ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Friday, July 31, 2015

ဒီနေ့ပဲ စမ်းသပ်အသုံးပြုသင့်တဲ့ Android ရဲ့ စွမ်းဆောင်ချက် လေးခု

 
Android Phone တွေဟာ ဖုန်းပြောရုံ သက်သက် တီထွင်ပေးထားတာ မဟုတ်ပါဘူး။ စမတ်ဖုန်းတွေဟာ အရွယ်သေး အိတ်ဆောင် ကွန်ပြူတာတွေ ဖြစ်ကြပါတယ်။ ကွန်ပြူတာတွေ ဖြစ်ကြတဲ့အတွက် လျှို့ဝှက်နက်နဲတဲ့ စွမ်းဆောင်ချက်တွေလည်း ပါရှိလာကြပါတယ်။ အဲဒီအထဲက လူတွေ သိပ်အသုံးမပြုမိတဲ့ အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေကို ရေးသားပေးလိုက်ပါတယ်။
၁။ လျှို့ဝှက်စွမ်းဆောင်ချက်တွေကို အသုံးပြုပါ။
Android Device တွေမှာ Developer Options ကို လျှို့ဝှက်စွာ ထည့်သွင်းပေးထားပါတယ်။ နာမည်ကြားရင်တော့ အသုံးပြုရမှာ ကြောက်စရာ ဖြစ်ပေမယ့် အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ Developer Options မှာ Animation တွေကို ပိတ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်အောင် လုပ်နိုင်ခြင်း၊ ဂိမ်းကစားရာမှာ ဂရပ်ဖစ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ USB Debugging နဲ့ အခြား အသုံးဝင် စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ လျှို့ဝှက်ထားတဲ့ Developer Options ကို Enable လုပ်ဖို့အတွက် Settings> About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။ ဒါဆိုရင် Settings အောက်မှာ Developer Options ကို တွေ့မြင် အသုံးပြုနိုင်ပါပြီ။

1
၂။ သင့်ဖုန်းကို နှေးကွေးစေတဲ့ Apps များကို ရှာဖွေဖော်ထုတ်ပါ။
Process Stats ဟာ Developer Options ထဲမှ အကောင်းဆုံး စွမ်းဆောင်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ Android Device မှ Running Processes တွေနဲ့ ပတ်သက်တဲ့ အခြေအနေအားလုံးကို ဖော်ပြပေးနိုင်ပါတယ်။ လက်ရှိမှာ Run နေတဲ့ Process အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို နှိပ်ရင် RAM Usage , Run Time နဲ့ Running Processes List တို့ကို တွေ့နိုင်ပါတယ်။ RAM စားသုံးမှုများတဲ့ App တွေကို Force Stop လုပ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်စေမှာ ဖြစ်ပါတယ်။ 2
၃။ မှန်ဘီလူးကို အသုံးပြုပါ။
Android ရဲ့ Accessibility Settings ထဲမှာ ရိုးရှင်းပြီး အသုံးဝင်တဲ့ မှန်ဘီလူး စွမ်းဆောင်ချက် ပါရှိပါတယ်။ မှန်ဘီလူးကို On လုပ်ပြီးရင် ဖုန်းရဲ့ မည်သည့် စကရင်မှာမဆို သုံးချက်နှိပ်လိုက်တာနဲ့ Zoom In လုပ်ပေးမှာ ဖြစ်ပါတယ်။ သုံးချက်နှိပ်ပြီး နောက်ဆုံးအချက်မှာ ဖိထားရင် ခဏတာ Zoom လုပ်ပေးပြီး ဖိထားတာကိုလွှတ်လိုက်ရင် နဂိုအတိုင်း ပြန်မြင်ရမှာပါ။ သာမာန်အတိုင်း သုံးချက်နှိပ်ရင်တော့ Magnification Mode ကို ပြောင်းပေးမှာပါ။ Magnification Mode ကနေထွက်ဖို့ သုံးချက်ပြန်နှိပ်ပေးပါ။ Magnification Mode မှာ နေရာပြောင်းရွှေ့ကြည့်ရှုဖို့ လက်ချောင်းနှစ်ချောင်းကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။
Settings> Accessibility > Magnification gestures (Or) Settings > Accessibility > Vision > Touch Zoom ထဲကနေ မှန်ဘီလူးကို အသုံးပြုနိုင်ပါတယ်။
3 ၄။ ဖုန်းကို စာတွေ ဖတ်ခိုင်းပါ။
Text-to-Speech လို့ ခေါ်တဲ့ စာသားတွေကို အသံထွက်ဖတ်ပြပေးတဲ့ စွမ်းဆောင်ချက်ကိုလည်း လူသိနည်းကြပါတယ်။ Settings > Accessibility > Text-to-Speech Output ထဲသွားပြီး နှစ်သက်ရာ TTS Engine ကိုရွေးပေးပါ။ Engine ရဲ့ Settings ထဲသွားပြီး Language ကိုရွေးပေးနိုင်ပါတယ်။ ပြီးရင်တော့ TTS ကို အထောက်အပံ့ပေးတဲ့ App များမှာ စာတွေကို အသံထွက်ဖတ်ပြခိုင်းနိုင်ပါတယ်။ ဥပမာအားဖြင့် Pocket မှာ သိမ်းထားတဲ့ အင်တာနက်မှ ဆောင်းပါးတွေကို အသံထွက်ဖတ်ပြခိုင်းနိုင်ပါတယ်။
4

