ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Friday, February 28, 2014

Hernia အူကျ-မကျ သိပါရစေ

(၁) ချောင်းဆိုးတာ များရင်ကော အူကျတတ်သလားဆရာ။
(၂) ကန်တော့နော်ဆရာ ကျွန်တာ့ ညာဖက်အစေ့ဖက်မှာ အူကျတာဖြစ်နေပါတယ်။ ဖြစ်နေတာကတော့ ၅ နစ်လောက် ရှိပါပြီ။ ခွဲစိတ်ဖို့လိုပါသလား။ ခွဲစိတ်သင့်ပါသလား သိချင်ပါတယ်။ အလုပ်ပင်ပန်းရင် တော်တော် ကြီးလားပြီး နည်းနည်းတော့ အောင့်ပါတယ်ဆရာ။
(၃) ဆရာခင်ဗျား ကိုယ့်ကိုယ်ကို အူကျ-မကျ သိရအောင် မည်သို့ စမ်းသပ် စစ်ဆေးနိုင်ပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။
1. Hernia အူကျတာ၊
2. Hydrocele မုတ္တရောဂါ၊
3. Epididymitis ကျားအစေ့ရောင်တာ နဲ့
4. Varicocele (ဗေရီကိုဆီးလ်) သွေးပြန်ကြောထုံးတာတွေ ဖြစ်ကြတယ်။

ယောက်ျားတိုင်းရဲ့ ကပ်ပယ်အိတ် တဖက်စီထဲမယ် ဝှေးစေ့ တလုံးစီ ရှိကြရတယ်။ အစေ့အထက်မှာ အထက်-အောက် တန်းနေတာကို အကြောလို့ အလွယ်ခေါ်တဲ့ထဲမှာ သွေးကြောတွေ၊ အာရုံကြောနဲ့ Vas deferens သုတ်ရည်ပြွန်အားလုံးက ကပ်နေကြပြီး လက်ချောင်းလေး တချောင်း စာလောက်သာ တုတ်တယ်။

ဗိုက်ထဲမှာသာနေရတဲ့ အူက အောက်ဆင်းပြီး ကပ်ပယ်အိတ်ထဲ ကျလာတာကို Hernia (ဟာနီယာ) အူကျတာ ခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က Hydrocele (ဟိုက်ဒရိုဆီး) ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိရမဲ့ ခပ်ပါးပါး အရည်တွေ အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာကြတာမှာ လာတူတယ်။ အသက်အရွယ် မရွေးဖြစ်တာလဲ တူတယ်။ အကြော-အစေ့ ရောင်တယ် ဆိုတာ အတော် နာတယ်။ (စာတပုဒ် ရေးထားပါတယ်။) ဝှေးစေ့ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို Varicocele (ဗေရီကိုဆီး) ခေါ်တယ်။ မနာဘူး။ (စာတပုဒ် ရေးထားပါတယ်။)

ဒီရောဂါ လေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ Scrotal elephantiasis ဆင်ခြေထောက်ပိုးကြောင့် မုတ်လို ဖြစ်တာ၊ Hydrocele of testis အစေ့က မုတ်လိုဖြစ်တာ၊ Spermatocele သုတ်ပိုးအိတ်ဖြစ်တာ၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ နဲ့ TB အစေ့ တီဘီတွေ ဖြစ်တယ်။ နောက် ထူးဆန်းတာတခုက Undescended testis မွေးကတည်းက အစေ့က တဖက်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲမှာ မရှိတာ။ အစေ့ တဖက်ထဲသာ စမ်းလို့ရရင် ဒါဖြစ်မယ်။ အောက်အထိမကျဘဲ ပေါင်ခြံမှာဖြစ်ဖြစ် ဗိုက်ထဲဖြစ်ဖြစ် ရှိနေမယ်။ ခွဲစိတ်ပြုပြင်ပေးရတယ်။ (စာတပုဒ် ရေးထားပါတယ်။)

(ဟာနီယာ) အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာ ဖြစ်ဖြစ်၊ သွင်းပေးလို့ဖြစ်ဖြစ် ပြန်ဝင်သွားမယ်။ ၁ လ၊ ၁ နှစ်ကနေ၊ ၁ဝ နှစ်၊ အနှစ် ၂ဝ အထိ ကြာနိုင်တယ်။ ကြာကြာ ဖြစ်နေသူမှာ ယုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မဝင်နိုင်ဘဲ ကျနေတဲ့ အူက ခေါက်နေလို့။ အူက ရောင်-နာ-ပိတ်တာ ဖြစ်လာတယ်။ Strangulated Hernia နေ့နေ့-ညည အရေးပေါ် ခွဲရလိမ့်မယ်။

ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့ အပေါ်မှာ၊ သီးသန့် စမ်းလို့ရတယ်။ မဖြစ်တဲ့ ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတု ဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်း လာမယ်။ လှဲအိပ်ခိုင်းတာနဲ့ ဝင်သွားမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာက ဖြစ်တယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့ နေရာဆီကို သွင်းပေးရတယ်။ အတိအကျ ပြောရင် ကပ်ပဲ့အိတ် အထက် တည့်တည့်၊ ဆီးစပ်က အရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မလောက် နေရာပါ။ ကျနေတဲ့အူကို ပြန်သွင်းပြီး၊ မတ်တပ်ရပ် အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိ-ပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူက ကျမလာဘူး၊ ထွက်ပေါက်ကို ဖိ-ပိတ်ထားလို့ပါ။ ဒါဆို အူကျရောဂါ သေခြာပြီ။

ထွက်လာတဲ့ နေရာဆိုတာ ဘာလဲ။ ဗိုက်ကို ဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ (ဒါရိုက်ရှင်) လားရာ အမျိုးမျိုး ရှိတယ်။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်ရှည်မှာ လာတွယ်တာတွေက အူကျတာနဲ့ ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီ နေရာလေးတွေက အပေါက်လို ဖြစ်နေလို့ အားနည်းချက်ဘဲ။ ဗိုက်ကို တင်းအား-ညှစ်အား လုပ်တဲ့အခါ ဗိုက်ထဲ ရှိတာတွေဟာ အပေါက် နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် ဟာနီယာဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ်ခေါ်တာ၊ ဗိုက်ထဲက အနီးအနာက ထွက်လို့ရတာ ထွက်မှာဘဲ။

ကျလာတယ်ဆိုတာ အူသပ်သပ် ကျတာတော့ မဟုတ်ဘူး။ ကြွက်သားတွေရဲ့ အတွင်းမှာ ဗိုက်တပြင်လုံးကို ဖုံးနေတဲ့ အလွှာပါးပါးလေး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိပ်ကလေးဖြစ်ပြီး၊ အိတ်ထဲမှာက အူသိမ်၊ အူမြှေးတွေလဲ ကပ်ပါနေမယ်။ ညာဘက်မှာဖြစ်ရင် အူအတက် ဆိုတာလည်း ပါနိုင်တယ်။

(ဟာနီယာ) ဆိုတာ ယောက်ျားတွေ မှာသာ ဖြစ်တယ် ထင်ကြတယ်။ အမျိုးသမီးတွေလည်း အူကျတာ ဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မ-အင်္ဂါ နှုတ်ခမ်းသားထဲကို ကျလာတယ်။ သိပ်လဲမကြီးလှဘူး။

(၁) အခုထိရေးခဲ့တာက အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာဖြစ်တယ်။ Inguinal hernia ခေါ်တယ်။
(၂) ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ ဒီအမျိုးအစားက အမျိုးသမီးတွေ ပိုဖြစ်တယ်။
(၃) ကလေးငိုရင် ချက်မှာ စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ ကလေးကိုတခါတည်း နာမယ်ပေးတယ်။ “ချက်ဖေါင်း” လို့။ ကလေးမှာအဲလိုဖြစ်တိုင်းတော့ မခွဲရပါ။ ကြီးတဲ့အထိရှိနေသေးမှာ ခွဲရတယ်။
(၄) ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။
(၅) ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ Acid Reflux အူကျတာ မဟုတ်တဲ့ (ဟာနီယာ) စာတပုဒ်ထဲမှာ ရေးထားပါတယ်။

ဘာလို့ အူကျတာလဲ။ ဗိုက်ဖုံးကြွက်သား ခန္ဓာဗေဒမှာ အားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာ များလို့ကြောင့် ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း။ ဒါ့ကြောင့် အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက (ပါဖက်) ဆိုရင် မဖြစ်ပါဘူး။

(ဟာနီယာ) သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးတော့ ရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ Hernia Belt ခါးပတ်တမျိုး ပတ်ထားရတယ်။ အချိန်ရွေးပြီးခွဲနိုင်ပါတယ်။ တချို့ အသက်အတော်ကြီးမှခွဲတယ်။ သတိထားဘို့တော့ရှိတယ်။ ကြာလေလေ ကြီးလေလေဖြစ်မယ်။ အနေရခက်မယ်။ စိတ်ထဲမှာ ငါ့မှာ ဒီရောဂါရှိနေတယ်လို့ ကသိကအောင့် ခံစားနေရနိုင်တယ်။

ခွဲစိတ်တာက ထမင်းစားရေသောက် ပြောလို့ရပါတယ်။ ဆရာဝန်များ ခွဲတာ-စိတ်တာ လက်တွေ့သင်ရင် (ဖိုင်မိုးဆစ်) ပန်းငုံတာကနေ စကြရတယ်။ ဒိနောက်မှာ (ဟိုက်ဒရိုဆီး) မုတ်ခွဲတာ။ ဒိနောက်မှာ (ဟာနီယာ) ခွဲရတယ်။ အတွေ့အကြုံတော့ လိုတယ်။ တခါတလေ ခွဲရင်းနဲ့ အိတ် ရှာမတွေ့ရင် တောအုပ်ထဲ လမ်းပျောက်သူလဲ ဖြစ်တတ်တယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေ အတွက်တော့ နည်းနည်း ပိုလုပ် ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးပါတယ်။

ဒီစာကို ၁၇-၈-၂ဝ၁ဝ နေ့က ရေးပြီးတင်တော့ မေးလာတာတခုရှိတယ်။ မခွဲသေးဘဲစောင့်ချင်သူတွေအတွက် ဆက်ဖတ်ပါ။

2011/1/11
ကျွန်တော် အူကျနေတာ ၈ နှစ်လောက်ရှိပါပြီ။ ခုကျွန်တော် တခြားနိုင်ငံသို့ ရောက်နေပါသည်။ အရင်က အူကို တင်လို့ ရသေးတယ်။ အခု အူက မာပြီး တင်လို့မရဘူး ဖြစ်နေပါတယ်။ အရမ်းလည်း အောင့်နေပါတယ်။ ဘယ်လို သက်သာအောင် လုပ်ပေးရမည်ကို ပြောပြပေးပါ။

အခုချက်ချင်း အိပ်ယာမှာ လဲလိုက်ပါ။ အူကျတဲ့ နေရာပေါ်မှာ ရေခဲတင်ပါ။ ရေခဲကို ပလပ်စတစ်အိတ်မှာ ထည့်ပြီး တင်ပါ။ လိုသေးရင် ကုတင် ခြေရင်းပိုင်းကို မြှင့်ထားပါ။ စိတ်ရော ကိုယ်ပါ နားလိုက်ပါ။ အစာအမာ မစားနဲ့အုံး။ သွားရည်စာလဲ ဆာလွန်းမှသာ စားပါ။ ၁-၂ နာရီအတွင်း ပြန်ဝင်ရမယ်။ ကိုယ့်ဖါသာ ပြန်သွင်းကြည့်ပါ။ သွင်းတဲ့အခါမှာ ကပ်ပဲ့အိတ်ကနေ အထက်၊ နောက်၊ ဘေးဘက်ဆီ ဦးတည်ပါ။ ဝင်သွားပါလိမ့်မယ်။ ၂-၃ နာရီမှ မဝင်ရင် ဆရာဝန်ပြပါ။ ဆရာဝန်က ငြိမ်ဆေး၊ အိပ်ဆေး ထိုးပေးမယ်။ သွင်းကြည့်မယ်။ အဲဒါတွေနဲ့ မရရင်တော့ အရေးပေါ်ခွဲရပါမယ်။ နိုင်ငံခြားရောက်နေလဲ ခွဲရပါလိမ့်မယ်။

Dr. တင့်ဆွေ
Like · · · 7 hours ago ·
Appendix အူအတက်

(၁) အူအတက်ပေါက်တာ အူရောင်တာ မဖြစ်အောင် ဘယ်လိုနေထိုင်ရမလည်းဆရာ။
(၂) မရှင်းတာလေး ၁ခုလောက်ရှိလို့ မေးခွင့်ပြုပါဆရာ။ ဝမ်းဗိုက်၏ ညာဘက် ချက်အောက်ဘက်က ဗိုက်အောင့်တိုင်း အူအတက် ဖြစ်နိုင်ပါသလား။ အမြဲတမ်းမအောင့်ပဲ တခါတလေမှ အောင့်ပြီး ၁၅ မိနစ်လောက်နေလျှင် ပြန်ပျောက် သွားပါတယ်။ အောင့်လျှင်လည်း ခါးကုန်းနေသည်အထိ အောင့်ပါတယ်။ အူအတက် သို့မဟုတ် မည်သည့် ရောဂါ ဖြစ်နိုင်ပါသလဲ။ မည်သို့ ကုသ၍ ရနိုင်ပါမည်ကိုလဲကျေးဇူးပြု၍ ညွှန်ကြားပေးစေလိုပါတယ် ဆရာ။

အူအတက်ရောဂါ ဘာလို့လာဖြစ်လဲ။ သူ့ကို လာပိတ်လို့ဖြစ်တယ်။ ပုံမှန်အစာဟောင်း၊ အစာထဲက မာတာတခုခု ဒါမှမဟုတ် ကင်ဆာကနေ ပိတ်တာကြောင့်ဖြစ်တယ်။ သံကောင်ကနေလဲ ဖြစ်နိုင်တယ်။ ဆို့နေတဲ့အစာက ကယ်လ်စီယမ်ဖြစ်စဉ် ဝင်လာတတ်တယ်။ ၁၅ ယောက်မှာ ၁ ယောက်လောက်ဖြစ်တယ်။ အရွယ်မရွေးဘူး။ ၂ နှစ်အောက်ကလေးမှာ ဖြစ်တာ မရှိသလောက်ဘဲ။

အူအတက်အခေါင်းပိတ်ရင် ရောင်မယ်၊ သွေးကြောတွေ အဖိခံရမယ်။ သွေးပြန်ရည် လည်ပတ်တာကို ထိခိုက်မယ်။ ရောင်ရမ်းဖြစ်စဉ် ဝင်လာမယ်။ သက်သာသွားတာလဲရှိမယ်။ သွေးမရတာလဲ ဖြစ်နိုင်တယ်။ ပိုးဝင်လာနိုင်တယ်။ ပြည်တည်လာနိုင်တယ်။ ပေါက်ထွက်နိုင်တယ်။ ဗိုက်ခေါင်းကို ပိုးဝင်တာ ဆက်ဖြစ်နိုင်တယ်။ သက်သာရာကနေ အခဲဖြစ် ကျန်ရစ်မယ်။ နောက်တခါ ပြန်နာနိုင်တယ်။

အူအတက်ရှိတဲ့နေရာကို အပြင်ကနေ အတိအကျသိချင်ရင် စိတ်ကူးမျဉ်းဆွဲရတယ်။ “ချက်” ရယ်၊ “တင်ပါးဆုံရိုးပြား ထိပ်နေရာ” ရယ်ကိုမျဉ်းတကြောင်းဆွဲပါ။ အဲဒီနေရာဆိုတာကခါးဘေးအောက်၊ ပေါင်အထက်မှာ လက်နဲ့စမ်းရင် အရိုးမာမာ ဘုကလေးလို ရှိနေတဲ့နေရာပါ။ ပိန်ပိန်-ဝဝစမ်းလို့ရတယ်။ တင်ပါးမှာဆေးထိုးတဲ့အခါ အဲဒီ အရိုးစွန်းလေးကို လက်မနဲ့ စမ်းပြီးထိုးတာ ကောင်းတဲ့သင်ကြားမှုကိုရထားသူဖြစ်တယ်။

