လူစွမ်းကောင်း ကျန်စစ်သား
၊ ငထွေးရူး ၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး - မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ (ဦးဖိုးကျား)
( http://www.myanmarsar.org/
ဆိုတဲ့ အင်တာနက်စာမျက်နှာ တစ်ခုကနေ ကူးယူထားတဲ့ စာတွေ ဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ
- အမျိုးသားပညာဝန် ဦးဖိုးကျား ဆိုပြီး တင်ထားပေးတာပါ။ အဲဒီက ကူးယူထားတဲ့ ပို့စ်လေးတွေကို
ခေါင်းစဉ်တစ်ခုချင်းစီအလိုက် တင်သွားပါမယ်။ အကုန်တင်ပြီးရင် PDFလေးတစ်ခု လုပ်ပြီး မျှဝေပါ့မယ်ခင်ဗျာ)
လူစွမ်းကောင်း ကျန်စစ်သား
၊ ငထွေးရူး ၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး
သက္ကရာဇ် ၄၀၆
တွင် နန်းတက်သော
ပုဂံ အနော်ရထာမင်း
လက်ထက်ဝယ် လူစွမ်းကောင်း
လေးယောက်
ပေါ်ပေါက်လာ၏။
ကျန်စစ်သား
အနော်ရထာမင်းအား
ဝေသာလီမင်းက
ဆက်လိုက်သော ပဉ္စကလျာဏီ မင်းသမီးကို
သွား၍ဆောင်ယူခဲ့သော ရာဇတမန် အမတ်က မိမိကိုယ်တိုင်လိုသဖြင့်
ကုန်းချောသော
စကားကို ယုံ၍ အနော်ရထာက
ထိုမင်းသမီးကို
နှင်ထုတ်ပြီးလျှင် (စစ်ကိုင်းနယ်)
ပရိမ္မ အရပ်တွင် ထားလေ၏။
အနော်ရထာနှင့်
စွဲ၍ရသော သန္ဓေ
ရင့်မာခြင်းသို့
ရောက်သောအခါ
မြေကြီးပြင်းစွာလှုပ်၍
အနော်ရထာက အကြောင်းကို
မေးသော်
ဗေဒင်တတ် ပညာရှိတို့က " မင်းလောင်းတစ်ပါး
မြောက်အရပ်၌ သန္ဓေတည်သည့်
နိမိတ် ဖြစ်ပါသည် " ဟု လျှောက်ကြ၏။
ကျန်စစ်သား
မင်းလောင်းကို
ဖွားမြင်ပြီးနောက် အရွယ်ရောက်သောအခါ
မယ်တော်သည် မင်းဆရာထံအပ်၍
ရဟန်းပြုစေ၏။ ဗေဒင်တတ်
ပညာရှိတို့က " ရဟန်းပြုပြီ " ဟုလျှောက်၍
၎င်းတို့ အကြံပေးချက်အတိုင်း
ရဟန်းတို့ကို ဆွမ်းပင့်ကျွေး၍ ကရားနှင့်
ရေတိုက်တော်
မူရာ ကျန်စစ်သားအလောင်း
ရဟန်း၏ ခံတွင်းမှ
စစ်ပြောင်ပြောင်
ထွက်သည်ကို တွေ့ရလေ၏။
ဤနည်းဖြင့်
ကျန်စစ်သားကို တွေ့ရသော်
မင်းကြီးက
" ငါ့စည်းစိမ်ကို
လုမည်လော " ဟုမေးလျှင်
" မင်းကြီးနောက် မင်းတစ်ဆက် လွန်မှ မင်းဖြစ်ပါလိမ့်မည်
" ဟု လျှောက်ကြ၏။ မင်းကြီးသည်
