ပညာသည္ပိုသည္မရွိအျမဲလိုအပ္ပါသည္

ပညာသည္ပိုသည္မရွိအျမဲလိုအပ္ပါသည္
ပညာမ်ားကိုျပန္လည္မွ်ေ၀ျခင္းသာျဖစ္ပါသည္ဆရာၾကီးမဟုတ္ပါမသိေသးတာေတြရွိပါသည္

Wednesday, December 23, 2015

ေဆာ့ဖ္၀ဲမသံုးဘဲ ဖုိင္ပ်က္မ်ားကိုဆယ္တင္ျခင္း "
ကြန္ပ်ဴတာသံုးၿပီဆိုလွ်င္ မေမွ်ာ္လင့္ဘဲ ဖုိင္ပ်က္စီးသည့္အခါမ်ိဳး ႏွင့္ႀကံဳရတတ္သည္။ အခ်ိဳ႕ဖုိင္မ်ားက Copy and Paste လုပ္ငန္းစဥ္တြင္ ပ်က္စီးသည္။ တခ်ိဳ႕က Save လုပ္ငန္းစဥ္မွာပ်က္စီးသည္။ လံုးလံုး လ်ားလ်ားပ်က္စီးသည္တုိ႔ရွိသလို တစ္စိတ္တပိုင္းပ်က္စီးသည္လည္း ရွိသည္။ အနည္းငယ္မွ်ပ်က္စီးၿပီး ဖြင့္၍မရေသာဖုိင္ကို Corrupted File ဟုေခၚသည္။ ဖုိင္ပ်က္တို႔ကိုေဆာ့ဖ္၀ဲမသံုးဘဲဆယ္တင္ႏုိင္ေသာနည္း လမ္းအခ်ိဳ႕ရွိသည္။ ယင္းတုိ႔မွာ ေအာက္ပါအတုိင္းျဖစ္ပါသည္။
* Word Document တို႔ကိုဆယ္တင္ျခင္း။ *
Word ဖိုင္တုိ႔သည္ သိမ္းဆည္းလုိက္စဥ္က ေျဖာင့္ေျဖာင့္တန္းတန္း ရွိသည္ဟုထင္ရေသာ္လည္း ေနာင္တစ္ႀကိမ္ျပန္ဖြင့္သည့္အခါ ဖြင့္မရ သည္မ်ိဳးရွိတတ္သည္။ အေရးႀကီးအခ်က္အလက္ပါသည့္ဖုိင္မ်ိဳးျဖစ္က ေသာကပြားရပါေတာ့သည္။ တခ်ိဳ႕ Word ဖုိင္မ်ားက ဖြင့္၍ရသည္။ သို႔ေသာ္ အထဲတြင္႐ိုက္ထားသည့္စာမ်ားက မည္သို႔မွဖတ္၍မရႏုိင္ေသာ စာလံုးမ်ား။ ထိုကိစၥအတြက္ နားအံုနားရင္းမ်ားထူပူသြားစရာမလိုပါ။ Word ဆာ့ဖ္၀ဲထဲတြင္ပါေသာ Built-Recovery Tool ကိုသံုး၍ရသေလာက္ ဆယ္တင္ၾကပါမည္။
ဦးစြာ Office Logo (Office 2007 မွအထက္ Version မ်ားကိုသံုးလွ်င္) ကိုႏွိပ္ပါမည္။ Office Version အေဟာင္းသံုးသူမ်ားက Menu Bar ရွိ File ေနရာတြင္ ဘယ္ကလစ္ႏွိပ္ပါမည္။ ၿပီးလွ်င္ပ်က္စီးေသာဖုိင္ေနရာသို႔ အေရာက္သြားရပါမည္။ ထိုသို႔သြားရာတြင္ Open Button ေဘးဖက္ရွိျမႇားေလးကို ဦးစြာႏွိပ္ပါမည္။ ေပၚလာေသာအကြက္ထဲမွ Open and Repair ကိုေရြးပါမည္။
ဤနည္းလမ္းျဖင့္ ျပႆနာကိုမေျဖရွင္းႏုိင္လွ်င္ ေနာက္တစ္ႀကိမ္ ၌ Open Button ေဘးမွ ျမႇားကိုႏွိပ္ၿပီး ေပၚလာေသာအကြက္ထဲမွ All Word Documents ကိုႏွိပ္ပါမည္။ ယင္းေနာက္တြင္ Recover Text From Any File ကို ထပ္ေရြးပါမည္။ ၿပီးလွ်င္ ဖြင့္ဖတ္၍မရေသာဖုိင္ကို သြားေရာက္ေရြးခ်ယ္ေပးရပါမည္။ ထိုအခါ Word ေဆာ့ဖ္၀ဲသည္ ဖတ္မရေသာဖုိင္ကို Covert လုပ္ၿပီး ယင္းထဲမွာစာမ်ားကိုရႏုိင္သေလာက္ဆယ္တင္ေပးပါ မည္။ ယင္းနည္းလမ္းျဖင့္ အလုပ္မျဖစ္ျခင္းမ်ိဳးလည္းရွိႏုိင္သည္။
