ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Friday, December 4, 2015

လတ်တစ်လော ကျနော်ကြုံတွေ့နေရတဲ့ Virus အကြောင်းနဲ့ ကာကွယ်ဖို့ နည်းလမ်းတွေပါ။ ဖတ်ကြည့်ပေးပါ။
အခုနောက်ပိုင်း Root ဖောက်ထားတဲ့ ဖုန်းတွေ ပြသနာ တော်တော်ကြုံနေရတယ်။ ပထမက မျောက်ကိုက်တဲ့ Virus ဖြစ်တယ်။ ခနခန error လောက် ok နဲ့ တက်လာပြီး ဖုန်းဟန်းသွားတယ်။ အခုနောက်ပိုင်း အဲထက်ဆိုးတာ Auto Restart ပြသနာ တော်တော် ဆိုးတဲ့ virus ဖြစ်တယ်။ firmware အသစ်ပြန်ရေးရတဲ့ အဆင့်ထိရောက်တယ်။
ဖုန်း သုံးသမားတွေအတွက် သတိတစ်ခုပေးချင်တာက မြန်မာစာ ရချင်လို့ root ကြတာများပါတယ်။ ကျန်တဲ့ အပိုင်းမှာ သိပ်ပြီး မကလိကြရင် unroot ပြန်လုပ်ကြပါ။ Virus ဝင်ရင် System ထဲထိမရောက်အောင်။ firmware ရှာလွယ်တဲ့ ဖုန်းအမျိုးစားတွေကတော့ သိပ်ပြီး မခက်ခဲပါဘူး။ တကယ်လို့ firmware မရှိရင် အဲဒီ Virus ဝင်ရင် တိုင်ပတ်ပြီ။ လက်ရှိ service လောကမှာ ကျနော်ကြုံတွေ့နေရတဲ့ပြသနာလေး ကို ပြန်မျှဝေပေးလိုက်တာပါ။
လွန်ခဲ့တဲ့ တစ်လလောက်ကမှစပေါ်လာတဲ့ auto restart virus ကို မိမိဖုန်းမှ root မရှိမှ ကာကွယ်နိုင်မှာပါ။ service သမားတွေအတွက်တော့ကြောက်စရာမလိုပါဘူး။ သာမန် ဖုန်းသုံးသမားတွေ root ရှိရင် ဖြုတ်လိုက်တာ ပိုကောင်းမယ်ထင်ပါတယ်။ Antivirus တွေလည်း မနိုင်ပါဘူးနော် အဲဒီ ဆော့ဝဲတွေက ဖုန်းကိုပိုလေးစေပြီး ဖုန်းပက်ထရီလည်းပိုကုန်စေပါတယ်။ Root မရှိထားရင် Virus ဝင်လို့ Reset ချလိုက်ရင် အားလုံးပြန်ကောင်းသွားပါတယ်ဗျား။ ဒီလောက်ဆို အားလံုးသဘောပေါက်မယ်လို့ ထင်ပါတယ်ဗျာ။ အန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရင် စေတနာဖြစ် ဒီစာလေးကိုရေးတင်ပေးလိုက်တာပါ။
အားလုံးအဆင်ပြေပါစေ။
Zaw Min Than

No comments:

Post a Comment