ကျန်စစ်မင်းသားကို
လူထွက်စေပြီး
အပါးတော်တွင် ခစားနေစေ၏။
ငထွေးရူး
ငထွေးရူးကား
မြင်းမူအရပ်သား။
ထန်းတစ်ထောင်ကို
တက်ကာ ဆင်းကာ လှီးသည်မှာ
တစ်မနက်ခင်းတွင် ပြီးနိုင်လေသည်။
အများအားဖြင့်
ထန်းပင်အဖျားချင်း
နီးစပ်ရာ၌ ခုန်ကူးနိုင်လေသည်။
ငလုံးလက်ဖယ်
ငလုံးလက်ဖယ်ကား
ပုပ္ပါးအရပ်သား။
နွားအရှဉ်း
၃၀ ကို ထွန်၌တင်ပြီးလျှင် ထွန်ရေးမှန်အောင်
တက်ချည်ဆင်းချည် အနှံ့ထွန်နိုင်၏။
ညောင်ဦးဖီး
ညောင်ဦးဖီးကား
ညောင်ဦးအရပ်သား။
ညောင်ဦးကမ်းထိပ်က
ပြေးဆင်း၍
ဧရာဝတီမြစ်ကို ဖြတ်ကူး (အောင်သာဘက်)
၊ တစ်ဖက်ကမ်းတွင် ခြေမထောက်ခဲ့ဘဲ
ပြန်၍ ကူးခဲ့ပြန်သည်။
ညောင်ဦးကမ်းပါးသို့
ရောက်လျှင်
ကမ်းမြင့်ထိပ်သို့
ပြေးတက်နိုင်သေး၏။
ဤသတ္တိကောင်း
လေးဦးကို
မင်းကြီးက
ခေါ်ယူ၍ အပါးတော်တွင် ခစားအမှုတော်ထမ်းစေ၏။ တစ်ခါသော် မြင်းကြမ်း
လေးစီးသည်
အရှင်လည်း မရှိ၊ ဖမ်း၍လည်း
မရနိုင် ရှိသည်ကို ထိုလူစွမ်းကောင်း
လေးယောက်တို့သည်
မြင်းတို့ကို ရေထဲသို့မောင်းချ
တက်စီးကြရလေ၏။
ဤမြင်းစီးကို
စီး၍ အမှုတော်ကို
ထမ်းကြရ၏။
တစ်ခါ၌ ဥဿာပဲခူးက
ကြွမ်းစစ်သည်များ
ဝင်ရောက်တိုက်ခိုက်လာသဖြင့်
လာရောက်ကူညီပါဟု လျှောက်လာ၏။
အနော်ရထာမင်းက
မြင်းသည်တော်ကောင်း
လေးသိန်း
စစ်ကူလာစေမည်ဟု မိန့်လိုက်၏။ သို့မိန့်သည့်အတိုင်း
ဤလူစွမ်းကောင်း
လေးယောက်ကို
မြင်းနှင့်တကွ
လွှတ်လိုက်၍ ရောက်လျှင် ဥဿာပဲခူးမင်းသည်
မြင်းလေးသိန်း
လာမည်ဆိုလျက် ယခု လေးစီးသာ
လာရောက်လေသည်
ဟူ၍ မကျေမနပ် ရှိ၏။
လေးဦးသားတို့ကလည်း
မိမိတို့ မြင်းလေးစီးသည်
မြင်းလေးသိန်းနှင့်
သတ္တိညီမျှပုံကို ပြလို၍ မြင်းစီးခြင်း
အမျိုးမျိုးနှင့်
အစွမ်းသတ္တိ အမျိုးမျိုးတို့ကို
ပြကြကုန်၏။
ထိုအခါ ဥဿာမင်းနှင့်တကွ
ပြည်သူပြည်သား အပေါင်းတို့သည်
များစွာအံဩကြလျက် လူမက နတ်ဖြစ်ကြရာသည်ဟု
များစွာ ကျေနပ်
ချီးမွမ်းကြကုန်၏။
ထို့နောက်
များလှစွာသော
ကြွမ်းစစ်သည်တို့ကို
သူရဲကောင်း
လေးဦးတို့သည်
လေးစုကွဲအောင်
အလယ်ကို ထွင်း၍
တိုက်ကာ ကြွမ်းစစ်သည် ဗိုလ်မှူး
