ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Thursday, December 25, 2014



Monday, October 07, 2013  htwe naing  No comments
Description: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTu_Xclxq_x1j4vP0wQqrRZIGfrKBComTSi_ZSwhK5pR_xAdM8XBmOpDRW586vxK00jD6LYBthjRpCWkmW4FFh2-0hXRxA21tBfnB7vlAINF2KkDiBDDv7YUVhGFYgtxfE6gp6gvXqzHRw/s400/Software_Icons_Pack_by_deleket.jpg

လိုချင်တာတခုထဲနဲ့ အလွယ်တကူတွေ့ရာ Websites တွေက ဆော့ဝဲတွေဒေါင်းလုပ်လုပ်၊ဘာမှမဖတ် သေချာမကြည့်ဘဲ အင်စတောလုပ်ပြီး စက်ထဲအတင်းထည့်ကြတော့ စက်ကမကြာခဏ Harm ဖြစ်၊ Error တွေတက်၊Search Provider တွေပြောင်း၊တခါတခါ အင်တာနက်
ရှိနေရက်နဲ့ Browser ဖွင့်လိုက်ရင်မတက်လာတော့ဘူး..အားလုံးကမောက်ကမတွေ ဖြစ်ကုန်ပါ
လေရော..။

အဲဒီတော့မှ ကယ်ပါအုံး..ဆိုပြီး အွန်လိုင်းကရော၊လက်တွေ့ပါ ကူညီပေးရတာများလာလို့ ဒီပို့စ်လေးကိုရေးလိုက်တာပါ။သိပြီးသူတွေအတွက် မရည်ရွယ်ပါ။မသိသေးတဲ့သူများ သတိထားနိုင်
အောင်ဖြစ်ပါတယ်။

(၁)ဆော့ဝဲများ ဒေါင်းလုပ်ယူခြင်း
   (က)လိုချင်တဲ့ဆော့ဝဲကို Search မှာရိုက်ရှာပြီး ဒေါင်းလုပ်ယူမဲ့ဆိုဒ်ကို သေချာရွေးပါ။
        အကောင်းဆုံးနဲ့ အသန့်ရှင်းဆုံး ဆိုဒ် ၂-ခုကို နမူနာ အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

        www.filhippo.com
        www.majorgeeks.com


   (ခ)Ads များလွန်းသောဆိုဒ်များ၊Register လုပ်ခိုင်းသော ဆိုဒ်များကို ရှောင်ပါ။Ads များလွန်းတဲ့ဆိုက်တွေအတွက် firefox နဲ့ chrome browser တွေမှာမလိုအပ်တဲ့ Ads တွေကို block လုပ်ပေးနိုင်တဲ့
simple adblock ကိုသုံးပါ။
 (ဂ)လိုချင်တဲ့ဆော့ဝဲတခု ရဘို့ တခြားဆော့ဝဲတွေ၊ပရိုဂရမ်တွေကိုအရင်ယူလိုက်မှ ဒေါင်းလုပ်
       ကျတဲ့ ဆိုဒ်များကိုရှောင်ပါ။

   (ဃ)Windows Popup ဘောက်ကျလာတဲ့ ဆိုဒ်များမှာ ဒေါင်းလုပ်မယူပါနဲ့။

   (င)ဒေါင်းလုပ်ယူပြီး ဆော့ဝဲရဲ့ Setup ကို ပုံမှန် Icon ဟုတ်မဟုတ်ကြည့်ပြီး၊မိမိစက်မှာ
       လက်ရှိသုံးနေတဲ့ Antivirus ဆော့ဝဲနဲ့ Scan လုပ်ပါ။

အိုကေပြီဆိုရင်..နောက်တဆင့် အင်စတောလုပ်နိုင်ပါပြီ။

(၂)ဆော့ဝဲများကို အင်စတောလုပ်ခြင်း
   (က)အင်စတောလုပ်မဲ့ဆော့ဝဲပေါ် ညာကလစ်ထောက်ပြီး Run as Administrator ဖြင့်သာ
        ဆော့ဝဲတိုင်းကို Run လုပ်ပါ။(Double Click နဲ့ Run ပါကတချို့ ဆော့ဝဲ Icon မှာ Windows
        Icon လေးကပ်နေခြင်၊Windows Firewall ကခွင့်မပြုသဖြင့် အင်တာနက် Block ဖြစ်ပြီး
        သုံးမရခြင်းများဖြစ်တတ်ပါတယ်။)

   (ခ)License Agreement ကိုသေချာဖတ်ပြီးမှ I agree (or) I accept ကိုကလစ်ပါ။

   (ဂ)နောက်တဆင့်မှာ အင်စတောလုပ်မဲ့ ဆော့ဝဲနဲ့ အတူထည့်ထားတဲ့ Toolbar များ၊အခြား
       ဆော့ဝဲများပါလာပါက Decline(ငြင်းပယ်) ကိုကလစ်ပြီးမှ Next ကိုဆက်သွားပါ။

      (တချို့ ဆော့ဝဲများမှာ Autorun Search Provider များ ထည့်ထားတတ်ပါတယ်။သတိထားပါ။

       အဆိုးဆုံး Search Provider တခုကတော့ Qvo ပါဘဲ၊စက်ထဲဝင်သွားရင်ပြန်ထုတ်ဘို့အတော်
       ခက်ပါတယ်။Homepage ကို Google ပြောင်းလဲ သူကအရင်တက်ပြီးမှ Google တက်ပါတယ်။)

   (ဃ)အင်စတောပြီးရင် IE နဲ့ Firefox ကိုဖွင့်ကြည့်ပြီး Homepage များ၊Search Provider များ
        ပြောင်းမပြောင်း ပြန် Check လုပ်ပါ။

 အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ပါစေဗျာ..


No comments:

Post a Comment