ပညာသည္ပိုသည္မရွိအျမဲလိုအပ္ပါသည္

ပညာသည္ပိုသည္မရွိအျမဲလိုအပ္ပါသည္
ပညာမ်ားကိုျပန္လည္မွ်ေ၀ျခင္းသာျဖစ္ပါသည္ဆရာၾကီးမဟုတ္ပါမသိေသးတာေတြရွိပါသည္

Friday, December 18, 2015

21 hrs ·
" အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပသနာမ်ား "
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
ေမး - အစ္ကို ကၽြန္ေတာ့္ရဲ႕ဖုန္းက တစ္ခါတစ္ေလ Touch က ေၾကာင္ေနသလိုျဖစ္ၿပီး ဆြဲလုိ႔မရတဲ့အခါေတြျဖစ္ေနပါတယ္။ အဲ့ဒါ စက္ကပဲဟန္းေနလို႔လား။ Touch ကပဲျဖစ္ေနတာလား။ေသေသခ်ာခ်ာမသိလုိ႔ပါ။ အဲ့ဒါေလးရွင္းျပပါလား။
ေျဖ - ဟုတ္ကဲ့။ အဲ့ဒါက ဖုန္းတစ္လံုးကိုအသံုးျပဳတာၾကာလာတဲ့ အခ်ိန္ေတြမွာ Cache File ေတြမ်ားလာတဲ့အခါ Factory Fault လို႔ေခၚတဲ့ System Error ျဖစ္ႏုိင္သလို Touch Error လဲျဖစ္ႏုိင္ပါတယ္။ အဲ့ႏွစ္ခုကို ကြဲကြဲျပားျပားသိခ်င္ရင္ေတာ့ Touch Error ဟုတ္/မဟုတ္ အရင္စစ္ ေပးပါ။ Touch Error ကိုစစ္ခ်င္ရင္ ဖုန္းရဲ႕ Setting ထဲကေန သြားစစ္ရ ပါမယ္။ Setting > Developer Option> Pointer Location ကိုအမွန္ျခစ္ (သို႔) Onေပးလုိက္ပါ။ ၿပီးလွ်င္ Screen ေပၚတြင္ ေနရာအႏွံ႔ဆြဲၾကည့္ပါ။ ဆြဲခဲ့တဲ့တစ္ေလွ်ာက္ မ်ဥ္းေၾကာင္းေလးေတြက်န္ခဲ့ရင္ Touch Error ကင္းပါတယ္။ မ်ဥ္းေၾကာင္းေလးေတြျပတ္က်န္ခဲ့ရင္ေတာ့ အဲ့ဒါ Touch Error ပါ။ အဲ့ဒီနည္းနဲ႔ခြဲျခားႏုိင္ပါတယ္။
ေမး - ကၽြန္ေတာ့္ဖုန္းက iPhone 5S ပါ။ ပါ၀ါေသသြားတာဗ်။ အဲ့ဒါဘက္ထရီလဲလုိက္ေတာ့ေကာင္းသြားတယ္။ ဒါေပမဲ့ လုိင္းမတက္ဘူးဗ်။ ဘယ္လိုလုပ္ရမလဲ။
ေျဖ - iPhone ေတြမွာက ဘက္ထရီျဖဳတ္လုိက္ရင္ Time and Date က ေပ်ာက္သြားတယ္ဗ်။ အဲဒီမွာ Searching Sim Card လို႔ေပၚၿပီး လိုင္းတုိင္ေပ်ာက္ေနတယ္။ ဒါမွမဟုတ္ရင္ လုိင္းတုိင္အျပည့္မတတ္တာ၊ Error ျဖစ္တတ္ပါတယ္။ အဲဒါမ်ိဳးျဖစ္ေနရင္ Time and Date ျပန္ခ်ိန္ပါ။ ဒါမွမဟုတ္ရင္ အင္တာနက္ကိုဖြင့္ၿပီးသံုးပါ။ ၿပီးရင္ ပါ၀ါပိတ္၊ ျပန္ဖြင့္ပါ။ အဆင္ေျပပါလိမ့္မယ္။
ေမး - အစ္ကိုေရ ကၽြန္ေတာ့္ဖုန္းက G730 U00 ပါ။ Touch ဆြဲမရလို႔ပါ။ ဘယ္လိုလုပ္ရမလဲဗ်။
