ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်
Tuesday, January 31, 2017
IP Address သိရင် ဘယ်လိုဟက်လို့ရနိုင်သလဲ
ဒီဟာကတော့ ရိုးရှင်းတဲ့ အခြေခံ NETBIOS Post တစ်ခုဖြစ်ပြီး ဒီ post မှာတင်ထားတဲ့ အချက်အလက်တွေကို aCId_rAIn ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ post ကနေပြီး သင့်ကို NETBIOS အကြောင်း ကို ဖော်ပြပေးမှာဖြစ်ပြီး ၄င်းက ဘာလဲ ၊ ၄င်းကို ဘယ်လိုအသုံးပြုနိုင်သလဲ ၊ ၄င်းနဲ့ ဘယ်လို hack နိုင်သလဲ ဒါ့အပြင် သင့်အတွက် နောင်တချိန်မှာ အသုံးဝင်လာနိုင်တဲ့ ရိုးရှင်းတဲ့ DOS comment များအကြောင်းပါဝင်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေဟာ hacking ကို စတင်လေ့လာသူများအတွက်သာ ဖြစ်ပါတယ်။
Hardware & Firmware
၁။ BIOS
BIOS ( short for Basic Input/Output Services) - ၄င်းဟာ PC မှာရှိတဲ့ control program ဖြစ်ပါတယ်။ ၄င်းဟာ သင့်computer ကို starting up ဖြစ်ဖို့အတွက် systemရဲ့ ထိန်းချုပ်မှုတွေကို သင့်ရဲ့ operation system ဆီသို့ ရွှေ့ပြောင်းပေးပါတယ်။ ဒါ့အပြင် disk access ကဲ့သို့သော အခြား low-level funciton များကို ထိန်းကျောင်းကိုင်တွယ်ပါတယ်။ တခုမှတ်ထားရမှာက BIOS ဆိုတာ software program တစ်ခုမဟုတ်ပါဘူး။ သင့် computer ကို turn off လုပ်လိုက်သည့်တိုင်အောင် memory ထဲကနေ ဖယ်ရှားလိုက်ခြင်းမရှိပါဘူး။ ၄င်းဟာ firmware ဖြစ်ပြီး အခြေခံအားဖြင့်တော့ chip တစ်ခုထဲမှာ ရှိနေတာဖြစ်ပါတယ်။
အဆင်ပြေတဲ့ feature လေးတစ်ခုကတော့ BIOS ထုတ်လုပ်သူအများစုထည့်သွင်းထားတဲ့ startup password ပဲဖြစ်ပါတယ်။ ၄င်းက သင် မှန်ကန်တဲ့ password နဲ့ မ၀င်မချင်း ၄င်းက system ထဲသို့ဝင်တဲ့ ၀င်လမ်းကို တားဆီးပေးထားပါတယ်။ သင့် local H/P/A/V site တွေမှာ ရရှိနိုင်တဲ့ တော်တော်များများ software တွေကို အခြေခံထားတဲ့ BIOS password extractorတွေကိုအသုံးပြုပြီး password တစ်ခုနဲ့ system ထဲကို ၀င်ရောက်နိုင်ပါတယ်။
၂။ NETBIOS/NBTSTAT - ၄င်းက ဘာတွေကိုလုပ်ဆောင်ပါသလဲ
NETBIOS ကို NBTSTAT လို့လည်း ခေါ်ပါတယ်။ ၄င်းဟာ Windows system ပေါ်မှာ run တဲ့ software တစ်ခုဖြစ်ပြီး remote network တစ်ခုကိုခွဲခြားသတ်မှတ်ခြင်း (သို့) computer ရဲ့ file sharing တွေ enable လုပ်ဖို့အတွက် အသုံးပြုပါတယ်။ systemတွေ အသုံးပြုနေတဲ့ ဒီနည်းလမ်းကို ကျနော်တို့ အသုံးချနိုင်ပါတယ်။ ၄င်းက နည်းလမ်းဟောင်းတစ်ခုဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် home pc တွေမှာတော့ တစ်ခါတရံ ၄င်းဟာ ကောင်းကောင်း အလုပ်လုပ်နေဆဲပါ။ NBTSTAT ကို ဘယ်လိုရယူနိုင်သလဲဆိုရင် ၄င်းကို ရယူဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ခုထဲက တစ်ခုက ပိုပြီးမြန်ဆန်ပါတယ်။
နည်းလမ်း ၁ ။ Programs>MSDOS PROMPT>Type NBTSTAT
နည်းလမ်း ၂ ။ Run>Type Command>Type NBTSTAT
အခုဆိုရင် သင်ဟာ NBTSTAT အောက်မှာရှိတဲ့ DOS command ထဲကို ရောက်ရှိသွားပါပြီ။ ဒီနေရာမှာ သင် command တွေကို သုံးချင် သုံးနိုင်ပါတယ်။ ခွင့်ပြုချက်ရဖို့အတွက် ကြိုးပမ်းနေတဲ့ သင့်အတွက် သင်သိဖို့လိုအပ်တာတွေကိုသာ ဖော်ပြပေးသွားပါမယ်။ သင့်ရဲ့ screen မှာ အောက်မှာဖော်ပြထားတဲ့ အတိုင်းဖြစ်သင့်ပါတယ်။
NBTSTAT [ [-a RemoteName] [-A IP address] [-c] [-n]
[-r] [-R] [-RR] [-s] [-S] [interval] ]
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
-c (cache) Lists NBT's cache of remote [machine] names and their IP addresses
-n (names) Lists local NetBIOS names.
-r (resolved) Lists names resolved by broadcast and via WINS
-R (Reload) Purges and reloads the remote cache name table
-S (Sessions) Lists sessions table with the destination IP addresses
-s (sessions) Lists sessions table converting destination IP addresses to computer NETBIOS names.
-RR (ReleaseRefresh) Sends Name Release packets to WINS and then, starts Refresh
RemoteName Remote host machine name.
IP address Dotted decimal representation of the IP address.
interval Redisplays selected statistics, pausing interval seconds between each display . Press Ctrl+C to stop redisplaying statistics.
C:\WINDOWS\DESKTOP>
command နှစ်ခုသာလျှင် အသုံးပြုနိုင်ပါလိမ့်မယ်။ ၄င်းတို့ကတော့ :
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
၃။ Host Names
အခု -a အဓိပ္ပာယ်ကတော့ သင် ၀င်ဖို့ကြိုးစားနေတဲ့ သူရဲ့ computer ရဲ့ HOST NAME ထဲမှာ ရိုက်ရပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာ သင် ဘာidea မှာမရှိဘူးဆိုရင်တော့ အောက်မှာပြထားတာနဲ့ တူညီတဲ့ Host Name ဖြစ်သင့်ပါတယ်။
123-fgh-ppp.internet.com
ဒီ addressတွေမှာ များစွာသော မူကွဲတွေရှိပါတယ်။ ကွဲပြားခြားနားတဲ့ address အသီးသီးအတွက် အဲဒီcomputer ဆီသို့ ISP assigned အသစ်တခု ရှိတယ်ဆိုတာ သင်နားလည်ထားရပါမယ်။ အောက်မှာ ကွဲပြားချက်တွေကို ဖော်ပြထားပါတယ်။
abc-123.internet.com
ghj-789.newnet.com
သင်မြင်ခဲ့ရသလိုပဲ မတူညီတဲ့ host nameတွေ ရှိကြပြီး နောက်ဆုံးစာလုံးတွဲတွေကို ခွဲခြားသတ်မှတ်ခြင်း အားဖြင့် ဒီ computer နှစ်လုံးဟာ မတူညီတဲ့ ISP တွေပေါ်မှာရှိတယ်ဆိုတာကို သင်ပြောနိုင်ပါလိမ့်မယ်။
အခုအောက်မှာဖော်ပြပေးထားတာကတော့ တူညီတဲ့ ISP ပေါ်မှာ ရှိတဲ့ host name နှစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့ server မှာ တည်ရှိပါတယ်။
123-fgh-ppp.internet.com
567-cde-ppp.internet.com
၎။ IP Addresses
သင် IP address ( Internet Protocol ) ကို လိုချင်တယ်ဆိုရင်တော့ ဖော်ပြခဲ့တဲ့ host name တွေကို သင် ခွဲခြားနိုင်ရပါမယ်။ IP addressများကို အမျိုးမျိုးခြားနားတဲ့ နံပါတ်တွေနဲ့ စီစဉ်ထားပါတယ်။ IP address ဟာ အောက်မှဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်... 201.123.101.123
အများအားဖြင့် computer တစ်လုံးဟာ cable connection တစ်ခုပေါ်မှာ runနေတာလား ဆိုတာကို IP address ကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ ဒီ မြန်ဆန်လှတဲ့ connection တွေဟာ အများအားဖြင့် ပထမဆုံး ကိန်းဂဏန်း နှစ်လုံးဟာ နိမ့်ကြပါတယ်။ cable connection တစ်ခုရဲ့ IP ကတော့ အောက်ပါပုံစံအတိုင်းဖြစ်ပါတယ်... 24.18.18.10
dialup connectionတွေကတော့ အောက်ပါအတိုင်း ကိန်းဂဏန်း မြင့်မားကြပါတယ်... 208.148.225.225
208 ဟာ cable connection ဖြစ်တဲ့ 24 ထက်မြင့်မားတယ်ဆိုတာ ဂရုပြုမိဖို့ လိုက်ပါတယ်။
နောက်တစ်ခုမှတ်ထားရမှာက IP address တွေအားလုံးဟာ ဒီပုံစံအတိုင်း မဖြစ်နိုင်ဘူးဆိုတာပါပဲ။
အချို့ ကုမ္ပဏီတွေက hacker တွေကို ထင်ယောင်ထင်မှားဖြစ်စေဖို့ cable connection ကို dialup ပုံစံမျိုး IP address တွေလုပ်ထားတတ်ကြပါတယ်။ ဒီအတွက် hacker တွေက T3 (သို့) OC-18 ကဲ့သို့ ထင်သွားစေပါတယ်။ ဒါကတော့ သင် nbstat command အသုံးပြုမှာဖြစ်တဲ့ IP address အပေါ်မှာ သင့်ကို အတွေးအခေါ်တခု ပေးတာဖြစ်ပါတယ်။
၅။ DC (Direct Connection) ကိုဖြတ်ကျော်၍ IP ရယူခြင်း
ပထမဆုံးအနေနဲ့ သင်ဟာ hack ချင်သူရဲ့ IP (သို့) host name ကို ရှာဖွေဖို့လိုအပ်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြမယ့် နည်းတွေထဲက တစ်ခုခုကတော့ သင့်အတွက် အဆင်ပြေပါလိမ့်မယ်။ အကယ်၍ သင့်မှာ mIRC ရှိရင် whois (nick)...where (nick) တစ်စုံတစ်ယောက်ရဲ့ nickname (လက်သဲကွင်းများ မပါပဲ) ရိုက်ခြင်းအားဖြင့် ၄င်းကို ရယူနိုင်ပါတယ်။ သင်ဟာ host name ကိုဖြစ်စေ IP address ကိုဖြစ်စေ ရရှိမှာဖြစ်ပြီး ၄င်းကို copy ကူးထားပါ။ အကယ်၍ သင် ၄င်းတို့ကို မရရှိဘူးဆိုရင်ဖြစ်စေ၊ mIRC ကို အသုံးမပြုရင်ပဲ ဖြစ်စေ သင်ဟာ သင်hackချင်သူတွေရဲ့ computer တွေနဲ့ direct connection ရဖို့ကြိုးစားရပါတယ် (သို့) sniffer တစ်ခုကို အသုံးပြုပြီး ၄င်းတို့ရဲ့ IP (သို့) host name တွေကို ပုံပေါ်လာအောင် ပြုလုပ်ချင် ပြုလုပ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ sniffer မသုံးပဲလုပ်တာအကောင်းဆုံးဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ယနေ့အချိန်မှာ snifferတွေက အလုပ်မလုပ်တော့လို့ပါ။ ဒါကြောင့် သင်ဟာ သူတို့တွေရဲ့ computer တွေဆီကို direct connection တစ်ခု ထူထောင်ဖို့လိုအပ်လာပါပြီ။ ဟုတ်ပါပြီ...... direct connection ဆိုတာဘာလဲ ? သင် သူတို့ဆီကို file တစ်ခု ပေးပို့နေခြင်းဟာ direct connection ယူပြီးသွားတာပါပဲ။
