည့်လိုက်တော့ ဘာရောင်မှ မရှိတော့တဲံ သဘောပါ။ ဆန့်ကျင်ဖက် သုံညရာခိုင်နှုန်းထားပြီး နှုတ်ကြည့်မယ် (ဒါက ဘာမှ မနှုတ်တဲ့သဘောပါ) ကြည့်မယ်ဆိုရင် အမည်းဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဘာမှမရှိတဲ့ တီဗွီဟာ အမည်းရောင် ဖြစ်နေပါတယ်။
.
ပုံနှိပ်လုပ်ငန်းအတွက်၊ စက္ကူပေါ်ရိုက်ထုတ်မယ့် ပုံကို အရောင်ချိန်ရင် ပေါင်းစပ်ချိန်ရပေမယ့်၊ တီဗွီ၊ ရုပ်ရှင်လုပ်ငန်း၊ အင်တာနက်၊ စလိုက်ရှိုးးအတွက် ဆိုရင် ၃ ရောင်စနစ်နဲ့ အဲဒီအရောင်ကို ဖြစ်စေတဲ့ အဓိက RGB ထဲကအရောင်ကို ချိန်ပေးရပါမယ်။ အဲဒီစနစ် ၂ ခုလုံး ဖိုတိုရော့မှာ သုံးလို့ရပါတယ်။
.
အရောင်ချိန်ုပုံကို RGB Editiing ကို Graphic အကြောင်း 4 မှာ ဆက်ဖတ်ပါ။
.
နောက်တခုက Index Color စနစ်ပါ။
.
Index Color (ပုံ-၃)
.
ဒီစနစ်က ရှင်းပါတယ်။ လိုချင်တဲ့ အရောင်ပဲ ရှိစေပြီး အပိုတွေကို ဖယ်ထုတ်ထားတာပါ။ ဒါပေမယ့် အရောင်ချုံ့လိုက်တဲ့ အရောင်အရေအတွက်ပေါ်မူတည်ပြီး ရုပ်ပုံအရည်အသွေး ကွာဟသွားတတ်ပါတယ်။
.
အဝတ်အထည်တွေ ဆေးဆိုးပန်းရိုက်စက်တွေနဲ့ ရိုက်တဲ့အခါမှာ ၁၄ - ၁၅ ရောင်လောက်ပဲ တွက်ချက်ဒီဇိုင်းလုပ်ရပါတယ်။ စက်တွေမှာ ရိုက်ချက်ကို အများဆုံး ၁၄ ရောင်လောက်ပဲ ရိုက်ထုတ်လေ့ရှိပါတယ်။ အရောင်အနုအရင့်လိုချင်ရင် အနုတရောင် အရင့်တရောင် ၂ ခါ ရိုက်ရပါတယ်။ ပုံနှိပ်စက်လို Gradient ကိုတရောင်ထဲနဲ့ ရိုက်လေ့မရှိပါဘူး။
.
အောက်မှာ Index အရောင် ၉(အဖြူပါ) ရောင်ပါတဲ့ Print ခေါ် ဆေးဆိုးပန်းရိုက် ဒီဇိုင်းတခုပါ။ အရောင်တွေကို တိုက်ရိုက်အပြင်မှာ ဆေးစပ်ပြီးရိုက်ရပါတယ်။ အဖြူရောင်ကိုလဲ ထည့်တွက်ရပါတယ်။ ဘာလို့လဲဆိုတော့ တချို့က အရောင်ခံပေါ်မျာ ရိုက်ရင် အဖြူကို တချက်သပ်သပ် ထပ်ရိုက်ရပါတယ်။
.
အဲဒီသဘောမျိုးပဲ အင်တာနက်ပုံတွေကို GIF နဲ့လုပ်တဲ့အခါ Index Color လုပ်လေ့ရှိပါတယ်။ ပုံရဲ့လိုတဲ့အရောင်ပဲယူပြီး လျှော့လိုက်တဲ့အတွက် ဖိုင်အရွယ်သေးငယ်သွားပါတယ်။
.
အထက်ကပုံကို GIF က 156 KB, JPG က 616 KB, PNG က 292 KB တို့ ဖြစ်ပါတယ်။
.
ဒါပေမယ့် နောက်ပိုင်းမှာ RGB အရောင်စနစ်နဲ့ လုပ်ထားတဲ့ JPG, PNG တို့ကို သုံးလာကြပါ တယ်။ အဲဒါက မူလ ပုံရဲ့အရည်အသွေးအတိုင်းပဲ ရှိနေပါတယ်။
.
ဝထး072316
Ref:
https://web.facebook.com/permalink.php?story_fbid=1731577667059928&id=100006231343231