ဆွဲထားတဲ့မျဉ်းကို သုံပိုင်းညီညီ စိတ်ထဲမှာဘဲ ပိုင်းကြည့်လိုက်ပါ။ ချက်ဘက်က ၂ ပိုင်းနဲ့ အရိုးစွန်းဘက်က ၁ ပိုင်း ဆုံရာနေရာရဲ့ အောက်တည့်တည့်မှာ အူအတက်ကရှိနေတယ်။ အူအတက်မှာတခုခုဖြစ်ရင် အများဆုံးနာတာကအဲဒီ (ပွိုင့်) မှာနာတာက အများဆုံး ဖြစ်တယ်။ နည်းနည်းလွဲတာလည်း ရှိတာပေါ့။

အူအတက်ရောဂါတွေမှာ Acute Appendicitis ရုတ်တရက်ရောင်တာရယ်၊ Sub-Acute Appendicitis ရက်ပိုကြာတာရယ်၊ Appendicular Abscess, Burst Appendix ပြည်တည်-ပေါက်ထွက်သွားတာရယ်၊ Appendicular Lump အစိုင်အခဲ ဖြစ်နေတာရယ် ဆိုပြီးရှိတယ်။ ရုတ်တရက်ရောင်ရင် ချက်ချင်းဖြစ်၊ ချက်ချင်းဆရာဝန်ဆီရောက်၊ ချက်ချင်းခွဲစိတ်ရတာမျိုး ဖြစ်တယ်။ နာရင်လဲခေတ်စကားနဲ့ဆိုအသားကုန်နာတာပေါ့။ ပေါက်သွားရင် ရုတ်တရက်ရောင်တာထက် ပိုနာတယ်။

သိပ်မဆိုးလို့ ဆရာဝန်ဆီလည်းမရောက်၊ ပေါက်လဲမထွက်သူတွေကရက် နည်းနည်းရှိမှ ရောက်လာတတ်တယ်။ ချက်ချင်းခွဲစရာလည်း မလိုဘူး။ ရက်နောက်ကျမှာလာသူတွေကိုပြောခဲ့တဲ့နေရာကိုသေခြာခြာစမ်းရင် အစိုင်အခဲကို တွေ့နိုင်တယ်။ ဒီလိုလူနာကိုလည်း ချက်ချင်းမခွဲဘူး။ ၂ လတန်သည်၊ ၃ လတန်သည် စောင့်ပြီး၊ အေးအေးဆေးဆေး လူနာလည်းအား ဆရာဝန်လည်း အလုပ်မများချိန်မှာ ရက်ရွေးပြီးခွဲစိတ်ရတယ်။

ပြောတဲ့နေရာမှာနာတိုင်း အူအတက် ဟုတ်ချင်မှ ဟုတ်တယ်။ အူအတက်ရောဂါဖြစ်တာကိုပိုသေခြာအောင် စမ်းရမယ်။ ဆေးခန်းလက်ထောက်ဆရာမတွေကို သင်ပေးသလိုရေးပါရစေ။ လူနာကိုပက်လက်ထား၊ ဗိုက်ကိုလက်ဝါးပြင်နဲ့ အသာအယာစမ်းပါ။ အူအတက်ရှိတဲ့နေရာကို တခါတည်းသွားမစမ်းသေးနဲ့အုံး။ စမ်းတဲ့လက်နဲ့ လူနာ့ဗိုက် ရင်းနှီး ကြွမ်းဝင်သွားအောင် စကားစမြီပြောရင်း စမ်းပါ။ ပိုင်ပိုင်နိုင်နိုင်၊ ကိုယ့်လက်ဝါးနဲ့ သူ့ဗိုက်သားနဲ့ အမျိုးတော်နေသလို ဖြစ်အောင်လုပ်ပြီး စမ်းပါ။ ခဏနေမှ အူအတက်ရှိရာတည့်တည့်ကိုတပဲသားမှ လွဲမသွားအောင် စမ်းပါ။ နာ-မနာ ဆိုတာသိဘို့ ဖြစ်တယ်။ စမ်းနေရင်းလူနာကို နာသလားမေးစရာမလိုသေးဘူး။ လူနာ့ မျက်နှာကိုသာ ကြည့်နေပါ။ နာတာကို အမူအယာနဲ့ သိနိုင်တယ်။ မျက်နှာ ရှုံ့သွားမယ်။ လိုမှသာနာ-မနာမေးပါ။

နာတာကိုဘာသာပြန်ရင် Pain, Painful ပေါ့။ အမှန်ကခံစားရသူကနေ “နာတယ်ဆရာ” လို့ ဆရာဝန်ကလက်နဲ့မထိခင် ပြောတာကိုသာအဲလိုခေါ်တယ်။ စမ်းကြည့်တဲ့အခါ နာတာကို Tenderness လို့ ခေါ်ရတယ်။ အူအတက် ရောင်ရင် Pain ရော Tenderness ရောရှိတယ်။ လေနာသမားကိုစမ်းရင် Pain ရှိပေမဲ့၊ စမ်းတဲ့လက်ကြောင့် အနာတောင် သက်သာနိုင်တယ်။

နာတာသိယုံနဲ့ “အူအတက်ကွ” လို့ ဆုံးဖြတ်ချက်ကို (ဂျမ့်ပ်) မလုပ်နဲ့အုံး။ ဆက်စမ်းရအုံးမယ်။ နာပါတယ်ဆိုတဲ့ အူအတက်နေရာကို အသာအယာဖိပေးထားပြီး၊ ရုတ်တရက် စမ်းတဲ့လက်ကို ၉ဝ ဒီဂရီ ပြန် မ, ပြစ်လိုက်ပါ။ အဲဒီအခါ လူနာ့မျက်နှာ တခါထပ်ရှုံ့လိမ့်မယ်။ မတတ်သာလို့ “မရွှေတက်” နှစ်ခါနာ ဖြစ်အောင်လုပ်ရတာ။ “ဆောရီး” နော်။ ပိုသေခြာလာပြီ။ အဲ့ လူနာနားကမခွါနဲ့အုံး။

စမ်းတဲ့လက်ကို အူအတက် မရှိတဲ့ ဗိုက်အောက်ပိုင်း ဘယ်ဘက်ခြမ်းကို စမ်းပါ။ မေးရင် မနာဘူးပြောမယ်။ အဲဒီဘက်ကနေ အူအတက်ဆီ တွန်းပေးကြည့်လိုက်ပါ။ ရောင်နေတဲ့ အူအတက်ဆီတဖက်ကအူတွေကိုတွန်းဖိပေးလို့ နာပြန်ရတာ ဖြစ်တယ်။ “မရွှေတက်” ခင်မြာ တတိယမိနာတယ် ပြောလိမ့်မယ်။ ဒုတိယမိ “ဆောရီး” နော်။

ပိုပိုသေခြာလာပြီ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးဘူး။ ကိုယ်ပူတယ် မပြောလည်းအဖျားတိုင်းပါ။ အပူချိန် မြင့်နေရင် ပြောပေတာ့။ “ယူ့ အပဲန်ဒစ် တခုခုဖြစ်နေပြီ” လို့။

တော်တော့ဆရာက ဒါလောက်ဘဲသင်မယ်။ ကိုယ်သင်တဲ့ ဆရာမအကုန်အစင် ရစေချင်တယ်။ ဆက်မေးစရာ၊ စမ်းစရာ၊ ကျန်သေးတယ်။ လူနာတွေဟာတယောက်နဲ့ တယောက် အနာခံနိုင်တာမတူကြသလိုပညာခံလည်းကွာတယ်။ တချို့က သဲတယ်။ ပါလာတဲ့ အမျိုးတွေရှေ့ ချွဲချင်လို့ ဟိုနေရာစမ်းလည်းနာတယ်၊ ဒီနေရာလည်းနာတယ်၊ လုပ်တတ်တယ်။ တချို့က ပညာခံနည်းတော့ မပြောတတ်ဘူး။ တိတိပပသိရအောင်လုပ်ရမယ်။ Sympathy ကိုခဏထား Empathy နဲ့ စမ်းပါလေ။

လူနာကအမျိုးသမီးဆိုရင် ဆက်မေးစရာတွေ ရှိလာပြီ။ အဖြူဆင်းသလားမေးပါ။ ဆင်းရင် ယားသလားမေးပါ။ မွေးလမ်းကြောင်းရောင်တာလည်း ထည့်စဉ်းစားရမယ်။ သားအိမ်ပြွန် ညာဘက်ရောင်နေရင် အူအတက်နေရာနဲ့ သိပ်နီးလို့ နာတဲ့နေရာတူတယ်။ အူအတက်ကသူချည်းဖြစ်ရင် အဖြူမဆင်းဘူး။ ဘယ်ဘက်ပါ နာချင်နာနေမယ်။ ဒါဆိုအူအတက် မဟုတ်နိုင်တော့ဘူး။

ရာသီမှန်-မမှန် မေးပါ။ မမှန်ရင် ထိန်သလား။ အိမ်ထောင်ရှိရင် ကိုယ်ဝန်ရှိလားမေးပါ၊ စစ်ပါ။ ကိုယ်ဝန်နုတုံး၊ သားအိမ်ပြင်ပ၊ ညာဘက်ပြွန်မှာကိုယ်ဝန်တည်ရင် ဆင်တူနေပြန်တယ်။

ကလေး-လူကြီး၊ အမျိုးသမီး-အမျိုးသား၊ သန်ကောင်ကိုလည်းထည့်စဉ်းစားပါ။ Pain ဘဲရှိမယ်။ Tenderness မရှိဘူး။

နောက်တခါ ဝမ်းကိုက်ဘူးတဲ့ ရာဇဝင်လည်းမေးပါအုံး။ (အမီးဗား) ဝမ်းကိုက်ပိုးကအူမကြီးအစပိုင်း၊ အူအတက် ထွက်တဲ့နေရာ Caecum မှာလာရောင်တတ်တယ်။ သူကလည်းဖျားနိုင်တယ်။ အစိုင်အခဲလိုလိုလည်းစမ်းလို့ရတယ်။ Appendicular lump နဲ့ ခွဲသိရမယ်။

ဆီးလမ်းကြောင်းမှာ ကျောက်ကပ်ကနေ ဆီးအိမ်ကိုဆင်းတဲ့ Ureter ဆီးပြွန် ညာဘက်ထဲမှာ ကျောက်က တစ်နေရင်လည်း နာတယ်။ နာတာက အူအတက်ထက်တောင် နာတယ်လို့ ပြောနိုင်တယ်။ ချွေးပြန်တဲ့အထိ။ သူနာတာကို Pain လို့ မခေါ်ဘူး။ Agony လို့ ခေါ်မှ တိကျတယ်။

ချုပ်လိုက်ကြအောင်။ မေးတဲ့သူမှာ Acute Appendicitis မဟုတ်နိုင်ပါ။ လိုတာတွေ စစ်ပါ။ လိုတယ်ထင်သေးရင် မေးပါ။

• Appendicitis treatment with Antibiotics အူအတက်ရောင်တာမခွဲဘဲရသလားhttp://dts-medicaleducation.blogspot.com/2011/11/appendicitis-treatment-with-antibiotics.html

Dr. တင့်ဆွေ
၂၃-၅-၂ဝ၁ဝ

Thursday, February 27, 2014

Full Version Software Android: My ioPhone5c 3D Next Launcher APK Android Themes(9...

Full Version Software Android: My ioPhone5c 3D Next Launcher APK Android Themes(9...:   မင်္ဂလာပါဗျာကျွန်တော့်သူငယ်ချင်းများကိုလကဆောင်အဖြစ်ပေးမယ်လို့ပါသူငယ်ချင်းတို့ဖုန်းကို Phone5c 3D Next Launcherလေးနဲ့လန်းချင်ကြသ...

လူတစ်ယောက်ကို အရမ်းကြီးမမျှော်လင့်မိပါစေနဲ့...
ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာခဲ့ရင် ပိုခံစား
ရမှာက ကိုယ်ပါ...

လူတစ်ယောက်ကို အရမ်းကြီးမယုံကြည်မိပါစေနဲ့...
ကိုယ့်ရဲ့ယုံကြည်မှုလေးတွေကို ရိုက်ချိုးခံလိုက်ရတဲ့အခါ
နာကျင်ရမှာက ကိုယ်ပါပဲ...

လူတစ်ယောက်ကို အများကြီးစိတ်ထဲမှာနှစ်ထားပြီး
မချစ်မိပါစေနဲ့...
တစ်ချိန်ချိန်မှာ အနားကနေသူထွက်ခွါသွားတဲ့အခါ
ဘ၀တစ်ခုလုံးအဓိပ္ပါယ်မဲ့သွားသလိုခံစားရမှာက ကိုယ်ပါ...

လူတစ်ယောက်ကို ဘယ်လောက်ပဲချစ်နေပါစေအများကြီး
ပေးဆပ်မပြပါနဲ့...
ပေးဆပ်မှုတွေများလာတဲ့အခါ လူတွေကတန်ဖိုးမဲ့သွားတတ်
ကြပါတယ်...

လူတစ်ယောက်ကိုအမြဲတမ်းအရူံးပေးမနေပါနဲ့ တစ်ခါတစ်လေမှာ
တင်းကြည့်ကြည့်ပါ သူ့အတွက်ကိုယ်ကဘယ်လောက်အထိအရေးပါ
သလဲဆိုတာ သိလာပါလိမ့်မယ်...