ေျဖ - အရင္ဆံုးလုပ္ရမွာက Touch အသစ္လဲၾကည့္ပါဗ်။ အကယ္ ၍ Touch အသစ္နဲ႔အဆင္မေျပဘူး။ ၃ ခ်ပ္၊ ၄ ခ်ပ္လဲတယ္။ အဆင္မေျပဘူးဆိုခဲ့ရင္ Touch Socket မွာ Voltage ေတြတုိင္းရပါမယ္။ Socket မွာေရဂ်ိဳးေတြကပ္တာတုိ႔၊ Pin ေတြပ်က္တာတုိ႔ဆိုရင္လည္း မရပါဘူးဗ်။ Socket မွာ Hight Voltage ေတြေရာက္ရပါမယ္။ ဥပမာ 1.8V, 2.8V တုိ႔ ပါ။ အဲဒီ Voltage ေတြေရာက္လို႔မွ Touch မရဘူးဆိုရင္ Socket ေဘးနားက C နဲ႔ D, R ေလးေတြစစ္ေပးပါ။ Component ေလးေတြလည္း ေကာင္းတယ္။ မရခဲ့ေသးဘူးဆိုရင္ Sensor ႏွင့္ Grema ပိုင္းကိုစစ္ပါ။ ဘာေၾကာင့္လဲဆိုရင္ Hight Voltage ေတြက Sensor နဲ႔ Grema တို႔အတြက္ လည္း အလုပ္လုပ္ေသးလို႔ပါ။ အဲဒီအပိုင္းက C နဲ႔ R စတဲ့ Component ေလးေတြလဲေပးျခင္းျဖင့္ ျပန္ေကာင္းႏိုင္ပါတယ္။
ေမး - အစ္ကိုေရ ကၽြန္ေတာ့္ဖုန္းက C8813 ပါ။ ဖုန္းအားသြင္းရင္ အားမ၀င္လို႔ပါ။ ဘယ္လိုလုပ္ရမလဲ။
ေျဖ - Charger ႀကိဳးလဲၾကည့္ပါ။ တစ္ခ်ိဳ႕ဖုန္းေတြမွာ ဖုန္းအားသြင္းရင္ အားသြင္းတဲ့မိုးႀကိဳးသြားေလးျပတယ္။ ဒါေပမဲ့ အားမ၀င္တာမ်ိဳးရွိတတ္ပါတယ္။ အဲလိုျဖစ္ခဲ့ရင္ေတာ့ Power IC ကေနထုတ္ေပးတဲ့ Charger လမ္းေၾကာင္းက Component ေလးေတြ အဓိကထားစစ္ပါ။
ေမး - iPhone 5 မွာ Apple Store ကိုအသံုးျပဳၿပီး App တစ္ခုကို Install လုပ္တဲ့အခါမွာ Fix.Application Notcompatible ဆိုတဲ့ Error ျပေနတာ ဘာျဖစ္လုိ႔ပါလဲ။
ေျဖ - ဟုတ္ကဲ့။ ဒီ Error ကေတာ ့Install လုပ္မယ့္ App က Install လုပ္ဖို႔ Supporting လုပ္တဲ့ iOS Version နဲ႔ဖုန္းမွာအသံုးျပဳတဲ့ iOS Version မကိုက္လို႔ပါ။ Supporting လုပ္တဲ့ Version နဲ႔မကိုက္ရင္ မိမိအသံုးျပဳေနတဲ့ iOS Version ကို Update လုပ္လုိက္ပါ။
ေမး - ကၽြန္ေတာ့္ဖုန္းက G610 Huawei ဖုန္းပါ။ Touch ေပၚမွာမေရြ႕ရဘဲ Software ေတြထဲ၀င္သြားတယ္။ ၿပီးေတာ့ ဂဏန္းေတြလည္း ေလွ်ာက္ေျပးေနတယ္။ ဘယ္လိုလုပ္ရမလဲဗ်။
ေျဖ - အရင္ဆံုး Factory Data Reset အရင္ခ်ၾကည့္ပါ။ မရရင္ေတာ့Touch လဲရပါမယ္။ တစ္ခါတစ္ေလမွာ Touch အသစ္လဲၾကည့္တယ္။ အဆင္မေျပတာမ်ိဳးႀကံဳရပါတယ္။ ဒါေၾကာင့္ Touch စလဲၿပီဆိုကတည္း က Double Tape ကို ႏွစ္ထပ္ကပ္ရပါမယ္။ ႏွစ္ထပ္ကပ္တာ တစ္ခါတစ္ေလမွာ Tape တစ္ထပ္တည္းနဲ႔ အဆင္မေျပတာမ်ိဳးႀကံဳလုိ႔ပါ။
ဤက႑အတြက္ Today Mobile (ဖုန္း - 09-730 33 966 ၊ 09-4217 44 111 မွကူညီပံ့ပိုးေပးပါသည္။)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
------------------------------------------------------------------------------ ------------------------------------------------------------------------------