Thursday, April 20, 2017

နေ့စဉ်သတင်းထူးများ
· 7 hrs ·

ကားတစ်​စီးဝယ်​​တော့မယ်​ဆိုရင်​ ဘာ​တွေကြည့်​ရမလဲ။

မကျွမ်းကျင်​​သေးတဲ့သူ​တွေအတွက်​ အ​ခြေခံ​လေး​တွေပါ။ ကားနားလည်​တဲ့သူကိုလည်း​ခေါ်သွားရင်း ကိုယ်​လည်းဒါ​လေး​တွေစစ်​ကြည့်​ပါ။
ကားမှာအ​ရေးအကြီးဆုံးက အရှုပ်​အရှင်းကင်းပြီး လိုင်​စင်​ပါတဲ့ကားဖြစ်​ဖို့ပါ။ အုံနာဘုတ်​ ဝှီးတပ်​ မှန်​မမှန်
ချက်​စီ (Chassis) ​ဘောင်​ နှင့်​ မိန်းပလိတ်​ပြား ဖြတ်​ဆက်​လုပ်​ထားလားဆိုတာ ​သေချာ​အောင်​ ကညနရုံးမှာကားမဝယ်​ခင်​ သွားစစ်​ပါ။ မှတ်​ပုံတင်​ပြပြီး တရားဝင်​စစ်​တာ ​ငွေငါး​ထောင်​​ပေးရပါတယ်​။ ကားမှာအလိမ်​​တွေပါရင်​​တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်​မှာပါ။
ဒါက​တော့ ကားကိုကြည့်​ပြီး အားလုံးကြိုက်​လို့ ​ဈေးပါတည့်​ပြီးမှ final အ​နေနှင့်​ လုပ်​ရမှာပါ။
ကားတစ်​စီးဝယ်​ဖို့ သွားကြည့်​ရင်
၁။ အင်​ဂျင်​ခန်း ကြည့်​မယ်
ကားရဲ့အရိုးအစစ်​လို့​ခေါ်တဲ့ အဓိကတန်း​တွေ Frame ​တွေကြည့်​ပါမယ်​။
ရေတိုင်​ကီတန်း​တွေ ဘေး​ဘောင်​​တွေ ​ရှော့ဘား​ဘောင်​​တွေ ​သေသပ်​ရမယ်​။ အင်​ဂျင်​ ဂီယာ​ဘောက်​စ်​ အားလုံးကြည့်​​ကောင်း​နေရမယ်​။ ​Original ချိတ်​​တွေဖြစ်​ရမယ်​။ အင်​ဂျင်​ခန်းက​အော်​​ဆေးဖြစ်​ရမယ်​။ 
ဘောနပ်​​အောက်​က ​အော်​​ဆေး ​ဖြစ်​ရမယ်​။
{​Original ဟုတ်​မဟုတ်​သိရန်​ နားလည်​တဲ့သူလိုပါသည်​}
၂။ စက်​နှိုးမယ်​ ။ AC ဖွင့်​မယ်​။
အင်​ဂျင်​သံနား​ထောင်​မည်​။ အသံ​ကောင်းလား ငြိမ်​လား။
လီဗာ​ဖြေး​ဖြေးနင်းကြည့်​မယ်​ RPM တက်​တာမှန်​လား။
AC ​အေးလားကြည့်​မယ်​ ။ ပါဝင်​တဲ့ စနစ်​​တွေအလုပ်​လုပ်​လားစမ်းမယ်​ {ဥပမာ Auto , Swing , Mode }
အင်​ဂျင်​ဝိုင်​တိုင်းတဲ့အတံကိုဆွဲကြည့်​မယ်​။ အင်​ဂျင်​ဝို​င်​ထည့်​တဲ့အဖုံးဖွင့်​ကြည့်​မယ်​။ အင်​ဂျင်​ဝိုင်​ ဂျိုး​တွေရှိ​နေမယ်​ဆို အင်​ဂျင်​ cleaning လုပ်​ရမှာ။
၃။ ကားတစ်​စီးလုံး ပတ်​လည်​ ​အော်​​ဆေးလား လိုက်​ကြည့်​မယ်​။ တံခါး​တွေဖွင့်​ပြီး တံခါး​ဘောင်​​တွေ အချိုးတွေ အရိုးအစစ်​​တွေ သပ်​ရပ်​လား ကြည့်​မယ်​။ ​အော်​​ဆေးလားသိဖို့ကခက်​ပါသည်​။ သို့​သော်​ ​ဆေးသားအ​ရောင်​လွဲတာ မညီတာ ​လှိုင်းေ​တွလိုမျိုးဖြစ်​​နေတာ ​အရိုးအစစ်​ ​တွေမညီတာ​တွေက ​သေချာကြည့်​ရင်​မြင်​ရပါသည်​။ ကားတစ်​စီးလုံးမှာ ချိတ်​​တွေ spot ​တွေရှိပါတယ်​။ အဲဒါ​တွေက ထိခိုက်​မိရင်​ ​အော်​အတိုင်းပြန်​လုပ်​ဖို့မလွယ်​ပါဘူး။ တစ်​ခုခုကို သံသယရှိတယ်​ဆိုရင်
ဘယ်​ဘက်​နဲ့ညာဘက်​ တစ်​ဖက်​နဲ့တစ်​ဖက်​ တူလားကြည့်​ပါ။ ​တံခါး​တွေဆေးပြန်​မှုတ်​ထားတယ်​ထင်​ရင်​ ​ခေါက်​ကြည့်​ပါ။သံပြားအသံလား ပတ်​တီးအသံလားနား​ထောင်​ပါ။