Phoe Phyu
Credit to Poem

Tint Swe added 3 new photos.
Nail fungal infection လက်သည်း-ခြေသည်းမှို

(၁) ဆရာရှင့် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မို့ ပထမဆုံး ဆရာကိုကန်တော့ပါတယ်ဆရာ။ သမီးခြေမ (ကန်တော့်နော်ဆရာ) က ခြေသည်းညှပ်ရင်းနဲ့ ဘေးစွယ်ကို ညှပ်ရင်းကနေ ခြေစွယ်ငုတ်သွားတာ၊ မလှမှာစိုးလို့ ခွာရင်းခွာရင်း၊ ခြေသည်းအားလုံး ကွာသွားပါတယ်။ ပြန်ထွက်လာတော့ခြေသည်းက အဖတ်လိုက်တွေပဲထွက်လာတယ်။ ခွာလိုက်ရင် အားလုံးအလွှားလိုက်ကွာသွားပါတယ်။ တော်တော်ကြာနေပါပြီဆရာ။ သမီးအရင်က EZON-T လိမ်းဘူးပါတယ်။ ပထမတော့သက်သာပြီး၊ နောက်ပိုင်းသိပ်မသိသာလို့ မလိမ်းတော့ အရင်တိုင်းပဲဖြစ် ခြေသည်းက အဖတ်တွေ ကွာသွားပါတယ်။ သမီးဘာဆေးလိမ်းရမလဲ ကျေးဇူးပြုပီးဖြေပေးပါဆရာ။
(၂) အမျိုးသမီး (၃၁ နှစ်)။ ပြည်ပမှာဆိုတော့ ရောဂါ ဖြစ်လို့ ဆေးခန်းသွားရင် သေချာမပြောပြတတ်တော့ မသက်သာဘူး။ စဖြစ်တာကလက်သည်းရဲ့ ထိပ်ပိုင်းဘေးတဖက်စီမှာလက်စွယ် ငုတ်သလို ဖြစ်နေတော့ ခွာထုတ်တာ၊ အပေါက်တွေက ချိုင့်ခွက်လေးလို ဖြစ်နေတာ။ ခုဆိုလက် ၅ ချောင်းလုံးပဲ။ လက်သည်းပိုးများလားမသိဘူးတဲ့။ ခွာနေတုန်းကတော့ သွေးကြောအမျှဉ်လေးလိုနီနီလေးတွေ့လို့ ခွာထုတ် တိုင်းလဲ ပြန်ပေါ်လာတယ်တဲ့။ ပေးတဲ့ ဆေးနဲ့လဲမသက်သာတော့ ကြားဖူးနားဝဖယောင်းစက်ချပြီးလုပ်ကြည့်တော့လဲမသက်သာပါဘူး။
(၃) ကျွန်တော်က ခြေဆီတအားထွက်တက်ပါတယ်။ အခု ကျွန်တော့် ခြေထောက် ခြေဖဝါးအောက်မှာ ထုံးပေါက်သလိုမျိုး အပေါက်တွေ ဖြစ်နေလို့ပါ။ ခြေဖျားပိုင်းနဲ့ ခြေချောင်းလေးတွေရဲ့ ထိပ်တွေမှာ ဖြစ်နေတာပါ။ ခြေဖဝါးအလယ်ပိုင်းနဲ့ ဖနောင့်မှာ မဖြစ်ပါဘူး။ အဲလိုမျိုးကိုအရင်ကလဲဖြစ်ဖူးပါတယ်။ ၂ဝဝ၇ လောက်ကတုန်းကပါ။ ပုဂံကိုဘုရားဖူးသွားတုန်းက ဘုရားဖူးဖို့ ဖိနပ်ချွတ်ပြီး မြေကြီးပေါ်နင်းလိုက်၊ ကားပေါ်ပြန်ရောက်တော့ ဖိနပ်ပြန်စီးလိုက်နဲ့နေတာသုံးရက်လောက် နေတော့ အဲလိုဖြစ်လာတာပါပဲ။ အဲ့တုန်းက ဆေးရုံကြီးကအရေပြားရောဂါ ဌာနမှာသွားပြပြီး ညွှန်ကြားတဲ့အတိုင်း ဆေးဝယ်လိမ်းလိုက်တာ ပျောက်သွားပါတယ်။ အခုတစ်ခါ ပြန်ဖြစ်လာတာပါ။ ခြေဖဝါးကိုလဲဓါတ်ပုံရိုက်ပြီး ထည့်ပေးလိုက်ပါတယ်။ ပထမတစ်ခါ ဖြစ်တုန်းကရေးပေးထားတဲ့ ဆေးစာကိုလဲထည့်ပေးလိုက်ပါတယ်။ အဲဒါ ဘာလို့ ဖြစ်တာလဲ။ ခြေဆီနဲ့ သဲတွေနဲ့ ရောပြီးခြေထောက် ညစ်ပါတ်လို့ ဖြစ်တာလား။ ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ နောက်မဖြစ်အောင် ဘယ်လိုနေထိုင်ရမယ် ဘယ်ဆေးလိမ်းရမယ် ဆိုတာလဲညွှန်ကြားပြသပေးပါ။ ပြီးတော့ အဲ့ဒါကိုဆေးလိမ်းမှ ပျောက်မှာလား။ ဆေးမလိမ်းပဲခြေထောက်ကိုဖုန်တွေ သဲတွေ မကပ်အောင် ထားရုံနဲ့ ပျောက်နိုင်မလား။
(၄) ကျွန်တော့်အဘွားခြေထောက်မှာလေ ခြေသည်းတွေ ပိုးတွေလိုက်တာ ကြည့်မကောင်းဘူး။ ဆယ်ချောင်းလုံးဖြစ်တာ။ ပြီးတော့ ခြေထောက်က အသားပတ်တာလို အသားတွေကွဲပြီး အရေပြားတွေ လန်နေတယ်။ ခြေသည်းပိုးက တော်တော် ဆိုးတယ်။ ဦးလေးလည်း အဲ့လိုဖြစ်လာတယ်။ အဲ့ဒါ ဘာဆေးထည့်ရင် သက်သာနိုင်မလဲဆရာ။ ဘယ်လို ကုပေးရမလဲ။ ကျေးဇူးပြုပြီး သိချင်ပါတယ်။

လက်သည်း-ခြေသည်းကိုမှိုဝင်လာရင် အစမှာတော့ ဖြူ-ဝါဝါ အစက်အပျောက်လေး ဖြစ်လာပြီးနောက်တော့ အောက်ထဲ ဝင်လာလို့ အရောင်ပြောင်းလာ၊ ထူလာ၊ ကျွတ်ဆတ်လာ၊ ပုံပြောင်းလာမယ်။ ကုရတာမလွယ်လှပါ။ ခြေသည်း-လက်သည်း ကြွတက်လာတဲ့ အဆင့်ရောက်ရင် Onychomycosis လို့ ဆေးစာကခေါ်တယ်။ နာလာ၊ အနံ့ပါရလာပြီ။ သေခြာမကုရင် တသက်လုံးလို့ ပြောရမလိုနေမယ်။

Fungus မှိုပိုးဆိုတာမျက်စိနဲ့ မမြင်ရဘူး။ စိုထိုင်းတာ ကြိုက်တယ်။ ကိုယ့်မှာအပေါက်-အပြဲ၊ အကွဲ-အရှ ရှိလာမှ အထဲဝင်လာတာ။ သူနဲ့ဆင်တဲ့ Yeasts တို့ Molds တို့ကနေလဲရောဂါဖြစ်ပါတယ်။ ချွေးထွက်များသူ၊ ယောက်ျား၊ အသက် မငယ်သူ၊ စိုထိုင်းတဲ့ အလုပ်လုပ်ရသူ၊ ခြေအိတ်-လက်အိတ် အမြဲဝတ်ထားရသူ၊ ဘာမှမစီးဘဲလမ်းသွားရသူ၊ ဆီးချို ရှိသူတွေမှာအဖြစ်များတယ်။ Leukemia, AIDS နဲ့ အင်္ဂါအစားထိုးထားရသူတွေမှာလဲပိုဖြစ်တတ်တယ်။

Terbinafine, Fluconazole and Itraconazole စားဆေးတွေ ပေးတယ်။
• Terbinafine (Lamisil) စားဆေး 250 mg ကိုတနေ့ ၁ လုံး၊ ဖြစ်ခဲ့တာ ကြာကြာသလိုသောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေကဝမ်းပျက်၊ ယား၊ အစာမကျေ၊ အနီပြင်ထွက်၊ အစားပျက်။
• Fluconazole (Diflucan) စားဆေးကို 150 mg တနေ့ ၁ လုံး၊ ဖြစ်ခဲ့တာ ကြာကြာသလိုသောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေကခေါင်းကိုက်၊ မူး၊ ဝမ်းပျက်၊ ယား၊ အစာမကျေ၊ အစားပျက်။
• Itraconazole (Sporanox) စားဆေးကို 200-400 mg တနေ့ ၁ ကြိမ်၊ ၂ ခါခွဲသောက်လဲရတယ်။ ဖြစ်ခဲ့တာ ကြာကြာသလိုသောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေကဝမ်းလျှော-ဝမ်းချုပ်၊ လေထ၊ ခေါင်းကိုက်၊ မူး၊ ယား၊ အစာမကျေ၊ ပါးစပ်နာ၊ သွးဖုံးသွေးယို၊ ချွေးထွက်၊ ကြွက်သားနာ၊ အတူနေခြင်စိတ်နည်း၊ စိတ်ကျ၊ နှာစေး၊ အိပ်မက်မက်။

Ezon-T Solution ဆေးထဲမှာTolnaftate, Triacetin တွေပါတယ်။Tolnaftateက ဖန်းဂတ်စ် (မှို) ဆေးဖြစ်တယ်။ cream, powder, spray, or liquid aerosolအမျိုးမျိုးနဲ့လာတယ်။ Jock itch ယောက်ျားဂျွတ်။ Athlete’s foot ကစားသမား ခြေထောက်။ ringworm ပွေးတွေအတွက်သုံးရတယ်။ ခြေသည်း-လက်သည်း။ ဦးရေခွံမှိုရောဂါတွေ အတွက်လဲ သုံးနိုင်တယ်။ Tinactin, Odor Eaters, Absorbine, Aftate, Desenex, Genaspor, NP 27, and Ting နာမည်တွေနဲ့ ရောင်းတယ်။

နောက်ပိုးဝင်တာရှိနေရင်လဲ နောက်ဆေးပေးရမယ်။ Ciclopirox (Penlac) ဆိုတဲ့ Antifungal nail polish ကိုလဲ သုံးနိုင်တယ်။ လိမ်းဆေးတခုထဲနဲ့ မရတတ်ပါ။ စားဆေးနဲ့ တွဲတာကောင်းတယ်။ သိပ်ဆိုးရင် ဖြစ်တဲ့ လက်သည်း-ခြေသည်းခွဲထုတ်ရတယ်။ Laser လေဆာနည်း၊ Photodynamic therapy အလင်းရောင်ပေးကုနည်းတွေလဲရှိတယ်။

အိမ်မှာတင် လုပ်လို့ရတာတွေလည်းရှိတယ်။ Vinegar (ဗနီဂါ) ၁ ဆ၊ ရေ ၂ ဆ ထဲမှာ ၁၅-၂ဝ မိနစ်ကြာ၊ တပါတ်မှာ ၃ ကြိမ် စိမ်ထားရမယ်။ Vicks VapoRubကိုလဲလိမ်းလို့ရတယ်။

ခြေသည်း-လက်သည်းတိုတိုထားပါ။ ခြောက်သွေ့နေပါစေ၊ တကိုယ်ရေ-သန့်ရှင်းရေးလုပ်ပါ။ စိုတဲ့အလုပ်မှာ ရာဘာ လက်အိတ်-ခြေအိတ်သုံးပါ။ သင့်တော်တဲ့ ခြေအိတ်ရေါးသုံးပါ။ ချွေးထွက်များရင် လဲပါ။ ဖိနပ်မပါဘဲလမ်းမသွားပါနဲ့။ Manicure and Pedicure salon လက်သည်း-ခြေသည်းအလှပြင်ဆိုင်သွားရင် နာမည်ရတဲ့ဆိုင်သာသွားပါ။ Nail polish and artificial nails အလှလုပ်တာ၊ အတုလုပ်တာတွေ ရှောင်ပါ။

Tinea Pedis Medication ခြေထောက်မှိုရောဂါဆေးများ
(၁) Topical imidazoles လိမ်းဆေးများ
• Clotrimazole 1% (Mycelex, Lotrimin) ၄ ပါတ်ကြာလိမ်းပါ။
• Econazole (Spectazole Topical)
• Ketoconazole topical (Nizoral)
• Miconazole topical (Monistat) 2% lotion, 2% cream
• Oxiconazole 1% cream (Oxistat)
• Sertaconazole nitrate cream (Ertaczo)

(၂) Topical pyridines လိမ်းဆေးများ (ဗက်တီးရီးယား) အတွက်လဲပါတယ်။
• Ciclopirox 1% cream (Loprox)

(၃) Topical allylamines လိမ်းဆေးများ
• Terbinafine 1% (Lamisil) ၁-၄ ပါတ်လိမ်းပါ။
• Naftifine 1% cream and gel (Naftin)
• Terbinafine topical (Lamisil) တပါတ်သာလိမ်းပါ။

(၄) Topical benzylamines လိမ်းဆေးများ
• Butenafine (Mentax) တပါတ်သာလိမ်းပါ။

(၅) Oral antimycoticsစား ဆေးများ၊ လိမ်းဆေးနဲ့မရမှသောက်ပါ။ ခုခံအားနည်းသူ၊ ဆီးချိုရှိသူ၊ အသက်သိပ်ကြီးသူတွေကို ပေးနိုင်တယ်။
• Itraconazole (Sporanox)
• Terbinafine (Lamisil, Daskil)
• Fluconazole (Diflucan)

(၆) Dermatological agents တခြားဆေးများ၊ မှိုဆေးတွေနဲ့ တွဲသုံးနိုင်တယ်။
• Aluminum acetate (OticDomeboro, Burow's Solution)
• Ammonium lactate lotion (Lac Hydrin) 12% lotion
• Urea, topical (Carmol-40, Keralac) 10-40% concentration

ဒေါက်တာတင့်ဆွေ

Wednesday, February 26, 2014

Gout (1) ဂေါက်-ရောဂါ (၁)

21 Sep 10, 03:27
လေးဘက်နာနဲ့ အဆစ်နာအကြောင်းတွေကို ရှာတွေ့ပေမဲ့ ဂေါက်အကြောင်းသပ်သပ်ရေးထားတာ မတွေ့မိလို့ သိချင်ပါတယ်။

“ဂေါက်” ဆိုတာအဆစ်မှာနာ-ရောင်-နီ-ပူဆိုတာ ဖြစ်လိုက်၊ ပျောက်လိုက်နေတဲ့ နာတာရှည် ရောဂါတခုပါ။ ခြေမမှာအများဆုံး (တဝက်လောက်) ဖြစ်တတ်တယ်။ ဒူး၊ ဖနောင့်၊ လက်ကောက်ဝတ်၊ လက်ချောင်းတွေမှာလဲ ဖြစ်တာဘဲ။ အနောက်နိုင်ငံတွေမျာလူဦးရေရဲ့ ၁-၂% လောက်ဖြစ်နေကြတယ်။ ဖြစ်တဲ့သူလဲတိုးလာနေသေးတယ်။

ဂေါက်ရောဂါကို “ရှင်ဘုရင်ရောဂါ” လို့လဲပြောစမှတ် ရှိတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလန်ဘုရင် လူဝကြီး Henry VIII ဟင်နရီ၊ Charlemagne ရှာလ်မိန်း၊ ရိုမန်-အင်ပါယာ Charles V ပဉ္စမြောက် ချားလ်တို့မှာ ဖြစ်ခဲ့လို့ပါ။ နောက်ပြီး နာမည်ကြီးတွေ ရှိပါသေးတယ်။ Leonardo da Vinci လီယိုနာဒို-ဒါဗင်ချီ၊ Voltaire ဗော်လ်တဲယား၊ Sir Isaac Newton နယူတန်၊ Charles Darwin ချားလ်စ်-ဒါဝင်၊ အမေရိကန် ဒေါ်လာ ၁ဝဝ တန်ငွေစက္ကူပေါ်က Benjamin Franklin ဘင်ဂျမင်-ဖရင့်ကလင် တို့မှာလဲဂေါက်ရောဂါ ရှိခဲ့ကြတယ်။

အဆစ်နာတာအပြင် အားယုတ်တာ၊ ဖျားတာနဲ့ တွဲဖြစ်တတ်တယ်။ ကျောက်ကပ်နာ၊ ဆီးကျောက်တွေလဲ ဖြစ်နိုင်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး-သွေးကြောရောဂါ၊ ဝတာ၊ အဆီများတာတွေနဲ့ ဆက်စပ် နေတတ်တယ်။ ဆေးတွေထဲက Diuretics, Niacin, Aspirin, Cyclosporine, Ciclosporin, Tacrolimusဆေးတွေကနေလဲ ဖြစ်စေနိုင်တယ်။

မျိုးရိုးကနေ ၆ဝ% မှာသက်ရောက် စေတယ်။ ထိခိုက်မိတာကြောင့် ပြန်ဖြစ်တတ်တယ်။ စားတဲ့ အစားအသောက်ကလဲ ၁၂% ဖြစ်စေဘို့ အားပေးတယ်။ ဂေါက်ကို Rich Man's Disease “လူချမ်းသာ-ရောဂါ” လို့ပါ ပြောတယ်။ ရောဂါရစေနိုင်တဲ့ အစားတွေဟာဈေးကြီးလို့ပါ။ အသား၊ ပင်လယ်စာ၊ ငါး၊ နဲ့ အသဲ၊ ကျောက်ကပ်၊ ဦးနှောက်၊ ကလီစာတွေ ဖြစ်တယ်။ အရက်၊ Fructose အချိုရည်သောက်တာဒီရောဂါအတွက် မကောင်းပါ။ ကော်ဖီ၊ ဗီတာမင်-စီ၊ နို့သောက်တာနဲ့ ကိုယ်ကာယသန်စွမ်းနေတာတွေကအဖြစ်နည်းစေပါတယ်။