စစ်သူကြီး လေးယောက်တို့ကို ဖမ်းယူလေ၏။
ကြွမ်းစစ်သည်တို့သည် လက်နက်တို့ကို စွန့်ပစ်၍
ခါးတွင် အဝတ်နှင့်သာ
ပြေးကြရလေသည်။
ဥဿာပဲခူးမင်းသည်လည်း
လွန်စွာ အားရတော်မူ၍
သူရဲကောင်း
လေးယောက်အား
ကြီးစွာသော
ဆုလ်ာပေးလေ၏။
ပြီးမှ အနော်ရထာမင်းစောအားလည်း
ဥဿာမင်းတို့ အဆက်ဆက် ကိုးကွယ်သော
ဓာတ်တော်နှင့်တကွ
အလွန်အဆင်းလှပသော
သမီးတော် မဏိစန္ဒာ
ကို ဆက်သလိုက်လေသတည်း။
ကျန်စစ်သားသည်
ထီးနန်းနှင့်စပ်၍
သစ္စာရှိပုံ
ကျန်စစ်သားတို့သည်
အထက်အဆိုပါ ဓာတ်တော်နှင့်
သမီးတော်ကို ဆောင်ယူခဲ့ကြရာ
လမ်းတွင် ကျန်စစ်သားနှင့် မဏိစန္ဒာတို့
ချစ်ကြိုက်မိလေသောကြောင့်
ခမည်းတော် အနော်ရထာ
အမျက်ရှိလေသည်နှင့်
ကျန်စစ်သားသည်
ထွက်ပြေးတိမ်းရှောင်၍ နေရလေ၏။
အနော်ရထာ နတ်ရွာစံလျှင် သားတော် စောလူးမင်းသည်
၄၃၉ ခုတွင် နန်းတက်၏။ ထိုအခါ ရှင်လူတို့က တိုက်တွန်းကြသည့်အတိုင်း
စောလူးမင်းသည်
ကျန်စစ်သားကို ပြန်၍ခေါ်ယူ
အပါးတော်၌ ခစားစေ၏။ စောလူးမင်း၏
အထိန်းတော်သား
ငရမန်ကန်း အားလည်း
ဥဿာ ပဲခူးမြို့ကို ပေးတော်မူ၏။
တစ်ရံခါသော
ငရမန်ကန်းသည် စောလူးမင်းအား
ပုန်ကန်လေလျှင် စောလူးမင်းနှင့်
ကျန်စစ်သားတို့ သွားရောက်တွန်းလှန်ရာ အရေးနိမ့်ကြ၍
စောလူမင်းကို
ငရမန်ကန်းက ဖမ်းဆီးရမိ
အချုပ်နှင့် ထားလေ၏။
ကျန်စစ်သားကား
လက်လွတ်ထွက်ပြေးခဲ့၍
ပုဂံသို့ရောက်လျှင် မှူးကြီးမတ်ကြီးတို့က
" စောလူးမင်း
မရှိလျှင် အရှင်သာ ထီးနန်းကို
ရထိုက်ပါသည် " ဆို၍ ကျန်စစ်သားအား
မင်းအဖြစ်ကို ပေးကြကုန်၏။
သစ္စာတရားရှိသော
ကျန်စစ်သားသည်ကား
ချက်ချင်း လက်မခံဘဲ " ငါ့အရှင်
ရှိ မရှိကို စုံစမ်းဦးမည်
၊ ရှိသော် ငါ့အရှင်ကို
ယူ၍ နန်းတင်မည် ၊ မရှိမှ ငါ မင်းအဖြစ်ကို
လက်ခံမည် " ဟု ဆိုလေ၏။
ဆိုသည့်အတိုင်း
ကျန်စစ်သားသည် စုံစမ်းပြီးလျှင်
စောလူးကို
ချုပ်ထားရာမှ ညဉ့်အခါတွင်
ပခုံးဖြင့်ထမ်း၍
ခိုးယူလေ၏။
စောလူးသည်ကား
ကျန်စစ်သား၏ ပခုံးထက်တွင်
ဤသို့ ကြံ၏။ ကျန်စစ်သားသည် ခမည်းတော်က မျက်ဖူးသူဖြစ်သည်။ ငါ့ကို