အကယ္၍ Windows 7 သို႔မဟုတ္ ယင္းထက္ Version ျမင့္ေသာ Windows ကိုသံုးပါက ဖြင့္မရေသာဖိုင္ေပၚတြင္ ညာကလစ္ေထာက္ပါ။ ေပၚလာေသာ Box ထဲမွ Properties ကိုေရြးပါ။ ေနာက္ထပ္ေပၚလာေသာ အကြက္ထဲမွ Previous Version ကိုေရြးပါ။ ထုိအခါ System Restore က Back Up လုပ္ေပးထားေသာ Word ဖုိင္ေကာ္ပီအေဟာင္းမ်ားစာရင္းကို ေတြ႕ပါမည္။ ယင္းထဲမွ တစ္ခုခုကိုေရြးၿပီး ဖြင့္လုိက္ပါ။ ျပႆနာတစ္စံု တစ္ရာမေပၚဘဲ ပြင့္လာသင့္သည္။ Word ဖိုင္အေဟာင္းျဖစ္သျဖင့္ မိမိ၏ ေနာက္ဆံုးသိမ္းဆည္းခဲ့ေသာ ဖုိင္ထဲမွ အခ်က္အလက္အားလံုးကို ရေကာင္းမွျပန္ရပါမည္။ လံုးလံုးလ်ားလ်ားဆံုး႐ံႈးျခင္းထက္ အခ်ိဳ႕အ၀က္ဆံုး႐ံႈးျခင္းက ေတာ္ပါေသးသည္။ ယခုလုပ္ငန္းစဥ္ကိုသံုးရန္ System Restore ကိုဖြင့္ထားရန္ လိုအပ္ပါသည္။
Word ေဆာ့ဖ္၀ဲထဲရွိ Tool မ်ားက မကယ္ႏိုင္လွ်င္ ခ်ိဳ႕ယြင္းေနေသာဖိုင္ကိုအြန္လိုင္းသို႔တင္ၿပီး ျပဳျပင္ၾကည့္ပါမည္။ www.onlineofficerecovery.com/word သို႔ သြားရပါမည္။ ျပႆနာရွိေသာဖုိင္ကို တင္ေပးရန္အတြက္ Choose File ကိုကလစ္ႏွိပ္ၿပီးေရြးခ်ယ္ေပးပါမည္။ ဆယ္တင္မည့္ဖုိင္သည္ DOC, DOCX, DOCM, RTF Format တစ္ခုခု၌အက်ံဳး၀င္ရန္လိုအပ္ပါသည္။ ယင္းေနာက္ Secure Upload And Repair ကိုကလစ္ႏွိပ္၍ ေရြးခ်ယ္ေပးပါ မည္။ ဖုိင္ပ်က္ထဲမွ Data မ်ားကို တတ္ႏုိင္သမွ်ဆယ္တင္ၿပီး Word ဖိုင္ အသစ္တစ္ခုဖြဲ႕စည္းေပးရန္ျဖစ္ပါသည္။
သို႔ေသာ္ ဇာတ္လမ္းက ဤမွာစသည္။ ျပဳျပင္ၿပီးသားဖုိင္ကို ေျဖာင့္ ေျဖာင့္တန္းတန္းျပန္ဆြဲခ်ႏုိင္ရန္အတြက္ ယင္း Website သို႔ ၁၀ ေဒၚလာ သြင္းရန္လိုသည္။ ျပဳျပင္ေပးေသာဖုိင္သည္ အလုပ္ျဖစ္၏ မျဖစ္၏ ေလ့ လာရန္အတြက္ Demo Version ကိုစမ္းသပ္အသံုးျပဳႏုိင္သည္။ သို႔ေသာ္ Demo Version ျပဳျပင္ၿပီး ဖုိင္ထဲမွစာမ်က္ႏွာအခ်ိဳ႕ကိုသာျပေပးႏုိင္သည္။ Free Repair ရလိုလွ်င္ ယင္း Wesite ၌ Sing Up လုပ္ႏုိင္သည္။ သို႔ေသာ္ ဆယ္တင္ၿပီးဖုိင္ကိုျပန္ယူရန္အတြက္ရက္သတၱပတ္ႏွစ္ပတ္ေစာင့္ရပါမည္။