Gout ရောဂါရဲ့ အကြောင်းတရားခံကသွေးထဲမှာ (ယူရစ်-အက်စစ်) တွေ များနေလို့ ဖြစ်ရတာပါ။ Uric acid ဆိုတာ အစားထဲမှာပါတဲ့ Purines ကနေဖြစ်တယ်။ Purine metabolism ချက်လုပ်တဲ့ ဖြစ်စဉ် ပျက်ယွင်းလို့ ဖြစ်တာပါ။ အဲဒီကနေလာတဲ့ Crystal အမှုံတွေကအဆစ်တွေ၊ အရွတ်တွေမှာလာစုပုံနေကြတယ်။ သွေးစစ်ရင် Uric acid levels မြင့်နေမယ်။ တဝက်လောက်မှာတော့ မများပြန်ဘူး။ ယောက်ျားတွေမှာ 420 μmol/L (7.0 mg/dL) အမျိုးသမီးတွေမှာ 360 μmol/L (6.0 mg/dL) ဆိုရင် များတယ်။ သွေးဖြူဥလဲများနေမယ်။ Septic arthritis ပိုးဝင်တဲ့ အဆစ်ရောင်ရောဂါ၊ Rhumatoid arthritis (ရူမတွိုက်) တွေနဲ့ ခွဲခြားရမယ်။

ကုတဲ့အခါ ဆေးသောက်တာနဲ့ အစားရွေးစားတာ ၂ မျိုးလုပ်ရတယ်။ (NSAIDs) ဆိုတဲ့ လူအများသုံးကြတဲ့ အနာ-အကိုက် ပျောက်ဆေးကိုပဌမဆေးအနေနဲ့ သုံးရတယ်။ ဆေးအမျိုးမျိုးရှိပေမဲ့ ဘယ်ဆေးကပိုကောင်းတယ်လို့တော့ မပြောနိုင်ဘူး။ Indomethacin ကိုအများဆုံးသုံးပြီး၊ Ibuprofen ကိုလဲသုံးတယ်။ ဆေးသောက်ပြီး၊ ၄ နာရီကြာရင် သက်သာလာမယ်။ ၁-၂ ပါတ်ကြာအောင် ဆက်သောက်ပါ။ သတိထားဘို့ကအစာလမ်းလေနာသွေးယိုမှာစိုးရသူ၊ နှလုံးမကောင်းတော့ သူတွေကို မပေးသင့်ဘူး။ ဆေးတွေရဲ့ ဘေးထွက် ဆိုကျိုးစိုးရိမ်ရသူတွေကို Proton pump inhibitor လေနာဆေးနဲ့ တွဲပေးမယ်။

Colchicine ဆေးကိုလဲသုံးတယ်။ အစာလမ်းကိုထိခိုက်တတ်လို့ သတိထားရမယ်။ Atorvastatin တို့ Erythromycin တို့နဲ့ တွဲမပေးသင့်ဘူး။ Steroids (စတီရွိုက်) ဆေးကိုစားဆေးသာမကထိုးဆေးအနေနဲ့လဲသုံးတယ်။ နောက်ပြီး Allopurinol နဲ့ Probenicid, Febuxostat ဆေးတွေကို ရေရှည်အတွက်နဲ့ ဖြစ်မလာအောင် ကာကွယ်ဘို့ အတွက် သုံးရတယ်။ ရုတ်တရက် ရောဂါထတာသက်သာပြီး၊ ၁-၂ ပါတ်နေမှ ပေးတယ်။ NSAID or Colchicine နဲ့တွဲပြီး ၃-၆ လ ကြာပေးရတယ်။ Allopurinol ဆေးက Uric acid ထုတ်တာကိုတားပေးတယ်။ ရေရှည် သုံးနိုင်တယ်။ ကျောက်ကပ် သိပ် မကောင်းသူတွေကိုလဲ ပေးနိုင်တယ်။ Probenecidထက် ပိုကောင်းတယ်။ Febuxostat ကိုအစားထိုးသုံးလာနေပြီ။ Pegloticase (Krystexxa) ဆေးကို ၂ဝ၁ဝ ကြမှ စသုံးလာတယ်။ တခြားသုံးနေကြဆေးတွေနဲ့ မတည့်သူ၊ ဆေးမှန်မှန် မကုသူတွေကိုပေးတယ်။ သွေးပြန်ကြောထဲ ၂ ပါတ်တခါ ထိုးရတာပါ။

နာတာရှည်သမားတွေမှာ ဖြစ်တဲ့အဆစ်က Joint deformity ပုံသဏ္ဌာန် ပြောင်းသွားတာမျိုး ဖြစ်လာတယ်။ ၅ နှစ် နောက်ပိုင်း Tophi ဆိုတဲ့ မနာတဲ့ အဖုမျိုးနားရွက်၊ ဖနောင့် စတဲ့နေရာတွေမှာ ဖြစ်လာတယ်။ ကျောက်ကပ်မှာ ကျောက်တည်ကဆီးအက်စစ်ဓါတ် များသူမှာပိုဖြစ်တယ်။ ဂေါက်ရှိသူတွေမှာလည်ပင်ကြီး-ဟော်မုန်းနဲနေတာလဲ တွေ့ရတယ်။

Arthrocentesis ရောင်နေတဲ့ အဆစ်ထဲကအရည်ကိုစုပ်ယူပြီးစမ်းသပ်တာကအသေခြာဆုံးပါ။ Uric acid crystals ဒါမှမဟုတ် ပိုးဝင်နေတာကို သိရမယ်။ X-ray ဓါတ်မှန်ရိုက်ရင် Tophi-crystal deposits နဲ့ အရိုးပျက်စီးမှုကိုသိရမယ်။

ဂေါက်ရောဂါ သမိုင်းမှာဂရိ-ဆေးပညာဖခင်ကြီး Hippocrates ကနေသွေးမဆုံးမီအမျိုးသမီးတွေ နဲ့ Eunuch သင်းကွပ် ထားသူတွေမှာဒီရောဂါ မဖြစ်ဘူးလို့ ဘီစီ ၄ဝဝ လောက်ကရေးမှတ်ခဲ့တယ်။ (မကွပ်ခြင်နဲ့နော်။) “ဂေါက်ရှိတယ် ဆိုတာဂုဏ်ယူစရာ” Gout - A badge of Honor and proud station in life လို့ ပြောစမှတ် ရှိလာခဲ့တယ်။ ဘာလို့လဲဆိုတော့ ခရစ် မတိုင်ခင် နှစ် ၉ဝဝ က ဂျေရုဆလင် ဘုရင် Asa (အာဆား) ဟာဂေါက်နဲ့ နတ်ရွာစံတာမို့ပါ။ ဒါ့ကြောင့်လာမသိ၊ ဗမာတွေကသေတာကို “ဂေါက်တယ်” လို့ ဘန်းစကားအဖြစ် ပြောကြတာထင်တယ်။

Dr. တင့်ဆွေ
၂၂-၉-၂ဝ၁ဝ
ကွ်ျနတော. ဘလော. သည် သူများဘလော.များနှင်.မတူ ဘူးဖြစ်နေပါတယ် သိသောသူများကူညီပါ           http //yarzartun1.blocksport.com
Smoking and Cancer ဆေးလိပ် နဲ့ ကင်ဆာ

(၁) သမီး အမျိုးသားက ဆေးလိပ်ကို တနေ့ ၅ လိပ် သို့ ၆ လိပ် သောက်ပါတယ်။ အဲလိုဆို ရင် ဘာတွေဖြစ်လာနိုင်ပါသလဲ ဆရာ။
(၂) ဦးပိုင်ကထုတ်တဲ့ Red Ruby စီးကရက် လိုက်ပို့တဲ့ကောင်တွေက့ (မြန်မာသတင်း)
(၃) ကျွန်တော့် နာမည်က (့) ပါ။ အသက်က ၂၅ ပါ။ ၁၆ နှစ်ကစပြီးဆေးလိပ် သောက်ခဲ့မိပါတယ်။ သောက်တာ သာမန်ထက် ပိုများပါတယ်။ အခုနောက်ပိုင်းတော့ ကြိုးစားပြီး ဖြတ်နေပါတယ်။ ဆေးလိပ်သောက်ရင် လည်ပင်း-ကင်ဆာ ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ လည်ပင်း-ကင်ဆာရဲ့လက္ခဏာများအကြောင်းသိလိုပါတယ်။ ဆေးစစ်လျှင် လည်ပင်း-ကင်ဆာရှိ-မရှိမည်သို့ ပြုလုပ်ရမည်ကိုဖြေကြားပေးပါခင်ဗျာ။

ဆေးလိပ်သောက်တာနဲ့ ကင်ဆာဆက်စပ်တာမှာအဆုပ်ကင်ဆာကထိပ်မှာနေတယ်။ အဆုပ်-ကင်ဆာနဲ့ သေဆုံးရသူအားလုံးထဲမှာယောက်ျားဆိုရင် ၉ဝ% မိန်းမဆိုရင် ၈ဝ% ဟာ စီးကရက် သောက်တာနဲ့ ဆက်စပ်နေပါတယ်။

စီးကရက်ဆေးထဲမှာ ဓါတ်အမျိုးအစားပေါင်း ၅၉၉ ပါပြီး၊ မီးရှို့လိုက်ရင် ဓါတ်အမျိုးပေါင်း ၄ဝဝဝ ဖြစ်လာတယ်။ အဲဒီအထဲက ၄ဝ မကတာတွေဟာ ကင်ဆာဖြစ်စေနိုင်တာတွေ ဖြစ်တယ်။ သေဆုံးရခြင်းအကြောင်းရင်းတွေထဲမှာကင်ဆာကဒုတိယလိုက်တယ်။ ကင်ဆာမှန်သမျှ ဘာလို့ဖြစ်သလဲဆရာဝန်တွေ သိပ်မသိကြသေးဘူး။ ဒါပေမဲ့ အဆုပ်-ကင်ဆာဟာဆေးလိပ်နဲ့ ဆက်စပ်တယ်လို့ သိလာရတဲ့ ပဌမဆုံးရောဂါ ဖြစ်ပါတယ်။

• ကင်ဆာအမျိုးမျိုးထဲမှာ အဆုပ်ကင်ဆာကကင်ဆာကြောင့် သေဆုံးမှုတွေထဲမှာထိပ်ရှိတယ်။ စီးကရက်ကအဓိကတရားခံဘဲ။
• စီးကရက် မသောက်သူတွေထက် သောက်သူတွေကိုယှဉ်ရင် အမျိုးသားတွေမှာ ၂၃ ဆ၊ အမျိုးသမီးတွေမှာ ၁၃ ဆ အဆုပ်ကင်ဆာပိုပြီးဖြစ်စေတယ်။
• အဆုပ်ကင်ဆာဖြစ်သူတွေထဲကဆေးလိပ်သောက်လို့ ယောက်ျားတွေမှာ ၉ဝ%၊ မိန်းမတွေမှာ ၈ဝ% သေဆုံးကြတယ်။
• ၂ဝဝ၃ ခုနှစ်ကအဆုပ်ကင်ဆာလူနာသစ်ပေါင်း ၁၇၁၉ဝဝ ထဲက ၁၅၇၂ဝဝ လောက်နီးနီး အဆုပ်ကင်ဆာ နဲ့ သေဆုံးခဲ့တာတွေ့ရတယ်။
• ၂ဝဝ၄ ခုနှစ် အစီရင်ခံစာထဲမှာဆေးလိပ်သောက်တာနဲ့ ဆက်စပ်တဲ့ ကင်ဆာတွေဟာ အာခံတွင်း-ကင်ဆာ၊ အာခေါင်-ကင်ဆာ၊ လေပြွန်-ကင်ဆာ၊ အစာမြိုပြွန်-ကင်ဆာ၊ ဆီးအိမ်-ကင်ဆာ၊ အစာအိမ်-ကင်ဆာ၊ သားအိမ်ဝ-ကင်ဆာ၊ Kidney ကျောက်ကပ်-ကင်ဆာ၊ သရက်ရွက်-ကင်ဆာနဲ့ (လူကီးမီးယား) သွေး-ကင်ဆာတွေကလဲဆေးလိပ် သောက်တာနဲ့ ဆက်စပ်မှု ရှိတယ်လို့ ပါရှိခဲ့တယ်။
• ဆေးလိပ်လဲသောက်၊ အရက်လဲသောက်သူတွေမှာပိုဖြစ်ကြရတာက လေပြွန်ကင်ဆာဖြစ်တယ်။ ၂ဝဝ၃ တုံးကဒီရောဂါနဲ့ လူပေါင်း ၃၈ဝဝ သေဆုံးခဲ့ရတယ်။
• ဆေးလိပ် များများသောက်တာနဲ့ အဖြစ်များတာလဲဆက်စပ်မှုရှိတယ်။
• ဆေး-ဆေးလိပ်ထဲက နီကိုတင်း ကို ကင်ဆာ ဖြစ်စေတဲ့ဓါတ်လို့ သတ်မှတ်တယ်။
• ကင်ဆာကိုဖြစ်စေနိုင်တဲ့ ဓါတ်တွေထဲမှာထင်ရှားတာတွေကတော့ Arsenic, Benzene, Beryllium, 1,3–Butadiene, Cadmium, Chromium, Ethylene oxide, Nickel, Polonium-210, Vinyl chloride ဖြစ်တယ်။
• တခြားအဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေကတော့ Formaldehyde, Benzo[α]pyrene, Toluene တွေ ဖြစ်ကြတယ်။
• ဆေးမှန်သမျှ ရောဂါရစေမယ်။ စွဲစေတယ်။

သူများသောက်တဲ့ ဆေးလိပ်ငွေ့ရှူလို့လဲရောဂါတွေ ဖြစ်စေတယ်။ ဥပမာ နှလုံးရောဂါ ဖြစ်ဘို့ ၂၅-၃ဝ% ပိုစေနိုင်တယ်။ ကိုယ်ဝန်ဆောင်မှာအဲလိုဖြစ်ရင် ကိုယ်အလေးချိန်မပြည့်တဲ့ကလေးမွေးလာနိုင်တယ်။ ကလေးတွေမှာဆိုရင် (SIDS) ရုတ်တရက် ကလေးငယ် သေဆုံးခြင်း၊ နားရောင်၊ အအေးမိ၊ နူမိုးနီးယား၊ လေပြွန်ရောင်၊ ပန်းနာတွေ ပိုဖြစ်လာနိုင်တယ်။

Dr. တင့်ဆွေ
၁ဝ-၉-၂ဝ၁၁
၂၆-၂-၂ဝ၁၄

Tuesday, February 25, 2014

Myanmar Thai Mou News Provider : ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အထူးသတိပြုရ...

Myanmar Thai Mou News Provider : ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အထူးသတိပြုရ...: ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအနေနှင့် ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ရာတွင် သိနားလည်သူများအဖို. ပြဿနာမရှိနိုင်သော်လ...