၎။ ​နောက်​ဖုံးဖွင့်​မယ်​။ ချိတ်​​တွေမှန်​ရမယ်​။ အတွင်းခန်း​​အော်​ဆေးဖြစ်​ရမယ်​။
၅။ ​အောက်​ပိုင်းကြည့်​မယ်​။ သံ​ချေးအ​ဆွေးရှိလား။
ဖရိန်​​တွေ​တန်း​တွေ ကြည့်​​ကောင်းလား။ ​ကွိုင်​စပရိန်​​တွေ ရှော့ဘား​တွေကြည့်​မယ်​။
၆။ မီးလုံး​တွေ original အမှန်​​တွေလား။ မှန်​​တွေလိုက်​စစ်​မယ်​ ။ ​အော်​မှန်​​တွေလား ။ ပြန်​ထည့်​လား။ မှန်​တံဆိပ်​​တွေ ပြန်​ရိုက်​ထားတဲ့ဟာ​တွေလား။ မှန်​​ဘေးလိုင်​နာ​တွေ ​သေသပ်​လား။ မှန်​အကွဲ အက်​ရာရှိလား။
၇။ အတွင်းခန်းကြည့်​မယ်​။ စီလင်​ ဒက်​ရှ်​ဘုတ်​ ထိုင်​ခုံ
ဘေးကာဗာ​တွေ အ​ခြေအ​နေ။ စတီရာရင်​ ဂီယာ အမှန်​လား။ ကားမှာပါတာ​တွေ အကုန်​စစ်​ { TV ထိုင်​ခုံ​မော်​တာ seat-heater seat-memory TRC ECO }
၈။ Original Alloy လား။ ပြန်​ထည့်​လား။
တာယာ​တွေ​ကောင်း​သေးလား။ လဲရ​တော့မလား။
၉။ Model Year ကို internet မှာစစ်​ပါ။{https://jpcenter.ru/month}
ကား color code ကိုမှန်​လား google မှာရှာပြီးစစ်​ပါ။
{တစ်​စီးလုံး အ​ရောင်​​ပြောင်း​တွေရှိတတ်​လို့}
ပြောထားတဲ့ ကား Grade ပြည့်​လား။ Grade change ထားလား။ { ဥပမာ Wish 2003 XS ဆိုပြီး အ​နောက်​ဘရိတ်​က Drum ဖြစ်​​နေတာမျိုး }
၁၀။ ခွင့်​ပြုတယ်​ဆို ကားစမ်း​မောင်းကြည့်​မယ်​။ AC ဖွင့်​ထားမယ်​။ အင်​ဂျင်​အသံ ​အောက်​ပိုင်းအသံ နား​ထောင်​မယ်​။ ချိုင့်​အ​သေး​လေး​တွေကျရင်​ ဘယ်​လိုလဲ။ ​ 
ရှော့ဘား​တွေ ဘွတ်​​တွေ​ကောင်းလား။ ဘရိတ်​​ကောင်းလားစမ်းမယ်​။ ​မော်​ဒယ်​မြင့်​ကားဆို ကိုယ့်​အသိ workshop မှာ computer ထိုးစစ်​မယ်​ {ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာ​ကြောက်​ရင်​ }
ကားများသည်​ brand new ကားများမဟုတ်​လို့ အနည်းအများ ပြစ်​ချက်​ရှိမှာပါ။ ​ဈေး​ပေါ်မူတည်​ပြီး ဝယ်​သင့်​မဝယ်​သင့်​ဆုံးဖြတ်​ပါ။ အချို့လူများသည်​ ကားအားလုံး​ကောင်း​ပြီး​ဈေးတန်​သော်​လည်း ဘန်​ဘာ တွင်​​အဆင်းရာများရှိ၍ မကြိုက်​ဟု​ပြောသည်​။ ထို့​နောက်​ အ​ရှေ့​ရောအ​နောက်​ပါ တိုက်​ထားပြီး ​ဆေးbody ပြန်​လုပ်​ထား​သောကားကို စင်းလုံး​ချောထင်​၍ ဝယ်​သွားသည်​ကို ကြားဖူးသည်​။ kilo 120000 ကားကို ကီလိုများသည်​ဟု မဝယ်​ဘဲ kilo 180000 ကို ကီလို 70000 ​ပြောင်းထား​သောကားကိုဝယ်​သည်​။ ကီလိုအနည်းအများ အ​ရေး
ကြီး​သော်​လည်း အင်​ဂျင်​ ဂီယာ​ဘောက်​စ်​ ​အောက်​ပိုင်း ပို​ကောင်းတဲ့ကားကိုယူရပါမည်​။
ကီလိုနည်းပြီး ကား​ကောင်းရင်​​တော့ အ​ကောင်းဆုံး​ပေါ့။
သိသ​လောက်​ မှတ်​သ​လောက်​ ​​လေး​တွေတင်​​ပေးလိုက်​ပါသည်​။ ကျန်​ခဲ့တာ​တွေလည်းရှိမှာပါ​။
ကားဝယ်​သူတိုင်း ကား​ကောင်းရကြပါ​စေ။
Credit : Yan Naing - Car City

