ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Tuesday, September 16, 2014

Galaxy S5 အသုံးပြုသူများ သိထားသင့်သည့် အချက် (၁၀) ချက် | Internet Journal

Galaxy S5 အသုံးပြုသူများ သိထားသင့်သည့် အချက် (၁၀) ချက်

Samsung Galaxy S5 သုံးစွဲသူ အများစုသည် ၎င်းတို့၏ စမတ်ဖုန်းရှိ အချို့သော လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အသေအချာ တိတိကျကျ မသိရှိကြသေးပေ။ ထို့ကြောင့် Samsung Galaxy S5 သုံးစွဲသူများ သတိမပြုမိသော သိထားသင့်သည့် လုပ်ဆောင်ချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။
(၁) လက်ဗွေဖတ်စနစ်ဖြင့် ငွေပေးချေမှု ပြုလုပ်ခြင်း
iPhone 5S ကဲ့သို့ပင် Samsung Galaxy S5 တွင် built-in လက်ဗွေဖတ်စနစ် တစ်ခု ပါဝင်သည်။ သို့သော်လည်း iPhone နှင့် မတူသည်မှာ S5 ၏ လက်ဗွေဖတ်စနစ်သည် PayPal ကို အသုံးပြုကာ ငွေပေးချေမှု ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် Galaxy S5 အသုံးပြုသူများသည် PayPal account အချက်အလက်များကို ထည့်သွင်းခြင်းအစား လက်ချောင်းဖြင့် swipe လုပ်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း ငွေပေးချေမှု ပြုလုပ်နိုင်သည်။
လက်ဗွေဖတ်စနစ်ဖြင့် PayPal တွင် ငွေပေးချေမှု မပြုလုပ်ခင် လက်ဗွေများကို ထည့်သွင်းရန် လိုအပ်သည်။ ထို့အတွက် Notifications Drawer ကို ဆွဲချပြီး screen ညာဘက်ထိပ်ရှိ gear icon ကိုနှိပ်ကာ Settings menu သို့သွားပါ။

Personalization section သို့သွားပြီး Finger Scanner ကို ရွေးပါ။ ပြီးလျှင် Fingerprint manager option ကိုနှိပ်ပြီး ရှင်းလင်းချက်ကို agree လုပ်ပါ။

S5 ၏ home ခလုတ်တွင် လက်ချောင်းကို ၈ ကြိမ်တင်ပြီး မှတ်ပုံတင်ပါ။ ပြီးလျှင် backup password တစ်ခု သတ်မှတ်ပါ။ S5 screen lock တွင်သာ fingerprint ကို အသုံးပြုလိုပါက OK ကိုနှိပ်ပြီး PayPal account လုပ်ငန်းစဉ်တွင် cancel လုပ်ပါ။

PayPal ဖြင့် ချိတ်ဆက်လိုပါက Finger Scanner တွင် Pay with PayPal ခလုတ်ကို နှိပ်ပြီး ပေါ်လာသည့် screen တွင် Link ကိုနှိပ်ပါ။ PayPal account ရှိပါက Link Fingerprint ကိုနှိပ်ပါ။

PayPal နှင့် သက်ဆိုင်သည့် အချက်အလက်ထည့်ပြီး Log In ကိုနှိပ်ပါ။

PayPal account နှင့် fingerprint ကို ချိတ်ဆက်ရန်အတွက် အစောပိုင်းက သတ်မှတ်ထားသည့် လက်ချောင်းဖြင့် Home ခလုတ်ကို swipe လုပ်ပါ။ PayPal app ကို download ပြုလုပ်ခိုင်းပါက download ပြုလုပ်ပြီး install လုပ်ပါ။

Install ပြုလုပ်ပြီးလျှင် PayPal app ကိုဖွင့်ပြီး screen ဘယ်ဘက်ထိပ်ရှိ P ခလုတ်ကိုနှိပ်ပါ။ Welcome menu ပေါ်လာသည့်အခါ Log In ကိုနှိပ်ပြီး account ကို log in ပြုလုပ်ပါ။ ထို့နောက် Welcome menu သို့ပြန်သွားပြီး Settings ထဲက Login Options ခလုတ်ကိုနှိပ်ပါ။