Visa သက်တန်းတိုး ပြုလုပ်ပုံအဆင့်ဆင့်



မိမိ ပတ်စပို့ (Passport) သည် အနီရောင် ဖြစ်ပါက စာအုပ်သက်တမ်း ၃ နှစ် ရရှိမည်ဖြစ်ပြီး ထိုင်း Vissa ၂ နှစ် သက်တမ်းရှိမည်ဖြစ်ပါသည်။

        မိမိ ပတ်စပို့ (Passport) သည် ခရမ်းရောင် ဖြစ်ပါက စာအုပ်သက်တမ်း ၆ နှစ် ရရှိမည်ဖြစ်ပြီး ထိုင်း Vissa ၂ နှစ် သက်တမ်းရှိမည်ဖြစ်ပါသည်။မိမိ Vissa သက်တမ်း ၂ နှစ် ကုန်ဆုံးမည့် ၁ လ အလိုတွင်Vissa၂ နှစ်ထပ်မံ၍သက်တမ်းတိုးရပါမည်။

        မိမိ Passport သည် အနီရောင်ဖြစ်သည့်အတွက် စာအုပ်သက်တမ်း ၃ နှစ် ပါသည့်ဖြစ်၍ Vissa ၂ နှစ် ထပ်တိုးရန် မလောက်ပါ။
      ထို့ ကြောင့်
မိမိသည်စာအုပ်သက်တမ်းတိုးရမည်ဖြစ်၍ပထမဦးစွာ မြန်မာဘက်ခြမ်း(စာအုပ်သက်တမ်း) 
ကိုအရင်ဦးဆုံးတိုးထားရပါမည်။ စာအုပ်သက်တမ်းတိုးရန် မြန်မာ အကျိုးဆောင် များစွာရှိပါသည်။
 စာအုပ်သက်တမ်း တိုးပြီးလျှင် မိမိစာအုပ်သည် ၃ နှစ် ရမည်ဖြစ် ပြီးစုစုပေါင်း စာအုပ်သက်တမ်း ၆ နှစ် ရရှိသွားပါမည်။ ထိုမှသာ ထိုင်း Vissa ၂ နှစ်သက်တမ်းတိုး၍ ရနိုင်ပါသည်။ စာအုပ် ခရမ်း ရောင် များနေဖြင့်
မြန်မာဘက်ခြမ်း(စာအုပ်သက်တမ်း) တိုးရန် မလိုအပ်ပါ။

        စာအုပ်ခရမ်းရောင် များသည် စာအုပ်သက်တမ်း ၆ နှစ် ရရှိထားပြီး ဖြစ်ပါသည်။
        မိမိ Vissa သက်တမ်းသည် ၁ လအောက် အလို ဖြစ်ရမည်။ မိမိ Vissa သက်တမ်းသည် ၁ လ အထက် ရှိနေလျှင် ထိုင်း Vissa ရုံးတွင်သက်တမ်းတိုး၍ မရသေးပါ။ Vissa သက်တမ်းတိုးရာ ဌာနတွင် မိမိကိုယ်တိုင် သွားရောက် သက်တမ်းတိုးမည်ဆိုလျှင် သူဌေး စာရွက်စာတမ်းအပြည့်အစုံနှင့် Workpermit ရှိရပါမည်။   (ချွင်းချက်)..... မြန်မာ အကျိုးတော် ဆောင်များ ထံအပ်နှံပြုလုပ်လျှင် သူဌေးစာရွက်စာတမ်းအပြည့်အစုံ နှင့် Workpermit  မလိုပါ။

Vissa သက်တမ်းတိုးရန် လိုအပ်ချက်များ

(၁)  မြန်မာဘက်ခြမ်း(စာအုပ်သက်တမ်း) ၃ နှစ် တိုးထားသည့် တံဆိပ်တုံး(စာအုပ်
       အနီရောင်များအတွက်သာ)
(၂)  ဘက်သံထောက်(ထော်လော်စံပတ်) မိတ္တူ
(၃)  ၂ လက်မ ဓါတ်ပုံတစ်ပုံ
(၄)  ပတ်စပို့ (Passport) စာအုပ်
(၅)  မိမိ သူဌေး စာရွက်စာတမ်းအပြည့်အစုံ(သူဌေးနေရပ်လိပ်စာ၊ ကုမ္ပဏီ လိပ်စာ၊ သူဌေးမှတ်ပုံတင်
       အစရှိသဖြင့်.....)
(၆)  စာအုပ် ခရမ်းရောင် များနေဖြင့် နံပါတ်(၁) အချက် မလိုအပ်ပါ။

ဗီဇာ(Vissa) သက်တမ်းတိုးရန် ကျသင့်ငွေများ

(၁)  မြန်မာဘက်ခြမ်း(စာအုပ်သက်တမ်း) ၃ နှစ် တိုးထားသည့်တံဆိပ်တုံးသည်
       မိမိကိုယ်တိုင်မြန်မာသံရုံးတွင် သွားရောက်တိုးလျှင် ၁၅၀ဘတ်  မြန်မာအကျိုးတော်ဆောင်များအား
       အပ်နှံလျှင် ၃၅၀ ဘတ် (စာအုပ် အနီရောင် များ အတွက်သာ)
(၂)  ဗီဇာ(Vissa) ကြေး ၁၉၀၀ ဘတ်
    ဤဈေးနှုန်းများသည် မိမိကိုယ်တိုင် သွားရောက် သက်တမ်းတိုး ရမည့် အခကြေးငွေ များဖြစ်ပြီး မိမိ၏ စာရွက်စာတမ်းများနှင့် မိမိအား တာဝန်ယူထားသည့် သူဌေး စာရွက်စာတမ်း အပြည့်အစုံ နှင့် Workpermit ရှိထားရမည်။

မြန်မာ အကျိုးတော်ဆောင်ရုံး များထံတွင် Vissa သက်တမ်းတိုးရန် သွားရောက်အပ်နှံ ပြုလုပ်လိုလျှင်

(၁)  ဘတ်သံထောက်(ထော်လော်စံပတ်)မိတ္တူ
(၂)  ၂လက်မဓါတ်ပုံတစ်ပုံ
(၃)  ပတ်စပို့ (Passport)စာအုပ် ပေးထားရပါမည်။
        ကျသင့်ငွေ မှာ ....
(၁)  မြန်မာဘက်ခြမ်း(စာအုပ်သက်တမ်း) ၃ နှစ် ၃၅၀ ဘတ်(စာအုပ် အနီရောင် များအတွက်သာ)
(၂)  Vissa သက်တမ်းတိုး ၃၅၀၀ ဘတ် (သူဌေးစာရွက်စာတမ်းနှင့် Workpermit မလိုအပ်ပါ ၊ မိမိ ကိုယ်တိုင် ရုံးသို့ မသွားရပါ)

သတိပြုရန်......
    မြန်မာဘက်ခြမ်း(စာအုပ်သက်တမ်း) ၃ နှစ် တိုးထားသည့် သူများအနေ ဖြင့် စာအုပ်သက်တမ်းတိုး ခ ၃၅၀ ဘတ်ပေးရန်မလိုပါ။ မြန်မာအကျိုးတော်ဆောင်များ နှင့် မိမိကိုယ်တိုင် လိုက်ပါလျှင် Vissa သက်တမ်းတိုးခ ၃၀၀၀ ဘတ် သာလျှင် ကျသင့်မည်ဖြစ်ပါသည်။

Vissa ပြုလုပ်ပုံ အဆင့်ဆင့် အား လိုအပ်လျှင် ထပ်မံဖြည့်စွက် သွားပါမည်။

အရှိန် အဟုန်နဲ့ ကြီးထွားလာတဲ့ လူသား မှောင်ခို ဈေးကွက်

တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေ,,, နယ်စပ်ဒေသတွေမှာ စွန့် စား သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါ
ငွေကြေးမပြည်စုံသူတွေရဲ့  အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံးနည်းလမ်းကနေ သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမားတဲ ပြသနာတွေရှိနေပါတယ်၊....

.ဒီအထဲမှာ အဆိုးဆုံးက တရုပ်ပြည်နယ်စပ်က လူကုန်ကူးနေကြတဲ့ ဒုစရိုက်မှောင်ခိုးဂိုဏ်းတွေရဲ့  ငွေမက်လုံးနဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်ယူ ရောင်းစားနေကြတာဘဲဖြစ်ပါတယ်။

တရုပ်နိုင်ငံအတွင်းမှာ ကျောက်ကပ်-နှလုံး..အဆုတ်စတဲ့ ထုတ်ယူရောင်းစားမှုက ဈေးကွက်မှာ ကျယ်ပြန့် လာနေပါပြီ၊ နှစ်စဉ် တရုပ် နိုင်ငံတွင်းမှာပင် ဆေးရုံကလူနာ(၁)သန်း လောက်ဟာ ကိုယ်တွင်းက အရေးကြီးတဲ့အစိတ်အပိုင်းတွေ အစားထိုးဘို့ စောင့်နေကြပါတယ် ၊-ဒီလိုအပ်ချက်ကို ကိုယ်ခန္ဓာလှူတမ်းထားသူတွေ ရုပ်တရက်သေဆုံးသွားသူနဲ့ အကျဉ်းထောင်တွေက ကျန်းမာရေးကောင်းမွန်တဲ့ ထောင်သား (သေဒဏ်ပေး)တွေ ဆီက နေအများဆုံးထုတ်ယူပါတယ်၊ ခွဲစိတ်အစားထိုးဘို့  လိုအပ်လူနာ ဦးရေကအလွန်များနေတာကြောင့်လည်း ငွေကြေးတတ်နိုင်တဲ့သူတွေက ဈေးကောင်းပေးပြီး ၀ယ်နေတော့ မှောင်ခိုဈေးကွက် ကလည်း တွင်းကျယ်လာပါတယ်၊

ဝယ်အားကောင်းနေဆဲ လူ့ အစိတ်အပိုင်းတွေကတော့ ကျောက်ကပ်($၅၀၀၀၀ကျော်) အသည်းမှာဒေါ်လာ($၈၀၀၀၀၀ကျော်)နဲ့  ဈေးအရဆုံးကတော့ အဆုတ်ဖြစ်ပြီး ဒေါ်လာတသိန်း မှ လေးငါးသိန်း ကျော်အထိ ဈေးပေါက်ပါတယ်။
နောက်ဆုံး..မျိုးဥကောင်းတဲ့ ယောက်ကျားသုတ်ရည်ကိုတောင်ဒေါ်လာထောင်ချီပေးပြီးဝယ်တာလည်းရှိသေးတယ်။

ချမ်းသာတဲ့သူတွေက သူ့ ထက်ငါဈေးကောင်းပေးအလုအရက် ၀ယ်လာနေလို့  ခုလိုဈေးတွေတက်သွားခဲ့တာပါ၊ ၀ယ်လိုအားကောင်းတော့ ဒုစရိုက်ဂိုဏ်းသားတွေက မျက်စေ့ကျလာပါတော့တယ်၊ဒီတော့ ကုန်ကြမ်းတွေကိုရဘို့  လူမှောင်ခိုသမားတွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်လာရာမှာတော့..... လူသားဈေးကွက်တွင်ကျယ်လာတာပါ

.နောက်ပိုင်း လူကလီစာရောင်းတာတွေ.တရုပ်နိုင်ငံတွင်းမှာ ဖမ်းဆီးအရေးယူနေ ပေမဲ့...လူသား မှောင်ခိုလောကက ရပ်မသွားပါဘူး၊ မြေအောက်ဂိုဏ်းသားတွေဟာ ပုံစံတမျိုးနဲ့  ဆက်လုပ်ကြပြန် တယ်၊ ...လူကလီစာကုန်ကြမ်းတွေကို ဆက်ရှာနိုင်ဘို့  ဆင်းရဲတဲ့နိုင်ငံတွေ ကနေ ရရာအလုပ်ထွက်လုပ်သူတွေဟာ သားကောင်တွေဖြစ်သွားရော၊ နယ်စပ်ကနေ လူတွေကိုအောက်လမ်းမှခိုးသွင်းလာမယ် ပြီးရင်တချို့ ကိုဆေးထိုးသတ်ပြီး ကိုယ်ထဲအစိတ်အပိုင်းတွေထုတ်ယူတယ်၊

တချို့ ကိုတော့ နေမကောင်းလို့  ဆေးရုံပြမယ်လို့  လိမ်ညာပြီးမှောင်ခိုဆရာဝန်နဲ့ ကိုယ်ထဲက အစိတ်အပိုင်းတွေကို ခွဲထုတ်ယူကြပါတယ်၊တချို့ လည်းငွေကြေးကြောင့် မိမိဆန္ဒအလျှောက် ထုတ်ရောင်းကြတာလည်းရှိတယ်၊ နောက်နည်းတမျိုးမှာ နယ်စပ်က ကျန်းမာရေးကောင်းတဲ့ မိန်းခလေးငယ် တွေကို လက်ထပ်ဘို့ စည်းရုံးခေါ်သွားပြီး နောက်ပိုင်းမှာအပြောက်ရှင်းလိုက်တာပါ။ တရုပ်အမျိုးသားတဦးနဲ့ လက်ထပ်ခဲ့တဲ့ ထိုင်းကျေးလက်တောသူတဦးဟာ ယောက်ကျားနေတဲ့ တရုပ်ပြည်ကို လိုက်သွားရင်း နဲ့  နေမကောင်းလို့ ဆေးရုံတက်ရတဲ့အချိန်မှာ သူမကိုမေ့ ဆေးပေးပြီး နှလုံးကိုအစားထိုးလဲ လိုက်တဲ့အတွက် ဆေးရုံကဆင်းလာပြီးတဲ့နောက်ပိုင်း.... ၃လအကြာမှာ သေဆုံးသွားခဲ့ပါတယ်၊ မိမိတို့  နိုင်ငံမှာလည်း လူမသိသူမသိနဲ့  ခုလိုလိမ်ညာလူကုန်ကူးနေသူတွေကြောင့် ဘယ်လောက် ပြောက်ဆုံးနေကြတယ်ဆိုတာ ဘယ်သူမှသိနိုင်မှာမဟုတ်ပါ

ဒါကြောင့် တရုတ်ဘက် ကို တရားဝင်နည်းနဲ့ ပဲဖြစ်ဖြစ် မှောင်ခိုပဲဖြစ် ဖြစ် သွားရောက် အလုပ် လုပ် ကိုင်မည့် သူများကို သတိ ကြီးစွာ ထားနိုင်ဖို့ တင်ပြ လိုက်ပါတယ်

ှSource.. (NSA)
Burmarpyithar min Burma
Unlike · · · 236 · 43 minut

Myanmar Thai Mou News Provider : ရက်(၉၀) နှင့် ဒဏ်ငွေ

Myanmar Thai Mou News Provider : ရက်(၉၀) နှင့် ဒဏ်ငွေ: ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် သူများအနေဖြင့် ရက်(၉၀) တွင် တစ်ကြိမ် မိမိတို. အလုပ်လု...

Monday, February 24, 2014

အိုင်ဘီအက်စ် (I.B.S) ခေါ်

အစာအိမ်နာ အူလမ်းကြောင်း ရောဂါများမှာ နာတာရှည် ဖြစ်တတ်ပြီး စိတ်ရှည်ရှည် အချိန်ယူပြီး ကုသရသည်။

အဖြစ်များသော ရောဂါ လက္ခဏာများ

ဗိုက်တင်းခြင်း၊ ဗိုက်ကယ်ခြင်း၊ လေချဉ်တက်ခြင်း၊ လေမလည်ခြင်း၊ အစာများပြီး မနေနိုင်အောင် ဗိုက် အောင့်ခြင်း၊ အစာစားပြီးပါက ရောဂါ ပိုဆိုးလာခြင်း၊ ဗိုက် အလွန်နာခြင်း၊ ရင်ညွန့် အောင့်ခြင်းတို့ ဖြစ်တတ်သည်။

အခြား အသွင်များ

ဝမ်း အမာသွားခြင်း၊ ဝမ်း ပျက်ခြင်း၊ ဝမ်း ချုပ်ခြင်း၊ ဝမ်း သွားလိုက်၊ ချုပ်လိုက် ဖြစ်ခြင်း၊ ဝမ်းသွားလျှင် ချွဲပါခြင်း၊ ဝမ်းသွား အားမရခြင်း၊ တချို့မှာ အစာ ရေမျိုအောက်ပိုင်း ကြွက်သား ညှစ်အား မူမမှန်ခြင်း၊ ရင်ပူခြင်း၊ လေတက်ခြင်း၊ အစာ မကြေခြင်း၊ ရင်ညွန့်တစ်ဝိုက် နာခြင်းတို့ ဖြစ်တတ်သည်။

ရောဂါ ဖြစ်ရခြင်းများ

အူလမ်းကြောင်း လှုပ်ရှားမှု မူမမှန်ခြင်း၊ အူလမ်းကြောင်း ကြွက်သား မကြာခဏ ညှစ်ရခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အူမကြီး ကင်ဆာ၊ အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ပါဝင်သည်။

ရောဂါ ပိုဆိုးစေခြင်း

အစာအိမ်နှင့် အူလမ်းကြောင်း တစ်လျှောက်တွင် ပိုးကြောင့် ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်ပြီး ပိုးသတ် ဆေးစားခြင်း၊ ဗိုက် ခွဲစိတ်ခြင်း၊ စိတ်သောက ဖြစ်ခြင်း၊ စိတ်ကျ၊ စိတ်ထိခိုက်လျက် ရှိခြင်း၊ မတည့်သော အစားအစာကို စားခြင်း၊ အိမ်ထောင်ရေး အဆင်မပြေခြင်း၊ ပတ်ဝန်းကျင်နှင့် အဆင်မပြေခြင်း တို့ကြောင့် ရောဂါ ပိုဆိုးစေသည်။ အမျိုးသမီးများမှာ ပို၍ အဖြစ်များသည်။