AOL Instant Messager ဟာ Direct Connection ကို ခွင့်ပြုပါတယ် အကယ်၍ user က accept ပေးမယ်ဆိုရင်ပေါ့။
ICQ ကလည်း file တစ်ခုကို ပို့တဲ့အခါ (သို့) chat request ကိုလက်ခံနေတဲ့အချိန်မှာ direct connection ကိုခွင့်ပြုပါတယ်။
ဘယ်အချိန်မဆို သင် file တစ်ခုကို ပေးပို့နေတဲ့အချိန်တိုင်းမှာ directly connected ဖြစ်ပါတယ်။ ( သင်hackချင်တဲ့သူက proxy server ကိုမသုံးမပြုဘူးလို့ ယူဆရင် ဖြစ်ပါတယ်။)
Yahoo မှာ voice နဲ့ chatting လုပ်တဲ့အခါ direct connection ကိုထူထောင်နိုင်ပါတယ်။
အကယ်၍ သင့်ဆီမှာ အဲဒီ programတွေ တစ်ခုမှ မရှိဘူးဆိုရင်တော့ တစ်ခုခုကို ရယူလိုက်ပါ။ ဒါမှမဟုတ်ဘူး sniffer တစ်ခုကိုသုံးပါ။ (သို့) အောက်မှဖော်ပြထားတာတွေကို ဆက်လက်ဖတ်ရှုပါ။
အကယ်၍ သင်က သူတို့ဆီကို သင့် site ( သင့်ရဲ့ site ဟာ site traffic statistics ကို enables လုပ်ထားရပါမယ်၊ နောက်ပြီး သင် log in လုပ်နိုင်ရပါမယ်။) ဆီသို့ရောက်နိုင်တဲ့link ကို တနည်းနည်းနဲ့ပေးနိုင်မယ်ဆိုရင် အဲဒီ link တစ်ခုကိုပေးပို့လိုက်ပါ။ ပြီးရင် stat ကိုစစ်ဆေးပြီး နောက်ဆုံး ရောက်လာသူရဲ့ IP ကိုရယူပါ။ ဒီနည်းဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းတစ်ခုပါ။ ဒီနည်းလမ်းဟာ အရမ်းပါးနပ်ပါတယ်ဆိုတဲ့ hackerတွေကိုတောင် အရူးလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းဟာ ၄င်းတို့ကို အကာအကွယ်မဲ့စွာ ရယူနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေလို့ပါ။ ဘာပဲဖြစ်ဖြစ် သင်ဟာ ဒီနည်းလမ်းတွေထဲက တစ်ခုခုနဲ့ direct connection တစ်ကြိမ်ရယူနိုင်ခဲ့ပြီးဆိုရင်တော့ DOS ထဲကိုသွားဖို့အချိန်တန်ပါပြီ။ အဲဒီထဲမှာ NETSTAT -n လို့ ရိုက်လိုက်ပါ။ NETSTAT ဆိုတာကတော့ program တစ်ခုဖြစ်တဲ့ NET STATISTICS ရဲ့ နာမည်အတိုကောက်ဖြစ်ပါတယ်။ ၄င်းက သင့်ဆီကို လာရောက် ချိတ်ဆက်တဲ့ computerများ အားလုံးကိုပြသပါလိမ့်မယ်။( အကယ်၍ သင်ကို Sub Seven: 27374 ကဲ့သို့သော သင်သိနေတဲ့ port တစ်ခုပေါ်မှာ trojan horse တစ်ခုနဲ့ hack ခံနေရတယ်လို့ သင် ထင်နေရင်လည်းပဲ ဒီဟာက သင့်ကို အကူအညီပေးပါလိမ့်အုံးမယ်။) သင့်ရဲ့ screen မှာ အောက်မှာဖော်ပြထားတဲ့အတိုင်း သင့် computer ကို ချိတ်ဆက်နေတဲ့ connectionတွေကို သင်တွေ့ရပါလိမ့်မယ်။
C:\WINDOWS\DESKTOP>netstat -n
Active Connections
Proto Local Address Foreign Address State
TCP 172.255.255.82:1027 205.188.68.46:13784 ESTABLISHED
TCP 172.255.255.82:1036 205.188.44.3:5190 ESTABLISHED
TCP 172.255.255.82:1621 24.131.30.75:66 CLOSE_WAIT
TCP 172.255.255.82:1413 205.188.8.7:26778 ESTABLISHED
TCP 172.255.255.82:1483 64.4.13.209:1863 ESTABLISHED
C:\WINDOWS\DESKTOP>
ပထမစာကြောင်းကတော့ computer နှစ်လုံးအသုံးပြုနေကြတဲ့ Protocol (language) ကို ညွှန်ပြတာဖြစ်ပါတယ်။
TCP(Transfer Control Protocol) ကတော့ ဒီထဲမှာအသုံးပြုနေတာဖြစ်ပြီး အများဆုံးကျယ်ကျယ်ပြန့်ပြန့်အသုံးနေတာဖြစ်ပါတယ်။
Local Address ကတော့ သင့်ရဲ့ IP address ကိုပြပါတယ် (သို့) သင်အသုံးပြုနေတဲ့ system ရဲ့ IP address ဖြစ်ပါတယ်။
Foreign Address ကတော့ သင့်ကို လာရောက်ချိတ်ဆက်ခဲ့တဲ့ computer တွေရဲ့ address ကိုပြပါတယ်။
State ကတော့ သင်ဟာ ဘယ် connection အမျိုးအစားကိုပြုလုပ်နေတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။ ESTABLISHED ရဲ့ အဓိပ္ပာယ်ကတော့ သင် program ပေါ်မှာရှိနေသမျှကာလပတ်လုံး(သို့) computer က ခွင့်ပြုနေသမျှ ကာလပတ်လုံး (သို့) ၄င်းကို အခြား computer တစ်ခုက လိုအပ်နေသမျှ သင်နဲ့ connect ဖြစ်နေလိမ့်မယ် ဆိုတဲ့အဓိပ္ပာယ်ပါ။ CLOSE_WAIT ဆိုတာကတော့ ဒီအချိန်မှာ connection ကို ပိတ်ထားပြီး ၄င်းကို လိုအပ်သည့်တိုင်အောင် စောင့်ဆိုင်းနေတယ် (သို့) သင် နောက်ထပ် connection ကိုပြန်စသည့်တိုင်အောင် စောင့်ဆိုင်းနေတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အပေါ်မှာပြခဲ့တဲ့ အထဲမှာ မပါတဲ့ TIME_WAIT ဖြစ်ပါတယ်။ ၄င်းရဲ့ အဓိပ္ပာယ်ကတော့ အချိန်ကို ဆုံးဖြတ်နေတာဖြစ်ပါတယ်။ အများအားဖြင့် AOL ပေါ်မှာ ကြော်ငြာတွေ run နေတဲ့ အချိန်မှာ ၄င်းဟာ TIME_WAIT state ကိုအသုံးပြုနေပါတယ်။
အောက်ပါ အချက်တွေကို ကြည့်ခြင်းအားဖြင့် သင့် computer သို့ တစ်စုံတစ်ယောက် တိုက်ရိုက် ဆက်သွယ်နေတယ်ဆိုတာကို သိနိုင်ပါတယ်...
C:\WINDOWS\DESKTOP>netstat -n
Active Connections
Proto Local Address Foreign Address State
TCP 172.255.255.82:1027 205.188.68.46:13784 ESTABLISHED
TCP 172.255.255.82:1036 205.188.44.3:5190 ESTABLISHED
TCP 172.255.255.82:1621 24.131.30.75:66 CLOSE_WAIT
TCP 172.255.255.82:1413 abc-123-ppp.webnet.com ESTABLISHED
TCP 172.255.255.82:1483 64.4.13.209:1863 ESTABLISHED
C:\WINDOWS\DESKTOP>
ဖော်ပြထားတဲ့အထဲက လေးကြောင်းမြောက်မှာ IP address တွေအစား host name တစ်ခုပါဝင်နေတယ် ဆိုတာကို သတိပြုမိပါလိမ့်မယ်။ ဒီလိုတွေက အမြဲလိုလိုပဲ ဖြစ်တတ်ပါတယ်။ အခြားcomputer က သင့်ကို connect လုပ်ပါပြီး။ ဒါကြောင့် သင့်မှာ အခု host name တစ်ခုရရှိခဲ့ပါပြီ...
abc-123-ppp.webnet.com
host name ပဲဖြစ်ဖြစ် IP address ပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အလုပ်လုပ်ပုံက အတိအကျကို တထပ်တည်း တူညီနေလို့ပါ။ ဥပမာအနေနဲ့ ကျနော်က abc-123-ppp.webnet.com ဆိုတဲ့ host name ကိုသုံးပါမယ်။ သင်က သင်connect လုပ်ချင်တဲ့ remote system ရဲ့ IP (နဲ့ /သို့ )host name တစ်ခုကို သင်ရပြီဆိုပါတော့...... hack ဖို့အချိန်ရောက်ပါပြီ!
သင့်ရဲ့ DOS command ကို ဖွင့်လိုက်ပါ။ ပြီးရင် NBTSTAT လို့ရိုက်ပြီး NBTSTAT ကိုဖွင့်ပါ။
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
ဒါကိုတော့ သတိရကြအုံးမယ်ထင်ပါတယ်။ အခု ဒီဟာကို အသုံးချဖို့ အချိန်ရောက်ပါပြီ။
-a က host name ဖြစ်ပါလိမ့်မယ်။
-A က IP address ဖြစ်ပါလိမ့်မယ်။
ဒါကို ဘယ်လို သိခဲ့တာလည်း ဆိုတော့ -a -A commandတွေနောက်မှာ ရေးထားတဲ့ ဖော်ပြချက်တွေကို ဖတ်လိုက်လို့ပါ။ command တိုင်းမှာလည်း ဖော်ပြပေးထားပါတယ်။
၆။ ၄င်းတို့ကို ကောင်းစွာအသုံးချခြင်း
အကယ်၍သင့်မှာ host name ပဲရှိတယ်ဆိုရင် အောက်ပါအတိုင်း ရိုက်ပါ။
NBTSTAT -a (ဒီနေရာ host name ကို လက်သဲဂွင်းများမပါပဲ ရိုက်ထည့်ပါ။)
သင့်မှာ IP address ပဲရှိတယ်ဆိုရင်တော့ အောက်ပါအတိုင်း ရိုက်ပါ။
NBTSTAT -A (ဒီနေရာ IP address ကို လက်သဲဂွင်းများမပါပဲ ရိုက်ထည့်ပါ။)
ပြီးရင် Enter ခေါက်ပြီး ခဏစောင့်ပါ။ အောက်မှာ ဖော်ပြထားတဲ့ နှစ်ခုထဲက တစ်ခု ပေါ်လာပါလိမ့်မယ်...
၁။ Host not found
၂။ အောက်မှာတွေ့ရတဲ့ အတိုင်း...
--------------------------------------------
NetBIOS Local Name Table
Name Type Status
---------------------------------------------
GMVPS01 <00> UNIQUE Registered
WORKGROUP <00> GROUP Registered
GMVPS01 <03> UNIQUE Registered
GMVPS01 <20> UNIQUE Registered
WORKGROUP <1e> GROUP Registered
အကယ်၍ computer က "Host not found" ဆိုပြီး တုန့်ပြန်ခဲ့တယ်ဆိုရင်တော့ ဒီဖြစ်ရပ်နှစ်ခုထဲက တစ်ခု ဖြစ်နိုင်ပါတယ်...