Monday, April 17, 2017

nfinity နည်းပညာစုစည်းမူ့များ

Photoshop CS version Collection
လိုအပ်သူတွေယူပါအဆင်ပြေအောင်စုစည်းပေးထားပါတယ်

(1) CS3 full (456mb)
https://docs.google.com/uc…
(2) CS4 extended (1.41GB)
https://docs.google.com/uc…
(3) CS5 extended (1.3Gb)
https://docs.google.com/uc…
(4) CS6 Full Version
73.73mb extended
http://app-licensing.com/get-adobe-photoshop-cs6-full-vers…/
CS6 Key
https://my.pcloud.com/publink/show…
(OR)
(5) CS6 extended 1.3 GB
https://docs.google.com/uc…
မတူခြားနားတဲ့ digital copier အမျိုးစားတွေ။
#############################
################ Digital copier ကိုဝယ်မယ် သို့မဟုတ် ငှားမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အဲဒီမတူခြားနားတဲ့ digital copier အမျိုးစားတွေကိုတော့ သိသင့်ပါတယ်။ ဒါမှလည်း ကိုယ်နဲ့သင့်တော် အသုံးသက်မယ့်စက်မျိုးကို ဝယ်ယူနိုင်မယ်။ ပြီးတော့ ကုန်ကျစရိတ်လည်းသတ်သာမယ်။ Digital copier အမျိုးစား ၄ မျိုးရှိပါတယ်။
၁။ Monochrome digital copier (black and white)
ဒီအမျိုးစားကတော့ ဈေးနှုန်းအသတ်သာဆုံးပေါ့။ ဒီစက်အမျိုးစားရဲ့ အခြေခံအလုပ်လုပ်နိုင်တဲ့ Function တွေကတော့ copying, faxing and scanning ဆိုပြီး ရိုးရိုးရှင်းရှင်းပဲဖြစ်ပါတယ်။ တစ်မိနစ်အတွင်း ထုတ်နိုင်မယ့် ရွက်ရေကတော့ ၃၀ မှ ၁၄၀ အတွင်းရနို်င်ပါတယ်။ အံဆွဲတစ်ခုကို စာရွက်ရေ ၁၀၀ အထိဝင်ဆန့်နိုင်တယ်။
၂။ Digital Color copier
ဒီအမျိုးစားတွေကတော့ အရောင်နှင့်ပတ်သက်လာရင် အကောင်းဆုံး resolution ကိုထုတ်ပေးနိုင်တဲ့အတွက်ကြောင့် လုပ်ငန်းသုံး ကြော်ငြာစာစောင်၊ လက်ကမ်းစာစောင် နှင့် presentation တွေထုတ်တဲ့အခါမှာ အများဆုံးသုံးကြတယ်။ တစ်မိနစ်အတွင်းထုတ်နိုင်တဲ့ အရွက်ရေကတော့ ၄၀ မှ ၉၀ အထိထုတ်နိုင်ပါတယ်။ အံဆွဲကတော့ စာရွက်ရေ ၁၀၀၀ အထိဝင်ဆန့်ပါတယ်။ ဒီအမျိုးစားတွေကတော့ ဈေးနှုန်းနည်းနည်းပိုများပါတယ်။
၃။ All-in-one copier (AIO)
ဒီအမျိုးစားကတော့ အသေးစားလုပ်ငန်း သို့မဟုတ် ရုံးခန်းတွေမှာ အသုံးပြုတာများပါတယ်။ Print, scan and fax ဆိုပြီး ရိုးရိုး Functions လောက်ပဲပါပါတယ်။ ဒီစက်ရဲ့ speed ကတော့ နည်းနည်းနှေးပါတယ်။ တစ်မိနစ်ကို စာရွက်ရေ ၂၀ မှ ၃၀ အထိပဲထုတ်လို့ရနိုင်တယ်။ resolution ကတော့ တခြားအမျိုးစားနှင့်ယှဉ်ရင် မလုံလောက်ပါဘူး၊ ဈေးနှုန်းလည်း သက်သာပါတယ်။
၎။ Multifunction copier
ဒီအမျိုးစားကတော့ ယခုလက်ရှိ အရမ်းလူကြိုက်များတဲ့ လုပ်ငန်းကြီးသေး အရွယ်အစားမရွေး သုံးကြတဲ့ အမျိုးစားဖြစ်တယ်။ ဒီစက်အမျိုးစားဟာ အလုပ်လုပ်နိုင်တဲ့ Functions တွေအများကြီးပါတဲ့ အတွက်ကြောင့် မလိုအပ်တဲ့ စက်ကိရိယာတွေ သို့မဟုတ် လုပ်သားတွေကို လည်းလျော့ချစေတယ်။ လုပ်ငန်းတွေမှာ အဆင်ပြေ အလုပ်သွင်ကျယ်အောင် အထောက်ကူပြုတဲ့အတွက်ကြောင့် လူကြိုက်များတာပါ။