ရောဂါ စစ်ဆေးခြင်း

အထူး စစ်ဆေးရန် မလိုပါ။ (အသက် လေးဆယ် မကျော်သူမှာ သွေးဖောက် (GP, ESR) လုပ်ခြင်း) အစာအိမ် အူလမ်းကြောင်း ဓာတ်မှန် ရိုက်ခြင်း၊ မှန်ပြောင်း ကြည့်ခြင်းတို့ဖြင့် ရောဂါကို စစ်ဆေး နိုင်သည်။

အရေးကြီးသော လက္ခဏာများ

သွေးအန်ခြင်း၊ ဝမ်းအမည်း သွားခြင်း၊ သိသိသာသာ ပိန်ခြင်း၊ ဗိုက်တွင် အလုံးပေါ်ခြင်း၊ ဝမ်း အရိအရွဲ သွားခြင်း၊ ည အိပ်မပျော်ခင် ဗိုက်နာခြင်းနှင့် အဖျားရှိခြင်း တို့သည် အရေးကြီးသော လက္ခဏာများ ဖြစ်သည်။

ဓာတ်စာ

လူနာ ထက်ဝက်ခန့်မှာ ဆေး၊ အစားအသောက် ကိုက်ညီ ပံ့ပိုးမှုဖြင့် ရောဂါ သက်သာစေပါသည်။ နေ့စဉ် နာရီဝက် ကျန်းမာရေး အတွက် (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်သည်။ အစား မရှောင်သော လူနာ၏ သုံးပုံတစ်ပုံသည် သက်သာမှု မရှိဘဲ ခွဲစိတ် ကုသမှု ခံယူကြရသည်။

အသိပညာ ပေးခြင်း

ကင်ဆာကဲ့သို့ ဆိုးဝါးသော ရောဂါ မဟုတ်ပါ။ အမြဲတမ်း ပုံမှန် ဆေးသောက်ခြင်းနှင့် သေချာတိကျတဲ့ ကုသမှု ခံယူရမည်။

ကုသနည်း

ကျန်းမာရေးနှင့် ညီညွတ်သော အစာ စားရမည်။ ဗိုက်အောင့်ပျောက်ဆေး ဒိုင်ဂျင်း၊ ဂျဲလမက် သောက် သင့်သည်။ ။

ဒေါက်တာ လွင်သန့် (ဆေး-၂)

http://www.myawady.net.mm/health/knowledge/item/31684-2013-12-03-14-24-58
Like · · · 1216 · 20 hours ago ·

မောင်(စွယ်စုံကျမ်း)dhammahive.activity.apk

မောင်(စွယ်စုံကျမ်း)dhammahive.activity.apk
ဒါကတော့ မှတ်သားထာားသင့်သော viber ရဲ့ ပြဿ နာ
နှင့် အဖြေများ
Viber မှ ဖြေရှင်းပေးလိုက်သော Viber ပြဿ နာများ
===============================

မြန်မာနိုင်ငံရဲ့ Viber အသုံးပြုသူတွေမှာ ဖြစ်ပေါ်လျှက်ရှိတဲ့ အခက်အခဲလေး
တွေနဲ့ပတ်သက်ပြီး Viber ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ Viber Support Team အဖွဲ့ဝင် Kira B မှ မေးမြန်းသမျှ အခက်အခဲတွေကို ပြန်လည်ဖြေကြားခဲ့
ပါတယ်။ ဒါ့ကြောင့် Techspace ပရိသတ်ကြီး အတွက် ဗဟုသုတရစေခြင်း အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

ှQ - Computer မှာ Viber Version ဘယ်လိုမြှင့်ရပါသလဲ။
A - Desktop အတွက် Viber Update က အလိုအလျောက်ရောက်လာပါလိမ့်မယ်။ Update ရောက်လာပြီဆိုရင် Update Notification မြင်တွေ့ရမှာဖြစ်ပြီး Update ကို Download လုပ်မလား၊ မလုပ်ဘူးလားဆိုတာ မေးမြန်းပါလိမ့်မယ်။

ှQ - Viber ကနေ MP3 သီချင်းတွေ ပို့လို့ရလား။ Video တော့ရပြီး MP3 ကိုမတွေ့လို့ပါ။
A - ယခုအချိန်မှာ MP3 ဖိုင်တွေ ပို့လို့မရသေးပါဘူး။

Q - Viber ဖွင့်ချင်လို့ Code တောင်းရတာ အရမ်းခက်ပါတယ်။ ရက်တွေ အများကြီး စောင့်ရပါတယ်။ အဲဒါဘာ့ကြောင့်များလဲ။
A - Viber ကို Install လုပ်ပြီးလို့ Activation code တောင်းရတာ အဆင်မပြေဘူးဆိုရင်

(၁) Viber မှာထည့်သွင်းလိုက်တဲ့ Country Code မှန်မမှန်၊ ဖုန်းနံပါတ် မှန်မမှန် တစ်ခေါက်ပြန်စစ်ဆေးပါ။
(၂) မှန်ကန်တယ်ဆိုရင် စက္ကန့် (၆၀) အတွင်း Activation code ရောက်လာပါလိမ့်မယ်။
(၃) Viber Message ထဲဝင်ပြီး Code ရောက်မရောက် စစ်ဆေးပါ။
(၄) တကယ်လို့များ မရောက်လာသေးဘူးဆိုရင် အင်တာနက် ကွန်နက်ရှင်ကောင်းမကောင်း ပြန်လည် စစ်ဆေးပါ။
(၅) Wi-Fi ချိတ်သုံးတယ်ဆိုရင် Wi-Fi ကို အသေအချာ ပြန်ဖွင့်ပြီး Activation code ရောက်မရောက် ပြန်စစ်ပါ။
(၆) 3G/4G ဖုန်း Network တွေသုံးတယ်ဆိုရင် 3G/4G ဖွင့်ပြီး ပြန်စစ်ကြည့်ပါ။
(၇) နောက်ဆုံး ဖုန်းကို Restart ချပြီး ပြန်သုံးကြည့်ပါ။

Q - Viber မှာ Skype လို ရုပ်/သံ ၂ မျိုး ကြိုက်နှစ်သက်ရာနဲ့ ပြောလို့ရရင်
ကောင်းမှာပဲနော်။
A - Video call အတွက် စမ်းသပ်နေဆဲပါ။ အနာဂါတ်မှာ Video call တွေ
ခေါ်ဆိုနိုင်ပါလိမ့်မယ်။

Q - Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block လို့ရပါသလား။
A - Android ရဲ့ Viber ဗားရှင်း 4.2 မှာ Block List ပါလာပါပြီ။
http://bit.ly/18GjFwk မှာသွားပြီး Download ရယူနိုင်ပါတယ်။ iPhone နဲ့ Windows Phone 8 ဖုန်းတွေမှာ block feature ကိုသုံးနိုင်ဖို့ စမ်းသပ်ဆဲဖြစ် ပါတယ်။ ဖုန်းနံပါတ်တစ်ခုကို Block လိုက်မယ်ဆိုရင် ဘယ်နည်းနဲ့မှ Viber မှာ လာမဆက်သွယ်နိုင်တော့ပါဘူး။ သူ့ရဲ့ဖုန်းခေါ်ဆိုမှုတွေ၊ Message
တွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ Contact နံပါတ်တစ်ခုကို Block ဖို့အတွက် အောက်ကအချက်အနည်းငယ်ကို လိုက်လုပ်ဖို့ လိုပါတယ်။

(၁) ကိုယ်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ကိုယ့်ကို Message ပို့လာလို့ Block ချင်တယ်ဆိုရင် Message Box ရဲ့အပေါ်ဘက်မှာ ရွေးချယ်စရာ Option နှစ်ခုရှိပါတယ်။ အဲဒီဖုန်းနံပါတ်ကို Contact list ထဲထည့်မှာလား၊ Block လိုက်မှာလားဆိုတာ ရွေးချယ်နိုင်ပါတယ်။

(၂) Group ထဲက User တစ်ယောက်ယောက်ကို Block ချင်တဲ့အခါ ပထမဆုံး Group ထဲဝင်လိုက်ပါ။ ဖုန်း Screen ကို ဘယ်ဘက်ကို လက်နဲ့ရွှေ့လိုက်ပြီး Contact ကိုရွေးချယ်ပါ။ Device Menu ကိုသွားပါ။ ပြီးရင် Block ဆိုတာကို ရွေးပေးလိုက်ပါ။ တစ်ခုရှိတာက Group မှာသူ့ကို Block လိုက်ပေမယ့် သင့်ရဲ့လုပ်ဆောင်ချက်တွေကိုတော့ သူမြင်တွေ့ရဦးမှာပါ။ သင်လည်း သူ့ရဲ့ Group အတွင်း လုပ်ဆောင်ချက် တွေကို မြင်တွေ့ရဦးမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ Block feature ကို တစ်ယောက်ချင်း ဆက်သွယ်ချိတ်ဆက်မှုတွေ အတွက်ပဲ အသုံးချနိုင် သေးတာကြောင့်ပါ။

(၃) သင့် Contact နံပါတ်တွေထဲမှာ ရှိတဲ့သူတစ်ယောက်ကို Block လိုတယ်ဆိုရင် ဖုန်းရဲ့ Screen ကို ဘယ်ဘက်သို့ရွှေ့လိုက်ပြီး Device Menu ကိုသွားပါ။ ပြီးရင် Block ကိုရွေးချယ်ပေးလိုက်ပါ။ နောက်တစ်နည်းက Viber Settings > Privacy > Block List > Block number ကိုသွားပြီး Block ရင်လည်း ရပါတယ်။

Q - ဒါဆိုရင် Block လုပ်ထားတဲ့ Contact ကို Unblock ပြန်လုပ်လို့ရလား။
A - ရပါတယ်။ ပထမဆုံး More Options Menu ကိုသွားပါ။ ပြီးရင် Settings > Privacy > Block List ထဲကိုဝင်ပြီး Unblock ပြန်လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ရှာလိုက်ပါ။ နောက်ဆုံး Unblock လုပ်နိုင်ပါပြီ။

Q - ကိုယ် Block လိုက်တာကို သူတို့တွေ သိနိုင်သလား။
A - မသိနိုင်ပါဘူး။ သူတို့ကို Block လိုက်ပေမယ့် Viber က သူတို့တွေဆီကို ဘယ် Message မှ မပို့ပါဘူး။ သူတို့တွေက သင့်ဆီကို ပုံမှန်အတိုင်း Message တွေ ပို့ပါလိမ့်မယ်။ ဒါပေမယ့် သင်ဆီကိုတော့ ရောက်လာမှာ မဟုတ်ပါဘူး။

Q - ဒါဆိုရင် ကိုယ့်ကို Block လိုက်တယ်ဆိုတာကိုရော သိနိုင်လား။
A - Viber ရဲ့ User Privacy အရ ဘယ်သူတွေက ကိုယ့်ကို Block လုပ်လား၊ မလုပ်လားဆိုတာ သိခွင့်မပေးထားပါဘူး။

Q - Viber Message တွေကို Back up လုပ်လို့ရပါသလား။
A - Message History တွေကို Back up လုပ်မယ်ဆိုရင် Viber ကိုအရင်ဆုံးဖွင့်လိုက်ပါ။ More options ထဲသွားပြီး Settings ထဲက Email message history ဆိုတာကို နှိပ်လိုက်တာနဲ့ Backup file ကို Create လုပ်ပါလိမ့်မယ်။ အဲဒီမှာ Email ထဲပေးပို့လိုတဲ့ Application ကို ရွေးချယ်ပေးရပါမယ်။

Q - Viber Out ခေါ်ဆိုဖို့အတွက် Credit Card ကိုအဆင်ပြေပြေ ဝယ်လို့ရချင်ပါတယ်။
A - Viber Out အတွက် Credit Card ဝယ်ချင်တယ်ဆိုရင် http://bit.ly/HKZzVc မှာသွားပြီး အကောင့်အသစ်တစ်ခုဖွင့်ပြီး Register လုပ်ရမှာပါ။ Visa, MasterCard, American Express တွေနဲ့ ဝယ်လို့ရပါတယ်။ လက်ရှိမှာတော့ PayPal နဲ့ အကောင့်နဲ့ ငွေပေးချေခြင်းကို ခေတ္တရပ်နားထားပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပြန်လည်အသုံးပြုနိုင်တော့မှာပါ။

-------------------------------------------------

May Thazin (TSJ Team)

ကိုလတ်(ကျွဲဆင်း)နည်းပညာစု့စည်းမှု့: windows 8 & 8.1 တွေမှာ wifi limited ဖြစ်နေသူများအတ...

ကိုလတ်(ကျွဲဆင်း)နည်းပညာစု့စည်းမှု့: windows 8 & 8.1 တွေမှာ wifi limited ဖြစ်နေသူများအတ...: windows 8 & 8.1 တွေမှာ wifi limited ဖြစ်နေသူများအတွက် ==================================== windows 8 & 8.1 တွေမှာ ...

ကိုလတ်(ကျွဲဆင်း)နည်းပညာစု့စည်းမှု့: Windows 8 Font Changer ဆော့ဝဲ

ကိုလတ်(ကျွဲဆင်း)နည်းပညာစု့စည်းမှု့: Windows 8 Font Changer ဆော့ဝဲ: Windows 8 Font Changer ဆော့ဝဲ  ++ ကလစ်တစ်ချက်နှိပ်ယုံနဲ့ Desktop မှာ မြန်မာဖောင့်ပေါ်အောင်လုပ်နည်း ++    စက်ထဲကို ZawgyiOne သွင်းတဲ...

Welcome To Myanmar IT Helpers Group: ဆရာကိုသူရိန်စိုးဖန်တီးထားသော All In One Huawei Roo...

Welcome To Myanmar IT Helpers Group: ဆရာကိုသူရိန်စိုးဖန်တီးထားသော All In One Huawei Roo...: ဆရာကိုသူရိန်စိုးရဲ့All In One Huawei Root Tool ဖြစ်ပါတယ်.. Huawei တွေ အားလုံး Root နိုင်ဖို့ ဒေါင်းယူထားသင့်ပါတယ်.. ဆရာသူရိန်စိုးကို ကေ...

Sunday, February 23, 2014

အရမ်းကိုအံ့သြဖို့  ကောင်းလောက်အောင် မျက်လှည့်ပြကွက်လို့  ဆိုနှိုင်ပါတယ် ...

ချွတ်ချော်တဲ့ လွှတ်တော် အပိုင်း ၂

ချွတ်ချော်တဲ့ လွှတ်တော် အပိုင်း ၁

ဝင်းကမ္ဘာကျော် {Full Version & Free Download}: android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူမျာ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူမျာ...: android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူများအတွက်။ မိမိတို့ မှာဖုန်းနံပါတ် တစ်ခုရှိရှံ မျှနှင့်  pc ပေါ်မှာ viber ကိုအသုံးပြု ...

Welcome To Myanmar IT Helpers Group: Ace Combat Assault Horizon: Enhanced Edition PC Ga...