Log in with drop-down box တွင် Fingerprint ကိုရွေးပါ။

ဒါဆိုရင် S5 ကနေ ငွေပေးချေမှုများအတွက် Home ခလုတ်ပေါ်တွင် လက်ချောင်းကိုတင်ပြီး PayPal account ဖြင့် ငွေပေးချေနိုင်ပါပြီ။

(၂) App နှစ်ခုကို တစ်ပြိုင်နက် အသုံးပြုခြင်း
Galaxy S5 ၏ အကောင်းဆုံး feature များတွင် app နှစ်ခုကို တစ်ပြိုင်နက် ဖွင့်နိုင်သည့် feature လည်း ပါဝင်သည်။ Home screen ထိပ်ဘက်မှ swipe down လုပ်ပြီး screen ညာဘက်ထိပ်ရှိ Settings icon ကိုနှိပ်ပါ။

Sound and Display မှ Multi window ကို ရွေးပါ။ Multi window ဘေးတွင် On ကို ရွေးပါ။ S5 ၏ Back ခလုတ်ကို ဖိထားပြီး Multi Window menu ကိုဖွင့်ပါ။ App တစ်ခု၏ screen ပေါ်တွင် လက်ချောင်းဖြင့် အတန်ကြာ ဖိထားပြီး display ၏ အပေါ်ဘက်သို့ ဆွဲရွှေ့ပါ။ နောက်ထပ် app တစ်ခုကို display ၏ အောက်ဘက်သို့ အလားတူ ဆွဲရွှေ့ပါ။

အသုံးပြုလိုသည့် app ကို မတွေ့ပါက ဘယ်ဘက်အောက်ထောင့်ရှိ Edit ခလုတ်ကိုနှိပ်ကာ အလိုရှိသည့် app ကို ထည့်သွင်းနိုင်သည်။

(၃) Noticiation Panel ၏ Quick Settings ကို ပြင်ဆင်ခြင်း
Galaxy S5 ၏ Notification Drawer တွင် WiFi ဖွင့်ခြင်း၊ Bluetooth ပိတ်ခြင်း စသည်တို့ကို အလျင်အမြန် ပြုလုပ်နိုင်သည့် Quick Settings option အချို့ပါဝင်သည်။ သို့ရာတွင် အဆိုပါ Quick Settings တွင် default အနေဖြင့် မပါဝင်သည့် အရာများကို ပြင်ဆင်ထည့်သွင်းနိုင်သည်။
Quick Settings menu ကို ပြင်ဆင်ရန် Notifcation Drawer ကို အောက်သို့ဆွဲချပြီး ညာဘက်ထောင့်နားရှိ Quick Settings icon ကိုနှိပ်ပါ။ ခဲတံပုံစံ icon ကိုနှိပ်ပြီး Notification panel menu ကိုဖွင့်ပါ။

Active Buttons တွင် Notifications Drawer တွင်ရှိသည့် Quick Settings ခလုတ်များကို ဖော်ပြထားသည်။ Available Buttons တွင် Quick Settings တွင် မပါဝင်သည့် ခလုတ်များကို ပြသထားသည်။

Quick Settings ခလုတ်ကို ထည့်သွင်းရန် Available Buttons စာရင်းရှိ ခလုတ်တစ်ခုကို အတန်ကြာ ဖိထားပြီး Active Buttons စာရင်းထံ ဆွဲရွှေ့ခြင်းဖြင့် ပြုလုပ်နိုင်သည်။ Quick Settings မှ မလိုအပ်သည့် ခလုတ်ကိုလည်း Available Buttons ထံ အလားတူ ဆွဲရွှေ့ဖယ်ရှားနိုင်သည်။
(၄) လက်အိတ် ဝတ်ထားစဉ် screen ကို အသုံးပြုခြင်း
လက်အိတ် ဝတ်ဆင်ပြီး Galaxy S5 ကို အသုံးပြုသည့်အခါ အောက်ဖော်ပြပါ quick step အချို့ဖြင့် သတ်မှတ်ပြီး လုပ်ဆောင်နိုင်သည်။
Notifications Drawer ကို ဆွဲချပြီး Settings icon ကိုနှိပ်ပါ။ Quick Settings tab တွင် Display ကိုနှိပ်ပါ။

Screen ၏ အောက်ဘက်သို့ scroll လုပ်ပြီး Increase touch sensitivity ကို အမှန်ခြစ်လုပ်ပါ။