အကယ္၍ ယင္း Website ကို Facebook သို႔မဟုတ္ အျခား Website သို႔မဟုတ္ မိမိ၏ Blog ေပၚတြင္ ေထာက္ခံေၾကာ္ျငာေပးခဲ့လွ်င္ Discount Code ကိုရရွိႏုိင္သည္။ ယင္း Code ကိုရရွိလွ်င္ Word ဖိုင္တစ္ဖိုင္စာကို အခမဲ့ဆယ္တင္ေပးပါလိမ့္မည္။ Office ဖုိင္မ်ားကိုျပန္လည္ဆယ္တင္ျခင္း သည္ ရသည့္အခါရၿပီး မရသည့္အခါလည္းမရပါ။ သို႔ေသာ္ ႀကိဳးစား ၾကည့္ျခင္းသည္ မမွားပါ။ အြန္လုိင္းတြင္ Excel, PDF, Outlook တို႔မွစာသား မ်ားအျပင္ အျခားေသာဖုိင္အမ်ိဳးအစားတို႔ကိုပါဆယ္တင္ေပးႏုိင္ေသာ ၀န္ေဆာင္မႈလုပ္ငန္းမ်ားရွိပါသည္။
* ခ်ိဳ႕ယြင္းေနေသာမင္မိုရီကတ္မွဖုိင္မ်ားကိုဆယ္တင္ျခင္း။ *
မင္မိုရီကတ္ထဲတြင္ မ်ားေသာအားျဖင့္ ဓာတ္ပံုမ်ား၊ သီခ်င္းမ်ား ကိုသိုေလွာင္ေလ့ရွိသည္။ ကင္မရာထဲက မင္မိုရီကတ္ဆိုလွ်င္ ဓာတ္ပံု ေထာင္ခ်ီ၍ရွိႏုိင္သည္။ ကင္မရာကို ကြန္ပ်ဴတာႏွင့္ခ်ိတ္ၿပီး အတြင္းထဲ မွဓာတ္ပံုမ်ားကိုလွမ္းၾကည့္ရာတြင္ ၾကည့္၍မရေတာ့ဟုဆိုပါက မည္သို႔ လုပ္ၾကမည္နည္း။ မင္မိုရီကတ္ေပၚမွ Error မ်ားကိုရွာၿပီးျပင္ဆင္၍ရမည္ လားဆိုသည္ကို ႀကိဳးစားၾကည့္သင့္ပါသည္။
ဦးစြာ Start Menu သို႔သြားပါ။ ယင္းေနရာရွိ Box ထဲတြင္ cmd ကို႐ိုက္ ပါ။ ၿပီးလွ်င္ Enter ေခါက္ပါ။ Command Prompt ေပၚေနေသာ Window အမဲ ေရာင္တစ္ခုေပၚလာပါမည္။ Windows 8 မွ အထက္ကိုသံုးလွ်င္ Scren ၏ ေအာက္ေျခညာဖက္ေထာင့္သို႔သြားပါ။ Search ေနရာတြင္ ကလစ္ႏွိပ္ပါ။ ေပၚလာေသာအကြက္တြင္ Command Prompt ကို႐ိုက္ထည့္ပါ။ ယင္း Prompt ၏ေနာက္တြင္ CHKD/SK/F ကို႐ိုက္ပါ။ ယင္းေနာက္တြင္ မိမိရွာေဖြလိုေသာ မင္မိုရီကတ္၏ Drive Letter ကို႐ိုက္ထည္ပါ။ ဥပမာ E ဆုိပါစို႔။
ၿပီးလွ်င္ Enter ေခါက္ပါ။ Windows က မင္မိုရီကတ္ထဲရွိဖုိင္မ်ားကို ခြဲျခားစစ္ေဆးပါမည္။ ၿပီးလွ်င္ရွာေဖြေတြ႕ရွိေသာျပႆနာမ်ားအနက္မွ ျပင္ဆင္၍ရသည္တုိ႔ကိုျပင္ဆင္ေပးသြားပါမည္။ ကံေကာင္းလွ်င္ မင္မိုရီ ကတ္ေပၚမွဓာတ္ပံုအေဟာင္းမ်ားကို ျပန္လည္ရရွိပါမည္။ ရတုန္းရခုိက္ ဓာတ္ပံုမ်ားကို လ်င္ျမန္စြာကူးယူထားလုိက္ပါ။ တစ္ႀကိမ္ျပႆနာေပၚ ဖူးေသာမင္မိုရီကတ္သည္ ေနာက္တစ္ႀကိမ္လည္းျပႆနာေပၚႏုိင္သည္။ သို႔ျဖစ္၍ မင္မိုရီကတ္အေဟာင္းကို ထပ္မသံုးသင့္ပါ။