၁။ သင် ရိုက်လိုက်တဲ့ host name လွဲချော်သွားတာ၊
၂။ ဒီ host ကို hack လို့မရနိုင်တာပဲ ဖြစ်ပါတယ်။
နံပါတ်တစ် ဖြစ်ရပ်ဆိုရင်တော့ သင် ကံကောင်းထဲမှာပါ ပါတယ်။ နံပါတ်နှစ်ဖြစ်ရပ်ဆိုရင်တော့ ဒီ system ဟာ NBTSTAT ကို အသုံးပြုပြီး hack လို့မရနိုင်ပါဘူး... ဒါကြောင့် အခြားsystemတစ်ခုနဲ့ ကြိုးစားရပါလိမ့်မယ်။
အကယ်၍ အထက်မှာဖော်ပြခဲ့သလိုမျိုး table တစ်ခုကို ရရှိခဲ့မယ်ဆိုရင်တော့ ၄င်း ကို သေချာစွာ ဂရုတစိုက်ကြည့်ပါ။ ပြီးတော့ ကျနော်ဖော်ပြထားတဲ့ အချက်တွေနဲ့ ၄င်းတို့ရဲ့ ရည်ရွယ်ချက်တွေကို ဆက်လက်ဖတ်ရှုပါ။
Name - computer မှာပါဝင်တဲ့ အပိုင်းတွေရဲ့ share name အနေအထား
<00>,<03>,<20>,<1e> - အဲဒီ share name ပေါ်မှာ services available ဖြစ်နေတဲ့ Hexidecimal codeတွေ ဖြစ်ပါတယ်။
Type - ၄င်းတို့ကတော့ self-explanatory ဖြစ်ပါတယ်။ ၄င်းတို့ဟာ turn on သော်လည်းကောင်း (သို့) သင့်ကြောင့် active ဖြစ်ခဲ့တာသော်လည်းကောင်း (သို့) အမြဲတမ်း on နေတာတွေ ဖြစ်ပါတယ်။
Status - share name များ အလုပ်လုပ်နေပြီး activate ဖြစ်နေကြတဲ့ ရိုးရှင်းတဲ့အခြေအနေ ဖြစ်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ table ကိုကြည့်ပြီး အောက်ပါလင့်ကို ရှာဖွေပါ...
GMVPS01 <20> UNIQUE Registered
တွေ့ပြီလား ...?
OK... အခုအရေးကြီးတဲ့ အပိုင်းကို ရောက်ပါပြီ ... သေချာဖတ်ရှုပါ...။ <20> ရဲ့ Hexidecimal code ရဲ့ အဓိပ္ပာယ်ကတော့ hex number တွေနဲ့ ရှိနေတဲ့ line ပေါ်မှာဖြစ်တဲ့ share name မှာ file sharing ဟာ enable ဖြစ်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဆိုလိုတာကတော့ GMVPS01 မှာ file sharing ဟာ enable ဖြစ်နေတယ် လို့ဆိုလိုပါတယ်။ ကဲ...အခုသင် ဒီဟာကို hack ချင်နေပြီလား ... ဒါဆိုရင်တော့ ဒီမှာ ဘယ်လို လုပ်ရမယ်ဆိုတာကို ကြည့်ပါ။ ( ဒီအပိုင်းက အနည်းငယ်ခက်ခဲ့ပါတယ်။)
၇။ LMHOST File
Windows system တွေအားလုံးမှာ LMHOST.sam ဆိုတဲ့ file တစ်ခုရှိပါတယ်။ ကျနော်တို့က ရိုးရိုးရှင်းရှင်းပဲ ဒီ LMHOST file ထဲကို IP address ပေါင်းထည့်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ LMHOST ဟာ အခြေခံအားဖြင့် network တစ်ခုကဲ့ သို့ ပြုမှုပြီး သင်ကို ၄င်း ဆီသို့ အလိုအလျှောက် logging လုပ်ပါတယ်။ ဒါကြောင့် Start,Find, Files (သို့) Folders သို့သွားပါ။ LMHOST ထဲမှာ ရိုက်ပြီး Enter ခေါက်ပါ။ ၄င်းဟာ wordpad ကဲ့သို့သော text program တစ်ခုကို အသုံးပြုပြီး ပွင့်လာပါလိမ့်မယ်။ ဒါပေမယ့် ထိုဟာတွေပေါ်မှာရှိတဲ့ "always open files with this extension" ဆီသို့ checkmark မထားခဲ့ဖို့တော့ သင်သေချာသတိထားရပါမယ်။ ရှင်းရှင်းလေးပါပဲ အောက်မှာမြင်တွေ့နေရတဲ့ အပိုင်းတွေရောက်တဲ့ အထိ LMHOST file ကိုဖြတ်ကျော်သွားရမှာဖြစ်ပါတယ်...
# This file is compatible with Microsoft LAN Manager 2.x TCP/IP lmhosts
# files and offers the following extensions:
#
# #PRE
# #DOM:
# #INCLUDE
# #BEGIN_ALTERNATE
# #END_ALTERNATE
# \0xnn (non-printing character support)
#
# Following any entry in the file with the characters "#PRE" will cause
# the entry to be preloaded into the name cache. By default, entries are
# not preloaded, but are parsed only after dynamic name resolution fails.
#
# Following an entry with the "#DOM:" tag will associate the
# entry with the domain specified by . This affects how the
# browser and logon services behave in TCP/IP environments. To preload
# the host name associated with #DOM entry, it is necessary to also add a
# #PRE to the line. The is always preloaded although it will not
# be shown when the name cache is viewed.
#
# Specifying "#INCLUDE " will force the RFC NetBIOS (NBT)
# software to seek the specified and parse it as if it were
# local. is generally a UNC-based name, allowing a
# centralized lmhosts file to be maintained on a server.
# It is ALWAYS necessary to provide a mapping for the IP address of the
# server prior to the #INCLUDE. This mapping must use the #PRE directive.
# In addtion the share "public" in the example below must be in the
# LanManServer list of "NullSessionShares" in order for client machines to
# be able to read the lmhosts file successfully. This key is under
# \machine\system\currentcontrolset\services\lanmans erver\parameters\nullsessionshares
# in the registry. Simply add "public" to the list found there.
#
# The #BEGIN_ and #END_ALTERNATE keywords allow multiple #INCLUDE
# statements to be grouped together. Any single successful include
# will cause the group to succeed.
#
# Finally, non-printing characters can be embedded in mappings by
# first surrounding the NetBIOS name in quotations, then using the
# \0xnn notation to specify a hex value for a non-printing character.
သင်လိုချင်တဲ့ လမ်းကြောင်းအတိုင်း သင့်ရဲ့ connection ကို set လုပ်နိုင်ဖို့အတွက် ဒီအပေါ်မှာ ဖော်ပြထားတာတွေကို နားလည်သည့် တိုင်အောင် ဖတ်ပါ။အောက်မှာ IP address ကို ဘယ်လို ပေါင်းထည့်နိုင်တယ်ဆိုတာကို ဥပမာ ပြထားပါတယ်...
#PRE #DOM:255.102.255.102 #INCLUDE
Pre ဟာ သင် net သို့ log on ဖြစ်တာနဲ့ connection ကို preload လုပ်ပါလိမ့်မယ်။DOM ကတော့ သင် connection ယူနေတဲ့ domain (သို့) host ရဲ့ IP address ဖြစ်ပါတယ်။INCLUDE ကတော့ သင့်ကို file လမ်းကြောင်းတွေဆီသို့ အလိုအလျှောက် set လုပ်ပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာတော့ သင် net သို့ log on ဖြစ်တာနဲ့ တပြိုင်နက် သင်ဟာ C:/drive ပေါ်မှ 225.102.255.102 သို့ access ရရှိပါလိမ့်မယ်။ ဒီနေရာပြဿနာရှိနေတာလေး တစ်ခုက သင် connect လုပ်နေစဉ်အတွင်းမှာ NETSTAT command နဲ့ပြုနေရမှာဖြစ်ပြီး သင့်စက်ရဲ့ IP ကိုလည်း ယူပါတယ်။ ၄င်းဟာ ရိုးရှင်းတဲ့ PC တွေမှာပဲ အလုပ်လုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်မှာ လူတော်တော်များများဟာ computer illiterate တွေကို မသိတော့ပါဘူး ဒါကြောင့် ဒီ command တွေက ဘာတွေလုပ်နိုင်တယ်ဆိုတာကို သဘောမပေါက်နိုင်တော့ပါဘူး။ သူတို့ဟာ NETSTAT နဲ့ပတ်သတ်ပြီးတော့လည်း သဘောမပေါက်ကြတော့ပါဘူး ။ ဒါကြောင့် သင်က သူတို့ရဲ့ အားနည်ချက်တွေကို ကောင်းကောင်း အသုံးချ အသာစီးရယူရမှာဖြစ်ပါတယ်။ PC system အများစုဟာ ယခုဆိုရင် ဒီနည်းလမ်းနဲ့ hack ဖို့ခက်ခဲလာပါပြီ... ဘာကြောင့်လဲဆိုတော့ ၄င်းတို့ဟာ ပိုပြီးလုံခြုံစိတ်ချလာရပါပြီ။ ဒါ့အပြင် ၄င်းတို့ကို အခြားsystem တစ်ခု access ရယူဖို့ ကြိုးစားနေတဲ့အခါ တွေမှာ ဖော်ပြပေးနိုင်ကြပါတယ်။ သင်ဟာ ဘယ်နည်းနဲ့မဆို သူက firewall တစ်ခု run နေသလား၊ သူတို့ computer ဆီသို့ရောက်ရှိလာတဲ့ connection တွေကို block လုပ်မှာလား ဆိုတာကို တနည်းနည်းနဲ့ သိထားဖို့လိုပါတယ်။ home system အများစုကတော့ firewall ကို run နေခြင်းမရှိပါဘူး။ ဒါဟာသင့်အတွက် အခွင့်အရေးပါပဲ...သူတို့တွေဟာ firewall ကို ဘယ်လို လည်ပတ်စေရမယ်ဆိုတာကို မသိကြပါဘူး။ ဒါကြောင့် system ထဲမှာ hole ရှိနေပါတယ်။ သင့်ကိုအထောက်အကူပြုစေမယ့် အချို့ programming languageတွေကို ပြဖို့အတွက် computer က information တွေကို ဘယ်လို ဖတ်သလဲဆိုတာကို သိရှိထားခြင်းဟာလဲ ကောင်းတဲ့ အတွေးအမြင်တစ်ခုဖြစ်ပြီး TCP/IP(Transfer Control Protocol/Internet Protocol) ပေါ်မှာ အချို့အရာများကိုလည်း လေ့လာထားရမှာဖြစ်ပါတယ်။ အကယ်၍ သင်က သူတို့ဟာ firewall တစ်ခုကို run နေသလား ဆိုတာကို ရှာဖြေဖို့အတွက်ကတော့ ရိုးရိုးရှင်းရှင်းအနေနဲ့ Proxy တစ်ခုပေါ်မှာ ကျော်ဝင်ခြင်း နဲ့ သူတို့ IP ပေါ်မှာ port scan ဖတ်ခြင်းတို့ဖြင့် သိနိုင်ပါတယ်။ သင်တစ်ခုမှတ်ထားရမှာကတော့ သူတို့ဆီမှာ firewall တစ်ခု run နေတယ်ဆိုရင် portအများစုဟာ close ဖြစ်နေပါလိမ့်မယ်။ Microsoft ကို hack ခြင်းထက် home system တစ်ခုကို hack ခြင်းမှာ ပိုကောင်းတွေ အခွင့်အရေးတွေ သင့်မှာရှိနေပါသေးတယ်။
၈။ Access ရယူခြင်း
ဒီတစ်ကြိမ် သင့်LMHOST file ထဲကို ဒီဟာတွေ ပေါင်းထည့်ရမယ်။ ဒါတွေပြီးရင်တော့ သင် အခြေခံအားဖြင့်တော့ ပြီးဆုံးပြီလို့ပြောလို့ရပါတယ်။ သင် လိုအပ်တာတွေအားလုံးကို လုပ်ဖို့အတွက် Start>Find>Computer ကိုသွားပါတယ်။
သင်ရရှိလာတဲ့အထဲကို IP address (သို့) system ရဲ့ host name ကို ရိုးရိုးလေးပဲရိုက်ထည့်လိုက်ပါ။ ၄င်း ဖွင့်လာတဲ့အခါမှာ double click ပေးလိုက်ပါ။ အဲဒီထဲမှာ သင့်အတွက် GUI တစ်ခုရှိပါတယ်၊ ဒါကြောင့် သင် DOS တွေကို ထက်သုံးဖို့ စရာမလိုတော့ပါဘူး။ သုံးချင်တယ်ဆိုရင်လည်း DOS တွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ ပါတယ်။ သင် system ကိုဖွင့်ပြီးသွားပြီဆိုရင်တော့ သင့်စိတ်ကြိုက် edit , delete, rename လုပ်နိုင်ပါပြီး ကြိုက်တဲ့ file ကို ကြိုက်သလို လုပ်လို့ရပါပြီ။ C:/ ထဲမှာရှိတဲ့ command file ကို delete လုပ်ဖို့လည်း လိုပါတယ်... ဘာကြောင့်လဲဆိုတော့ အကယ်၍ သူတို့ က သူတို့ computer ထဲမှာ တစ်စုံတစ်ယောက်ရှိနေတယ်လို့ ထင်ရင် ၄င်းကို အသုံးပြုချင် အသုံးပြုနိုင်နေတဲ့ အတွက်ပါ။ ဒါမှမဟုတ် ၄င်း command file ကိုသွားတဲ့ shortcut ကို delete လိုက်ပါ။
ပြီးရင်တော့ ဒီနေရာ programming ရဲ့ သုံးဝင်မှုအပိုင်းတွေ ရောက်လာပါပြီ။ NBTSTAT နည်းလမ်းကို အချိန်တိုင်းသုံးနေမယ့်အစား သင့်ရဲ့ ကိုယ်ပိုင်port number ပေါ်မှ သင့်ရဲ့ ကိုယ်ပိုင် trojan ကိုအသုံးပြုခြင်းနဲ့ ၄င်းကို system ထဲသို့ upload ပြုလုပ်ခြင်း လုပ်နိုင်ပါတယ်။ အဲလိုဆိုရင်တော့ သင် ပိုပြီးတော့ လွယ်ကူတဲ့ access ရှိပါလိမ့်မယ် ပြီးတော့ သင့်အတွက် ပိုကောင်းတဲ့ GUI တစ်ခုလည်း ရှိသွားပါလိမ့်မယ် ပြီးရင် အခြား ပိုကောင်းတဲ့ feature တွေလည်း ရှိနေပါလိမ့်မယ်။ သင် hack မယ်သူတွေဟာ မြန်ဆန်တဲ့ connection တစ်ခုပေါ်မှာ ရှိမနေဘူးဆိုရင် system သို့ connection တစ်ခုထက်ပိုပြီး connect လုပ်တာကို ခွင့်ပြုမှမဟုတ်ပါဘူး။အကယ်၍ သင်က သူတို့ computer ထဲမှာရှိတဲ့ အရာတစ်ခုခုကို download လုပ်နေခဲ့မယ်ဆိုရင် သူတို့ connection တွေတဖြေးဖြေးနှေးလာပါလိမ့်မယ်။ ဒီအတွက် သူတို့က သူတို့ရဲ့ NETSTAT ကို စစ်ဆေးကြည့်ခြင်း အားဖြင့် သူတို့ကို ဘယ်သူတွေ connect လုပ်နေတာဆိုတာကို ကြည့်လို့ရပါတယ်။ အဲဒီထဲမှာ သင့်ရဲ့ IP ကိုလည်း ပြနေမှာဖြစ်တဲ့အတွက် သူတို့ မသင်္ကာဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် အဲလိုဖြစ်ခဲ့မယ်ဆိုရင် ထွက်လိုက်ပါပြီးရင် network (သို့) တစ်ခုခုကို scan ဖတ်ပါပြီးရင် port 21 (သို့) portတစ်ခုခုနဲ့ computer တစ်လုံးကို ရှာပြီး ဖွင့်လိုက်ပါ။
copy from Myanmar & India Cyber Army
(Educational Purposes Only)
Showing posts with label ​ကွန်​ပျူ​တာ​ဆိုင်​ရာ. Show all posts
ကွန်​ပျူ​တာ ​အ​ဖွင့်..​အ​ပိတ်... ​မြန်​ဆန်​စေ​ဖို့ ​နည်း​လမ်း
မ​င်္ဂ​လာ​ပါ​နော် ​သည်​တစ်​ခါ ​ရေး​မဲ့​နည်း​ပ​ညာ​လေး​က​တော့   ​မ​ထင်​မှတ်​တဲ့ ​နည်း​လေး​လည်း​ဖြစ်​နိုင်​ပါ​တယ်..