Sunday, April 16, 2017

· 19 hrs ·

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်

===============================================
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။
◘◘နည်းလမ်း(၁)◘◘
ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။
အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။
◘◘နည်းလမ်း(၂)◘◘
ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။
◘◘နည်းလမ်း(၃)◘◘
ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

lava 702 root & mm font
လုပ်စမ်းကြည့်တာ
ဆိုင်က ၃ လုံး စမ်းပြီပြီ

Saturday, April 15, 2017

Resolve Full ဗားရှင်း

သူလဲ နာမည်ကြီး ဗွီဒီယိုတည်းဖြတ် ဆော့ဝဲးတစ်ခုပါပဲ အသုံးပြုလိုသူများအတွက် အသုံးပြုရတာ အဆင်ပြေအောင် Full ဗားရှင်းကို ရှာပြီးတင်ပေးလိုက်ပါတယ်

MBလဲ သိပ်မများပါဘူး ဘယ်ဝင်းဒိုးမဆို အသုံးပြုနိင်ပါသည်။

===========================
( မှတ်ချက် - ကျွန်တော်တို့ လို နည်းပညာ သမားတွေဟာ ဆော့ဝဲးကောင်းတစ်ခုရဖို့  ပညာတစ်ခု ရဖို့ ဆိုတာ အချိန်လဲကုန် ငွေလဲကုန်ပါတယ် အခုလိုအခမဲ့တင်ပေးတာကလဲ နည်းပညာ သမားတစ်ယောက်ရဲ့ စေတနာပါ ကြာလာတောလဲ ပညာတော ရပေမဲ့ ဝမ်းရေးအတွက်လဲရှိပါသေးတယ် ဒါကြောင့် ဆော့ဝဲးရောင်းခြင်း ၊ သင်တန်းဖွင့် နေတာဟာ ဘာအတွက်လဲ ဘာကြောင့်လဲ ဆိုတာ အားလုံးပဲနာလည်ပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ် )
-------------------------------------
ဆော့ဝဲးအားဒေါင်းရန်......https://drive.google.com/open…
LikeShow more reactions
Comment

မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း

ဒီနည်းလေးကလည်း Windows Recovery အတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ..။ ကျနော်တို့ အရင်တုန်းက Windows Image Backup File လုပ်နည်း ပိုစ့်မှာ ဟတ်ဒစ်ကို Partation တခုခွဲပြီး ၄င်း Partation ထဲမှာ  Image Backup File ကို သိမ်းတဲ့နည်းလေး ရေးပေးခဲ့ပါတယ်.. အဲ့ဒီနည်းနဲ့လည်း ဝင်းဒိုးအတွက် အဆင်ပြေသလို အခု ဒီနည်းကလည်း ဝင်းဒိုးအတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ.. တကယ်လို့ ကျနော်တို့ ဟတ်ဒစ်ထဲမှာ Partation တခုခွဲပြီး သိမ်းထားခဲ့တဲ့ Windows Image Backup File ဟာ Hard Disk ပျက်စီးသွားရင် ပြန်လည်ထုတ်ယူလို့ မရနိုင်တော့ပါဘူး.. အဲ့လိုအခါမျိုးတွေမှာ ဒီနည်းနဲ့ ဝင်းဒိုးကို DVD ချပ်တွေနဲ့ သိမ်းထားခဲ့မယ်ဆိုရင်.. Hard Disk ပျက်သွားလို့ Hard Disk နောက်တခု လဲသုံးတဲ့အခါမှာ ဒီ DVD ချပ်တွေထဲက မူရင်းအသုံးပြုခဲ့တဲ့ Original ဝင်းဒိုးကို အလွယ်တကူ Restore ပြန်လုပ်ပြီး ထုတ်သုံးလို့ ရမယ့် နည်းလမ်းကောင်းလေး တခုပါပဲ..။ အဲ့ဒီအတွက်တော့ DVD ခွေသစ် များများလိုအပ်ပါတယ်.. ဘာလို့လဲဆိုတော့ လက်ရှိအသုံးပြုနေတဲ့ ဝင်းဒိုးပေါ်မှာ မူတည်ပြီး ပရိုဂရမ်တွေများရင် များသလို DVD များများ လိုအပ်လို့ပါပဲ.. ကျနော်အခု လုပ်ပြထားတဲ့ စက်မှာတော့ DVD ၅ချပ် အသုံးပြုရပါတယ်..။ အရင်တုန်းက လုပ်ပေးခဲ့တဲ့ စက်မှာတော့ DVD ၃ချပ် ကုန်ပါတယ်.. ဘာလို့လဲဆိုတော့ အခုန ပြောသလို မိမိတို့ စက်ထဲမှာ Install ထည့်ထားတဲ့ ပရိုဂရမ် ဆော့ဝဲလ်တွေကြောင့် စက်တလုံးနဲ့ တလုံး မတူတာပါ..။ Install ထည့်ထားတဲ့ ပရိုဂရမ် တွေပေါ် မူတည်ပြီး DVD များများ လိုအပ်တာပါ..။ ဒါကြောင့် စက်အသစ်ဝယ်ဝယ်ချင်း (သို့မဟုတ်) ဝင်းဒိုးအသစ် တင်ပြီးပြီးချင်း ဘာဆော့ဝဲလ်မှာ Install မထည့်ရသေးတဲ့ အချိန်မျိုးမှာ ဒီလို DVD နဲ့ ဝင်းဒိုး Backup File လုပ်ထားရင် ပိုကောင်းပါတယ်.. အဲ့လိုဆိုရင် DVD ခွေလည်း ၃ချပ်လောက်ပဲ ကုန်ပါလိမ့်မယ်.. အခုဒီပိုစ့်မှာ လုပ်ပြထားတဲ့ ပုံတွေအတွက်တော့ DVD ဘယ်နှချပ်ကုန်မလဲဆိုတာ ကြိုမသိနိုင်လို့ ကျနော် DVD အခွေသစ် ၁၀ချပ်ကို လိုလိုမယ်မယ် အဆင်သင့် ပြင်ဆင်ထားတာပါ.. တကယ်ကုန်တာကတော့ ၅ ချပ်ကုန်ပါတယ်.. ပုံသေမမှတ်ပါနဲ့.. မိမိတို့စက်မှာ ဒီလိုလုပ်ရင်တော့ ၅ချပ်ထက်လည်း ပိုရင် ပိုကုန်နိုင်ပါတယ်.. ဒါကြောင့် DVD အခွေသစ် များများ စုထားပြီးမှ ဒီနည်းကို လုပ်ကြပါ.. ဒီနည်းကို အသုံးပြုဖို့ ဘာဆော့ဝဲလ်မှ မလိုပါဘူး.. ဒီအစီအစဉ်အတွက် Windows ထဲမှာ ပြုလုပ်ဖို့ Tools တွေပါပြီးသားပါ.. ဒီလုပ်နည်းကို လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..
 ကော်ပီဝင်းဒိုးပဲ ဖြစ်ဖြစ်၊ Original Windows ဖြစ်ဖြစ် ဒီနည်းကို အသုံးပြုလို့ ရပါတယ်..။ အဓိကက ဝင်းဒိုးထဲမှာ Driver တွေအားလုံး အလုပ်လုပ်နိုင်တဲ့အချိန်၊ ပြည့်စုံတဲ့အချိန်မှ ဒီနည်းကို လုပ်ထားပါ..။
DVD ချပ်တွေနဲ့ Windows Image Backup File ပြုလုပ်ဖို့ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့် ပြုလုပ်ပေးပါ.. အရင်ဆုံး Start ကနေသွားပါ.. အောက်ကပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါဗျာ..