မင္မိုရီကတ္၊ မင္မိုရီစတစ္ႏွင့္ Hard Disk တုိ႔ေပၚမွဓာတ္ပံုမ်ားကို ျပန္လည္ရယူႏုိင္ေသာ Photo Rec ဟူသည့္ေဆာဖ့္၀ဲလည္းရွိပါေသးသည္။ www.bit.ly/photo372 မွေန၍ Download ခ်ၿပီးအသံုးျပဳႏုိင္ပါသည္။ Portable ေဆာ့ဖ္၀ဲႏွင့္အတူ တစ္တြဲတည္းပါလာမည္မွာ Test Disk ဟူေသာ Tool ျဖစ္သည္။ Download ခ်ၿပီးလွ်င္ Photo Rec ကိုကလစ္ႏွိပ္ၿပီးသံုး႐ံုသာရွိပါ သည္။
ယင္း Application သည္ Command Line ပါေသာ Windows ေပၚလာမည္ ျဖစ္ၿပီး ယင္းအထဲတြင္ ကြန္ပ်ဴတာႏွင့္ခ်ိတ္ဆက္ထားေသာ Drive အား လံုးကိုေဖာ္ျပေပးထားပါမည္။ ယင္းထဲမွ မင္မိုရီကတ္အားကိုယ္စားျပဳ သည့္ Drive ကိုေရြးခ်ယ္ပါ။ ၿပီးလွ်င္ Enter ေခါက္ပါ။ ေဆာ့ဖ္၀ဲကၫႊန္ ၾကားသည့္အတုိင္း လုိက္နာေဆာင္ရြက္ပါ။ Photo Rec ႏွင့္ပတ္သက္ၿပီး အဆင့္အလုိက္ေဆာင္ရြက္ရန္လမ္းၫႊန္ကို www.bit.ly/photorec372 တြင္ရ ရွိႏုိင္ပါသည္။
မိမိလိုခ်င္ေသာသက္ဆုိင္ရာဓာတ္ပံုသည္ ခ်ိဳ႕ယြင္းေနခဲ့လွ်င္ ေရွ႕ ၌ေဖာ္ျပခဲ့သည့္ Office File Recovery ကိုစမ္းၾကည့္သင့္သည္။ အြန္လုိင္း၌ အခေၾကးေငြျဖင့္ေဆာင္ရြက္ေသာ၀န္ေဆာင္မႈသည္ JPEG, GIF, TIFF, BMP, PNG, RAQ ဖုိင္မ်ားကိုဆယ္တင္ေပးႏုိင္သည္။ မည္သည့္၀န္ေဆာင္မႈကို သံုးသည္ျဖစ္ေစ မင္မိုရီကတ္၏ Hardware ပိုင္းဆုိင္ရာခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ပ်က္စီးသြားေသာဓာတ္ပံုမ်ားကိုမူ ဆယ္တင္ေပးႏုိင္မည္မဟုတ္ပါ။
* PDF ဖုိင္မ်ားကိုဆယ္တင္ျခင္း။ *
PDF ဖိုင္မ်ားကိုဆယ္တင္ရန္ အခမဲ့သံုးႏုိင္သည္မွာ PDF aid မွထုတ္ လုပ္ေသာ Repair PDF Tool ျဖစ္သည္။ ယင္းကို (www.bit.ly/pdfreepair372) မွ Download ခ်ၿပီးအသံုးျပဳႏိုင္သည္။ သို႔ေသာ္ 20MB အရြယ္ရွိေသာ PDF ဖိုင္ကိုသာဆယ္တင္ႏုိင္မည္ဟုဆိုျခင္းကား မႏွစ္ၿမိဳ႕စရာျဖစ္ေကာင္းျဖစ္ ႏုိင္ပါသည္။ အြန္လုိင္းမွတစ္ဆင့္သာ PDF ဖုိင္မ်ားကိုျပဳျပင္ႏုိင္ေသာ Weeny ေဆာ့ဖ္၀ဲလည္းရွိပါေသးသည္။ ယင္းကို www.bit.lypdfrepair372 မွ Download ခ်ၿပီးအသံုးျပဳႏုိင္သည္။ တစ္ခါတရံ၌ PDF ဖုိင္ကိုေကာင္းစြာမဖတ္ႏုိင္ ျခင္းမွာ ေဆာ့ဖ္၀ဲေၾကာင့္လည္းျဖစ္ႏုိင္သည္။ Adobe PDF ျဖင့္ဖတ္၍မရ ေသာ PDF ဖိုင္မ်ားကို အျခား အခမဲ့ PDF Reader တစ္ခုခုျဖင့္ဖတ္၍ရ တတ္ပါသည္။
ဧဧသက္ (ၿဖိဳးဓနဒစ္ဂ်စ္တယ္ဓာတ္ပံု)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