 ဆ​ရာ့  ​ဆ​ရာ​ကြီး​တွေ​အ​တွက်​တော့  ​ရီ​စ​ရာ ​ဖြစ်​ခြင်​ဖြစ်​နေ​ပေ​မယ့်  ​ကွန်​ပျူ​တာ ​ကိုင်​စ ​ဝါ​သ​နာ​ရှင် ​မိတ်​ဆွေ ​များ​အ​တွက်​တော့ ​နည်း​လမ်း ​တစ်​ခု​လို့ ​ဆို​ရ​ပါ​မယ်... ​ဒါ​က​တော့  ​မိ​မိ​တို့​ကွန်​ပျူ​တာ ​အ​တက်...​အ​ပိတ်
အ​ရမ်း​လေး​လံ​နေ​တယ်​ဆို​တဲ့  ​သူ​တွေ​အ​တွက်  ​နည်း​လမ်း​များ​စွာ​ထဲ​က  ​နည်း​လမ်း​လေး​တစ်​ခု​ကို ​ကျ​နော်
 ရေး​သား​မှာ ​ဖြစ်​ပါ​တယ်.. ​ကျွန်​တော် ​ကိုယ်​တိုင်​လည်း ​ကွန်​ပျူ​တာ ​အ​ခြေ​ခံ​နည်း​ပ​ညာ​တွေ​ကို ​အ​ရမ်း​အား​နည်း​သူ​တစ်​ယောက်​ဖြစ်​တဲ့​အ​တွက်  ​ခု​လို ​အောက်​ခြေ ​နည်း​လမ်း​လေး​တွေ​က​နေ  ​စ​ပြီး ​မ​တောက်​တ​ခေါက် ​သိ​တာ ​တတ်​တာ​လေး​ကို ​ပြန်​လည် ​ဆင့်​ပွား​မျှေ​ဝ​လိုက်​ခြင်း​ဖြစ်​ပါ​တယ်... ​ကွန်​ပျူ​တာ ​ဆား​ဗစ်​ဆ​ရာ​တွေ​က​တော့ ​ကျော်​ခွ ​ဖြတ်​သွား​လိုက်​ပါ​နော်..​ကဲ ​ပုံ​လေး​တွေ​နဲ့ ​စိတ်​ရှည်​စွာ  ​ရှင်း​ပြ​ပါ့​မယ်..
အ​ဆင့်   (၁)...........​မိ​မိ​တို့ ​ကွန်​ပျူ​တာ start ​က​နေ search box ​မှာ view advance system ​ဆို​တဲ့​စာ​သား​လေး​ကို ​ရေး​လိုက်​ပါ....​အောက်​က​ပုံ​လေး​အ​တိုင်း ​လိုက်​လုပ်​ကြည့်​နော်....
ပုံ​မှာ ​ပြ​ထား​တဲ့  ​နံ​ပါတ် ​စဉ်​တိုင်း​က​လစ်​သွား​လိုက်​ပါ​နော်... ​အ​ရမ်း​လွယ်​ကူ​ပါ​တယ်.... ​နံ​ပါတ် (၅) ​မှာ​ဘဲ
စ​က္ကန့်  ​ဆို​တာ​ကို  1 second ​လို့​ပေး​လိုက်​ယုံ​ပါ​ဘဲ​နော်...​ပြီး​တာ​နဲ့ ​အောက်​က Ok ​ပေါ့...။
အ​ဆင့်    (၂)    .............. ​က​တော့ ​အ​ပေါ်​က​လို​ပါ​ဘဲ start search box ​က​နေ​ပါ​ဘဲ  regedit  ​ဆို​တာ​လေး​ကို ​ရေး​ထည့် ​ရှာ​လိုက်​ပါ ​အောက်​မှာ ​သူ​နဲ့​ပါတ်​သက်​တဲ့​ပုံ​ကို​ပြ​ထား​ပါ​တယ်......
သူ့​ကို​လည်း​ပုံ​မှာ ​ပြ​ထား​သ​လို ​နံ​ပါတ် ​စဉ်​တိုင်း ​က​လစ်​ပေး​သွာ​လိုက်​ပါ​နော်...
regedit  ​ကို​က​လစ်​တာ​နဲ့  ​ဘောက်​လေး​ကျ​လာ​မှ​ဖြစ်​ပါ​တယ်.... ​အဲ​မှာ​ဘဲ  ​နံ​ပါတ်​စဉ်.... 3,4,5,6, ​တိုင်း​က​လစ်​ပေး​လိုက်​တာ​နဲ့  ​ဘေး​မှာ ​ရှိ​တဲ့ ​စာ​တန်း​တွေ​ထဲ​က ​နံ​ပါတ်  7 ​မှာ​ပြ​ထား​တဲ့ ​စာ​တန်း​ကို  ​နှစ်​ချက် ​က​လစ်​ပေး​လိုက်​ပါ... ​ဒါ​ဆို ​ဘောက်​သေး​သေး​လေး​တစ်​ခု​ကျ​လာ​ပါ​မယ်.... ​ကျ​လာ​တဲ့ ​ဘောက်​ထဲ​မှာ ​နံ​ပါတ် 12000 ​လို့​ပါ​လိမ့်​မယ်....​ဘယ်​နံ​ပါတ်​ဘဲ ​ပါ​ခဲ့​ပါ​စေ ​အဲ​နေ​ရာ​ကို.. 1000 ​လို့ ​ပြောင်း​ထည့်​ပေး​ပြီး   Ok ​ပေး​လိုက်​ပါ​တော့...​ဒါ​ဆို​ရင် ​သင့်​ရဲ့ ​လုပ်​ဆောင်​ချက် ​ပြီး​ခဲ့​ပါ​ပြီ...
သင့်​ရဲ့ ​ကွန်​ပျူ​တာ ​အ​တက်  ​အ​ပိတ်  ​အ​ရင်​က​ထက်​တော့ ​မြန်​ဆန်​လာ​တာ ​တွေ့​ရ​ပါ​လိမ့်​မယ်...​နော် ​အ​ဆင်​ပြေ​ပါ​စေ...
 ခု​လို​အား​ပေး​တဲ့​အ​တွက် ​အ​ထူး​ကျေး​ဇူး​တင်​ပါ​တယ်... ​လို​အပ်​တာ​များ​ရှိ​ပါ​က.. C-Box ​မှာ​ပြော​ခဲ့​ကြ​နိုင်​ပါ​တယ်... ​အ​တတ်​နိုင်​ဆုံး ​ကြိုး​စား ​ကူ​ညီ ​မျှေ​ဝ​သွား​ပါ​မည်... ​ဘ​လော့​ခ​ရီး​သည်​နေ​ရာ​လေး​များ 
www.ledimye.blogspot.com 
www.aungsanmks.com 
www.ninilayy.blogspot.com
ကွန်​ပျူ​တာ​ရဲ့ ​ဦး​နှောက်​ကို ​များ​များ ​အ​လုပ်​လုပ်​ခိုင်း​ကြ​ရ​အောင်
 ကွန်​ပျူ​တာ​တစ်​လုံး​ကို ​ဦး​နှောက်​များ​များ​နဲ့ ​အ​လုပ်​လုပ်​ခိုင်း​ချင်​ရင်​တော့ ​ဒီ​နည်း​လေး​နဲ့ ​ပြောင်း​ပေး​လိုက်​ပါ..။  ​ကွန်​ပျူ​တာ​ဟာ ​ဦး​နှောက်​များ​များ​နဲ့ ​အ​လုပ်​လုပ်​ရ​တဲ့​အ​တွက် ​စက်​ကို ​ပို​မို​မြန်​ဆန်​စေ​ပါ​တယ်..။
 တ​ချို့​စက်​တွေ​မှာ ​ဦး​နှောက်​နှစ်​လုံး၊ ​ဦး​နှောက်​လေး​လုံး ​ပါ​ကြ​ပေ​မယ့် ​တ​ချို့​စက်​တွေ​မှာ​တော့ ​ဦး​နှောက်​တစ်​လုံး​ပဲ ​ပါ​ပါ​တယ်..။ ​မိ​မိ​ကွန်​ပျူ​တာ​မှာ ​ရှိ​သ​လောက်​ကို​ပဲ ​ယူ​လို့​ရ​မှာ​ဖြစ်​ပါ​တယ်..။ ​နောက်​ထပ် ​အ​ပို​ထည့်​ချင်​လို့​တော့ ​မ​ဖြစ်​နိုင်​ပါ​ဘူး...။ ​လုပ်​နည်း​လေး​က​တော့ ​အောက်​က​ပုံ​လေး​တွေ ​အ​တိုင်း​ပါ​ပဲ..။ windows + R ​နဲ့ ​အ​ရင်​ဆုံး Run Box ​ကို ​ဖွင့်​ရ​ပါ​မယ်..။ msconfig ​ စာ​သား​ကို ​ရိုက်​ထည့်​ပါ.. ​ပြီး​ရင် OK ​နှိပ်​ပါ.. ​ဒါ​မှ​မ​ဟုတ် Enter ​ခေါက်​ပါ..။ ​ပေါ်​လာ​မယ့် ​ဘောက်စ်​ထဲ​မှာ ​အောက်​က​ပုံ​လေး​တွေ​အ​တိုင်း ​ဆက်​လုပ်​ပေး​လိုက်​ပါ..။
ပုံ​လေး​ကို​သေ​ခြာ ​ကြည့် ​လိုက်​ပါ  ​နံ​ပါတ်​စဉ်​တိုင်း ​သွား​ရ​မှာ ​ဖြစ်​ပါ​တယ်... ​အ​လွယ်​လေး​ပါ​နော်...