Windows 10 ကို အလွယ်ကူဆုံးနည်းဖြင့် Upgrade ပြုလုပ်ခြင်း


Windows 7 သို့မဟုတ် Windows 8 တို့ကနေ Windows 10 ကို လွယ်လွယ်ကူကူနဲ့ Upgrade ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။
Windows 10 ကို Upgrade ပြုလုပ်ရန်အတွက် http://www.microsoft.com/en-us/software-download/windows10 ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက် နေရာရောက်ရင် ဝက်ဘ်ဆိုက်ရဲ့ အောက်ခြေနားမှာ Download Tool Now (32-bit version) နဲ့ (64-bit version) ဆိုတာ ကို တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါ နေရာမှာ လက်ရှိကိုယ်တင်ထားတဲ့ Windows နဲ့ ကိုက်ညီတဲ့ ဖိုင်ကို download ပြုလုပ်လိုက်ပါ။

ပြီးသွားရင် MediaCreationTool ဆိုတဲ့ ဖိုင်ကိုတွေ့ရပါမယ်။ အဆိုပါ ဖိုင်ကို Run လိုက်ပါ။ Run လိုက်ရင် Downloading Windows 10 ဆိုတာကိုတွေ့ရပါမယ်။ အဆိုပါ နေရာမှာ Windows 10 ဖိုင်တွေကို download ပြုလုပ်မှာဖြစ်တဲ့အတွက် အချိန်ကြာနိုင်ပါလိမ့်မယ်။
Download ပြုလုပ်ပြီးသွားတဲ့အချိန်မှာ Windows 10 ဖိုင်တွေကို copy ပြုလုပ်သွားမှာဖြစ်ပြီး copy ပြုလုပ်တဲ့ အဆင့်ပြီးသွားရင် ဖိုင်တွေကို Install ပြုလုပ်တဲ့အဆင့်ကို တစ်ခါတည်း ဆက်ပြီး အလုပ်လုပ်ဆောင်သွားပါ လိမ့်မယ်။
အထက်ပါ အဆင့်တွေပြီးသွားပြီဆိုရင် Setting တွေကို Configuration ပြုလုပ်တဲ့ လုပ်ငန်းကို တစ်ခါတည်း လုပ်ဆောင်သွားပါလိမ့်မယ်။ ပြီးသွားရင် PC ကို Restart ပြုလုပ်ပြီးသွားတာနဲ့ Windows 10 ကို စတင်သုံးနိုင်ပါပြီ။

ကွန်ပျူတာ ကို မြန်ဆန်အောင် ပြုလုပ်တဲ့နည်း

ios- 7 အထက် အိုင်ဖုန်းမှာ မြန်မာစာနဲ့ မြန်မာကီးဘုတ် မှန်ကန်စွာသွင်းယူနည်း



မြန်မာစာမထည့်တတ်သူတွေ ထည့်နည်းအပြည့်အစုံမသိသေးသူတွေ

ဒီနည်းအတိုင်း လုပ်ကြည့်ပါ -လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ

ဒီနည်းက ကိုမိုးသကြားရေးထားတာပါ ပြန်လည်မျှဝေခြင်းဖြစ်ပါ၏

Download -IOS7+++မြန်မာဖောင့်နဲ့ ကီးဘုတ်ထည့်နည်း.pdf

Thursday, July 30, 2015

ดราฟโลโก้ด้วย CorelDRAW





သူငယ်ချင်းတို့ အားလုံးပဲ မင်္ဂလာပါ ခင်ဗျား
အခုကျွန်တော် တင်ပေးလိုက်တာကတော့
ဖုန်း ဗားရှင်းမြှင့် ချင်တယ်လို့ ပြောပြောနေကြတဲ့ သူငယ်ချင်းတွေအတွက် ဖုန်း ဗားရှင်း.4.4.4.သုံးလုံး အထိ အလွယ်ဆုံးမြှင့်နည်းလေးပါ ခင်ဗျား
{ နည်းပညာမျှဝေသူ ညီညီဇော် }
ဒါကတော့ ပြုလုပ်နည်းကိုသိမ်းထားချင်တဲ့ သူငယ်ချင်းတွေအတွက် pdfစာအုပ်လေးလုပ်ထားပေးပါတယ်
ဒါက pdfစာအုပ်လေးပါ
https://www.dropbox.com/…/%E1%80%96%E1%80%AF%E1%80%94%E1%80…
ဒါက ဖုန်းဗားရှင်းမြှင့်တဲ့ RoorBrowser apkလေးပါ
https://www.dropbox.com/…/%E1%80%96%E1%80%AF%E1%80%94%E1%80…
{ နည်းပညာမျှဝေသူ ညီညီဇော် }

Wednesday, July 29, 2015

AirDroid: Remotely manage your Android from a Web browser





မိုဘိုင်းဖုန်းနဲ ကွန်ပျူတာကို ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်
မိုဘိုင်းဖုန်းတွေနဲ ကွန်ပျူတာကို USB ကြိုးတွေအသုံးပြုစရာမလိုဘဲ လေထဲကနေ ချိတ်ဆက်အသုံးပြုနည်းဖြစ်ပါတယ်။
ယခုနည်းဟာ မိုဘိုင်းဖုန်းမှ လုပ်ဆောင်နေသမျှကို ကွန်ပျူပေါ်မှာ ဖော်ပြပေးနေမှာဖြစ်ပြီး ကွန်ပျူတာထဲကနေ ဖုန်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဖုန်းအတွင်းရှိ Messenger , Music ,Contacts,Find Phone, App တွေနှင့် Ringtone , My File , Video နှင့် Photo , Screenshot ,Call Logos , Carmera , စတဲ့ ဖုန်းအတွင်းမှာရှိတဲ့အရာတွေကို ဖုန်းမှလုပ်ဆောင်နေတိုင်း ကွန်ပျူတာတွင်ဖော်ပြနေမှာဖြစ်ပါတယ်။
အသုံးပြုရန် အကောင့်န့် တစ်ခုဖွင့်ပြီး ယင်အကောင့်န့် တစ်ခုထဲကို ကွန်ပျူတာရော ဖုန်းမှာပါထည့်သွင်းပြီး Scan QR Code ရိုတ်ထည့်ကာ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပါတယ်။
ယင်အကောင့်န့် ကို
https://www.airdroid.com/en/signup/ တွင် မိမိ Email နှင့် password တို့အားထည့်သွင်းပြီး ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ကွန်ပျူတာတွက် AirDroid App ကို http://bit.ly/1I1qdnF တွင်ဒေါင်းယူပြီး Sing in ၀င်နိုင်ပါတယ်။
Android ဖုန်းတွက် AirDroid App အား
http://bit.ly/1I937sW တွင်ဒေါင်းပြီး အကောင့်န့်  Sing in ၀င်နိုင်ပါတယ်။
iOS တွေတွက် AirDroid App ကို
http://bit.ly/1LXO4J3 တွင်ဒေါင်းယူပြီး Sing in ၀င်နိုင်ပါတယ်။
အထက်ပါကဲ့သို့ အကောင့်န့် တစ်ခုထဲကို ကွန်ပျူတာ နဲ မိုဘိုင်းဖုန်းတွေထဲ တူတူထည့်သွင်းပြီး Scan QR Code ထည့်ပေးလိုက်တာနဲ ဖုန်းနဲ ကွန်ပျူတာ ချိတ်ဆက်သွားပါမည်။ Scan QR Code ကတော့ အကောင့်န့် ထဲမှာပေးထားပါတယ်။
ချိတ်ဆက်ပြီးရင်တော့ မိမိတို့ဖုန်းမှ လုပ်ဆောင်ချက်များနှင့် SMS ပို့ လာသည့် စားများစတာတွေကို ကွန်ပျူတာတွင် ပေါ်လာမှာဖြစ်ပြီး ကွန်ပျူတာထဲကနေ ဖုန်းကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ချိတ်ဆက်ထားစဉ် Wifi (သို့ ) Mobile Internet ရှိထားရမှာလည်းဖြစ်ပါတယ်။
ပုံလေးတွေကြည့်ပြီးတော့ အသုံးပြုတတ်လိမ့်မည်လို့ တင်ပါတယ်။
အာကာ
Software Guide
www.swln.info

