ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Wednesday, December 23, 2015

မင်္ဂလာပါခင်ဗျာ.....
ဒီတစ်ခါ IOS User တွေကို မိတ်ဆက်ပေးချင်တဲ့ အကြောင်းလေးကတော့ IOS Device တွေကို Firmware Restore ပြုလုပ်တဲ့
အကြောင်းလေးပါ။ ဒီလို Firmware Restore ပြုလုပ်တဲ့ အခါမှာ သတိထားသင့်တဲ့ အကြောင်းလေးတွေလဲရှိပါတယ်။ ဒါလေးတွေကို
အရင်ဆုံးပြောပြပေးချင်ပါတယ်။ ကျွန်တော်တို့မဖြစ်မနေစစ်ဆေးရမယ့်အကြောင်းတစ်ခုကတော့ Device မှာ ICloud ရှိမရှိကို အရင်ဆုံး
စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။ Firmware ကောင်းနေတဲ့ Device တွေမှာတော့ ICloud ရှိမရှိကို Setting ထဲမှာအလွယ်တကူဝင်ကြည့်နိုင်ပေမယ့်
Passcode Lock ကျနေသော Device များနှင့် Firmware ကျနေသော Device များမှာတော့ Setting ထဲကိုဝင်လို့မရနိုင်ပါဘူး။ ဒါကြောင့်
Passcode Lock ကျနေသော Device များနှင့် Firmware ကျနေသော Device များကိုတော့ Website မှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။
အဲ့လိုစစ်ဆေးဖို့အတွက် မိမိ Device ရဲ့ IMEI (သို့) Serial Number ကိုသိရှိဖို့တော့လိုအပ်ပါတယ်။ မိမိ Device ရဲ့ IMEI (သို့) Serial Number ကို
Device ရဲ့နောက်ကျောဖက်တွင်သိရှိနိုင်ပါတယ်။ နောက်ကျောဖက်မှာ Serial Number (သို့) IMEI မပါတဲ့ Device တွေမှာတော့ မိမိdevice ရဲ့
ု Sim Card အထိုင်ရဲ့နောက်ကျောဖက်မှာကြည့်ရှု့နိုင်ပါတယ်။ Serial Number (သို့) IMEI ကိုသိရှိပြီဆိုရင်တော့ www.icloud.com/activationlock တွင်
သွားရောက်စစ်ဆေးနိုင်ပါတယ်။ Icloud ကိုစစ်ဆေးပြီးရင်တော့ ကျွန်တော်တို့ရဲ့ IDevice တွေကို Firmware Restore ပြုလုပ်ဖို့အတွက် မိမိ Device ကို
အမြင့်ဆုံးတင်နိုင်သော IOS Version နှင့် Product type ကို www.ipsw.me ထဲတွင်သွားရောက်ကြည့်ရှု့ပြီး သက်ဆိုင်ရာ Fimware File ကို Download
ရယူနိုင်ပါတယ်။ IOS Device တွေကို Firmware တင်တဲ့ အခါ အမြင့်ဆုံး Firmware Version ကိုသာတင်ရမယ့်ကန့်သတ်ချက်တစ်ခုတော့ရှိပါတယ်။ ဒါပေမယ့်ချွင်းချက်
အနေနဲ့ အမြင့်ဆုံး Version ထွက်ပြီး အနည်းဆုံး တစ်ပတ်လောက်အတွင်းမှာတော့ နောက်ဆုံး Version ရဲ့ တစ်ဆင့်နိမ့်တဲ့ Version ကိုတင်လို့ရပါတယ်။
ဘယ်အချိန်ထိအဲ့လိုတင်လို့ရသေးလဲဆိုတာကို www.ipsw.me မှာသွားရောက်ပြီး ကြည့်ရှု့နိုင်ပါတယ်။
Firmware ရေးဖို့အတွက် လိုအပ်ချက်သုံးခုရှိပါတယ်။ အဲ့ဒါတွေကတော့ မိမိ Device နှင့်ကိုက်ညီသော firmware File, iTunes နဲ့ Internet Connection လိုအပ်ပါတယ်။
လိုအပ်ချက်တွေပြည့်စုံပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ IDevice တွေကို Firmware Restore စလုပ်ကြရအောင်.....
Firmware Restore ပြုလုပ်ဖို့အတွက် အရင်ဆုံး ကွန်ပျူတာကို
- Internet ချိတ်ဆက်ပါ။
- iTunes ကို ဖွင့်ပါ။
- Device ကို ပါဝါပိတ်၊ Home Key ကိုဖိပြီး ကျွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။။ iTunes တွင် Device သိလျှင် iTunes ပေါ်ရှိ Device ရဲ့ Summary ထဲသို့ဝင်ပါ။