(၁) ​ကွန်​ပျူ​တာ​က​နေ Window + R ​ကို​က​လစ်​လိုက်​ပါ   run  box ​ခေါ်​တာ​ပေါ့​နော်... ​ဘောက်​လေး​ကျ​လာ​တာ​နဲ့   ​ဘောက်​ထဲ​မှာ msconfig ​ဆို​ပြီး​ထည့် ​အို​ကေ​ပါ။
(၂) ​ဇ​ယား​တစ်​ခု​ကျ​လာ​မယ်...  ​ကျ​လာ​တဲ့ ​ဇ​ယား ​ရဲ့ ​အ​ပေါ်​က Boot  ​ဆို​တာ​ကို​က​လစ်​လိုက်​ပါ
(၃) ​ကျ​လာ​တဲ့​ဘောက်​လေး​ထဲ​က Number of Processes ​ကို ​အ​မှန်​ခြစ်​ပေး​ပါ...​သူ့​မှာ ​ပါ​တဲ့ ​နံ​ပါတ်​တွေ​ကို ​က​လစ်​ကြည့်​ပါ  ၁...၂...၃...၄.. ​စ​သ​ဖြင့်​ပါ​မယ်.. ​အ​များ​ဆုံး​ပါ​တဲ့ ​နံ​ပါတ်​ကို ​ထား​လိုက်​ပါ။
(၄)  ok  ​ပေး​လိုက်​ပါ​တော့... ​အို​ကေ ​ပြီး​တာ​နဲ့ ​နောက်​ဆုံး​အေ​န​နဲ့...
(၅)  Apply ​ကို​က​လစ်​ပါ  ​နောက်  ok  ​က​လစ်​လိုက်​ပါ  ​ဒါ​ဆို ​ပြီး​ဆီး​အောင်​မြင်​ပါ​ပြီ
ဘ​လော့​ခ​ရီး​သည်
{​အ​ခြား​သော ​နည်း​ပ​ညာ​နှင့် ​ပါတ်​သက်​သော ​အ​ကြောင်း​အ​ရာ​များ​ကို 
http://www.nyinaymin.org ​မှာ ​ဝင်​ရောက် ​လေ့​လာ​နိုင်​ပါ​တယ်}
Computer ​အ​တွက်​လုပ်​ဆောင်​သင့်​သော​နည်း​လမ်း​များ (၅)
ကဲ​စ​မယ်​နော်... ​ပ​ထ​မ​ဆုံး  ​မိ​မိ​တို့ ​ကွန်​ပျူ​တာ​ရဲ့ Win + R ​ကို​တွဲ​က​လစ်​ကာ Run Box ​ခေါ်​လိုက်​ပါ​နော်.
သည်​နည်း​က​တော့ Start Type ​တွေ​နဲ့ ​မ​လို​အပ်​တဲ့ Services ​အ​ချို့​ကို​ပိတ်​ထား​မှာ​ဖြစ်​ပါ​တယ်
ဒီ​တော့ ​ကျွန်​တော်​တို့ Run ​ထဲ​က​နေ “msconfig” ​လို့​ရိုက်​လိုက်​ပီး System Configuration​ကို​သွား​ရ​မှာ​ဖြစ်​ပါ​တယ်...​နော်...​ကဲ​စ​ပြီ​နော်..
 ဇ​ယား​ရဲ့ ​အ​ပေါ်​က Startup ​ဆို​တာ​ကို​က​လစ်​ပေး​လိုက်​ပါ​နော်.. ​နောက် ​ကျ​လာ​တဲ့ ​ထဲ​က ​မ​လို​အပ်​တာ​တွေ​ကို ​အ​ကုန် ​အ​မှန်​ခြစ် ​ဖြုတ်​ပေး​လိုက်​ပါ... ​အား​လုံး​ကို Disable all ​ဆို​ပြီး ​အ​မှန်​ဖြစ်​အား​လုံး ​ဖြုတ်​ထား​လည်း ​ပြ​ဿ​နာ​မ​ရှိ​ဘူး​နော်  ​မိ​မိ​တို့​သ​ဘော​ပါ  ​ကျ​နော်​က​တော့  ၃..၄...​ခု​လောက်​ဘဲ  ​ထား​ပါ​တယ်.. ​ပုံ​မှာ  ​န​မူ​နာ​ကြည့်​စေ​ခြင်​လို့ ​လုပ်​ပြ​ထား​တာ​ပါ... ​သူ​က ​ဝင်း​ဒိုး​တက်​တာ​ကို ​လေး​လံ​စေ​ပါ​တယ်... ​ဒါ​ကြောင့် ​မ​လို​အပ်​ပါ​က  ​အ​မှန်​မ​ခြစ်​ဖို့ ​ပြော​ခြင်​ပါ​တယ်...
 ကဲ ​ပြီး​တာ​နဲ့   Apply ​လေး​ဘဲ​ပေး​ထား​လိုက်​ပါ... OK  ​မ​လို​သေး​ဘူး​နော် ​သည်​နေ​ရာ​မှာ​ဘဲ  ​လုပ်​စ​ရာ​တွေ ​ရှိ​နေ​ပါ​သေး​တယ်...​ဆက်​ကြ​မယ်...
Boot  ​ကို​က​လစ်​လိုက်​ပါ.....​အ​ပေါ် ​က​ဘဲ​နော်...​စော​စော​က Startup ​လို​မျိုး​ပေါ့​နော်..
Boot ​ထဲ​ရောက်​တာ​နဲ့ ​ပ​ထ​မ ​ညာ​ဘက်​က ​နံ​ပါတ် (၂)  ​နေ​ရာ​က Timeout ​နေ​ရာ​မှာ 3 seconds ​ကို​ဘဲ​ထား​ပေး​လိုက်​ပါ​နော်...​ဘာ​လို့​လည်း​ဆို​တော့ ​ဝင်း​ဒိုး​တက်​တက်​ချင်း
ရွေး​ချယ်​စ​ရာ (Dual Boot ​တင်​ထား​တယ်​ဆို​ရင်​ပေါ့) OS ​တွေ​ရှိ​ရင်​တော့  3  ​စ​က္ကန့်​ပဲ​သတ်​မှတ်
ထား​တဲ့​အ​တွက်​ကြောင့် ​ဝင်း​ဒိုး​အ​တက်​ကို​မြန်​ဆန်​စေ​ပါ​တယ်။နေ​ဦး ​နောက် ​နံ​ပါတ် (၃) Advanced options ​ဆို​တာ​ကို​က​လစ်​လိုက်​ပါ...
 က​လစ်​တာ​နဲ့ ​ညာ​ဘက်​က ​ဇ​ယား​လေး ​တ​ခု ​ထပ်​ကျ​လာ​မှာ ​ဖြစ်​ပါ​တယ်... ​ကျ​လာ​တဲ့​ထဲ​က.. NumberProcessors ​ဆို​တာ​မှာ ​အ​မှန်​ခြစ်​ပါ  ​သူ့​ထဲ​မှာ ​နံ​ပါတ် ​ဘယ်​တိုင်း​တာ ​ထိ​ပါ​လဲ  ​နောက်​က ​မျှား​လေး​ကို​က​လစ်​ကြည့်​ပါ  ​ပါ​လာ​တဲ့ ​ထဲ​က ​အ​မြင့်​ဆုံး​နံ​ပါတ် ​ထိ ​ထား​ပေး​လိုက်​ပါ..​အ​နော့်​စက်​က​တော့ 
1-2 ​ဘဲ​ပါ​တော့  2 ​ဆို​တာ  ​ထား​လိုက်​ပါ​တယ်.. ​တ​ချို့​ဆို 1-2-3-4- ​ ဆို​တဲ့​ထိ ​ပါ​လိမ့်​မယ်.. ​အ​မြင့်​ဆုံး​ကို​သာ​ရွေး​ချယ်​ပေး​လိုက်​ပါ​နော်..​ပြီး​တာ​နဲ့ ​ညာ​ဘက်​က​ဇ​ယား​ကို  ok ​ပေး​လိုက်​ပါ..
မ​ထွက်​နဲ့​အုံး​နော်  ​ပင်​မ  System Configuration  ​ဇ​ယား​က​နေ ​ပေါ့..​ကျန်​တေး​တယ်..ေိေိ
Service ​ဆို​တာ​ကို​က​လစ်​လိုက်​ပါ
Services ​ကို​ရောက်​တာ​နဲ့ ​အ​ပေါ်​ပုံ​ပါ  ​သူ​လည်း ​အ​ပေါ်​ဆုံး​က Stratup ​တုန်း​က​လို​ပေါ့... ​မိ​မိ​တို့ ​မ​လို​အပ်​သော ​အ​ရာ​များ​ကို ​အ​မှန်​ခြစ် ​ဖြုတ်​ပေး​ရ​မှာ ​ဖြစ်​ပါ​တယ်.....​ပြီး​တာ​နဲ့ Apply/Ok ​ရ​ပျွီ​နော် ​ထွက်​လို့..ေိေိ
 သည်​လို ​နည်း​လမ်း​လေး​တွေ ​လုပ်​ပေး​ခ​ငျွး​ဖြင့် ​မိ​မိ​တို့ ​ကွန်​ပျူ​တာ​လေး​လည်း ​လန်း​ဆန်း​ပေါ့​ပါး​လာ​လိမ့်​မယ်​ဆို​တာ ​ယုံ​ကြည် ​မျှော်​လင့်​ခြင်း​ဖြင့်... ​အ​ဆင်​ပြေ​နိုင်​ကြ​ပါ​စေ​နော်....
ဆက်​လက်​လေ့​လာ​လို​ပါ​က
==============
Computer ​အ​တွက်​လုပ်​ဆောင်​သင့်​သော​နည်း​လမ်း​များ (၆)
 ခု​လို​အား​ပေး​တဲ့​အ​တွက် ​အ​ထူး​ကျေး​ဇူး​တင်​ပါ​ကြောင်း ​ပြော​ကြား​ပါ​ရ​စေ..​ဘ​လော့​ခ​ရီး​သည်​မှ ​နည်း​ပ​ညာ​များ​အား ​မည်​သူ​မ​ဆို ​လွတ်​လပ်​စွာ ​ကူး​ယူ​သုံး​စွဲ​နိုင်​ပါ​တယ်.. ​ကျွန်​တော် ​ပိုင်​ဆိုင်​သော​နေ​ရာ​လေး​များ​အား ​ဆက်​လက် ​လည်​ပါတ်​လို​ပါ​က
ဘ​လော့​ခ​ရီး​သည်​သို့ ​ဒီ​မှာ ​သွား​လိုက်​ပါ
လယ်​တီ​မြေ​သား​သို့​ဒီ​မှာ ​သွား​လိုက်​ပါ
စာ​ပေ​နန်း​တော်​သို့​ဒီ​မှာ ​သွား​လိုက်​ပါ
{​အ​ခြား​သော ​နည်း​ပ​ညာ​နှင့် ​ပါတ်​သက်​သော ​အ​ကြောင်း​အ​ရာ​များ​ကို 
http://www.nyinaymin.org ​မှာ ​ဝင်​ရောက် ​လေ့​လာ​နိုင်​ပါ​တယ်}
Computer ​အ​တွက်​လုပ်​ဆောင်​သင့်​သော​နည်း​လမ်း​များ (၄)
ကဲ ​ဒါ​လေး​က​တော့  ​ကွန်​ပျူ​တာ ​မှာ  ​မ​လို​အပ်​တဲ့ ​အ​မှိုက်​တွေ  ​ဝင်း​ဒိုး​လော့ ​တွေ​ကို ​ရှင်း​လင်း​ပေး​ဖို့
နည်း​လမ်း​ကောင်း​လေး​ဘဲ ​ဖြစ်​ပါ​တယ်... ​လုပ်​နည်း​လေး​ကို ​အောက်​မှာ ​သေ​ခြာ ​ရှင်း​ပြ​ထား​ပါ​တယ်..