------------------------------------------------------------------------------ ------------------------------------------------------------------------------
(Unicode Version)
" ဆော့ဖ်ဝဲမသုံးဘဲ ဖိုင်ပျက်များကိုဆယ်တင်ခြင်း "
ကွန်ပျူတာသုံးပြီဆိုလျှင် မမျှော်လင့်ဘဲ ဖိုင်ပျက်စီးသည့်အခါမျိုး နှင့်ကြုံရတတ်သည်။ အချို့ဖိုင်များက Copy and Paste လုပ်ငန်းစဉ်တွင် ပျက်စီးသည်။ တချို့က Save လုပ်ငန်းစဉ်မှာပျက်စီးသည်။ လုံးလုံး လျားလျားပျက်စီးသည်တို့ရှိသလို တစ်စိတ်တပိုင်းပျက်စီးသည်လည်း ရှိသည်။ အနည်းငယ်မျှပျက်စီးပြီး ဖွင့်၍မရသောဖိုင်ကို Corrupted File ဟုခေါ်သည်။ ဖိုင်ပျက်တို့ကိုဆော့ဖ်ဝဲမသုံးဘဲဆယ်တင်နိုင်သောနည်း လမ်းအချို့ရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
* Word Document တို့ကိုဆယ်တင်ခြင်း။ *
Word ဖိုင်တို့သည် သိမ်းဆည်းလိုက်စဉ်က ဖြောင့်ဖြောင့်တန်းတန်း ရှိသည်ဟုထင်ရသော်လည်း နောင်တစ်ကြိမ်ပြန်ဖွင့်သည့်အခါ ဖွင့်မရ သည်မျိုးရှိတတ်သည်။ အရေးကြီးအချက်အလက်ပါသည့်ဖိုင်မျိုးဖြစ်က သောကပွားရပါတော့သည်။ တချို့ Word ဖိုင်များက ဖွင့်၍ရသည်။ သို့သော် အထဲတွင်ရိုက်ထားသည့်စာများက မည်သို့မှဖတ်၍မရနိုင်သော စာလုံးများ။ ထိုကိစ္စအတွက် နားအုံနားရင်းများထူပူသွားစရာမလိုပါ။ Word ဆော့ဖ်ဝဲထဲတွင်ပါသော Built-Recovery Tool ကိုသုံး၍ရသလောက် ဆယ်တင်ကြပါမည်။
ဦးစွာ Office Logo (Office 2007 မှအထက် Version များကိုသုံးလျှင်) ကိုနှိပ်ပါမည်။ Office Version အဟောင်းသုံးသူများက Menu Bar ရှိ File နေရာတွင် ဘယ်ကလစ်နှိပ်ပါမည်။ ပြီးလျှင်ပျက်စီးသောဖိုင်နေရာသို့ အရောက်သွားရပါမည်။ ထိုသို့သွားရာတွင် Open Button ဘေးဖက်ရှိမြှားလေးကို ဦးစွာနှိပ်ပါမည်။ ပေါ်လာသောအကွက်ထဲမှ Open and Repair ကိုရွေးပါမည်။
ဤနည်းလမ်းဖြင့် ပြဿနာကိုမဖြေရှင်းနိုင်လျှင် နောက်တစ်ကြိမ် ၌ Open Button ဘေးမှ မြှားကိုနှိပ်ပြီး ပေါ်လာသောအကွက်ထဲမှ All Word Documents ကိုနှိပ်ပါမည်။ ယင်းနောက်တွင် Recover Text From Any File ကို ထပ်ရွေးပါမည်။ ပြီးလျှင် ဖွင့်ဖတ်၍မရသောဖိုင်ကို သွားရောက်ရွေးချယ်ပေးရပါမည်။ ထိုအခါ Word ဆော့ဖ်ဝဲသည် ဖတ်မရသောဖိုင်ကို Covert လုပ်ပြီး ယင်းထဲမှာစာများကိုရနိုင်သလောက်ဆယ်တင်ပေးပါ မည်။ ယင်းနည်းလမ်းဖြင့် အလုပ်မဖြစ်ခြင်းမျိုးလည်းရှိနိုင်သည်။