Welcome To Myanmar IT Helpers Group: Ace Combat Assault Horizon: Enhanced Edition PC Ga...: မိမိကိုယ်တိုင် တစ်ကယ့်တိုက်လေယာဉ်မောင်းပြီး စစ်တိုက်သလို ခံစားမှုမျိုးပေးစွမ်းနိုင်မယ့် PC Game ဖြစ် ပါတယ်.. ရုပ်ထွက်လည်း အင်မတန်ကောင်းပါတယ...
မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်နိုင်ပါတယ်yarzartun
Selling Sickness ရောဂါကိုရောင်းချနေခြင်း

ဆေးကြော်ညာတွေကနေ ကျန်းမာရေးစောင့်ရှောက်မှုကို ဘယ်လိုပြောင်းစေသလဲ။ ဆေးတွေကို ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို ပစ်မှတ်ထားပြီး ဆေးညွှန်းရေးပေးစေချင်လို့ ကြော်ညာရပါတယ်။ DTC advertising စားသုံးသူ-တိုက်ရိုက် ဆေးကြော်ညာခြင်း နည်းသစ်ကတော့ စားသုံးသူ (ဆေးဝယ်သူ) တွေကို ဝယ်ခြင်လာအောင် ကြော်ညာနည်း ဖြစ်ပါတယ်။ FDA ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ဒါတွေကိုပါ ကြီးကြပ်ဘို့တာဝန်ရှိပါတယ်။

စားသုံးသူ-တိုက်ရိုက် ဆေးကြော်ညာကို စတင်ခဲ့တာကတော့ ၁၉၈၁ ခုထုတ် (ရီးဒါးစ်ဒိုင်ဂျက်စ်) ထဲမှာပါလာတဲ့ Pneumovax နူမိုးနီးယားကာကွယ်ဆေးဖြစ်ပါတယ်။ နောက်နှစ်မှာဘဲ FDA ကနေ NSAID အုပ်စုဝင် အနာသက်သာဆေး Oraflex ကို ဈေးကွက်ကနေ ရုပ်သိမ်းခိုင်းခဲ့ရပါတယ်။ မှားယွင်းပြီး တလွဲကိုအထင်ရောက်စေတဲ့ဆေးကြော်ညာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၃ ကတည်းက အသိအမှတ်ပြုခံခဲ့ရတဲ့ Claritin (အင်တီဟစ်တမင်း) အလာဂျီဆေး အတွက် ကြော်ညာစရိတ် ၁၂၄ သန်းသုံးစွဲခဲ့ပါတယ်။ FDA ကနေ လမ်းညွှန်ချက်အသစ် ထပ်ထုတ်ရပါတယ်။ ဒါပေမဲ့ ကြော်ညာခသုံးစွဲမှုတွေဟာ ၁၉၉၇ ကနေ ၂ဝဝ၂ အထိ သန်း ၂၂ဝ ကနေ ၂့၈ ဘီလျန်အထိတိုးသုံးလာတာတွေ့ရတယ်။

မီဒီယာသစ်တွေပေါ်လာတော့ နည်းသစ်တွေလဲပြောင်းသလို လူတွေရဲ့ စိတ်ဝင်စားမှုလဲ ပြောင်းလာပါတယ်။ အရင်က သတင်းစာ၊ ရေဒီယိုနဲ့ တီဗွီကိုသာအာရုံထားကြရာကနေ (အွန်လိုင်း) ပေါ်လာတယ်။ ၂ဝဝ၈ အတွင်း အမေရိကန် ၁၄၅ သန်းဟာ ကျန်းမာရေးသတင်းအတွက် (အွန်လိုင်း) တက်ကြပါသတဲ့။ ဆေးကုမ္ပဏီတွေကလဲ ကြော်ညာခကို ၁၉၉၆ ကနေ ၂ဝဝ၅ အတွင်းမှာ ၃၃ဝ% အထိတိုးသုံးတာတွေ့ရပါတယ်။

Patent medicines မှတ်ပုံတင်ဆေး ဆိုတဲ့ဝေါဟာရတခုရှိပါတယ်။ ဒီဆေးမျိုး တချို့ဟာ မှတ်ပုံတင်ထားကြတာ မဟုတ်ပါ။ ဆေးကြော်ညာမှာ အရင်နေရာယူခဲ့တဲ့ဆေးမျိုးဖြစ်ပါတယ်။ တိုင်းရင်းဆေးမျိုးတွေကဒီထဲမှာ အများဆုံးပါတယ်။ ဥပမာ မြွေအဆီကနေဆေး လုပ်တာမျိုးပါ။ မြန်မာပြည်မှာက အဲဒါမျိုးများမှများ။

ဟာဗယ်ခေါ်တဲ့တိုင်းရင်းဆေးတွေကို အခုနောက်ပိုင်းမှာ Nutritional supplements အာဟာရဆေး ဆိုပြီး လုပ်လာကြပါတယ်။ လိမ်မာပါးနပ်သူတွေက ဥပဒေကို လက်တလုံးခြားကြော်ညာပါတယ်။ စမ်းသပ်မှုတွေ လုပ်ထားတယ်၊ ရောဂါရှာဖွေရေးအတွက် မဟုတ်ပါ၊ ရောဂါပျော်မယ်လို့မဟုတ်ပါဆိုပြီး Disclaimer ထည့်ရေးမှ ဥပဒေလွတ်တယ်။

Airborne (အဲဘောင်း) အဖြစ်အပျက်တခုရှိပါတယ်။ Herbal health formula that boosts your immune system to help your body combat germs သင့်ကိုယ်ခန္ဓာ ခုခံအား တိုးစေပြီး ပိုးအမွှားတွေရန်ကနေ ကာကွယ်မဲ့ ဟာဗယ်ဆေး လို့ ကြော်ညာပါတယ်။ မကြာခင်က Airborne Health, Inc. ကုမ္ပဏီကနေ စားသုံးသူတွေကို ၂၃့၃ သန်း ငွေပြန်အမ်း လိုက်ရပါတယ်။

နာမည်ကြီးဆေးကုမ္ပဏီကြီးတွေလဲဒီအထဲမှာပါတယ်။ Pfizer ဆိုရင် ၂ဝဝ၄-၂ဝဝ၈ အတွင်းမှာ ၂၄၅ ဘီလီယန် ဝင်ငွေရတယ်။ Eli Lilly က ၃၆ ဘီလီယန်ရတယ်။ Zyprexa ဆိုတဲ့ဆေး တမျိုးထဲအတွက်သာဖြစ်ပါတယ်။ ဒီဆေးကို FDA က စစ်ဆေးပြီး အဓိကဆေးကုမ္ပဏီတွေကို ဒဏ်ငွေ ၇ ဘီလီယန်ချမှတ်ခဲ့ပါတယ်။ ဒီလောကတော့ ဆေးကုမ္ပဏီကြီးတွေအတွက် အနည်းလေးသာဖြစ်ပါတယ်။ မှားထုတ်ပြီးရောင်းခဲ့ဆေးတွေကတော့ -
• Diabetes Drugs ဆီးချိုဆေးတွေထဲမှာ Actos နဲ့ Avandia ဆေးတွေပါတယ်။
• Antidepressants စိတ်ကျဆေးတွေထဲမှာ Paxil, Prozac, Effexor, Zoloft, Lexapro နဲ့ Depakote ဆေးတွေပါတယ်။
• Birth Control Pills ကိုယ်ဝန်တားဆေးတွေထဲမှာ Yaz နဲ့ Yasmin ဆေး။
• Acne Medication ဝက်ခြံဆေး Accutane ဆေး။
• Cholesterol Drugs (ကိုလက်စထော) ကျဆေး Crestor ဆေး။
• Blood Thinners သွေးကျဲဆေး Pradaxa နဲ့ Xarelto ဆေး။
• Osteoporosis Treatment အရိုးအားကောင်းဆေး Fosamax ဆေး။
• Pain Medication အနာသက်သာဆေး Vioxx ဆေး။
• Gastrointestinal Drugs လေနာဆေး Reglan (metoclopramide) ဆေး။
• Dialysis Treatment ကျောက်ကပ်ဆး GranuFlo နဲ့ NaturaLyte ဆေး။
• Hair Loss Pill ဆံပင်ကျွတ်ပျောက်ဆေး Propecia နဲ့ Proscar ဆေးတွေဖြစ်တယ်။

သတင်းထောက်တွေကို ကျေးဇူးတင်ရမှာပါ။ The Great American Fraud အမေရိကန် မဟာလိမ်လည်မှုကြီး ဆိုတဲ့ စူးစမ်းရှာဖွေရေးဆောင်းပါး ၁၉ဝ၅ မှာ ထွက်လာတယ်။ ၁၉ဝ၆ မှာ Pure Food and Drug Act အမေရိကန် စစ်မှန်တဲ့ အစားအစာနဲ့ဆေးဝါး အက်ဥပဒေဖြစ်လာခဲ့ပါတယ်။ အဲဒီတုံးက အရက်၊ စိတ်ကြွဆေးနဲ့ မူးယစ်ဆေးတွေကို တားမြစ်တဲ့ အထဲမှာ မပါသေးပါ။ အမှန်အတိုင်းကြော်ညာရင် ရောင်းခွင့်ရှိတဲ့သဘောပါ။ အက်ဥပဒေကတားတာက မှားပြီး ကြော်ညာတာကိုသာ ဖြစ်ပါတယ်။

မြန်မာပြည်မှာလဲ ကြော်ညာနဲ့ရောင်းတဲ့ရောဂါတွေ လာနေပါပြီ။ မီဒီယာအမျိုးမျိုးကနေ ထောက်ပြလာတာလဲ တွေ့ရပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ ထောက်ပြတာမှာ အထောက်အထားနဲ့မှသာ ခိုင်မာပါတယ်။ ခက်နေသေးတာက ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တွေကို ပြောစရာရှိရင် အရပ်စကား၊ ကြားဘူးနားဝ၊ ကောလဟလနဲ့ ရေးကြပြောကြပြန်ရင် မနစ်နာသင့်သူတွေကို နစ်နာစေပါတယ်။ မြန်မာပြည်မှာ ဥပဒေတွေက ဟောင်းနွမ်းတာနဲ့ မလုံလောက်တာတွေက များလွန်းနေတယ်။

အပြုသဘောလဲတွေး၊ အရေးအသားလဲတိကျ၊ စိတ်ထားစေတနာလဲ မှန်ကြမှသာ ကျန်းမာရေးအတွက် အားတက်ရမှာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၄
Like · · · 2 hours ago · Edited ·

ဝင်းကမ္ဘာကျော် {Full Version & Free Download}: သင်သေရင်တောင် Page ကိုဆက်လက်ပြထားပေးဖို့ Facebook ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: သင်သေရင်တောင် Page ကိုဆက်လက်ပြထားပေးဖို့ Facebook ...: Facebook အသုံးပြုသူတစ်ယောက် သေဆုံးသွားတာနဲ့  ဘာဖြစ်သွားမယ်ဆိုတဲ့ ပေါ်လစီကို Facebookက ပြောင်းခဲ့ပါတယ်။ ဒီနေ့ကစပြီး သက်ရှိထင်ရှားဖြစ်စဉ်က...

Weight loss ပိန်ချင်သလား

မေးတဲ့သူကများတယ်။ နမူနာလောက်သာထည့်ပါမယ်။
1. သမီးက ဝပါတယ် diet လုပ်ချင်လို့ပါရှင့်။ ပြီးတော့ အစာစားရင်လည်း သိပ်အများကြီးမစားတတ်ပါဘူး။ အစာမကြေ ရင်ပြည့်ရင်ကယ် အမြဲဖြစ်ပါတယ်။ အဲ့ဒါဘာကြောင့်လဲသိချင်ပါတယ်ရှင့်။ ပြီးတော့ နှာခေါင်းက အသက်ရှူ အမြဲကျပ်ပါတယ်။ ဆရာဝန်သွားပြတော့ နှာခေါင်းထဲကအသီးရောင်ပြီး ပိတ်ချင်နေတာလို့လည်း ပြောပါတယ်။ ဆရာဝန်ပေးတဲ့ဆေးတွေ သောက်တာလည်း သောက်စဉ်ခဏပဲ သက်သာပါတယ်ရှင့်။ ဆေးလည်းကုန်ရော ပြန်ပြီးဖြစ်ပြန်တာပဲဆရာ။ သမီးက ဝိတ်လည်းကျချင်ပါသေးတယ်ရှင်
2. ဝတဲ့လူက ပိန်ချင်တယ် ပိန်တဲ့လူက ဝချင်တယ်။ ပိန်တဲ့နည်းတွေ သိပေမဲ့ မလိုက်နာနိုင်ဘူး။ ဘယ်လိုလုပ်ရမလဲ။
3. အဝလွန်ရင် ကလေး မရဘူးလို့ ပြောကြပါတယ်။ သမီးအရပ်က ၅ ပေ ၁ လက်မကို ကိုယ်ကလေးချိန်က ၁၂၈ နဲ့ ၁၃ဝ ကြားမှာ ရှိပါတယ်။ သမီးအနေနဲ့ ကလေးမရမှာ စိုးရိမ်တဲ့ထဲမှာ သမီး ဝတာလဲ ပါပါတယ်။ အခုတော့ ကျန်းမာရေး အနေနဲ့ တပတ်ကို အနဲ့ဆုံး ၆ နာရီ လောက်ကို အားကစားလုပ်ဖြစ်ပါတယ်။ အဝလွန်ပြီး ကလေး မရနိုင်လောက်တဲ့ အထဲမှာ ပါ-မပါ သိချင်ပါတယ်ဆရာ။
4. ကျွန်မ အရင်တုံးက ပေါင် ၁၃ဝ ပါ။ ကလေးမွေးပြီးတော့ ပေါင် ၁၅ဝ ပါ။ ခုထိပေါင်မကျလို့ပါ။ Weight loss ပိန်ချင်သလား ရှာတာမတွေ့လို့ပါ။ ကျေးဇူးပြုပြီး ဖြေပေးပါရှင်။
5. Please write for how to slim down.

ပိန်ချင်တယ်ဆိုတဲ့ အမေးမျိုးက မေးကြသူ အရေအတွက်လည်း မရေမတွက်နိုင်အောင် များပါတယ်။ “ဘာဖြေလာမလဲ ဆိုတာတောင် ရိပ်မိနေသူတွေက မေးတာမျိုး” ဖြစ်တတ်တယ်။ နည်းတွေသိပေမဲ့ မလိုက်နိုင်လို့၊ အချိန်ယူတာကြာလို့ လူမပိန်သေးလဲ စိတ်မပိန်ပါနဲ့။ “လှလို့ ဝလို့” ဆိုတာလည်း အလွန် နားဝင်ချိုလှတဲ့ နုတ်ခွန်းဆက်ဘဲ မဟုတ်ပါလား။

• ဝလွန်းသူများ နှလုံး-သွေးကြော ရောဂါ၊ ဆီးချို နဲ့ သွေးတိုး ဒီ ၃ မျိုးအပြင် အဝလွန်တာနဲ့ ကလေးမရနိုင်တာဆက်စပ်မှု ရှိတယ်လို့ သုတေသနတိုင်းက လက်ခံတယ်။
• ငယ်ကတည်းက ဝတဲ့မိန်းကလေးတွေ အပျိုဖြစ်စောတယ်၊ ရာသီထိန်တာ ဖြစ်တတ်တယ်။
• ဝတယ်လို့ ဘယ်လို ဆုံးဖြတ်မလဲ။ အရပ်နဲ့အလေးချိန်ဇယားနဲ့ တွက်တာအပြင် BMI ဆိုတာနဲ့လဲ တိကျအောင် တွက်သေးတယ်။ သူ့အလေးချိန်ရဲ့ ၃ဝ% က အဆီဖြစ်နေရင် အဝလွန်တယ်လို့ သတ်မှတ်တယ်။
• ၅ ပေ ၁ လက္မ အမျိုးသမီး ဆိုရင် ၁ဝ၅ ပေါင် နဲတယ်၊ ၁၂၂ သင့်တယ်၊ ၁၄ဝ ပေါင်များတယ်။
• အမှန်က ဝရင် မ-ဟော်မုန်း များနေတယ်။ သူများနေရင် (ဘဲလင့်စ်) မျှခြေပျက်တော့ မျိုးဥအိမ်ကနေ မျိုးဥ ထွက်တာကို အဟန့်အတား ဖြစ်စေတာမို့ ကလေးရမှာကို သက်ရောက်စေတယ်။
• ကိုယ်ဝန်ရပြီး မွေးတဲ့အခါလဲ သူများထက် ခက်သေးပြန်တယ်။

