ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Friday, July 31, 2015

Windows 10 ကို အလွယ်ကူဆုံးနည်းဖြင့် Upgrade ပြုလုပ်ခြင်း


Windows 7 သို့မဟုတ် Windows 8 တို့ကနေ Windows 10 ကို လွယ်လွယ်ကူကူနဲ့ Upgrade ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။
Windows 10 ကို Upgrade ပြုလုပ်ရန်အတွက် http://www.microsoft.com/en-us/software-download/windows10 ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက် နေရာရောက်ရင် ဝက်ဘ်ဆိုက်ရဲ့ အောက်ခြေနားမှာ Download Tool Now (32-bit version) နဲ့ (64-bit version) ဆိုတာ ကို တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါ နေရာမှာ လက်ရှိကိုယ်တင်ထားတဲ့ Windows နဲ့ ကိုက်ညီတဲ့ ဖိုင်ကို download ပြုလုပ်လိုက်ပါ။

ပြီးသွားရင် MediaCreationTool ဆိုတဲ့ ဖိုင်ကိုတွေ့ရပါမယ်။ အဆိုပါ ဖိုင်ကို Run လိုက်ပါ။ Run လိုက်ရင် Downloading Windows 10 ဆိုတာကိုတွေ့ရပါမယ်။ အဆိုပါ နေရာမှာ Windows 10 ဖိုင်တွေကို download ပြုလုပ်မှာဖြစ်တဲ့အတွက် အချိန်ကြာနိုင်ပါလိမ့်မယ်။
Download ပြုလုပ်ပြီးသွားတဲ့အချိန်မှာ Windows 10 ဖိုင်တွေကို copy ပြုလုပ်သွားမှာဖြစ်ပြီး copy ပြုလုပ်တဲ့ အဆင့်ပြီးသွားရင် ဖိုင်တွေကို Install ပြုလုပ်တဲ့အဆင့်ကို တစ်ခါတည်း ဆက်ပြီး အလုပ်လုပ်ဆောင်သွားပါ လိမ့်မယ်။
အထက်ပါ အဆင့်တွေပြီးသွားပြီဆိုရင် Setting တွေကို Configuration ပြုလုပ်တဲ့ လုပ်ငန်းကို တစ်ခါတည်း လုပ်ဆောင်သွားပါလိမ့်မယ်။ ပြီးသွားရင် PC ကို Restart ပြုလုပ်ပြီးသွားတာနဲ့ Windows 10 ကို စတင်သုံးနိုင်ပါပြီ။

No comments:

Post a Comment