အကယ်၍ Windows 7 သို့မဟုတ် ယင်းထက် Version မြင့်သော Windows ကိုသုံးပါက ဖွင့်မရသောဖိုင်ပေါ်တွင် ညာကလစ်ထောက်ပါ။ ပေါ်လာသော Box ထဲမှ Properties ကိုရွေးပါ။ နောက်ထပ်ပေါ်လာသော အကွက်ထဲမှ Previous Version ကိုရွေးပါ။ ထိုအခါ System Restore က Back Up လုပ်ပေးထားသော Word ဖိုင်ကော်ပီအဟောင်းများစာရင်းကို တွေ့ပါမည်။ ယင်းထဲမှ တစ်ခုခုကိုရွေးပြီး ဖွင့်လိုက်ပါ။ ပြဿနာတစ်စုံ တစ်ရာမပေါ်ဘဲ ပွင့်လာသင့်သည်။ Word ဖိုင်အဟောင်းဖြစ်သဖြင့် မိမိ၏ နောက်ဆုံးသိမ်းဆည်းခဲ့သော ဖိုင်ထဲမှ အချက်အလက်အားလုံးကို ရကောင်းမှပြန်ရပါမည်။ လုံးလုံးလျားလျားဆုံးရှုံးခြင်းထက် အချို့အဝက်ဆုံးရှုံးခြင်းက တော်ပါသေးသည်။ ယခုလုပ်ငန်းစဉ်ကိုသုံးရန် System Restore ကိုဖွင့်ထားရန် လိုအပ်ပါသည်။
Word ဆော့ဖ်ဝဲထဲရှိ Tool များက မကယ်နိုင်လျှင် ချို့ယွင်းနေသောဖိုင်ကိုအွန်လိုင်းသို့တင်ပြီး ပြုပြင်ကြည့်ပါမည်။ www.onlineofficerecovery.com/word သို့ သွားရပါမည်။ ပြဿနာရှိသောဖိုင်ကို တင်ပေးရန်အတွက် Choose File ကိုကလစ်နှိပ်ပြီးရွေးချယ်ပေးပါမည်။ ဆယ်တင်မည့်ဖိုင်သည် DOC, DOCX, DOCM, RTF Format တစ်ခုခု၌အကျံုးဝင်ရန်လိုအပ်ပါသည်။ ယင်းနောက် Secure Upload And Repair ကိုကလစ်နှိပ်၍ ရွေးချယ်ပေးပါ မည်။ ဖိုင်ပျက်ထဲမှ Data များကို တတ်နိုင်သမျှဆယ်တင်ပြီး Word ဖိုင် အသစ်တစ်ခုဖွဲ့စည်းပေးရန်ဖြစ်ပါသည်။
သို့သော် ဇာတ်လမ်းက ဤမှာစသည်။ ပြုပြင်ပြီးသားဖိုင်ကို ဖြောင့် ဖြောင့်တန်းတန်းပြန်ဆွဲချနိုင်ရန်အတွက် ယင်း Website သို့ ၁၀ ဒေါ်လာ သွင်းရန်လိုသည်။ ပြုပြင်ပေးသောဖိုင်သည် အလုပ်ဖြစ်၏ မဖြစ်၏ လေ့ လာရန်အတွက် Demo Version ကိုစမ်းသပ်အသုံးပြုနိုင်သည်။ သို့သော် Demo Version ပြုပြင်ပြီး ဖိုင်ထဲမှစာမျက်နှာအချို့ကိုသာပြပေးနိုင်သည်။ Free Repair ရလိုလျှင် ယင်း Wesite ၌ Sing Up လုပ်နိုင်သည်။ သို့သော် ဆယ်တင်ပြီးဖိုင်ကိုပြန်ယူရန်အတွက်ရက်သတ္တပတ်နှစ်ပတ်စောင့်ရပါမည်။