Tuesday, July 28, 2015

မြေကွက်ဝယ်ယူသူများ သတိပြုစရာ

Myanmar Property News | 28 July 2015




မြေကွက်ဝယ်ယူသူများ  သတိပြုစရာ
တစ်ချို့သောစာဖတ်သူများက ကျွန်တော်တို့ Company Facebook Page Message Box မှတစ်ဆင့် မြေ၀ယ်ချင်လို့ ဘယ်လိုများ ၀ယ်ရမလဲဆိုတဲ့   မြေ၀ယ်နည်းများကို မေးမြန်းလာတဲ့အတွက် ဒီတစ်ပတ် မြေ၀ယ်ယူပုံ လေးကိုရေးသားတင်ဆက်လိုက် ပါတယ်။ လူကြီးမင်းတို့ ဟာဂရံမြေတစ်ကွက်ကို ၀ယ်ယူရန်အတွက် မြေအမည်ပေါက် ပိုင်ရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့သည် ဆိုပါစို့။



ဒါဆိုပထမဆုံးလုပ်ရမယ့်အလုပ်ကမြေဈေးကိုညှိရပါမယ်။ ပိုင်ရှင်ခေါ်ဈေးနဲ့ လူကြီးမင်းတို့ရဲ့ ပေးနိုင်မယ့်ဈေးကိုညှိရပါမယ်။ ဈေးညှိပြီးလို့ ကြိုက်ပြီဆိုတာနဲ့ ၀ယ်ယူမည့်မြေကွက်ရဲ့ ဂရံမြေခွန်နှင့် အရောင်း အ၀ယ်စာချုပ်တို့ကိုတောင်းယူကြည့်ရှု့ ပြီးအမည်ပေါက်မြေပိုင်ရှင်ကရောင်းခြင်း ဟုတ်/မဟုတ် ကိုလေ့လာရပါမယ်။ အမည်ပေါက်မြေပိုင်ရှင် ရောင်းသည်ဆိုပါက အရောင်းအ၀ယ်အတွက် စရံငွေ ပေးချေလို့ရပါပြီ။ စရံငွေ အချို့ ပေးချေသည့်နေ့၌ ယင်းမြေကွက်၏ မြေဂရံမူရင်းအားမှန်ကန်ခြင်း ရှိ / မရှိ သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (သို့) အိုးအိမ်ဦးစီးဌာန အစရှိသည်တို့၌ သွားရောက်စစ်ဆေးရပါမည်။



မှန်ကန်ပါက ယင်းမြေကွက်နှင့် သက်ဆိုင်ပတ်သက်သော စာချုပ်စာတမ်းများကို မိတ္ထူတစ်စုံကူးယူထားရပါမည်။ ၎င်းအပြင် နိုင်ငံပိုင်သတင်းစာ၌ ယင်းမြေကွက်နှင့်ပတ်သက်ပြီး စရံငွေတချို့ပေးချေထားပြီးဖြစ်၍ ကန့်ကွက်လိုသူများရှိပါက လာရောက်ကန့်ကွက်နိုင် ကြောင်း သတင်းစာကြော်ငြာ ထည့်သွင်းရပါမည်။ အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုနိုင်ရန် အတွက် မြေကွက်ပိုင်ရှင်အား ၎င်း၏ ကုန်ကျစရိတ်နှင့် အရောင်းမြေပုံကူးယူပေးရန် တောင်းဆိုရပါမည်။



သတင်းစာ၌ ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်သွင်းပြီး (၁၄) ရက်ပြည့်သည့်တိုင် လာရောက်ကန့်ကွက် မည့်သူမရှိပါက အရောင်းအ၀ယ်အား ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြေကွက်နှင့်ပတ်သက်ပြီး နောက်ဆုံးကျန်ငွေအား ၀ယ်ယူသူမှ   ရောင်းချသူသို့   ပေးချေမည့်နေ့တွင်   ရောင်းချသူထံမှရောင်းချမည့်  မြေကွက် နှင့်တကွ ဂရံမူရင်း၊ မြေခွန်မူရင်း၊ ရေခွန်မူရင်း၊ မီတာခွန်နှင့် ယင်းမြေကွက်နှင့် စပ်ဆိုင်ပတ်သက်သော စာချုပ်စာတမ်း မူရင်းအားလုံးကို ၀ယ်ယူမှတောင်းခံရမည့်အပြင် ယင်းမြေကွက်အား ၀ယ်ယူသူအမည်ပေါက်ရေးအတွက် ၀ယ်သူမှ စရိတ်စကကျခံပေးပြီးရောင်းချသူမှ သက်ဆိုင်ရာ ရုံးဌာနအသီးသီးတွင် လက်မှတ်ရေးထိုးဆောက်ရွက် ပေးမည်ဖြစ်ကြောင်း အရောင်းအ၀ယ်စာချုပ်၌ ကတိပြုလက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။



ရောင်းချသူအနေနှင့် ၀ယ်ယူသူအမည်ပေါက်ရေးအတွက် ရုံးဌာနအသီးသီးတွင် လိုက်လံဆောင်ရွက်ရန် အခက်အခဲရှိပါကရောင်းချသူ အားရန်ကုန်မြို့ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး၌ ယင်းမြေကွက်အားစီမံခန့်ခွဲပိုင် ခွင့်အတွက် အထူးကိုယ်စားလှယ်လွှဲစား (S.P) ကိုပေးအပ်ရမည်ဖြစ်ပါသည်။

Ref : Myanmar property news
Posted By : Wai Phyoe Aung



Are you Real Estate Agent?

Get online with Shwe Proeprty Now !!!



Shwe Property Newsletter Signup

Myanmar Architect Palace Development Co., Ltd

Get Shwe Property App from google play

Related Articles

Like Shweproperty on Facebook


ဇာတ်ပေါင်း(၅၅၀)
*************
ဇာတ်တော်ပေါင်း(၅၅၀)ကို ဗဟုသုတများ ဆည်းပူးလို့သည့် ပုဂ္ဂိုလ်များအတွက် တင်ပေးလိုက်ပါတယ်။ အလိုရှိပါက အောက်လင့်မှာ ဒေါင်းယူပါ။
(၁) ဇာတ်(၅၅၀)မြန်မာပြန် အတွဲ(၁) https://www.dropbox.com/…/%E1%81%85%E1%81%85%E1%81%80%281%2…
(၂) ဇာတ်(၅၅၀)မြန်မာပြန် အတွဲ(၂) https://www.dropbox.com/…/%E1%81%85%E1%81%85%E1%81%80%282%2…
(၃) ဇာတ်(၅၅၀)မြန်မာပြန် အတွဲ(၃) https://www.dropbox.com/…/%E1%81%85%E1%81%85%E1%81%80%283%2…
(၄) ဇာတ်(၅၅၀)မြန်မာပြန် အတွဲ(၄) https://www.dropbox.com/…/%E1%81%85%E1%81%85%E1%81%80%284%2…
(၅) ဇာတ်(၅၅၀)မြန်မာပြန် အတွဲ(၅) https://www.dropbox.com/…/%E1%81%85%E1%81%85%E1%81%80%285%2…
(၆) ဇာတ်(၅၅၀)မြန်မာပြန် အတွဲ(၆) https://www.dropbox.com/…/%E1%81%85%E1%81%85%E1%81%80%286%2…
(၇) ဇာတ်(၅၅၀)မြန်မာပြန် အတွဲ(၇) https://www.dropbox.com/…/%E1%81%85%E1%81%85%E1%81%80%287%2…
(၈) ဇာတ်(၅၅၀)မြန်မာပြန် အတွဲ(၈) https://www.dropbox.com/…/%E1%81%85%E1%81%85%E1%81%80%288%2…
(၉) ဇာတ်(၅၅၀) စကားပြေ အနှစ်ချုပ် https://www.dropbox.com/…/%E1%81%85%E1%81%85%E1%81%80%20%E1…
မြန်မာ -စင်္ကာပူ ပွဲအစအဆုံး မကြည်လိုက်ရတဲ့ ပရိတ်သက်များ အောက်ပါ Link မှာ ပြန်ကြည့် နိုင်ပါတယ်။
Myanmar (3) -(1) Singapore
https://m.youtube.com/watch?v=YoqhEJKbtao
... See More

