ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Monday, December 28, 2015

Huawei ဖုန်းများ Firmware တင်နည်း ကွန်ပျူတာမလို


ကွန်တော်ကို firmware ဘယ်လိုတင်လည်းဆိုတာအမေးများလာလို့ပါ အဲဒီလိုမေးလာကြတဲ့အခါတိုင်း ကွန်ပျူတာသုံးလားလို့ ပြန်မေးလိုက်ရင် မသုံးဘူးဆိုတဲ့သူတွေက အရမ်းများပါတယ်
အဲဒါကြောင့် ကွန်ပျူတာကို လုံးဝမသုံးပဲ firmware တင်လို့ရတဲ့နည်းပါ firmware တင်ဖူးချင်တယ် firmware တင်တာမြင်ဖူးချင်ပါတယ်ဆိုတဲ့ ညီအကိုများအတွက်ပါ
သိပီးသားဆြာများကျော်သွားပေးပါ။
Huawei ဖုန်းများ ကွန်ပျူတာမသုံးပဲ firmware ပြန်တင်တော့မယ်ဆိုလျှင်
၁ ။ မိမိဖုန်းရဲ့မော်ဒယ်အလိုက် firmware ကိုဖုန်းနဲ့ဒေါင်းပါ ဖုန်းထဲမှာ မန်မိုရီအနည်းဆုံး 
( 2GB ) လောက်နေရာလွတ်နေရပါမယ် အကျန်တော့ဘူးဆိုရင် မလိုအပ်တဲ့ Data တွေကိုရွေးဖျက်ပါ 
( သို့မဟုတ် ) မန်မိုရီကဒ် အပိုရှိရင် ဖုန်းထဲက ကဒ်နဲ့ ခဏအစားထိုးသုံးပါ။ မန်မိုရီနေရာ ဘယ်လောက်ကျန်သေးလဲသိချင်ရင် Setting ထဲက Storage မှာသွားကြည့်လိုက်ပါ
၂ ။ မိမိဖုန်းရဲ့ Build Number ကိုကြည့်ပါ။ firmware ပြန်တင်တဲ့အခါမှာ sd card မကောင်းရင် တင်မရသလို လက်ရှိသုံးနေတဲ့ Build Number ကမြင့်ပီး firmware အသစ်က Build Number နိပ်နေရင် Error ပေါ်ပါတယ် firmware တင်လို့မရပါ။ ( sd card နေရာလုံလောက်ပီ Build Number လည်းသေခြာစစ်ဆေးပီးပီဆိုရင် firmware ကိုဒေါင်းယူလို့ရပါပီ။ မိမိဒေါင်းလိုက်တဲ့ firmware ဟာ Build Number မမြင့်ရင်တောင် လက်ရှိသုံးနေတဲ့ Build Number ဖြစ်ရပါမယ် ) 
Build Number ကိုသိချင်လျှင် Setting ထဲက About phone ထဲမှာသွားကြည့်လိုက်ပါ။
၃ ။ မိမိဖုန်းထဲမှာ firmware ဒေါင်းလို့ရလာတဲ့အခါ firmware file ဟာ ( zip file ) နဲ့ချုပ်ထားတာဖြစ်လို့ zip ဖြည်ထုတ်ရပါမယ်။ ထို့ကြောင့် File Manager ထဲမှာ မိမိဒေါင်းယူထားတဲ့ Firmware file ကိုရှာပီး
လက်နဲ့ဖိထားလိုက်ပါ။ ထိုနောက်ပုံမှာပါသည့်အတိုင်း Extract ကိုနိပ်ပါ



၎ ။ အဲလိုဖြည်ထုတ်လိုက်တဲ့အခါ folder တစ်ခုတိုးလာပါပီ။ အဲဒီ folder ကိုဖွင့်လိုက်တဲ့အခါ အထဲမှာ dload ဆိုတဲ့ folder တစ်ခုကိုတွေရပါမယ် အဲဒီ folder ကိုလက်နဲ့ ခဏဖိထားပီး Cut လုပ်ပါ ပီးရင် Back ပြန်ဆုတ်ပီး Paste လုပ်ပါ




၅ ။ ဒီအဆင့်ရောက်ပီဆိုရင် Setting ထဲမှ About phone ထဲမှာ System Update ကိုနိပ်ပါ။
ပြီးလျှင် Local update ကိုနိပ်ပါ။ ပြီးရင် confirm ပြီးလျှင် Upgrade ကိုနိပ်ပါ။




အဲဒီအဆင့်ပီးသွားရင်တော့ ဖုန်းဟာ Restart ကျသွားပါမယ်။ ပြီးလျှင်ဖုန်းသူ့အလိုလိုပြန်ပွင်လာပီး
firmware စတင်ပါပြီ။


အဲဒီလိုင်းတန်းလေးဆုံးတဲ့အထိစောင့်လိုက်ပါ ပီးရင် Ok ပါပြီ။
အကျန်ပေးချင်တာကတော့ firmware ဒေါင်းရတာ size က 1Gb နီးပါရှိတဲ့အတွက် မြန်မာပြည်အင်တာနက်ဈေးနုန်းနဲ့သာဆိုလျှင် ဆာဗစ်ဆိုင်မှာ သွားတင်ခိုင်းလိုက်တာ
ကုန်ကျစရိတ်ပိုနည်းသလို အာရုံလည်းမနောက်တော့ဘူးပေါ့ဗျာ ခုကကွန်ပျူတာမရှိဘဲ frimware ပြန်တင်မရဘူးလား မေးလာကြလို့ပါ။ ကလိတာဝါသနာပါ တဲ့သူတွေ ( သို့ ) အင်တာနက် free သုံးနေတဲ့သူတွေအတွက်တော့ အဆင်ပြေတာပေါ့။ ဒီနည်းက firmware အဟောင်းပြန်တက်နေသေးတဲ့ ဖုန်းများအတွက်ပါ။ firmware လုံးဝကျသွားတဲ့ ဖုန်းတွေအတွက်လည်းသိပ်မခက်ပါဘူး အဲ့နည်းနဲ့ နောက်ပိုင်းလေးမှာ နည်းနည်းပဲကွာသွားတာပါ။ အဲဒီနည်းလိုချင်တယ်ဆိုရင်တော့ပြောနေခုတော့
စာရေးရတာ တော်တော်လေးရှည်သွားလို့ ဒီမှာပဲအဆုံးသက်လိုက်တော့မယ်နော်။ တော်ကြာစာဖက်သူတွေ ( ဒီလူလျှာကြောတော်တော်ရှည်တာပဲ ပြောနေကြအုံးမယ် :-P )
 
အားလုံးအဆင်ပြေပါစေ။

No comments:

Post a Comment