ပ​ထ​မ​ဆုံး ​မိ​မိ​တို့​ကွန်​ပျူ​တာ start ​က​နေ​ဖြစ်​စေ Win + R ​တွဲ​လို့​ဖြစ်​စေ   run box ​ကို​ခေါ်​လိုက်​ပါ​နော်
 ပ​ထ​မ​ဆုံး  ​န​မူ​နာ​လေး​တစ်​ခု​နဲ့ ​ရှင်း​ပြ​လိုက်​ပါ့​မယ်... ​အ​လား​တူ ​လုပ်​ဆောင်​ရ​မှာ​က​တော့ ​အောက်​က​ဖေါ်​ပြ​ထား​တဲ့ ​အ​ချက် ​ငါး​ချက်​ကို​ပါ​ဘဲ...​တ​ခု ​လုပ်​ပြ​တာ​နဲ့ ​ကျန်​တာ ​အ​ကုန်  ​အ​လား​တူ ​လုပ်​ဆောင်​ရ​မှာ ​ဖြစ်​ပါ​တယ်​နော်... ​ကဲ​စ​မယ်​နော်.....
၁။  temp    ​ကို ​ရိုက်select all(ctrl+A)​ပြီး​ရင်(shift+delete..)
၂။  %temp%   ​ကို ​ရိုက် select all(ctrl+A)​ပြီး​ရင်(shift+delete.)
၃။  prefetch     ​ကို​ရိုက်  select all (ctrl+A) ​ပြီး​ရင် (shift+delete)
၎။  recent       ​ကို​ရိုက် selete all (ctrl+A)  ​ပြီး​ရင် (shift+delete)
၅။  cookies   ​ကို​ရိုက် selete all(ctrl+A) ​ပြီး​ရင် (shift+delete)
ပ​ထ​မ​ဆုံး ​နံ​ပါတ် (၁)  ​ကို​န​မူ​နာ ​ထား​လုပ်​ပြ​ပါ့​မယ်​နော်  ​ခု​လို ​ထည့်​ပြီး ​အို​ကေ  ​ပေး​လိုက်​တာ​နဲ့...
 ဇ​ယား​ကွက်​ကြီး​နဲ့ ​အ​တူ ​အ​ထဲ​မှာ ​မ​လို​လား​အပ်​သော ​အ​မှိုက်​များ ​ရှိ​နေ​ပါ​တယ်.. ​ဖိုင်​တွေ ​တွေ့​လို့ ​နှေ​မျာ ​မ​နေ​နဲ​က​နော်  ​အဲ​တာ​တွေ​က ​သင့်​ကွန်​ပျူ​တာ​ကို ​လေး​လံ​စေ​တာ​တွေ​ပါ..​အ​ချိန်​ကြာ​လာ​လာ​လေ​လေ
အ​ရမ်း ​များ​လာ​လေ​လေ   ​လေး​လံ ​လာ​လေ​လေ​ဘဲ​ဆို​တာ ​နား​လည်​ထား​ပေး​ပါ​နော်....
အဲ​အ​ထဲ​က ​ဖိုင်​တွေ ​အား​လုံး​ကို  select all ( Ctrl + A ) ​နဲ့ ​အ​ကုန် ​အ​ပြာ​ခဲ ​ခြစ်​လိုက်​ပါ...​နောက်
Delete ​လိုက်​ပါ​နော်...​ရဲ​ရဲ ​သာ ​ဖျက်​ပြစ်​လိုက်​ပါ​ဗျာ.... ​အ​သုံး​မ​ဝင်​တာ​တွေ​ကို ​စက်​အ​လေး​ခံ ​ထား​ဖို့​မ​လို​ပါ
အဲ​လို ​ဖျက်​တဲ့​ခါ​မှာ  ​ဘောက်​လေး​တ​ခု ​ကျ​ကျ​လာ​မယ်​ဗျ...​သူ​က​တော့ ​အောက်​မှာ ​ကြည့်​လိုက်​ပါ.....
 ခု​လို​လေး ​ကျ​လာ​တဲ့​အ​ခါ​မျိုး​မှာ ​တိုင်း​ပေါ့​နော်... ​အ​နီ​ဝိုင်း​ပြ​တဲ့​နေ​ရာ ​အ​မှန်​ခြစ်​ပေး​ပါ  Skip ​ကို​က​လစ်​ပေး​ပါ...​သူ ​ကျ​ကျ​လာ​တိုင်း ​ထို့​နည်း​တူ ​လုပ်​ပေး​လိုက်​ပါ​နော်... ​နောက် ​ပြော​ခြင်​သေး​တယ်
 တ​ချို့ ​ဖျက်​လို့ ​မ​ရ​တဲ့ ​ဖိုင်​လေး​တွေ ​ကျန်​နေ​တတ်​တယ်... ​တ​ခု ​ချင်း ​စီ ​မောက်​နဲ့ ​ညာ​က​လစ် delete ​လုပ်​ကြည့်​ပါ​အုံး  ​မ​ရ​တော့​ဘူး​ဆို​ရင်​တော့ ​ထား​ခဲ့​လိုက်​ပါ​နော်... ​ဖျက်​မ​ရ​တော့​လို့​ပါ  ​ပြ​ဿ​နာ​မ​ရှိ​ပါ..
ကဲ  ​အ​ပေါ်​က ​ပြ​ထား​တဲ့ ​အ​ချက် ​နံ​ပါတ်​စဉ်  (၅)  ​ခု​စ​လုံး ​သည်​နည်း​နဲ့​ဘဲ  ​ကစ်​လိုက်​တော့​ဗျာ​နော်....
နောက် Window Clear Logs ​ဆို​တာ​ကို ​ရှင်း​ပေး​ကြ​ရ​အောင်​နော်....​သူ​ကို​လည်း run box ​ခေါ်​လိုက်​ပါ
အဲ​ထဲ​မှာ​ဘဲ   eventvwr  ​ဆို​တဲံ​စာ​သား​လေး ​ထည့်​ပြီး  ​အို​ကေ  ​ပေး​လိုက်​ပါ​နော်....
အဲ​ခါ​မှာ ​အောက်​မှာ ​ဇ​ယား​ကြီး​တ​ခု  ​ကျ​လာ​မှာ​ဖြစ်​ပါ​တယ်
လွယ် ​ကူ​စေ​ဖို့ ​နံ​ပါတ်​စဉ်​လေး ​လုပ်​ပေး​ထား​ပါ​တယ်  ​အ​စဉ်​လိုက်​သွား​လိုက်​ပါ​နော်....​အ​ဆင်​ပြေ​မှာ​ပါ
Window Logs  ​ဆို​တာ​ကို ​နှစ်​ချက်  ​က​လစ်​ပေး​လိုက်​ပါ  ​ဒါ​ဆို ​အောက်​မှာ ​သူ​နဲ့ ​ဆိုင်​တဲ့ ​စာ​ကြောင်း
applacation
security
setup
system
forwarded events    ​ဆို​ပြီး​ကျ​လာ​တာ​တွေ့​ရ​မယ်.. ​အဲ​စာ ​တန်း​တွေ​ကို​ဘဲ ​တ​ခု​ချင်း​စီ​ပေါ့  ​မောက်​တင်  ​ညာ​က​လစ်​ပေး  clear logs ​ဆို​တာ​က​လစ်​လိုက်​ပါ...​ဒါ​ဆို ​ဘောက်​သေး​သေး​လေး​ကျ​လာ​မယ်.....
Clear ​ဆို​တာ​က​လစ်​ပေး​ပြီး ​ရှင်း​ပေး​လိုက်​ပါ​နော်..​ဒါ​ဆို ​ပြီး​ပါ​ပြီ​ဂျာာ
ဆက်​လက်​လေ့​လာ​လို​ပါ​က
==============
 ခု​လို​အား​ပေး​တဲ့​အ​တွက် ​အ​ထူး​ကျေး​ဇူး​တင်​ပါ​ကြောင်း ​ပြော​ကြား​ပါ​ရ​စေ..​ဘ​လော့​ခ​ရီး​သည်​မှ ​နည်း​ပ​ညာ​များ​အား ​မည်​သူ​မ​ဆို ​လွတ်​လပ်​စွာ ​ကူး​ယူ​သုံး​စွဲ​နိုင်​ပါ​တယ်.. ​ကျွန်​တော် ​ပိုင်​ဆိုင်​သော​နေ​ရာ​လေး​များ​အား ​ဆက်​လက် ​လည်​ပါတ်​လို​ပါ​က
ဘ​လော့​ခ​ရီး​သည်​သို့ ​ဒီ​မှာ ​သွား​လိုက်​ပါ
လယ်​တီ​မြေ​သား​သို့​ဒီ​မှာ ​သွား​လိုက်​ပါ
စာ​ပေ​နန်း​တော်​သို့​ဒီ​မှာ ​သွား​လိုက်​ပါ
{​အ​ခြား​သော ​နည်း​ပ​ညာ​နှင့် ​ပါတ်​သက်​သော ​အ​ကြောင်း​အ​ရာ​များ​ကို 
http://www.nyinaymin.org ​မှာ ​ဝင်​ရောက် ​လေ့​လာ​နိုင်​ပါ​တယ်}
Computer ​အ​တွက်​လုပ်​ဆောင်​သင့်​သော​နည်း​လမ်း​များ (၃)
 မ​င်္ဂ​လာ​ပါ​နော်  ​သည်​နေ့ ​ကျ​နော် ​ထပ်​မံ ​ကြိုး​စား​ပြီး ​ကွန်​ပျူ​တာ​အ​တွက် ​လုပ်​သင့်​သော ​အ​ချက်​လက်​လေး​များ​ဆို​တာ​ကို  ​ရေး​သား​မှာ ​ဖြစ်​ပါ​တယ်.. ​အ​ရင်​နေ့​က  ​နံ​ပါတ် (၁)  ​နဲ့ (၂ )  ​ကို​တင်​ပြ
ပြီး​ဖြစ်​တဲ့​အ​တွက် ​သည်​ဟာ​က​တော့  ​နံ​ပါတ်  (၃) ​ပေါ့​ဗျာ.. ​ကဲ ​စ​လိုက်​ကြ​ရ​အောင်​ဗျာ​နော်
ကဲ ​ပ​ထ​မ​ဆုံး ​မိ​မိ​တို့ ​ကွန်​ပျူ​တာ​ရဲ့  Sound Effect ​တွေ​ကို ​ပိတ်​ဖို့​အ​တွက် Start  ​က​နေ Contro Panel
ကို​သွား​လိုက်​ပါ​နော်...
ရောက်​ပြီ​ဆို​တာ​နဲ့ ​ပ​ထ​မ​ဆုံး ​ညာ​အ​ပေါ်​ထောင့်​က View by: ​ဆို​တာ​တ​ချက်​ကြည့်​ပါ  ​မိ​မိ​ကွန်​ပျူ​တာ​မှာ
အ​ပေါ်​ပုံ​ပြ​ထား​သ​လို ​အ​ကုတ် ​မ​ပေါ်​ဘူး​ဆို​ပါ​က large icon ​ဆို​တာ​ပြောင်း​ပေး​လိုက်​ပါ... ​အို​ကေ
 ပြီး​တာ​နဲ့ sound effect ​တွေ ​ပိတ်​ဖို့  Sound  ​ဆို​တဲ့ ​စ​ပီ​ကာ​ပုံ​လေး​ကို ​က​လစ်​ပါ... ​ဘောက်​လေး​ထွက်​ပေါ်​လာ​ပါ​လိမ့်​မယ်​နော်.. ​ဘောပ်​အ​ပေါ်​က sound ​ဆို​တာ​က​လစ်​ပါ..
၁-  sound scheme ​ဆို​တာ​နောက်​က ​မျှား​လေး​က​လစ်​လိုက်​ပါ....
၂-  no sound  ​ဆို​တာ​ကို ​ထား​ပေး​လိုက်​ပါ​နော်....
၃-  ​ထား​ပြီး​နောက် save as ​ဆို​တာ​က​လစ်​ပြီး no sound ​နေ​ရာ ​မိ​မိ​နှစ်​သက်​ရာ ​အ​မည်​ပေး​ပါ...