အရပ် 5'-6" (1.675 m) ရှိတဲ့ မိန်းကလေးဟာ အလေးချိန် 58.9 Kg (129.58 Lb) - 63.5 Kg (139.7 Lb) လို့ နိုင်ငံတကာ စံညွှန်းက ဆိုပါတယ်။ 123 Lb ရှိသင့်တယ်လို့ နောက်တနည်းက အဖြေပေးပါတယ်။ ဒီဂဏန်း အားလုံးက အနောက်နိုင်ငံတွေ အတွက်ပါ။ အာရှမှာဆို ဒီထက် နည်းတာတောင် ပုံမှန်ဖြစ်မယ်။
ဆေးတွေကို သိပ်အားမပေးပါ။ ပိန်ဆေးထဲမှာ လူသုံးများတာကတော့ Sibutramine ဖြစ်တယ်။ အိန္ဒိယမှာတော့ ကုဋေ ၂ဝဝ ကိုယ်အလေးချိန်ကျဆေး ဈေးကွက်ထဲမှာ (Meridia) နာမည်နဲ့ ရောင်းနေပါတယ်။ အမေရိကားနဲ့ ဥရောပမှာတော့ ဒီဆေးကို ရောင်းခွင့် ပိတ်လိုက်ပါပြီ။ နှလုံးရောဂါ ဖြစ်စေနိုင်လို့ပါ။

Obesity အဝလွန်ခြင်းအတွက် ဆေးများ
Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုပြုလို့ ထွက်လာတဲ့ ရလဒ်တွေအရ -
1. Diethlyproprion = Trade off မသုံးတော့၊
2. Fluoxetine = Trade off မသုံးတော့၊
3. Maxindol = Trade off မသုံးတော့၊
4. Orlistat = Trade off မသုံးတော့၊
5. Phentermine = Trade off မသုံးတော့၊
6. Sibutramine = Trade off မသုံးတော့၊
7. Sibutramine + Orlistat = Trade off မသုံးတော့၊
8. Dexfenfluramine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် စိတ်မချရ၊
9. Fenfluramine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် စိတ်မချရ၊
10. Fenfluramine + Phentermine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် စိတ်မချရ၊
11. Phenylpropanolamine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် ဒုက္ခပေးနိုင်သည်။

Rules of Weight Loss ကိုယ်အလေးချိန်ချ ဥပဒေသ
အဆီ တပေါင်ကျအောင် (ကလိုရီ) ၃၅ဝဝ ကို ပိုပြီးကုန်စေအာင် လုပ်ရမယ်။ မလွယ်ဘူးထင်နိုင်တယ်။ လိုတဲ့ခရီးရောက်ဘို့
ခြေတလှမ်းချင်းနဲ့စရတာချည်းဘဲ။ တိကျချင်သူတွေအတွက်ရေးပါမယ်။ ၁။ BMR တွက်ပါ။ လူတယောက် အသက်ရှူတာ။ အစာချေတာစတဲ့ မလုပ်မဖြစ်အလုပ်တွေအတွက် လိုအပ်တဲ့ အနည်းဆုံး (ကလိုရီ) ကိုပြောတာပါ။ နေ့တိုင်း ဒါထက်ပိုမစားပါနဲ့။
၂။ ကိုယ်လုပ်နေရတဲ့ အလုပ်မျိုးရဲ့ သဘောသဘာဝကို တပါတ်စာအတွက် ချိန်ဆပါ။ အိပ်နေ၊ ထိုင်နေ၊ လမ်းသွားနေ၊ လေ့ကျင့်ခန်းလုပ်နေ၊ ထမင်းချက်နေ၊ စတာတွေအတွက် သုံးရတဲ့ (ကလိုရီ) တွေချရေး။ ပေါင်းထည့်ပါ။
၃။ ကိုယ်စားနေသမျှ (ကလိုရီ) တွက်ချပါ။ တပါတ်စာစစ်ဆေးကြည့်ပါ။
၎။ BMR ဂဏန်းထဲကို ၂ နဲ့ပေါင်းပြီး၊ ၃ ကို နုတ်လိုက်ပါ။ စားနေတာက ပိုရင် ဝလိမ့်မယ်။ ပြင်ပေတော့။
၅။ Coke သောက်မဲ့အစား ရေတခွက်သာသောက်လိုက်ပါ။ ၉၇ (ကလိုရီ) သက်သာစေတယ်။ ထောပတ်သုတ်မစားဘဲ ရှောင်တာ တဇွန်းကနေ ၁၈၅ (ကလိုရီ) သသက်သာစေမယ်။ လေကားအတက်အဆင်း ၁ဝ ခါလုပ်တာနဲ့ ၁ဝဝ ကိုကုန်စေမယ်။ ၁ဝ မိန်စအိပ်ရစောထပြီး လမ်းခဏလျှောက်တာ ၁ဝဝ ကုန်စအုံးမယ်။ တီဗွီကြည့်ပြီး ၁ဝ မိနစ် ယောဂ လုပ်ရင် ၅ဝ ကုန်စေမယ်။
၆။ လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ချဘို့ ဒုတိယအရေးပါတယ်။ အကြမ်းအားဖြင့် တပါတ်ကို မိနစ် ၂၅ဝ လုပ်ရမယ်။ မိနစ် ၅ဝ စီ ၅ ရက်။ စလုပ်တဲ့သူ တပါတ် ၃ ရက်ကနေစနိုင်တယ်။

ကလိုရီများတာတွေ ငါးရက်လောက် လျော့စား၊ တနေ့ကို ငါးမိနစ်လောက် ချွေးထွက်အောင် လေ့ကျင်မှု တခုခုလုပ်ပြီး၊ “ငါပိန်ရမယ်၊ ငါပိန်ရမယ်၊” ဆိုပြီး တနေ့ ငါးခါ ရွတ်ပါ။ ငါးကျပ်သား မဟုတ်ဘူး၊ ငါးပေါင် ကျရမယ်လို့ သန္နိဋ္ဌာန်ချပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

ဝင်းကမ္ဘာကျော် {Full Version & Free Download}: ကွန်ပျူတာထဲက Password မှန်သမျှ ပြန်လိုချင်တယ်ဆိုရင...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: ကွန်ပျူတာထဲက Password မှန်သမျှ ပြန်လိုချင်တယ်ဆိုရင...: ဒါလေးကတော့ Password တွေပေးပြီး မေ့တတ်တဲ့ သူငယ်ချင်းများအတွက်ပါ... ကွန်ပျူတာထဲမှာရှိသမျှ Password တွေကို အလွယ်တကူ ပြန်ယူပေးပါလိမ့်...
Cirrhosis Diet အသဲခြောက် အစားအသောက်

ဆရာ ကျွန်တော်က နယ်စပ်မှာ ကျန်းမာရေးလုပ်သားဆေးမှူးလုပ်နေပါတယ်။ ဆေးစာတွေမှာ အသဲခြောက်နေသူဟာ အသားဓါတ်မစားနဲ့ စားပါဆိုပြီး ဖတ်ရတယ်ဆရာ။ ဘယ်ဟာက မှန်ပါသလဲ။

• အသဲခြောက်နေသူဟာ အသီးတွေ၊ အသီးအနှံတွေ၊ ဖြူဖွေးသွားအောင်လုပ်မထားတဲ့ ဆန်-ဂျုံ နဲ့ အဲဒီကလုပ်တဲ့ အစားအစာတွေနဲ့ သင့်တော်တဲ့ (ပရိုတင်း) ဓါတ်ပါအစားတွေက ကောင်းပါတယ်။
• နေ့စဉ်ဗီတာမင်တွေပါဖြည့်သောက်တာ ကောင်းတယ်။ (ကေ)၊ (အေ)၊ (ဒီ) နဲ့ (အီး) လိုနိုင်တယ်။ သိထားဘို့က မျှတ-လုံလောက်တဲ့ အစားအစာတွေစားနေသူမှာ ဒီဗီတာမင်တွေက ပါနေပြီးဖြစ်တယ်။
• ဘာတွေရှောင်ရမလဲ (၁) အရက် နဲ့ (၂) အဆီများအစားအသောက်တွေဖြစ်တယ်။
- အသဲခြောက်တာက အရက်မသောက်လဲ ဖြစ်ပေမဲ့ အသဲခြောက်နေသူတိုင်း အရက်ရှောင်သင့်တယ်။
- အဆီကို အသဲ (အသဲအရည် + သည်းခြေရည်) ကချက်လုပ်တာမို့ အသဲခြောက်နေရင် မချက်နိုင်ပါ။ သတိထားဘို့က အဆီ+ ဆီကို လုံးဝရှောဘို့မဟတ်ုပါ။ အနည်းဆုံးလိုအပ်ချက်ရဘို့လိုတယ်။ ဒါကြောင့် ကောင်းတဲ့ဟင်းချက်ဆီ၊ အစေ့အဆံတွေ၊ ငါးနဲ့ အသီးအနှံအဆီတွေစားသင့်ပါတယ်။

• အသဲခြောက်သူတွေမှာ နောက်ဆက်တွဲဖြစ်နိုင်တာ (၃) မျိုးရှိတယ်။ (၁) Ascites ရေဖျင်း၊ (၂) Hypoglycemia သကြားဓါတ်နည်းတာနဲ့ (၃) Encephalopathy ဦးနှောက်ထိခိုက်တာ။

• Ascites ရေဖျင်းရှိနေသူဆိုရင် ဆားလျှော့ရမယ်။ ခေတ်ပေါ် ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ အစားအသောက်တွေမှာ (ဆိုဒီယမ်) ဓါတ် များကြတယ်။

• Hypoglycemia သကြားဓတ်နည်းနေသူဆိုရင် အစားကို အကြိမ်များများ စားပေးရမယ်။

• Encephalopathy ဦးနှောက်ကိုထိခိုက်မှုရှိနေသူဆိုရင် အသဲရောင်နေသူတွေလိုဘဲ (ပရိုတင်း) ဓါတ်ကို နိုင်အောင် အလုပ်လုပ်မပေးနိုင်ဘူး။ ဒါကြောင့် သွေးထဲမှာ (ပရိုတင်း) ဓါတ်တွေ ပိုများနေမယ်။ (အမိုးနီးယား) ဓါတ်တွေ များနေမယ်။ ဦးနှောက်ကို ထိခိုက်စေတယ်။ ဒါကြောင့် (ပရိုတင်း) လျှော့စားသင့်တယ်။

ဒေါတာတင့်ဆွေ
၂၃-၂-၂ဝ၁၄

ဝင်းကမ္ဘာကျော် {Full Version & Free Download}: အော်ရီဒူး ဖုန်းကတ်တွင် မိုဘိုင်းလ် ဘဏ်စနစ် ပါဝင်မည...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: အော်ရီဒူး ဖုန်းကတ်တွင် မိုဘိုင်းလ် ဘဏ်စနစ် ပါဝင်မည...: အော်ရီဒူးက ဆင်းမ်ကတ် စတင် ရောင်းချချိန်တွင် မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ဘဏ်ဝန်ဆောင်မှု များ ပေးမည့် Mobile Banking စနစ်နှင့် 3G စနစ်များ ...

အာရှသားရဲ့နည်းပညာ: TP-Link Router Firmware ကို Upgrade လုပ်ကြမယ်

အာရှသားရဲ့နည်းပညာ: TP-Link Router Firmware ကို Upgrade လုပ်ကြမယ်: TP-Link Router Firmware ကို Upgrade လုပ်ကြမယ် ကဲတော်တော်များများက ဖုန်းအတွက် Firmware တင်တဲ့အကြောင်းတွေ ကိုပဲရေးနေကြလို့ ကျွ...

စိုင်းသူ - (နည်းပညာပြန်လည်မျှဝေခြင်း): Viber ကို offline အသုံးပြုလိုသူတွေအတွက် Viber Offl...

စိုင်းသူ - (နည်းပညာပြန်လည်မျှဝေခြင်း): Viber ကို offline အသုံးပြုလိုသူတွေအတွက် Viber Offl...:   ကျွန်တော်တို့ အင်တာနက်လိုင်း ဖွင့်လိုက်တာနဲ့ တပြိုင်နက် ဖုန်းမှာ ဗိုင်ဘာ ဆော့ဝဲလ် ရှိရင် အဲ့ ဗိုင်ဘာ က အော်တို အွန်လိုင်း ပေါ်မှာ ...

Saturday, February 22, 2014

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Google Chrome Browser က မြန်မာစာ မမှန်တဲ့ ပြဿနာ (V...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Google Chrome Browser က မြန်မာစာ မမှန်တဲ့ ပြဿနာ (V...:  Google Chrome Browser က ခုနောက်ဆုံး Update ဖြစ်တဲ့ ဗားရှင်း 33.0.1750.112 Beta မှာ အရင် Version တွေတုန်းကလို မြန်မာစာတွေ မမှန်တော့တ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Google Chrome Browser က မြန်မာစာ မမှန်တဲ့ ပြဿနာ (V...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Google Chrome Browser က မြန်မာစာ မမှန်တဲ့ ပြဿနာ (V...:  Google Chrome Browser က ခုနောက်ဆုံး Update ဖြစ်တဲ့ ဗားရှင်း 33.0.1750.112 Beta မှာ အရင် Version တွေတုန်းကလို မြန်မာစာတွေ မမှန်တော့တ...

စိုင်းသူ - (နည်းပညာပြန်လည်မျှဝေခြင်း): android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူမျာ...

စိုင်းသူ - (နည်းပညာပြန်လည်မျှဝေခြင်း): android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူမျာ...: android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူများအတွက်။ မိမိတို့ မှာဖုန်းနံပါတ် တစ်ခုရှိရှံ မျှနှင့်  pc ပေါ်မှာ viber ကိုအသုံးပြု ...

စိုင်းသူ - (နည်းပညာပြန်လည်မျှဝေခြင်း): android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူမျာ...

စိုင်းသူ - (နည်းပညာပြန်လည်မျှဝေခြင်း): android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူမျာ...: android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူများအတွက်။ မိမိတို့ မှာဖုန်းနံပါတ် တစ်ခုရှိရှံ မျှနှင့်  pc ပေါ်မှာ viber ကိုအသုံးပြု ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Website ပိုင်းဆိုင်ရာလေ့လာနေသူများအတွက် Wamp အားအသ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Website ပိုင်းဆိုင်ရာလေ့လာနေသူများအတွက် Wamp အားအသ...: ကျွန်တော့်ရဲ့ ပြောမနာဆိုမနာ ဆိုးတူဆိုးဘက် အချစ်ဆုံးနဲ့အမြင်အကပ်ဆုံး ညီလေး Mr.Jockerlay ရေး သားသည့် Website ပိုင်းဆိုင်ရာလေ့လာနေသူများအ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Website ပိုင်းဆိုင်ရာလေ့လာနေသူများအတွက် Wamp အားအသ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Website ပိုင်းဆိုင်ရာလေ့လာနေသူများအတွက် Wamp အားအသ...: ကျွန်တော့်ရဲ့ ပြောမနာဆိုမနာ ဆိုးတူဆိုးဘက် အချစ်ဆုံးနဲ့အမြင်အကပ်ဆုံး ညီလေး Mr.Jockerlay ရေး သားသည့် Website ပိုင်းဆိုင်ရာလေ့လာနေသူများအ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: samsung galaxy S3 GT- i9300 ကို latest official an...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: samsung galaxy S3 GT- i9300 ကို latest official an...:    samsung galaxy S3 GT- I9300 အတွက် january 27, 2014  နေ့ထွက် build number I9300XXUGML3_I9300OLBGML3_XME malaysia firmware ကို ကိုယ်တိ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Internet Download Manager 6.19 Build 2 Final Lates...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Internet Download Manager 6.19 Build 2 Final Lates...: Internet Download Manager ကို အားလုံးသိကြပြီးသားပါ... နောက်ဆုံး Update လေးမို့ တင်ပေးလိုက်ပါတယ်...။ Whats New : • Added support ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Window Admin Password တွေကို ကျော်လွှားပေးမဲ့ Kon-...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Window Admin Password တွေကို ကျော်လွှားပေးမဲ့ Kon-...: ဒါလေးကတော့ သိတဲ့သူများသိကြမှာပါ Window Admin Password ကို အလွယ်တကူကျော်ဖြတ်ပေးနိုင်တဲ့ Software လေးပါ ..  ခု နောက်ဆုံးထွက...