(Unicode Version)
" အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြသနာများ "
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
မေး - အစ်ကို ကျွန်တော့်ရဲ့ဖုန်းက တစ်ခါတစ်လေ Touch က ကြောင်နေသလိုဖြစ်ပြီး ဆွဲလို့မရတဲ့အခါတွေဖြစ်နေပါတယ်။ အဲ့ဒါ စက်ကပဲဟန်းနေလို့လား။ Touch ကပဲဖြစ်နေတာလား။သေသေချာချာမသိလို့ပါ။ အဲ့ဒါလေးရှင်းပြပါလား။
ဖြေ - ဟုတ်ကဲ့။ အဲ့ဒါက ဖုန်းတစ်လုံးကိုအသုံးပြုတာကြာလာတဲ့ အချိန်တွေမှာ Cache File တွေများလာတဲ့အခါ Factory Fault လို့ခေါ်တဲ့ System Error ဖြစ်နိုင်သလို Touch Error လဲဖြစ်နိုင်ပါတယ်။ အဲ့နှစ်ခုကို ကွဲကွဲပြားပြားသိချင်ရင်တော့ Touch Error ဟုတ်/မဟုတ် အရင်စစ် ပေးပါ။ Touch Error ကိုစစ်ချင်ရင် ဖုန်းရဲ့ Setting ထဲကနေ သွားစစ်ရ ပါမယ်။ Setting > Developer Option> Pointer Location ကိုအမှန်ခြစ် (သို့) Onပေးလိုက်ပါ။ ပြီးလျှင် Screen ပေါ်တွင် နေရာအနှံ့ဆွဲကြည့်ပါ။ ဆွဲခဲ့တဲ့တစ်လျှောက် မျဉ်းကြောင်းလေးတွေကျန်ခဲ့ရင် Touch Error ကင်းပါတယ်။ မျဉ်းကြောင်းလေးတွေပြတ်ကျန်ခဲ့ရင်တော့ အဲ့ဒါ Touch Error ပါ။ အဲ့ဒီနည်းနဲ့ခွဲခြားနိုင်ပါတယ်။
မေး - ကျွန်တော့်ဖုန်းက iPhone 5S ပါ။ ပါ၀ါသေသွားတာဗျ။ အဲ့ဒါဘက်ထရီလဲလိုက်တော့ကောင်းသွားတယ်။ ဒါပေမဲ့ လိုင်းမတက်ဘူးဗျ။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - iPhone တွေမှာက ဘက်ထရီဖြုတ်လိုက်ရင် Time and Date က ပျောက်သွားတယ်ဗျ။ အဲဒီမှာ Searching Sim Card လို့ပေါ်ပြီး လိုင်းတိုင်ပျောက်နေတယ်။ ဒါမှမဟုတ်ရင် လိုင်းတိုင်အပြည့်မတတ်တာ၊ Error ဖြစ်တတ်ပါတယ်။ အဲဒါမျိုးဖြစ်နေရင် Time and Date ပြန်ချိန်ပါ။ ဒါမှမဟုတ်ရင် အင်တာနက်ကိုဖွင့်ပြီးသုံးပါ။ ပြီးရင် ပါ၀ါပိတ်၊ ပြန်ဖွင့်ပါ။ အဆင်ပြေပါလိမ့်မယ်။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G730 U00 ပါ။ Touch ဆွဲမရလို့ပါ။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အရင်ဆုံးလုပ်ရမှာက Touch အသစ်လဲကြည့်ပါဗျ။ အကယ် ၍ Touch အသစ်နဲ့အဆင်မပြေဘူး။ ၃ ချပ်၊ ၄ ချပ်လဲတယ်။ အဆင်မပြေဘူးဆိုခဲ့ရင် Touch Socket မှာ Voltage တွေတိုင်းရပါမယ်။ Socket