အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ကလစ်ပြီး ဝင်သွားလိုက်ရင် အောက်ကပုံအတိုင်း မြင်ရတဲ့အခါ အစိမ်းရောင် နေရာကို ဆက်နှိပ်လိုက်ပါ..။
နောက်တဆင့်မှာတော့ ကျနော်တို့က ဖရီးတွေကို
အသုံးပြုမှာဖြစ်လို့ အောက်ကပုံအတိုင်း Completely Free စာသားပါတဲ့ အကွက်က
Sign Up စာသားနေရာကို ဆက်နှိပ်သွားပါ..။
ပြီးရင်တော့ အောက်ကအဆင့်မှာ အကွက်လေးတွေနဲ့ ပြထားတဲ့ နေရာတွေမှာ မိမိတို့
စိတ်တိုင်းကျ အရောင်တွေ၊ စာသားတွေကို လိုက်ပြောင်းပြီး
Go နေရာကို နှိပ်ပြီး ဆက်သွားပါ..။
နောက်တဆင့်မှာ အောက်ကမျှားပြထားတဲ့ နေရာကို ဆက်နှိပ်ပါ..။
အောက်ကပုံအတိုင်း မိမိတို့ရဲ့ Blog ကို မဝင်ရသေးရင်တော့ Gmail အကောင့်ဖြည့်ပြီး ဝင်ရင် ရပါပြီ..။
Title မှာ မိမိတို့ စိတ်ကူးရှိသလို ပေးပြီး Add Widget ကို ဆက်နှိပ်ပါ..။
ဒီမှာ စမ်းသုံးထားတဲ့ Blog ကတော့ ကျနော် HTML ကုဒ်တွေနဲ့ Widget တွေကို
စမ်းသုံးတဲ့အခါတိုင်းမှာ အသုံးပြုလေ့ရှိတဲ့ Blog အဟောင်းလေးပဲ ဖြစ်ပါတယ်..။
အပေါ်ပုံနဲ့ အောက်ကပုံတွေအတိုင်း မိမိတို့ထားလိုတဲ့ နေရာကို မောက်စ်နဲ့
ဆွဲသွားလိုက်ပြီး Save ကို ကလစ်ပြီး မိမိတို့ရဲ့ Blog ကို
ကြည့်လိုက်ရင်တော့ အောက်ဆုံးပုံလေးအတိုင်း မိမိတို့ Blog ရဲ့ Sidebar
မှာ ပေါ်နေပါပြီ..။
မိမိတို့ရဲ့ Blog မှာ စပြီး ထည့်ခါစဆိုရင်တော့ အပေါ်က ပုံအတိုင်း
Reader တွေရဲ့ နေရာ နိုင်ငံတွေကို မြင်ရမှာ မဟုတ်သေးပါဘူး..။ နောက်မှ
ကြာလာမှသာ ကျနော့် Blog မှာပေါ်သလို အပြည့်ပေါ်လာမှာပဲ ဖြစ်ပါတယ်..။
ဒီလောက်ဆိုရင်တော့ Blogger လူသစ်များအတွက် ဒီ Feedjit ထည့်နည်းလေးကို
အလွယ်တကူ လုပ်တတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။
You might also like:
No comments:
Post a Comment