၎-   ​ဒါ​ဆို ​အဲ​အ​တွက် ​ပြီး​ပြီ​ပေါ့  Apply-Ok ​ပေါ့​နော်....
================================================
နောက်​ထပ် ​တ​ဆင့်​တက်​ကြ​မယ်... ​မိ​မိ​တို့ ​ကွန်​ပျူ​တာ​ထဲ​က MyComputer ​ဆို​တာ​ကို ​ညာ​က​လစ်​ပေး​လိုက်​ပါ  ​နောက်  ​အောက်​ဆုံး​က  Properties ​ကို​ဝင်​ပေး​လိုက်​ပါ​နော်....
အဲ​မှာ System ​ဇ​ယား​ကြီး​တ​ခု​ကျ​လာ​မှာ​ဖြစ်​ပါ​တယ်...​အဲ​ထဲ​က Advanced Syatem Setting ​ဆို​တာ​ကို​က​လစ်​သွား​လိုက်​ပါ.....
Syatem Properties ​ဆို​တဲ့ ​ဇ​ယား​တ​ခု​ကျ​လာ​မှာ ​ဖြစ်​ပါ​တယ်.. ​အဲ​ဇ​ယား​အ​ပေါ်​က Advance ​ဆို​တာ​က​လစ်​ပါ ​အို​ကေ ​အဲ​လို​က​လစ်​ပြီး  ​အ​ပေါ်​ဆုံး​မှာ ​ရှိ​နေ​မယ့်   Performance ​ဆို​တာ​ရဲ့  Setting
ဆို​တာ​ကို​က​လစ်​ပေး​လိုက်​ပါ....
 ထို​ဇ​ယား​ထဲ​က​နေ Custom ​ဆို​တဲ့ ​ရှေ့ ​အ​မှတ်​ပေး​ပြီး ​အောက်​မှာ ​ရှိ​နေ​တဲ့ Vissual Effects ​စာ​တိုင်​တွေ​မှာ​ပေါ့.... ​မိ​မိ​တို့​အ​တွက် ​လို​အပ်​သည်​များ​ကို​သာ​အ​မှန်​ခြစ် ​ထား​ပေး​လိုက်​ပါ ​ကျ​နော်​က​တော့ ​နည်း​နည်း​လေး​ဘဲ ​ထား​ထား​တာ​မို့ ​တ​ချို့ ​သည်​ထက်​ပို​တဲ့ ​စာ​တိုင်​တွေ​လဲ ​ရှိ​လာ​မှာ ​ဖြစ်​ပါ​တယ်...
ဥ​ပ​မာ။          ။ Enable aero Peek / Enable desktop compostion / ​စ​တဲ့​စ​တဲ့ ​စာ​လေး​တွေ 
ဆက်​လက်​လေ့​လာ​လို​ပါ​က
==============
ကျွန်​တော် ​ပိုင်​ဆိုင်​သော​နေ​ရာ​လေး​များ​အား  ​ဆက်​လက် ​လည်​ပါတ်​လို​ပါ​က
ဘ​လော့​ခ​ရီး​သည်​သို့ ​ဒီ​မှာ ​သွား​လိုက်​ပါ
လယ်​တီ​မြေ​သား​သို့​ဒီ​မှာ ​သွား​လိုက်​ပါ
စာ​ပေ​နန်း​တော်​သို့​ဒီ​မှာ ​သွား​လိုက်​ပါ
{​အ​ခြား​သော ​နည်း​ပ​ညာ​နှင့် ​ပါတ်​သက်​သော ​အ​ကြောင်း​အ​ရာ​များ​ကို 
http://www.nyinaymin.org ​မှာ ​ဝင်​ရောက် ​လေ့​လာ​နိုင်​ပါ​တယ်}
အ​ကြိုက်​ဆုံး​ဆိုဒ်​တွေ​ကို Computer ​ပေါ်​မှာ App Shortcut ​လေး​လုပ်​တင်​ထား​မယ်
 မ​င်္ဂ​လာ​ပါ  ​သည်​နည်း​လမ်း​လေး​ကို​တော့  ​သ​ဘော​ကျ​လိမ့်​မယ်​လို့ ​မျှော်​လင့်​မိ​ပါ​တယ်... ​မ​ဆန်း​ကျယ်​လှေ​ပ​မယ့်  ​အ​သုံး​ဝင်​စေ​တဲ့​နည်း​လမ်း​ဆို ​မ​မှား​ပါ​ဘူး... ​ဘာ​လဲ​ဆို​တော့ ​မိ​မိ​တို့ ​အ​ရမ်း ​ခ​ရေ​စီ  ​ဖြစ်​တဲ့  ​အ​မြဲ ​လို​လို​ဝင်​နေ​ကျ​ဖြစ်​တဲ့  ​ဆိုဒ်​တွေ ​ကို  ​မိ​မိ​တို့ ​ကွန်​ပျူ​တာ Desktop ​ပေး​မှာ ​မှန်​ပြင် ​မှာ
အိုင်​ကွန်​လေး​အ​ဖြစ်  ​အ​လွယ်​တ​ကူ​တင်​ထား​တဲ့​နည်း​လမ်း​လေး​တ​ခု​ဘဲ ​ဖြစ်​ပါ​တယ်....
 ဒါ​ကို Desktop App ​လို့​ဆို​ရ​မ​လား​ဘဲ​ဗျ... ​သူ​က​တော့ Chrome Browser ​က​နေ​ဘဲ ​စွမ်း​ဆောင်​ပေး​နိုင်​မှာ​ဖြစ်​ပါ​တယ်.... ​လုပ်​နည်း​ကို ​အောက်​မှာ ​ပုံ​လေး​တွေ​နဲ့ ​တစ်​ကွ ​ဖြေ​ရှင်း​ထား​ပါ​တယ်..
Chrome Browser ​က​နေ ​နှစ်​သက်​တဲ့ ​ဝက်​ဆိုက်​ကို​သွား​ပါ။ပြီး​ရင် Customize & control Chrome button ​ကို​နှိပ်​ပြီး Tools   ​က​နေ​တ​ဆင့်   Create application shortcut ​ကို​နှိပ်​ပါ။
ပုံ​မှာ ​ပြ​ထား​သ​လို​ပေါ့ ​အ​ဆင့်​ဆင့်   ​နံ​ပါတ်​စဉ်​အ​လိုက် ​သွား​ပေး​လိုက်​ပါ​နော်...
နောက် ​တ​ဆင့်​အ​နေ​နဲ့ ​အိုင်​ကွန်​လေး ​ရေး​ဖို့ ​ဘောက်​လေး​တစ်​ခု​ကျ​လာ​မှာ ​ဖြစ်​ပါ​တယ်​နော်...
မိ​မိ​တို့ ​နှစ်​သက်​သ​လို ​ရွေး​ချယ် ​အ​မှန်​ခြစ်​ပေး​လိုက်​ပါ​နော်..​ဒါ​ဆို ​လုပ်​ဆောင်​ချက် ​ပြီး​မြောက်​ပါ​ပြီ..
 ခု​လို​အား​ပေး​တဲ့​အ​တွက် ​အ​ထူး​ကျေး​ဇူး​တင်​ပါ​တယ်... ​လို​အပ်​တာ​များ​ရှိ​ပါ​က.. C-Box ​မှာ​ပြော​ခဲ့​ကြ​နိုင်​ပါ​တယ်... ​အ​တတ်​နိုင်​ဆုံး ​ကြိုး​စား ​ကူ​ညီ ​မျှေ​ဝ​သွား​ပါ​မည်... ​ဘ​လော့​ခ​ရီး​သည်​နေ​ရာ​လေး​များ 
www.ledimye.blogspot.com 
www.aungsanmks.com 
www.ninilayy.blogspot.com
{​အ​ခြား​သော ​နည်း​ပ​ညာ​နှင့် ​ပါတ်​သက်​သော ​အ​ကြောင်း​အ​ရာ​များ​ကို 
http://www.nyinaymin.org ​မှာ ​ဝင်​ရောက် ​လေ့​လာ​နိုင်​ပါ​တယ်}
Computer ​အ​တွက်​လုပ်​ဆောင်​သင့်​သော​နည်း​လမ်း​များ (၂)
ကွန်​ပျူ​တာ ​ဆား​ဗစ်​သ​မား​တွေ​အ​တွက် ​မ​လို​အပ်​ပေ​မယ့်  ​လေ့​လာ​ခါ​စ  ​ညီ​ငယ် ​မောင်​မယ်​များ​အ​တွက် ​ဝါ​သ​နာ​ရှင်​အ​ဆင့်​အ​နေ​နဲ့  ​ကျွန်​တော်..​လေ့​လာ ​မှတ်​သား​မိ​သ​လောက်  ​ပြန်​လည် ​မျှေ​ဝ​ခြင်း​ပါ... ​ကဲ​စ​မယ်
အ​ဆင့်  (၁)  ​အ​နေ​နဲ့  ​မိ​မိ​တို့ ​ကွန်​ပျူ​တာ start ​က​နေ ​ဖြစ်​စေ Win + R ​ကို​တွဲ​က​လစ်​သည်​ဖြစ်​စေ
Run  Box ​ကို​ခေါ်​လိုက်​ပါ... ​ကျ​လာ​တာ​နဲ့  “gpedit.msc”  ​ကို​ထည့်​ပြီး ok ​ပေး​လိုက်​ပါ....
ခု​လို​ထည့်​တာ​နဲ့ ​အောက်​ဖော်​ပြ​ပါ​ပုံ​အ​တိုင်း Group Policy Editor ​ပေါ်​လာ​မှာ​ဖြစ်​ပါ​တယ်
ပုံ​သေ​ခြာ ​မ​မြင်​ရ​ပါ​က ​က​လစ်​လိုက်​ပါ... ​နံ​ပါတ်​စဉ်​တိုင်း​သွား​ပေး​လိုက်​ရင်  ​ရ​ပါ​ပြီ....
ထို​အ​ထဲ​မှာ​မှ ​ကျွန်​တော်​တို့​က Computer Configuration ​အောက်​က Administrative Template Tool
အောက်​က Windows Components ​ထဲ​က AutoPlay Policies ​ထဲ​ကို​ဝင်​ပီး ​ညာ​ဘက်​ခြမ်း​မှာ​ရှိ​တဲံ
 “Turn offAutoplay” ​ဆို​တာ​ကို Double Click  ​နှိပ်​လိုက်​ပါ။
Default ​အ​ရ​ဆို​ရင် Radious Check Box ​လေး​က Not Configured ​ဖြစ်​နေ​ပါ​မယ်။ ​အဲ​ဒါ​ကို​ကျွန်​တော်
တို့​က Enabled ​လို့​သတ်​မှတ်​ပီး Turn off Autoplay on   ​ဆို​တဲ့​နေ​ရာ​မှာ All Drives ​ရွေး​ချယ်
မှတ်​ပေး​ရ​မှာ​ဖြစ်​ပါ​တယ်။ ​ပီး​သွား​ရင်​တော့ Apply / OK ​ဆို​တာ​ကို​နှိပ်​ပေး​လိုက်​ပါ
အ​ဆင့်  (၂)  ​အ​နေ​နဲ့​က​တော့... ​အ​စ​မူ​လ​က ​ဝင်​ခဲ့​တဲ့ Group Policy Editor  ​ဇ​ယား​မှာ​ဘဲ ​ပြန်​ကြည့်​ပါ
 Computer Configuration  ​က​နေ​လုပ်​ခဲ့​တာ​ပါ   ​ခု ​အ​ဆင့်(၂) ​က​တော့ user configuration ​က​နေ​လုပ်​တာ  ​ပါ....​ကျန်​တာ ​အား​လုံး ​အ​လား​တူ​ဘဲ ​ဖြစ်​ပါ​တယ်​နော်...