Monday, July 27, 2015

ဓါတ်ပုံဝါသနာရှင်များအတွက် Frames For Photoshop 4 Pic Size(24.7MB)

ဒီတစ်ခါတော့ပိုတိုရှော့အတွက် ဓါတ်ပုံဘောင်လေးတွေကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။အရမ်းလှတဲ့ ဓါတ်ပုံဘောင် (ပုံ)ကို စုစည်းထားပါတယ်။လိုအပ်မယ်ဆိုရင်တော့အောင်မှာဒေါင်းယူလိုက်နော်


EaseUS Data Recovery Wizard 8.8.0 Full + Serial + Keygen Size(10.0MB)

Delete လုပ်မိတဲ့ Photo,Mp3,Mp4,Date ဖိုင်များကိုပြန်လည်ရယူပေးနိုင်တဲ့ EaseUS Data Recovery ဆော့ဝဲကောင်းလေးတစ်ခုပါ
USB drive, memory card, memory stick, camera card, Zip, floppy disk or other storage media နဲ့

FAT12, FAT16, FAT32, NTFS/NTFS5, EXT2/EXT3 ကဒ်တွေထဲမှ Date
များကိုပြန်ပြီး Recovery လုပ်ပြီးမိမိတို့ Delete
လုပ်မိတဲ့အရားအားလုံးကိုပြန်လည်ရနိုင်ပါတယ်




ကျေးဇူးတင်ပါတယ်။

♪ ပျောက်ပျက်သွားတဲ့ ဓါတ်ပုံများကိုပြန်ယူပေးနိုင်တဲ့ - Easy Photo Recovery v6.11 Build 1024 + Key ♫

imge

အကြောင်းအမျိုးမျိုးကြောင်း ဓါတ်ပုံတွေတွေကိုမှားဖျက်မိကြပါလိမ့်မယ်။ ဒါမှမဟုတ်လည်း Error တစ်ခုခု ဖြစ်ပြီး ဓါတ်ပုံတွေပျောက်ဆုံးသွားပါလိမ့်မယ်။ အဲ့ဒီအတွက် ပျောက်ဆုံးပျက်စီးသွားတဲ့ ဓါတ်ပုံများကို ပြန် လည်ရယူပေးနိုင်တဲ့ Easy Photo Recovery ဆိုတဲ့ Software လေးကိုအသုံးပြုပြီး ပြန်လည်ရယူနိုင်ပါပြီ ဗျာ။ Computer မှာ Install လုပ်ပြီးအသုံးပြုရမှာပါနော်။ ဖုန်းမှာသုံးရမှာနဲ့မှားနေကြမှာစိုးလို့ပါ။ ကွန်ပြူတာ မှာပျက်စီးပျောက်ဆုံးသွားတဲ့ ဓါတ်ပုံများကိုရယူပေးနိုင်ရုံတင်မကပါဘူး အခြားသော Devices များဖြစ်တဲ့ Camera , Phone , External Hard Disk , Memory Card , အစရှိတဲ့ Device များမှ ပုံများကိုလည်း ပြန် လည်ရယူပေးနိုင်ပါတယ်ဗျာ။ ပျောက်ဆုံးသွားသမျှပုံများအားလုံးကို ရယူနိုင်တယ်လို့တော့အာမမခံရဲပါဘူး ဗျာ။ ဒါပေမယ့် % တော်တော်များများကိုတော့ ပြန်လည်ယူပေးနိုင်ပါလိမ့်မယ်ဗျာ။ အမြဲတမ်းအသုံးပြုနိုင်ဖို့ အတွက် Full Version အနေနဲ့ Key  ကိုထည့်ပေးထားပါတယ်ဗျာ။ အသေးစိတ်ကိုတော့ အောက်မှာဆက် လက်လေ့လာနိုင်ပါတယ်ဗျာ။