သတ်လို၍ ခိုးသည် ထင်သည် ၊ ငရမန်ကန်းကား
ငါ့အထိန်းတော်သား ဖြစ်၍ ငါနှင့်
နို့စို့ဖက် ဖြစ်သည် ၊ ငါ့ကို မသတ်တန်ရာဟု ကြံအောက်မေ့ပြီးလျှင်
" ကျန်စစ်သား ငါ့ကို
ခိုးယူပါသည် " ဟူ၍ ဟစ်လေ၏။
ကျန်စစ်သားကလည်း
" ဟယ် ... မင်းစိုး
မင်းညစ် ၊ မွန်တို့လက်တွင် သေရစ်လေတော့
" ဆို၍ ပစ်ခဲ့လေ၏။ ထိုအခါ ငရမန်ကန်း
စစ်သည်တို့ ကြားသိ လိုက်လံကြသောကြောင့်
ကျန်စစ်သား
ပြေးရလေ၏။
ငရမန်ကန်းသည်ကား
စောလူမင်း
ရှိနေလျှင် ရန်အေးမည်
မဟုတ် ဟူ၍ သတ်ပစ်လိုက်လေ၏။
ဤတွင် ကျန်စစ်သားသည်
ထီးနန်းစည်းစိမ်ကို
လက်ရောက် ရရှိပြီး
ဖြစ်သော်လည်း
ကျေးဇူးသစ္စာကို
စောင့်ကာ
မိမိအရှင်ကို နန်းတင်မည်ဟု ကြိုးစားအားထုတ်ခြင်းကို
ပြုလုပ်ပေသတည်း။
အစွမ်းရှိသော
ငထီးလှိုင် ရွာသူကြီး
ဆိုခဲ့သည့်အတိုင်း
ကျန်စစ်သား ပြေးခဲ့ရာ
ငထီးလှိုင် အရပ်သို့
ရောက်လျှင် ထို ငထီးလှိုင်
ရွာသူကြီး လုပ်သော
ယာတွင် သခွား တောင်းလေ၏။ ငထီးလှိုင် ရွာသူကြီးကား
အားအင်ကြီးလသူ
ဖြစ်၍ ဆူးဆည်းကို
တံခါးဝ မထားဘဲ
ဆင်တစ်ရပ်ခန့် အမြင့်ရံပြီးလျှင်
ခုတ်၍ ထွက်ဝင်သည်။ " ငါ့ကဲ့သို့
ခုန်၍ ဝင်နိုင်သော် ငါ့သခွားကို
စားတော့
" ဟုဆိုလေ၏။ ကျန်စစ်သားလည်း
လှံထောက်ကာ ခုန်ဝင်ပြီးသော် သခွားအချို့ကို
စား၏။ အချို့ကို
နွယ်နှင့် သီပြီးလျှင်
ထိုဆင်တစ်ရပ်ခန့်ရှိသော ဆူးစည်းကို
ခုန်၍ ထွက်လေ၏။ ထိုအခြင်းအရာကို
ငထီးလှိုင် ရွာသူကြီး
မြင်လျှင် ဤသူကား အစွမ်းသတ္တိနှင့်
ဘုန်းကြီးသူ
ဖြစ်ပေသည်။ အားကိုးထိုက်သူ
ဖြစ်ပေ၏ဟု မိမိ၏ အဆင်းအင်္ဂါနှင့်
ပြည့်စုံသော
သမီးကို ဆက်၍ ကျွန်ခံလေ၏။
ဤတွင်မှ ကျန်စစ်သားသည်
' ထီးလှိုင်ရှင် ' ဟု တွင်လေသတည်း။
ကျန်စစ်သားမင်း
ကျေးဇူးသစ္စာ
သိတတ်ခြင်း
ကျန်စစ်သားသည်
ခမည်းတော် အနော်ရထာမင်း
မျက်၍ ရှောင်တိမ်းနေရစဉ်က ကြောင်ဖြူရပ် ၊ မထီးတူမ
၊ သမ္ဘူလနှင့် သင့်နေ၏။ နောက် စောလူး
မင်းဖြစ်၍ ခေါ်သောအခါ
သမ္ဘူလမှာ သန္ဓေနှင့်
ဖြစ်သဖြင့် အဖိုးများစွာ
ထိုက်တန်သော လက်စွပ်ကို ပေး၍
" သမီးမိန်းမ