user configuration ​အောက်​က Administrative Template Tool
အောက်​က Windows Components ​ထဲ​က AutoPlay Policies ​ထဲ​ကို​ဝင်​ပီး ​ညာ​ဘက်​ခြမ်း​မှာ​ရှိ​တဲံ
 “Turn offAutoplay” ​ဆို​တာ​ကို Double Click  ​နှိပ်​လိုက်​ပါ။
Default ​အ​ရ​ဆို​ရင် Radious Check Box ​လေး​က Not Configured ​ဖြစ်​နေ​ပါ​မယ်။ ​အဲ​ဒါ​ကို​ကျွန်​တော်
တို့​က Enabled ​လို့​သတ်​မှတ်​ပီး Turn off Autoplay on   ​ဆို​တဲ့​နေ​ရာ​မှာ All Drives ​ရွေး​ချယ်
မှတ်​ပေး​ရ​မှာ​ဖြစ်​ပါ​တယ်။ ​ပီး​သွား​ရင်​တော့ Apply / OK ​ဆို​တာ​ကို​နှိပ်​ပေး​လိုက်​ပါ
ဆက်​လက်​လေ့​လာ​ရန်
===========
 ခု​လို​အား​ပေး​တဲ့​အ​တွက် ​အ​ထူး​ကျေး​ဇူး​တင်​ပါ​တယ်... ​လို​အပ်​တာ​များ​ရှိ​ပါ​က.. C-Box ​မှာ​ပြော​ခဲ့​ကြ​နိုင်​ပါ​တယ်... ​အ​တတ်​နိုင်​ဆုံး ​ကြိုး​စား ​ကူ​ညီ ​မျှေ​ဝ​သွား​ပါ​မည်... ​ဘ​လော့​ခ​ရီး​သည်​နေ​ရာ​လေး​များ
www.ledimye.blogspot.com
 www.aungsanmks.com
www.ninilayy.blogspot.com
{​အ​ခြား​သော ​နည်း​ပ​ညာ​နှင့် ​ပါတ်​သက်​သော ​အ​ကြောင်း​အ​ရာ​များ​ကို 
http://www.nyinaymin.org ​မှာ ​ဝင်​ရောက် ​လေ့​လာ​နိုင်​ပါ​တယ်}
Computer ​အ​တွက်​လုပ်​သင့်​သော ​နည်း​လမ်း​များ (၁)
 မဂ်​လာ​ပါ​နော်​သည်​နေ့ ​ရေး​မဲ့ ​နည်း​ပ​ညာ​လေး​က​တော့  ​ကွန်​ပျူ​ဆာ ​ဆား​ဗစ် ​ဆ​ရာ​တွေ​အ​တွက် ​ရီ​စ​ရာ​ဖြစ်​ကောင်း​ဖြစ်​နေ​မှာ​ပါ  ​ဒါ​ပေ​မယ့် ​ကျွန်​တော်​လို ​မ​လည်​မ​ဝယ်...​ယောင်​ဝါး ​ပ​ညာ​သင်​ဘ​ဝ​လေး​တွေ​အ​တွက်  ​နည်း​လမ်း​လေး​တစ်​ခု ​တိုး​ပါ​စေ​ဆို​တဲ့ ​ရည်​ရွယ်​ချက်​နဲ့ ​ရေး​ခြင်း​ဖြစ်​ပါ​တယ်  ​သိ​သူ ​ကျော်​သွား ​မ​သိ​သူ​ဖေါ်​စား​ပေါ့​နော်..ေိေိ
ဘာ​လဲ​ဆို​တော့ ​မိ​မိ​တို့​ကွန်​ပျူ​တာ​ကို  ​လုပ်​ဆောင်​သင့်​တဲ့​အ​ချက်​အ​လက်​လေး​တွေ ​များ​စွာ​ထဲ​က  ​တစ်​ခု
 လို့​ဆို​ကြ​ပါ​စို့... ​အ​ထူး​သ​ဖြင့် ​ဝင်း​ဒိုး​တင်​ပြီး​စ ​စက်​များ​အား  ​မ​ဖြစ်​မ​နေ ​လုပ်​ပေး​သင့်​တယ်​လို့ ​ယူ​ဆ​မိ​ပါ​တယ်... ​နောက် ​လို​အပ်​ချက်​လေး​တွေ​ကို  ​နံ​ပါတ်​စဉ်​လိုက်  ​တင်​ပေး​သွား​ပါ့​မယ်... ​ဒါ​က​တော့
နံ​ပါတ် (၁) ​အ​နေ​နဲ့​ပေါ့​နော်...
အ​ဆင့် (၁)  ​အ​နေ​နဲ့​က​တော့...............
ကဲ​စ​မယ်​ဗျာ..... ​ပ​ထ​မ​ဆုံး  ​မိ​မိ​တို့  ​ကွန်​ပျူ​တာ Start  ​က​နေ ​ဖြစ်​ဖြစ်   Win + R ​ကို​ဘဲ ​တွဲ​က​လစ်​လစ်
run box ​ကို​ခေါ်​လိုက်​ပါ​နော်.. ​အဲ​ကျ​လာ​တဲ့ ​ဘောက်​ထဲ​မှာ regedit  ​ဆို​တာ​လေး​ထည့် enter (​သို့)
ok  ​ပေး​လိုက်​ပါ​နော်..​အောက်​မှာ​ပုံ​လေး​တိုင်း​ပေါ့.....။
အို​ကေ  ​အဲ​လို ​ခေါ်​လိုက်​တာ​နဲ့  regedit ​ဆို​တဲ့ ​ဇ​ယား​ကြီး​တစ်​ခု​ကျ​လာ​မှာ ​ဖြစ်​ပါ​တယ်...​ကြည့်​လိုက်​ပါ
ပုံ​သေး​နေ​ရင် ​က​လစ်​လိုက်​ပါ​နော်...​ဒါ​ပေ​မယ့် ​သည်​လို ​အ​စဉ်​လိုက် ​သွား​ပေး​ပါ  ​လွယ်​ပါ​တယ်....
HKEY-CURRENT-USER  ​ဆို​ပြီး​ရှိ​မယ်  ​အဲ​တာ​ကို ​က​လစ်​ပါ...​နောက် ​သူ့​အောက်​က..​ပေါ်​လာ​မဲ့ 
Contro Panel  ​နောက် ​ထပ် Desktop ​ဆို​ပြီး ​တ​ဆင့်​ခြင်း​နံ​ပါတ်​လေး​တွေ​ပြ​ထား​သ​လို ​က​လစ်​ပေး​လိုက်​ပါ
 ပြီး​တာ​နဲ့ ​ညာ​ဘက်​ခြမ်း​မှာ ​ရှိ​နေ​တဲ့ MenuShoeDelay ​ဆို​တဲ့​စာ​တန်း​လေး​ရှာ​ပါ  ​တွေ့​တာ​နဲ့ Double ​က​လစ်​ပေး​လိုက်​ပါ  ​ဘောက်​သေး​သေး​လေး​ကျ​လာ​မယ်.. ​ကျ​လာ​တဲ့​ဘောက်​ထဲ​က Value data ​နေ​ရာ​က
နံ​ပါတ်​ကို  ​ဘာ​ဘဲ ​ကျ​လာ​လာ   ( 0 )..​သု​ည   ​ဟု​ပြောင်း​ပေး​ပြီး ok ​ပေး​လိုက်​ပါ...​နော်
အ​ဆင့်  (၂)  ​အ​နေ​နဲ့​က​တော့...​အောက်​မှာ ​ဆက်​ကြည့်​ပါ.. ​သည်​နေ​ရာ​က​ဘဲ  ​ပြန်​စ​မှာ​ဖြစ်​ပါ​တယ်..
                regedit ​ဇ​ယား​ကြီး​ကို ​မ​ဖျက်​လိုက်​ပါ​နဲ​က​နော်..​အဲ​ထဲ​က​ဘဲ​ဆက်​သွား​မယ်....
ပုံ​သေး​နေ​ရင် ​က​လစ်​လိုက်​ပါ​နော်...​ဒါ​ပေ​မယ့် ​သည်​လို ​အ​စဉ်​လိုက် ​သွား​ပေး​ပါ  ​လွယ်​ပါ​တယ်....
HKEY-LOCAL-MACHINE  ​ဆို​ပြီး​ရှိ​မယ်  ​အဲ​တာ​ကို ​က​လစ်​ပါ...​နောက် ​သူ့​အောက်​က..​ပေါ်​လာ​မဲ့
Syatem  ​နောက် ​ထပ် CurrentControlSet  ​နောက် Control ​ရဲ့ ​ညာ​ဘက်​ခြမ်း​မှာ​ရှိ​သော”Wait
toKill Services TimeOut”​က​လစ်​ပေး​လိုက်​ပါ ( ​နှစ်​ချက်​က​လစ်​ပါ)
နံ​ပါတ်​ကို  ​ဘာ​ဘဲ ​ကျ​လာ​လာ   ( 50 )..​ငါး​ဆယ်  ​ဟု​ပြောင်း​ပေး​ပြီး ok ​ပေး​လိုက်​ပါ...​နော်
အ​ဆင့်   (၃)  ​အ​နေ​နဲ့​က​တော့  ​ဆက်​လက်​ကြည့်​လိုက်​ပါ​နော်...
အ​တို​ခေါက်​အ​နေ​နဲ့​က​တော့    ( HKEY-USER/S-1-5-19/Control Panel/Desktop )
ပုံ​သေး​နေ​ရင် ​က​လစ်​လိုက်​ပါ​နော်...​ဒါ​ပေ​မယ့် ​သည်​လို ​အ​စဉ်​လိုက် ​သွား​ပေး​ပါ  ​လွယ်​ပါ​တယ်....
HKEY-USER  ​ဆို​ပြီး​ရှိ​မယ်  ​အဲ​တာ​ကို ​က​လစ်​ပါ...​နောက် ​သူ့​အောက်​က..​ပေါ်​လာ​မဲ့
S-1-5-19 ​နောက် ​ထပ် Control Panel ​အဲ​နောက် Desktop   ​တ​ဆင့်​ခြင်း​နံ​ပါတ်​လေး​တွေ​ပြ​ထား​သ​လို ​က​လစ်​ပေး​လိုက်​ပါ
 ပြီး​တာ​နဲ့ ​ညာ​ဘက်​ခြမ်း​မှာ ​ရှိ​နေ​တဲ့ MenuShoeDelay ​ဆို​တဲ့​စာ​တန်း​လေး​ရှာ​ပါ  ​တွေ့​တာ​နဲ့ Double ​က​လစ်​ပေး​လိုက်​ပါ  ​ဘောက်​သေး​သေး​လေး​ကျ​လာ​မယ်.. ​ကျ​လာ​တဲ့​ဘောက်​ထဲ​က Value data ​နေ​ရာ​က
နံ​ပါတ်​ကို  ​ဘာ​ဘဲ ​ကျ​လာ​လာ   ( 0 )..​သု​ည   ​ဟု​ပြောင်း​ပေး​ပြီး ok ​ပေး​လိုက်​ပါ...​နော်
မှတ်​ချက်...........
အ​ပေါ်​က​ပြ​ထား​တဲ့​အ​တိုင်း  HKEY-USER/S-1-5-19/Control Panel/Desktop  ​ကို​လုပ်​ခဲ့​သည်​လို​ဘဲ...
S-1-5-19  ​ရဲ့​အောက်​မှာ​ကျန်​နေ​သေး​တဲ့  S-1-5-20  ​ကို​လည်း​ပဲ  ​အ​လား​ဆူ ​လုပ်​ဆောင်​ပေး​လိုက်​ပါ
 ကဲ ​ဗျာ...​ပီး​သွား​ရင်​တော့ Registry ​ထဲ​မှာ ​အ​နည်း​ငယ်​လုပ်​ပီး​သွား​ပြီ​လို့ ​ဆို​ရ​မယ်​ဗျာ..…​ကျွန်​တော်​တို့Window7​မှာ​တော့ Registry
ပိုင်း​ ကို ​အ​များ​ကြီး​လိုက်​ပြင်​ပေး​စ​ရာ​မ​လို​ပါ​ဘူး ​အ​ကယ်​လို့ ​သင်​ဟာ WindowXP User ​ဆို​ရင်​တော့ ​တော်​တော်​လေး ​များ​မယ်​ထင်​တယ်..​နော်...
ဆက်​လက်​လေ့​လာ​ရန်
============
{​အ​ခြား​သော ​နည်း​ပ​ညာ​နှင့် ​ပါတ်​သက်​သော ​အ​ကြောင်း​အ​ရာ​များ​ကို 
http://www.nyinaymin.org ​မှာ ​ဝင်​ရောက် ​လေ့​လာ​နိုင်​ပါ​တယ်}
4 hrs ·
Psd ဖိုင်​​တွေပါ ယူ​စေဗျာ
(File size 45.4mb)https://my.pcloud.com/publink/show…
Comment