Home ခလုတ်ကိုနှိပ်ပါ။ ဒါဆိုရင် လက်အိတ်ဝတ်ထားစဉ်အတွင်း S5 ကို အသုံးပြုနိုင်ပါပြီ။
(၅) Power Saving Mode ဖြင့် ဘက်ထရီသက်တမ်း တိုးမြှင့်အသုံးပြုခြင်း
Galaxy S5 ၏ ဘက်ထရီ သက်တမ်းသည် ကြာမြင့်သော်လည်း ဘက်ထရီကုန်ခါနီး စမတ်ဖုန်းကို ဆက်လက် အသုံးပြုလိုသူများ အနေဖြင့် Power Saving Mode နှင့် Ultra Power Saving Mode တို့ကို enable လုပ်ကာ အသုံးပြုနိုင်သည်။

Settings ကိုဖွင့်ပြီး Quick Settings tab အောက်ရှိ Power saving ကိုနှိပ်ပါ။ S5 ၏ ဘက်ထရီသက်တမ်းကို တိုးမြှင့်လိုပါက Power saving mode ကိုနှိပ်ပြီး On ကို နှိပ်ပါ။ ၎င်းသည် ဖုန်း၏ ပရိုဆက်ဆာ စွမ်းဆောင်ရည်ကို ကန့်သတ်ပြီး display frame rate နှင့် brightness level ကို လျှော့ချပေးမည် ဖြစ်သည်။
ပြီးလျှင် Block background data ဘေးတွင် အမှန်ခြစ်လုပ်ပါ။ ၎င်းသည် Facebook ကဲ့သို့သော သက်ဆိုင်ရာ app များမှ notification များ ဝင်ရောက်ခြင်းကို လက်ခံပေးမည် ဖြစ်သည်။

S5 ၏ display တွင် ရောင်စုံများဖြင့် ဖော်ပြခြင်းထက် အဖြူအမည်းဖြင့်သာ ဖော်ပြစေလိုပါက Grayscale mode ကိုရွေးပါ။

မလုံလောက်သေးပါက Ultra Power Saving Mode ကို On လုပ်ပါ။ ၎င်းသည် display ကို အဖြူအမည်းသို့ အလိုအလျောက် ပြောင်းလဲပေးပြီး ရိုးရှင်းသည့် home screen ဖြင့် အသုံးပြုစေသောကြောင့် ဘက်ထရီသက်တမ်း ပိုမိုရှည်ကြာစေမည် ဖြစ်သည်။

(၆) Settings menu မြင်ကွင်းကို ပြောင်းလဲခြင်း
ယခင်က Galaxy S3, Galaxy S4 တို့ကို သုံးစွဲဖူးသူများအနေဖြင့် Galaxy S5 ကို သုံးစွဲသည့်အခါ Settings menu သစ်က အနည်းငယ် ရှုပ်ထွေးစေနိုင်သည်။ သို့သော်လည်း Settings menu ကို အလွယ်တကူ အသုံးပြုနိုင်ရန် အတွက် ၎င်း၏မြင်ကွင်းကို ပြောင်းလဲနိုင်သည်။
Settings menu ကို ဖွင့်ပြီး screen ညာဘက်ထိပ်ရှိ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပါ။ View by ကိုနှိပ်ပြီး အဆင်ပြေစေမည့် မြင်ကွင်းကို ရွေးချယ်ပါ။

(၇) Toolbox ဖြင့် favorite app များကို အသုံးပြုခြင်း
Galaxy S5 တွင် ပါဝင်သည့် Toolbox feature သည် သုံးစွဲသူ၏ favorite app ငါးခုအထိ ရွေးချယ်ကာ screen ပေါ်တွင် expandable floating ခလုတ်တစ်ခုအနေဖြင့် ဖော်ပြပေးသည်။
Toolbox ကို အသုံးပြုရန်အတွက် Settings menu ကိုဖွင့်ပြီး Quick Settings tab အောက်ရှိ Toolbox ကိုနှိပ်ပါ။ Screen ထိပ်ဘက်ရှိ Toolbox တွင် On ကိုနှိပ်ပါ။ ဖောက်ထွင်းမြင်နိုင်သည့် ခလုတ်တစ်ခုနှင့် အစက် သုံးစက်ကို တွေ့မြင်ရပါမည်။