Easy Photo Recovery guarantees safety of your photos and videos. Modern digital cameras and flash cards allow rewriting photo and video files many times and sometimes important files can be deleted or lost by mistake. The program will help you to restore deleted or unreadable photos and videos at once. Easy Photo Recovery recovers photos and video from various media storage devices, such as digital cameras, hard drives, mobile phones and all types of flash cards like CompactFlash (type I/II), IBM Microdrives, SmartMedia, MultiMedia (MMCs), Secure Digital (SD), SONY Memory Stick and others. 
The program recovers files from damaged flash cards and even after formatting the media storage device. Like no other recovery tool, Easy Photo Recovery is easy in use, has a clear interface and detailed documentation. Featuring a step-by-step interface, it will guide you through several stages of data recovery. All you have to do is just make a few mouse clicks. First select the files that you need to recover and choose the disk and the folder where the files should be saved. Then click the "Start" button and wait till the disk scanning is over. You will get your lost photos or video back in seconds. All recovered files will be kept in the selected folder. Easy Photo Recovery is designed not only for digital camera enthusiast, but also professional photographers as well. It will be helpful in photo studios and digital photo printing services. Its numerous awards prove that the program is one of the best in its class.
Program features:
- Allows previewing photos before recovery;
- Performs sector-wise search of deleted files;
- Supports any photo and video file format;
- Ensures high probability of recovery;
- Offers 20 different interface languages;
- Features a simple step-by-step interface and detailed documentation;
- Supports all Microsoft Windows platforms;
- Provides professional-quality results;
- And much more...
Version 6.11 (2015-04-23)
+ Support of exFAT implemented
+ New language files (Czech, Turkish, Polish)
- Corrections and bug fixes

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Ascend P6 ကို KitKat Firmware တင်နည်း + Root & မြန်မာစာထည့်သွင်းနည်း (100% Work!)


Ascend P6 ကို အကြောင်းအမျိုးမျိုးကြောင့် Firmware ပြန်တင်ချင်သူများအတွက်ပါ..

Huawei Ascend P6 အတွက် 4.4.2 KitKat Firmware ကို အောက်က Link ကနေ ဒေါင်းယူပါ..
 ဒေါင်းလို့ရလာတဲ့ File ကို .zip အဖြစ် (Rename) ပြောင်းပေးပြီး Zip ဖြည်လိုက်ပါ...
Memory SD ကဒ် တစ်ခုကို Format ချပါ.. (SD ကဒ် ကောင်းဖို့ လိုပါမယ်)
dload ဆိုတဲ့ Folder ကို SD ကဒ်ထဲကို Copy ကူးထည့်ပါ..

SD ကဒ်ကို ဖုန်းမှာ ထည့်ပါ...
ဖုန်းကို Power ပိတ်ပြီး VOLUME DOWN + VOLUME UP နဲ့ POWER ကို တွဲနှိပ်ပေးလိုက်ပါ..
သူ့အလိုလျှောက် Firmware တင်နေပါလိမ့်မယ်..
ပြီးသည်အထိ စောင့်လိုက်ပါ...
ပြီးသွားလို့ Root ဖေါက်ချင်တယ်ဆိုရင်တော့ ဒီ iRoot နဲ့ Root ဖေါက်နိုင်ပါတယ်..
မြန်မာစာကိုတော့ Zawgyi Installer တစ်ခုခုနဲ့ ထည့်ပေးနိုင်ပါတယ်..



(ကိုယ်တိုင်စမ်းသပ်ပြီး)



 အဆင်ပြေပါစေလို့

ဆန္ဒပြုရင်း