- keyboard ပေါ်ရှိ Shift Key ဖိ၍ Restore ကို နှိပ်ပါ။ Box တစ်ခုကျလာလျှင် မိမိ Download ရယူထားသော Firmware File ရှိနေသောလမ်းကြောင်းကို ရွေးပြီး
Open ကို နှိပ်ပြီး Restore ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Device ကို Firmware Restore စတင်ပြုလုပ်ဖို့အတွက် မိမိ Device နဲ့ ရေးမယ့် Firmware ကိုက်မကိုက် ကို Apple server မှ
စစ်ဆေးပါလိမ့်မယ်။ မှန်ကန်ပြီဆိုရင်တော့ Firmware Restore စတင်ပြုလုပ်နေပါပြီ။
- Firmware Restore ပြုလုပ်နေချိန်တွင် Device မှာ ပန်းသီးပုံ logo နဲ့ အတန်းလေး နှစ်တန်းပြေးနေပါလိမ့်မယ်။ ပထမအတန်းကတော့ အနည်းငယ်ကြာပါလိမ့်မယ်။
- အတန်းနှစ်တန်းပြေးပြီးသွားပြီဆိုရင်တော့ Firmware Restore ပြုလုပ်လို့ပြီးပါပြီ။
- Firmware Restore ပြုလုပ်ပြီးရင်တော့ Device ကို Activate ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
- iDevices တွေကို Activation ပြုလုပ်နည်း နှစ်မျိုးရှိပါတယ်။
1. WiFi Activation
SIM Card ထည့်စရာ မလိုသော iDevice များအတွက်ဖြစ်ပါတယ်။
- English ကိုရွေးပြီး အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ Next ကို နှိပ်လိုက်ပါ။
- နောက်စာမျက်နှာမှာMyanmar (Burma)ကိုရွေးပြီး အမှန်ခြစ်ပေးပါ။ပြီးရင် Next ကိုနှိပ်လိုက်ပါ။
-Deivce ကို WiFi ချိတ်ဆက်ပါ။ တနည်းအားဖြင့် အင်တာနက်ချိတ်ဆက်လိုက်ပါ။
- Disable Location Services ရွေး ပြီး OK ကိုနှိပ်ပြီး
- Set Up New iDevice ရွေးပါ။
- Apple ID ကို Sign In ၀င်ခိုင်းလျှင် ၊ Skip This Step ကိုရွေး ပေးပါ။ Skip ကိုနှိပ်ပြီး
- Agree ၊ Agree နှိပ်ပါ။
- Passcode ထားခိုင်းလျှင် Don’t Add Passcode ကိုရွေးပြီး Continue ကိုနှိပ်လိုက်ပါ။
- Don’t Send ကိုရွေး၊ Get Start နှိပ်ပြီး Home ထဲသို့ဝင်နိုင်ပါပြီ။
2. WiFi + SIM Activation
- English ကိုရွေးပြီး အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ Next ကို နှိပ်လိုက်ပါ။
- နောက်စာမျက်နှာမှာMyanmar (Burma)ကိုရွေးပြီး အမှန်ခြစ်ပေးပါ။ပြီးရင် Next ကိုနှိပ်လိုက်ပါ။
-Deivce ကို WiFi ချိတ်ဆက်ပါ။ တနည်းအားဖြင့် အင်တာနက်ချိတ်ဆက်လိုက်ပါ။
-SIM Card ကိုဖုန်းထဲထည့်လိုက်ပါ။ SIM ကို Auto Activate လုပ်လိမ့်မည် (ကြာနိုင်သည်)
- Disable Location Services ရွေး ပြီး OK ကိုနှိပ်ပြီး
- Set Up New iDevice ရွေးပါ။
- Apple ID ကို Sign In ၀င်ခိုင်းလျှင် ၊ Skip This Step ကိုရွေး ပေးပါ။ Skip ကိုနှိပ်ပြီး
- Agree ၊ Agree နှိပ်ပါ။
- Passcode ထားခိုင်းလျှင် Don’t Add Passcode ကိုရွေးပြီး Continue ကိုနှိပ်လိုက်ပါ။
- Don’t Send ကိုရွေး၊ Get Start နှိပ်ပြီး Home ထဲသို့ဝင်နိုင်ပါပြီ။
IOS Device များကို Firmware Restore ပြုလုပ်နည်းကို မေးမြန်းထားတဲ့ Member များအတွက် ဒီ Post လေးနဲ့ ပြန်လည်ဖြေကြားပေးလိုက်ပါတယ်။
****အားလုံးအဆင်ပြေကြပါစေ......****
LikeComment

No comments:

Post a Comment