Toolbox ၏ default app ကို ပြောင်းလဲရန်အတွက် Edit ခလုတ်ကိုနှိပ်ပြီး အသုံးများသည့် app ငါးခုကို ရွေးချယ် ထည့်သွင်းနိုင်သည်။

Toolbox ကို အသုံးပြုလိုသည့်အခါ အဖြူရောင် ခလုတ်ကိုနှိပ်ပြီး အသုံးများသည့် app ငါးခုကို ဖွင့်ကာ အသုံးပြုနိုင်သည်။ ပြန်ပိတ်လိုပါက ၎င်း အဖြူရောင်ခလုတ်ကို ပြန်နှိပ်ပြီး ပြုလုပ်နိုင်သည်။

(၈) Data လုံခြုံမှုအတွက် Private Mode ကို အသုံးပြုခြင်း
S5 ပေါ်တွင် အရေးကြီးသည့် အချက်အလက်များ ရှိပါက Private Mode ကို အသုံးပြုသင့်သည်။ Private Mode ကို အသုံးပြုသည့်အခါ အရေးကြီးသည့် အချက်အလက်များကို မည်သူမှ မမြင်အောင် ဖုံးကွယ်ပေးနိုင်သည်။
Private Mode ကို အသုံးပြုရန် Settings menu ကိုဖွင့်ပြီး Personalization tab ကို scroll down လုပ်ကာ Private Mode ကိုနှိပ်ပါ။

Enable Private Mode ဘေးတွင် On ကို ပြောင်းလဲပါ။ ထို့နောက် onscreen ပေးမှ လုပ်ဆောင်ချက်များအတိုင်း ပြုလုပ်ပါ။
ပြီးလျှင် Private Mode တွင်သာ တွေ့မြင်နိုင်မည့် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စာရွက်စာတမ်းဖိုင်များကို ရွေးချယ်နိုင်ပါပြီ။
ထိုသို့ ရွေးချယ်ရန် အတွက် ဥပမာ ဓာတ်ပုံကို ရွေးချယ်လိုသည့်အခါ Gallery app ကိုဖွင့်ပြီး ဓာတ်ပုံများကို ရွေးချယ်ရမည် ဖြစ်သည်။ ပြီးလျှင် screen ညာဘက်ထိပ်ရှိ Edit ခလုတ်ကိုနှိပ်ပြီး Move to Private ကို နှိပ်ပါ။ ရွေးချယ်ထားသည့် ဓာတ်ပုံများကို S5 တွင် Private Mode ဖြင့် အသုံးပြုမှသာ တွေ့မြင်နိုင်မည် ဖြစ်သည်။

(၉) ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် special effect များ ထည့်သွင်းခြင်း
Samsung Galaxy S5 တွင် အလွန်ကောင်းမွန်သည့် ကင်မရာပါဝင်သည်။ သို့သော်လည်း ၎င်း ကင်မရာဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြောင်းလဲလိုသူများ အနေဖြင့် Shot & more setting ဖြင့် ပြုလုပ်နိုင်သည်။
Camera app ကိုဖွင့်ပြီး screen ဘယ်ဘက်ခြမ်းရှိ Mode ခလုတ်ကို နှိပ်ပါ။ Shot & more ကို ရွေးပြီး OK ကိုနှိပ်ပါ။

နောက်တစ်ကြိမ် ဓာတ်ပုံရိုက်သည့်အခါ ၁၀၀ ရာခိုင်နှုန်းအထိ ဖော်ပြသည့် progress bar တစ်ခုကို တွေ့မြင်ရမည် ဖြစ်သည်။
၁၀၀ ရာခိုင်နှုန်း ပြည့်သွားသည့်နောက်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံ၌ Best Shot, Best Face, Drama Shot, Eraser, Panning Shot စသည့် special editing feature များဖြင့် အသုံးပြုနိုင်ပါပြီ။

(၁၀) Screenshot ဖမ်းယူခြင်း
S5 တွင် screenshot ဖမ်းယူလိုသည့်အခါ power ခလုတ်နှင့် home ခလုတ်ကို တစ်ပြိုင်နက်ဖိ၍ ဖမ်းယူနိုင်သည်။

Galaxy S5 အသုံးပြုသူများ သိထားသင့်သည့် အချက် (၁၀) ချက် | Internet Journalသိသင်.သော settingများ

No comments:

Post a Comment