ဖွားလျှင် ဤလက်စွပ်ကို ရောင်းချစားသောက် ကြလေ ၊ သားယောက်ျားဖွားလျှင်
ပုဂံသို့ ဤလက်စွပ်နှင့် လိုက်လာခဲ့
" ဟု မှာထားခဲ့လေ၏။
ဤသို့
ဖြစ်ပျက်ပြီးနောက် စောလူးမင်း
နတ်ရွာစံ၍ ကျန်စစ်သား နန်းတက်ရ၏။
ကျန်ရစ်သော သမ္ဘူလမှာလည်း
သားယောက်ျား
ဖွား၍ ခုနစ်နှစ်သား
အရွယ်သို့ ရောက်ခဲ့၏။
ကျန်စစ်သား နန်းစံ
နှစ်နှစ်တွင် သမ္ဘူလ သည် ရှေးကမှာရင်းအတိုင်း
လက်စွပ်နှင့်တကွ ခုနစ်နှစ် သားကို
လက်ကကိုင်ကာ ပုဂံသို့ လိုက်လာခဲ့၏။
ပုဂံသို့ရောက်လျှင်
ကျန်စစ်သားမင်းကြီး
ဗိုလ်ရှုသဘင် ခံနေခိုက် ဖြစ်သဖြင့်
နန်းတော်သို့ မဝင်ဝံ့သောကြောင့်
နန်းတော်ရှေ့၌
သားငယ်ကို လက်ကကိုင်ကာ တောင်သွားချည်
၊ မြောက်သွားချည်
နေရလေ၏။
မင်းချင်းတို့ကလည်း
" ဟယ် မိန်းမ ၊ ငါတို့မင်းကြီး
ထွက်တော်မူလာလိမ့်မည်
၊ သည်တွင်မနေနှင့်
၊ ထွက်သွားလေ " ဟု နှင်ကြကုန်၏။ သမ္ဘူလကလည်း
" မင်းကို လျှောက်ရန်
ရှိပါသည် ၊ လျှောက်ပါရစေဦး
" ဆို၍ မထွက်ဘဲ နေလေ၏။
ထိုအခါ မင်းချင်းတို့က
မင်းကြီးအား
ဝင်၍လျှောက်သော်
ထိုသားအမိကို ရှေ့တော်သို့
ခေါ်၍ မြင်တော်မူလျှင်ပင်
" မှူးမတ်များတို့
ဤမိန်းမကား
ငါ၏ ကျေးဇူးရှင်တည်း။
ငါသည် သာမည လူတစ်ယောက် အဖြစ်ဖြင့်
ပြေးလွှား
ပုန်းအောင်းနေရစဉ်က ငါ့ကို ကြည့်ရှုပြုစု
ကျွေးမွေးပေသည်။ ကျေးဇူးကြီးလှ၏
" ဟု မိန့်တော်မူ၏။ ပြီးမှ
သားတော်ကိုခေါ်၍
ရင်ခွင်၌ ထားတော်မူလျက် ဤသို့ မိန့်တော်မူ၏။
" မှူးမတ် များတို့
' သားကား
အရင်း ၊ မြေးကား
အဖျား ' ဟူ၍ စကားပုံ
ရှိသည်။ မြေးတော်ကို (သမီးတော် ရွှေအိမ်သည်၏
သား ၊ အလောင်းစည်သူကို
ဆိုလိုသည်) မင်းအဖြစ်ပေးပြီးခါ
ဖြစ်သဖြင့် ' မြေးကားအရင်း
သားကားအဖျား
' ဖြစ်ရချေပြီ " ဟု မိန့်ပြီးမှ
သမ္ဘူလကို ' ဦးဆောက်ပန်း
' အမည်နှင့် ရခိုင်ပြည်ဘက် တောင်စဉ်
ခုနစ်ခရိုင်ကို ပေး၍
မင်းပြုစေ၏။
ဤတွင် ကျေးတောသူ ဆင်းရဲသူ ဖြစ်သော်လည်း
စိတ်စေတနာ ကောင်းစွာဖြင့်
ပြုစုဖူးသော ကျေးဇူးကို
ထောက်၍ ကျန်စစ်သား
မင်းက မိဖုရားမြှောက်ခြင်း ဖြစ်လေသည်။
No comments:
Post a Comment