အကယ်၍ ယင်း Website ကို Facebook သို့မဟုတ် အခြား Website သို့မဟုတ် မိမိ၏ Blog ပေါ်တွင် ထောက်ခံကြော်ငြာပေးခဲ့လျှင် Discount Code ကိုရရှိနိုင်သည်။ ယင်း Code ကိုရရှိလျှင် Word ဖိုင်တစ်ဖိုင်စာကို အခမဲ့ဆယ်တင်ပေးပါလိမ့်မည်။ Office ဖိုင်များကိုပြန်လည်ဆယ်တင်ခြင်း သည် ရသည့်အခါရပြီး မရသည့်အခါလည်းမရပါ။ သို့သော် ကြိုးစား ကြည့်ခြင်းသည် မမှားပါ။ အွန်လိုင်းတွင် Excel, PDF, Outlook တို့မှစာသား များအပြင် အခြားသောဖိုင်အမျိုးအစားတို့ကိုပါဆယ်တင်ပေးနိုင်သော ၀န်ဆောင်မှုလုပ်ငန်းများရှိပါသည်။
* ချို့ယွင်းနေသောမင်မိုရီကတ်မှဖိုင်များကိုဆယ်တင်ခြင်း။ *
မင်မိုရီကတ်ထဲတွင် များသောအားဖြင့် ဓာတ်ပုံများ၊ သီချင်းများ ကိုသိုလှောင်လေ့ရှိသည်။ ကင်မရာထဲက မင်မိုရီကတ်ဆိုလျှင် ဓာတ်ပုံ ထောင်ချီ၍ရှိနိုင်သည်။ ကင်မရာကို ကွန်ပျူတာနှင့်ချိတ်ပြီး အတွင်းထဲ မှဓာတ်ပုံများကိုလှမ်းကြည့်ရာတွင် ကြည့်၍မရတော့ဟုဆိုပါက မည်သို့ လုပ်ကြမည်နည်း။ မင်မိုရီကတ်ပေါ်မှ Error များကိုရှာပြီးပြင်ဆင်၍ရမည် လားဆိုသည်ကို ကြိုးစားကြည့်သင့်ပါသည်။
ဦးစွာ Start Menu သို့သွားပါ။ ယင်းနေရာရှိ Box ထဲတွင် cmd ကိုရိုက် ပါ။ ပြီးလျှင် Enter ခေါက်ပါ။ Command Prompt ပေါ်နေသော Window အမဲ ရောင်တစ်ခုပေါ်လာပါမည်။ Windows 8 မှ အထက်ကိုသုံးလျှင် Scren ၏ အောက်ခြေညာဖက်ထောင့်သို့သွားပါ။ Search နေရာတွင် ကလစ်နှိပ်ပါ။ ပေါ်လာသောအကွက်တွင် Command Prompt ကိုရိုက်ထည့်ပါ။ ယင်း Prompt ၏နောက်တွင် CHKD/SK/F ကိုရိုက်ပါ။ ယင်းနောက်တွင် မိမိရှာဖွေလိုသော မင်မိုရီကတ်၏ Drive Letter ကိုရိုက်ထည်ပါ။ ဥပမာ E ဆိုပါစို့။
ပြီးလျှင် Enter ခေါက်ပါ။ Windows က မင်မိုရီကတ်ထဲရှိဖိုင်များကို ခွဲခြားစစ်ဆေးပါမည်။ ပြီးလျှင်ရှာဖွေတွေ့ရှိသောပြဿနာများအနက်မှ ပြင်ဆင်၍ရသည်တို့ကိုပြင်ဆင်ပေးသွားပါမည်။ ကံကောင်းလျှင် မင်မိုရီ ကတ်ပေါ်မှဓာတ်ပုံအဟောင်းများကို ပြန်လည်ရရှိပါမည်။ ရတုန်းရခိုက် ဓာတ်ပုံများကို လျင်မြန်စွာကူးယူထားလိုက်ပါ။ တစ်ကြိမ်ပြဿနာပေါ် ဖူးသောမင်မိုရီကတ်သည် နောက်တစ်ကြိမ်လည်းပြဿနာပေါ်နိုင်သည်။ သို့ဖြစ်၍ မင်မိုရီကတ်အဟောင်းကို ထပ်မသုံးသင့်ပါ။