မှာရေဂျိုးတွေကပ်တာတို့၊ Pin တွေပျက်တာတို့ဆိုရင်လည်း မရပါဘူးဗျ။ Socket မှာ Hight Voltage တွေရောက်ရပါမယ်။ ဥပမာ 1.8V, 2.8V တို့ ပါ။ အဲဒီ Voltage တွေရောက်လို့မှ Touch မရဘူးဆိုရင် Socket ဘေးနားက C နဲ့ D, R လေးတွေစစ်ပေးပါ။ Component လေးတွေလည်း ကောင်းတယ်။ မရခဲ့သေးဘူးဆိုရင် Sensor နှင့် Grema ပိုင်းကိုစစ်ပါ။ ဘာကြောင့်လဲဆိုရင် Hight Voltage တွေက Sensor နဲ့ Grema တို့အတွက် လည်း အလုပ်လုပ်သေးလို့ပါ။ အဲဒီအပိုင်းက C နဲ့ R စတဲ့ Component လေးတွေလဲပေးခြင်းဖြင့် ပြန်ကောင်းနိုင်ပါတယ်။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက C8813 ပါ။ ဖုန်းအားသွင်းရင် အားမဝင်လို့ပါ။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - Charger ကြိုးလဲကြည့်ပါ။ တစ်ချို့ဖုန်းတွေမှာ ဖုန်းအားသွင်းရင် အားသွင်းတဲ့မိုးကြိုးသွားလေးပြတယ်။ ဒါပေမဲ့ အားမဝင်တာမျိုးရှိတတ်ပါတယ်။ အဲလိုဖြစ်ခဲ့ရင်တော့ Power IC ကနေထုတ်ပေးတဲ့ Charger လမ်းကြောင်းက Component လေးတွေ အဓိကထားစစ်ပါ။
မေး - iPhone 5 မှာ Apple Store ကိုအသုံးပြုပြီး App တစ်ခုကို Install လုပ်တဲ့အခါမှာ Fix.Application Notcompatible ဆိုတဲ့ Error ပြနေတာ ဘာဖြစ်လို့ပါလဲ။
ဖြေ - ဟုတ်ကဲ့။ ဒီ Error ကတော ့Install လုပ်မယ့် App က Install လုပ်ဖို့ Supporting လုပ်တဲ့ iOS Version နဲ့ဖုန်းမှာအသုံးပြုတဲ့ iOS Version မကိုက်လို့ပါ။ Supporting လုပ်တဲ့ Version နဲ့မကိုက်ရင် မိမိအသုံးပြုနေတဲ့ iOS Version ကို Update လုပ်လိုက်ပါ။
မေး - ကျွန်တော့်ဖုန်းက G610 Huawei ဖုန်းပါ။ Touch ပေါ်မှာမရွေ့ရဘဲ Software တွေထဲဝင်သွားတယ်။ ပြီးတော့ ဂဏန်းတွေလည်း လျှောက်ပြေးနေတယ်။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အရင်ဆုံး Factory Data Reset အရင်ချကြည့်ပါ။ မရရင်တော့Touch လဲရပါမယ်။ တစ်ခါတစ်လေမှာ Touch အသစ်လဲကြည့်တယ်။ အဆင်မပြေတာမျိုးကြုံရပါတယ်။ ဒါကြောင့် Touch စလဲပြီဆိုကတည်း က Double Tape ကို နှစ်ထပ်ကပ်ရပါမယ်။ နှစ်ထပ်ကပ်တာ တစ်ခါတစ်လေမှာ Tape တစ်ထပ်တည်းနဲ့ အဆင်မပြေတာမျိုးကြံုလို့ပါ။
ဤကဏ္ဍအတွက် Today Mobile (ဖုန်း - 09-730 33 966 ၊ 09-4217 44 111 မှကူညီပံ့ပိုးပေးပါသည်။)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment