ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Sunday, December 6, 2015

Apple ID ကို မိမိတို့ရဲ့ iPhone/iPad ပေါ်မှာ အလွယ်တကူ ပြုလုပ်နည်း (မသိသေးတဲ့သူများအတွက်သာ)
***********************************************
မင်္ဂလာပါ…
အရင်က ကျွန်တော်ဆရာ အကိုထက်ဝေ(IKBMM) တင်ပေးထားတဲ့ Apple ID အလွယ်ဖွင့်နည်းကို အခြေခံပြီး Apple ID လုပ်နည်းကို နည်းနည်းကွန့်ပီး နောက်ထပ် ရေးသား မျှဝေလိုက်ပါတယ်ခင်ဗျ။
နားလည် လွယ်ကူစေရန် ပုံနဲ့ တဆင့်ခြင်း ရှင်းပြထားပါတယ်။
ကျွန်တော်တို့ iOS User တွေအနေနဲ့ iDevice တခုခု ပိုင်ဆိုင် လာပြီဆိုရင် Apple ID ဆိုတာ မရှိမဖြစ်လိုအပ်လာမှာပါ။
ဒါကလည်းမခက်ခဲပါဘူး။
ဆိုင်တွေမှာလုပ်ရင် ပေါက်ဈေးကိုက ၃၀၀၀ - ၁၀၀၀၀ ကြားဖြစ်နေ တယ်ဗျ။
ဒီတော့ မကုန်သင့်တာ မကုန်ရအောင်၊ သူငယ်ချင်းတွေ၊ မိတ်ဆွေ တွေကိုလည်း ကူညီရအောင်လို့ ဒီနည်းလေးကို ပြောပြ လိုက်ပါတယ်။
ကဲ စလိုက်ကြရအောင်…

1. အရင်ဆုံး Gmail or Email တခုကို Setting > Mails,Contacts, Calendars မှာ Sign in လုပ်ပါ။ (အချို့ Email ဆိုရင် Browser မှာပဲ Sign in လို့ ရပါတယ်)
2. Sign in ၀င်ပီးလျှင် Mail ကို On ပါ။
3. အကောင့် မလုပ်ခင် အရင်ဝင်ထားတဲ့ အကောင့်ကို Sign Out လုပ်ပေးပါ။ (Setting > iTunes & AppStore > Apple ID > Sign Out)
ဒါမှလည်း AppStore ထဲဝင်ပြီး ဖွင့်တဲ့အခါ Box ကျလာမှာပါ။
4. Sign Out လုပ်ပြီးလျှင် AppStore ထဲဝင်ပါ။ Free App တခုခုကို Download လုပ်လိုက်ပါ။
5. Box တခု ကျလာပါမယ်။ Create New Apple ID ကို ရွေးပါ။
6. ပြီးလျှင် Store ကို ကိုယ်ကြိုက်တဲ့ Country ထားပါ။ (ကျွန်တော်ကတော့ US Store နဲ့ ရှင်းပြသွားပါမယ်)
ရွေးပြီးရင် Next ပါ။
7. ထပ်ပီး Agree ကို နှိပ်ပါ။
8. ဒီနေရာမှာ Email နဲ့ Password ကိုရေးပေးရမှာပါ။
a) Email မှာ ကိုယ်ပြုလုပ်မယ့် Email ကိုဖြည့်ပါ။
b) Password ပေးရင် ရှေ့ဆုံးမှာ အနည်းဆုံး Capital Letter တလုံးနဲ့ နောက်ဆုံးမှာ ကိန်းဂဏန်းတခုခု ပါဝင်ရပါမယ်။ (Eg : Password12345)
c) Security Questions တွေထည့်တဲ့ အခါမှာ ကိုယ်မှတ်မိမယ့်ဟာကိုပဲ ထည့်စေချင်ပါတယ်။ အလွယ်ထည့်ပါ။
(ဥပမာ - What was the name of your first pet? ဆိုရင် အဖြေမှာ pet ပေါ့
What was the model of your Car? ဆိုရင် အဖြေမှာ car ပေါ့
What was the first name of your Boss ဆိုရင် အဖြေမှာ boss ပေါ့)
d) နောက်ပီး Email တခုရှိသေးတယ်ဆိုရင်တော့ Recuse Mail ပါ ထည့်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် Apple ID ရဲ့ Password မေ့သွားခဲ့ရင် ဒီနှစ်ခုနဲ့ ပြန်လည်ရယူနိုင်တာကြောင့်ပါ။
e) ပြီးရင် Birthday ဖြည့်ပါ။ အားလုံးပီးရင်တော့ Next ပေါ့။
9. ဒီအဆင့်မှာ ကိုယ့်ရဲ့ Billing Information နဲ့ ပါတ်သက်တာတွေ ဖြည့်ပေးရမှာဖြစ်ပြီး အမှန်တကယ် Bank Card သုံးစွဲသူတွေဆိုပါက သေသေချာချာ စီစစ်ရန်လိုအပ်ပါတယ်။
ကျွန်တော်ကတော့ Free Account တခုဖွင့်နည်းပဲပြောပြပါမယ်။
a) None ကိုရွေးပါ။
b) Code နေရာမှာ လောလောဆယ် ဘာမှ မထည့်ပါနဲ့
c) အောက်ဆက်သွားရင် ကိုယ့်ရဲ့ လိပ်စာတွေ ဖြည့်ပေးရမှာဖြစ်ပါတယ်။
Address 1 မှာ ကြိုက်တဲ့ No ပေးပါ။ (eg : 200)
Address 2 မှာ ကြိုက်တာဖြည့်ပါ။ (eg : Tatkone)
City မှာလည်း ကြိုက်တာဖြည့်ပါ။ (eg : Mandalay)
State နဲ့ Zipcode မှာတော့ အရေးကြီးပါတယ်။ မှားလို့မရပါဘူး။
အောက်မှာ State နဲ့ Zipcode တွေ ဖော်ပြသွားပါမယ်။ ခုတော့ ဆက်လိုက်ဦးမယ်။
ဖုန်းနာပါတ်နေရမှာ ရှေ့ ၃ လုံး၊ နောက် ၇ လုံး ကြိုက်ရာဖြည့်ပါ။ (eg : 123-456-7890)
အားလုံးပြီးရင် Next
10. ပုံ ၁၀ အတိုင်း Verify Your Account ဆိုရင်တောင် အောင်မြင်လုနီးပါး ဖြစ်နေပါပြီ။
(ထိုအဆင့်ပီးလို့ Apple ID မှ Password တောင်းလျှင် Cancel ကိုနှိပ်ပါ)
11. Verify လုပ်ဖို့အတွက် Mail ထဲဝင်လိုက်ပါ။
12. Apple က ပို့ထားတဲ့ Mail တဆောင်ရှိပါလိမ့်မယ်။ ၀င်လိုက်ပါ။
13. Verify Now ကိုနှိပ်လိုက်ပါ။
14. Apple ID နဲ့ Password ရေးပြီး Verify Address ကိုနှိပ်ပေးလိုက်ပါ။
15. ပုံ ၁၅ လိုပြရင် Verify လုပ်တာ အောင်မြင်ပါပြီ။
16. ပိုပြီး သေချာသွားအောင် AppStore က Free App တခုကို Download လုပ်ကြည့်ပါ။
17. သင်ဟာ ကိုယ်ပိုင် Apple ID တခုကို ပိုင်ဆိုင်သွားပီပဲဖြစ်ပါတယ်ခင်ဗျာ။
State and Zipcode
************
For US Store
*********
1. State : FL
Zipcode : 33859
2. State : UT
Zipcode : 84403
3. State : CA
Zipcode : 93901
For Canada Store
**********
Province : ON-Ontario
Postal Code : M5H 2A4
(or)
Postal Code : M5B 2G4
For Singapore Store
**************
Town : Singapore
Postal Code : 049145
Postal Code : 380052
For Chinese Store
*************
Province : Beijing
Postal Code : 100027
Like and Share ဖို့ မမေ့နဲ့ဦး
စာတော့ နည်းနည်းများသွားတယ်။ အသေးစိတ်ရှင်းလို့ များသွားတာပါ။
အားလုံး အဆင်ပြေကြပါစေဗျာ။
အကိုထက်ဝေပို့အား အခြေခံထားသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ...
Kyaw Soe Moe (IT Knowledge Sharer)
















No comments:

Post a Comment