နောက်တဆင့်ကို ရောက်ရင်တော့ A-B အတိုင်း DVD Drive ရှိတဲ့ နေရာကို ရွေးပြီး Next နှိပ်ပါ..


အောက်ကအဆင့်ကို ရောက်ရင် ဝင်းဒိုးက အမှန်ခြစ် ရွေးပေးထားတဲ့အတိုင်းသာ ထားလိုက်ပါ..။ ဆက်ပြီး Next နှိပ်သွားလိုက်ပါ..



အပေါ်ပုံအတိုင်း Start backup ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. အဲ့ဒီအချိန်မှာ မိမိတို့စက်ထဲက DVD Drive ကိုဖွင့်ပြီး DVD အသစ်တချပ်ကို အရင်ထည့်ပေးထားပါ.. ဒီနည်းကို လုပ်တော့မယ်ဆို ကတည်းက DVD ခွေသစ်ကိုအရင်ထည့်ထားရင် ပိုကောင်းပါတယ်.. နောက်တခုက DVD ခွေတွေ Burn ပြီးတိုင်း.. အခွေတွေပေါ်မှာ တချပ် Burn ပြီးတိုင်း၊ Burn ပြီးတိုင်း 1-2-3-4-5 အစဉ်လိုက် ရေးမှတ်ထားဖို့ အထူးသတိပြုပါ.. Restore ပြန်လုပ်တဲ့အခါ အဲ့ဒီ နံပါတ်စဉ်တိုင်း ထည့်ပေးရမှာပါ..။


အောက်ကပုံကတော့ ပထမဆုံးစလုပ်တဲ့ အခွေကို နံပါတ်တစ်အဖြစ် ရေးမှတ်ထားဖို့ ကွန်ပျူတာ သတိပေးတာပါ..။


DVD ခွေသစ်ကို ထည့်ပြီး စက္ကန့်၃၀ လောက်ကြာမှ အပေါ်ပုံမှာ ပြထားတဲ့ OK ကိုနှိပ်ပါ.. မိမိတို့စက်က DVD ခွေ Burn နေတာကို ၁၀မိနစ်ကျော်ကြာအောင် စောင့်နေပေးပြီးရင်တော့ အောက်ကပုံအတိုင်း ဘောက်စ်တခုပေါ်လာရင် DVD ခွေကို နောက်တချပ် လဲထည့်ပေးလိုက်ပါ.. အဲ့လိုလဲထည့်ပေးဖို့ Desktop မှ Computer ကိုဖွင့်ထားပြီး အောက်ကပုံ မျှားပြထားတဲ့အတိုင်း DVD Drive ကို တချက်ကလစ်ပြီး Eject ကိုဆက်နှိပ်လိုက်ရင် ကွန်ပျူတာက DVD Drive ကိုထုတ်ပေးပါလိမ့်မယ်.. အဲ့လိုထုတ်ပေးမှ DVD ခွေသစ်တချပ်ကို လဲထည့်ပေးပါ..


အောက်ကပုံကတော့ ဘားတန်းက Eject ကိုမနှိပ်ပဲ DVD Drive ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ စာသားထဲက Eject ကိုကလစ်လိုက်ရင်လည်း အတူတူပဲ ကွန်ပျူတာက DVD Drive ကို ထုတ်ပေးပါတယ်..


DVD ခွေသစ်မထည့် ရသေးပဲ OK မနှိပ်မိဖို့ သတိပြုပါ.. အောက်ကပုံကတော့ DVD သုံးချပ်မြောက်ကို ထည့်ပြီး အဲ့ဒီအခွေပေါ်မှာ မိမိတို့ သင်္ကေတနဲ့ သုံးခုမြောက်ဆိုတာကို မှတ်မိအောင် ရေးမှတ်ထားပါလို့ ဆိုလိုတာပါ.. ၂ချပ်မြောက်အခွေက ပြီးသွားပါပြီ.. အောက်မှာပြထားတဲ့ပုံက ၃ချပ်မြောက်ခွေကို Burn ဖို့ ပေါ်လာတဲ့စာသားပါ..။


အခွေသစ်လဲထည့်ပေးပြီး အနည်းငယ်စောင့်နေပြီးမှ အောက်မှာပြထားတဲ့ ပုံအတိုင်း OK ကိုနှိပ်ပေးပါ.. ဘာလို့စောင်းခိုင်းတာလဲဆိုတော့ ကွန်ပျူတာအတွက် အခွေသစ်ကို နေရာချ ပြင်ဆင်ဖို့အတွက် စက္ကန့်ပိုင်းလောက် အချိန်ပေး၊ စောင့်ပေးပြီး ကွန်ပျူတာက အခွေ Burn ဖို့ အဆင်သင့် ဖြစ်လောက်ပြီဆိုမှ OK နှိပ်ပေးလိုက်ရင် ကွန်ပျူတာအတွက် အဆင်ပြေပြေ အလုပ်လုပ်လို့ ရအောင်လို့ပါ..။


အောက်ကပုံတွေတိုင်း အလုပ်လုပ်နေပါလိမ့်မယ်.. စောင့်နေပေးပါ..



အောက်ကပုံအတိုင်း ထပ်ပေါ်လာရင်တော့ DVD နောက်တချပ်ကို အပေါ်ကနည်းအတိုင်း ထပ်လဲထည့်ပေးလိုက်ပါ.. DVD လဲထည့်ပြီးမှ အောက်ကပုံမှာ ပြထားတဲ့ OK ကိုဆက်နှိပ်ပေးပါ.. အောက်ကပုံမှာ ၄ချပ်မြောက်ဖြစ်သွားပါပြီ..


အောက်ကပုံကတော့ နောက်ဆုံးတချပ်ကို Burn နေတာပါ..။ Burn လို့ပြီးသွားရင်တော့ အောက်ဆုံးပုံအတိုင်း ပေါ်လာပါလိမ့်မယ်..


ဝင်းဒိုးတခုလုံးကို DVD တွေနဲ့ Burn ပြီးလို့ရှိရင်တော့ အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်.. အဲ့ဒါကတော့ System Repair Disc ဆက်လုပ်ထားဖို့ ကွန်ပျူတာက သတိပေး တိုက်တွန်းတဲ့ စာသားဘောက်စ်ပါပဲ.. ဒီနေရာမှာ System Repair Disc မလုပ်ရသေးတဲ့ သူများကတော့ CD ပဲဖြစ်ဖြစ်၊ DVD နဲ့ပဲဖြစ်ဖြစ် DVD Drive ထဲထည့်ပြီး တခါတည်း ဆက်လုပ်ထားလိုက်ပါ.. ဒီ System Repair Disc က ဝင်းဒိုးတွေအတွက် အရေးကြီးပါတယ်.. အရင် ဝင်းဒိုး Recovery ပိုစ့်တွေမှာကတည်းက  System Repair Disc လုပ်ထားဖို့ အမြဲသတိပေးခဲ့ပါတယ်..။ လုပ်မယ့်သူများကတော့ Yes ကိုနှိပ်ပြီး ဆက်လုပ်ပါ.. System Repair Disc လုပ်တာ အခွေထည့်ပြီး Yes >> OK ပေးလိုက်ယုံပဲ.. လုပ်ရတာ လွယ်တဲ့အတွက် ပုံတွေနဲ့ မပြပေးတော့ပါဘူး.. 

ဝင်းဒိုးတခုလုံးကို DVD ချပ်တွေနဲ့ Windows Image Backup File ပြုလုပ်နည်း ဒီမှာတင်ပြီးသွားပါပြီ..  (ဒီအခွေတွေကို ဗူးလေးတခုနဲ့ မပျက်စီးအောင် သေချာဂရုတစိုက် သိမ်းထားဖို့တော့ လိုအပ်ပါတယ်..) သိမ်းထားပြီးသား DVD ချပ်တွေထဲက Windows Image Backup File ပြန်ထည့်နည်းကို နောက်ပိုင်း ပိုစ့်တင်ပေးပါမည်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ နည်းပညာ၊ အတတ်ပညာများ တိုးတက်ပြီး မသိသေး၊ မတတ်သေးတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမများအား ပြန်လည်မျှဝေ၊ သင်ကြားပေးနိုင်ကြပါစေ..