ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Monday, July 20, 2015

My Computer မှ D: Drive , USB Drive တို့ ပျောက်နေခြင်း


ဟိုနေ့က သူငယ်ချင်း တစ်ယောက်မေးထားတာလေးပါ... (USB ကို ကွန်ပြူတာမှာ ချိတ်တာ ကွန်ပြူတာက သိပြီး My Computer မှာ USB Drive ကိုရှာမတွေ့လို့ ကူညီပါဦး)

 ဟုတ်ပါတယ် ကွန်ပြူတာ အသုံးပြုသူတိုင်း တခါတရံ ကြုံရတတ်ပါတယ်...။ USB drive လေးကို မိမိ ကွန်ပြူတာ မှာ တပ် လိုက်တဲ့အခါ ကွန်ပြူတာက မိမိသိကြောင်း အသိမှတ်ပြုကြောင်း "ကလောင်" ဆိုတဲ့ အသံမျိုးကို ကြားရပြီးတော့ ... AutoPlay လည်း တတ်မလာဘူး ပြီးတော့ My Computer ထဲမှာ ရှာပြန်တော့လည်း မတွေ့ရဘူး ဖြစ်နေတတ်ပါတယ်။ 

ဒီပြဿနဖြေရှင်းပုံလေးကို www.howtogeek.com မှာရှင်းပြထားတာလေးတွေ့လို့ မသိသေးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်.....:)
ပထမဆုံး Desk Icon ပေါ်က My Computer (or) Start > Computer ကို Right Click > Manage ကိုရွေးပါ..။


Computer Management window တတ်လာရင် Storage ရဲ့အောက်က Disk Management ကို Click လိုက်ရင် မိမိစက်မှာ ချိတ်ဆက်ထားတဲ့ Drive တွေအားလုံးကို မြင်တွေ့ရမှာပါ...။



 USB Drive ပျောက်နေတာဆိုရင် Memory ပမာဏ ကိုကြည့်ခြင်းအားဖြင့် သိ နိုင်ပါတယ် ..။ ပျောက်နေတဲ့ Drive ပေါ်ကို Right-click > Change Drive Letter and Paths ကိုရွေးပါ..။

(ကျနော် Window ပြန်တင်ပြီးကာ စ က D: Drive တစ်ခုလုံး ပျောက်နေတာ ဒီနည်းအတိုင်း ပြန်ဖေါ်နိုင်ခဲ့ပါတယ်)



ပုံ မှာပြထားတဲ့အတိုင်း Change button ကို Click ပါ...


ဒီနေရာမှာ ပျောက်နေတဲ့ Drive က (J) ဆိုရင်  ဥပမာ (U) လို့ ရွေးပေးလိုက်ပါ့မယ် .. (စက်ထဲမှာ ရှိနေပြီးသား Drive နာမည်နဲ့ မတူစေရပါဘူး)



 သတိပေးတဲ့  warning box လေးတတ်လာရင် Yes ကို ရွေးပေးလိုက်ပါ..။


နောက်ထပ် သတိပေးတဲ့  warning box တတ်လာရင်လဲ Yes ကိုပဲရွေးပေးလိုက်ပါ..။

 ခုဆိုရင် စောစောက My Computer မှာ မတွေ့ရတဲ့ USB Drive လေးဟာ My Computer မှာ ပြန်ရောက်နေပါပြီ....:)


အားလုံး အဆင်ပြေကြပါစေ.......
အဆင်မပြေခဲ့ရင် မူရင်း လင့်ခ်မှာ သွားရောက်လေ့လာနိုင်ပါတယ်....:)
ဝင်းကမ္ဘာကျော် (Software နှင့် နည်းပညာ)

No comments:

Post a Comment