မင်မိုရီကတ်၊ မင်မိုရီစတစ်နှင့် Hard Disk တို့ပေါ်မှဓာတ်ပုံများကို ပြန်လည်ရယူနိုင်သော Photo Rec ဟူသည့်ဆောဖ့်ဝဲလည်းရှိပါသေးသည်။ www.bit.ly/photo372 မှနေ၍ Download ချပြီးအသုံးပြုနိုင်ပါသည်။ Portable ဆော့ဖ်ဝဲနှင့်အတူ တစ်တွဲတည်းပါလာမည်မှာ Test Disk ဟူသော Tool ဖြစ်သည်။ Download ချပြီးလျှင် Photo Rec ကိုကလစ်နှိပ်ပြီးသုံးရုံသာရှိပါ သည်။
ယင်း Application သည် Command Line ပါသော Windows ပေါ်လာမည် ဖြစ်ပြီး ယင်းအထဲတွင် ကွန်ပျူတာနှင့်ချိတ်ဆက်ထားသော Drive အား လုံးကိုဖော်ပြပေးထားပါမည်။ ယင်းထဲမှ မင်မိုရီကတ်အားကိုယ်စားပြု သည့် Drive ကိုရွေးချယ်ပါ။ ပြီးလျှင် Enter ခေါက်ပါ။ ဆော့ဖ်ဝဲကညွှန် ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ပါ။ Photo Rec နှင့်ပတ်သက်ပြီး အဆင့်အလိုက်ဆောင်ရွက်ရန်လမ်းညွှန်ကို www.bit.ly/photorec372 တွင်ရ ရှိနိုင်ပါသည်။
မိမိလိုချင်သောသက်ဆိုင်ရာဓာတ်ပုံသည် ချို့ယွင်းနေခဲ့လျှင် ရှေ့ ၌ဖော်ပြခဲ့သည့် Office File Recovery ကိုစမ်းကြည့်သင့်သည်။ အွန်လိုင်း၌ အခကြေးငွေဖြင့်ဆောင်ရွက်သောဝန်ဆောင်မှုသည် JPEG, GIF, TIFF, BMP, PNG, RAQ ဖိုင်များကိုဆယ်တင်ပေးနိုင်သည်။ မည်သည့်ဝန်ဆောင်မှုကို သုံးသည်ဖြစ်စေ မင်မိုရီကတ်၏ Hardware ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် ပျက်စီးသွားသောဓာတ်ပုံများကိုမူ ဆယ်တင်ပေးနိုင်မည်မဟုတ်ပါ။
* PDF ဖိုင်များကိုဆယ်တင်ခြင်း။ *
PDF ဖိုင်များကိုဆယ်တင်ရန် အခမဲ့သုံးနိုင်သည်မှာ PDF aid မှထုတ် လုပ်သော Repair PDF Tool ဖြစ်သည်။ ယင်းကို (www.bit.ly/pdfreepair372) မှ Download ချပြီးအသုံးပြုနိုင်သည်။ သို့သော် 20MB အရွယ်ရှိသော PDF ဖိုင်ကိုသာဆယ်တင်နိုင်မည်ဟုဆိုခြင်းကား မနှစ်မြို့စရာဖြစ်ကောင်းဖြစ် နိုင်ပါသည်။ အွန်လိုင်းမှတစ်ဆင့်သာ PDF ဖိုင်များကိုပြုပြင်နိုင်သော Weeny ဆော့ဖ်ဝဲလည်းရှိပါသေးသည်။ ယင်းကို www.bit.lypdfrepair372 မှ Download ချပြီးအသုံးပြုနိုင်သည်။ တစ်ခါတရံ၌ PDF ဖိုင်ကိုကောင်းစွာမဖတ်နိုင် ခြင်းမှာ ဆော့ဖ်ဝဲကြောင့်လည်းဖြစ်နိုင်သည်။ Adobe PDF ဖြင့်ဖတ်၍မရ သော PDF ဖိုင်များကို အခြား အခမဲ့ PDF Reader တစ်ခုခုဖြင့်ဖတ်၍ရ တတ်ပါသည်။
ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
LikeComment

No comments:

Post a Comment