ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Tuesday, September 23, 2014

Firmware တင်နည်းများနှင့် Firmware file extension များ


လုံးဝမသိတဲ့ သူတွေအတွက် ပြန်လည်ဝေမျှလိုကိပါတယ်

Huawei
-----------
1. Firmware file = update.app


တင်နည်း

Firmware file ကို zip ဖြည်ပါ။ရလာတဲ့ dload folder ကို sdcard ထဲ ထည့်ပြီး vol up + vol down + power ဖြင့်တင်ပါ။

2. Firmware file = update.zip

တင်နည်း

Firmware file ကို zip ဖြည်ပါ။ရလာတဲ့ dload folder ကို copy ယူပြီး sdcard ထဲထည့်ပါ။ဖုန်းကို recovery mode ကိုဝင်ပါ။apply update from sdcard update.zip ဆိုတာကိုရွေးပေးလိုက်ပါ။

3. Firmware file = Scatter emmc.txt ( only mtk cpu )

တင်နည်း

Sp flashtool ကိုဖွင့်ပါ။ scatter-loading ဆိုတာကို တစ်ချက်နှိပ်ပါ။ MT65--- scatter emmc အစရှိတဲ့ နာမည်နဲ့ txt file လေးကို ရွေးပါ။ firmware အပြည့်အစုံပါလျှင် firmware upgrade ကို နှိပ်ပါ မပါလျှင် download ကို နှိပ်ပါ။
ဖုန်းကို ဓါတ်ခဲချွတ်ပါ ငါးစက္ကန့်ကြာလျှင်ပြန်တပ်ပါ။ vol up ကို ဖိပြီး usb ကြိုးထိုးပြီး တင်ကြည့်ပါ။ error တက်ပါက vol down ပြောင်းဖိပြီးတင်ကြည့်ပါ။

4. Firmware file = .pac ( only speactrum cpu )

Research downloader ကိုဖွင့်ပါ။ firmware file ဖြစ်တဲ့ pac လေးကို ရွေးပေးပါ download နှိပ်ပါ။
ဖုန်းကို ဓါတ်ခဲချွတ်ပါ ငါးစက္ကန့်ကြာလျှင်ပြန်တပ်ပါ။ vol up ကို ဖိပြီး usb ကြိုးထိုးပြီး တင်ကြည့်ပါ။ error တက်ပါက vol down ကိုဖိပြီး တင်ကြည့်ပါ။

Samsung
-------------

1. Firmware file = .tar or .tar.md5
Samsung firmware တွေက full package ရှိသလို one package တွေလည်း ရှိပါတယ်

Full package
------------------
Odin ကို ဖွင့်ပါ
အောက်ပါအတိုင်း ရွေးပေးပါ။
Pit - ____.pit
Bootloader - _bootloader_.tar
Pda - _code_.tar
Phone - _modem_.tar
Csc - _csc_.tar
ဖိုင်အားလုံးရွေးပေးပြီးရင် vol down + home + power ဖြင့် download mode ဝင်ပြီး usb ကြိုးထိုးပါ။ ပြီးလျှင် start ကိုနှိပ်ပါ။ pass ပြလျှင် ပြီးပါပြီ။

One package

File တစ်ခုတည်း တွေ့ရပြီး file extension ကလည်း .tar (or) .tar.md5 ဖြစ်နေမယ်ဆိုရင် သိပ်မစဉ်း စားပါနဲ့ odin ရဲ့ pda နေရာမှာပဲ ထည့်ပြီး အပေါ်ကအတိုင်း တင်လိုက်ပါ။

Sony
--------

Firmware file = .ftf

တင်နည်း

Firmware file ကို c:\flashtool\firmware ထဲသို့ copy ယူပါ
Sony flashtool ကိုဖွင့်ပါ။
မိုးကြိုးပုံစံလေးကို နှိပ်ပါ။ flash mode ကို ရွေးပါ။ firmware file ကိုရွေးပေးပြီး ok နှိပ်ပါ။ ဖုန်းကို back key or vol down ဖိပြီး usb ကြိုးထိုးလိုက်ပါ flashtool က firmware ရေးသွားပါလိမ့်မယ်။

တင်ရမဲ့ firmware တင်နည်းကို firmware file ကြည့်ပြီး ဆုံးဖြတ်နိုင်ကြပါစေ

No comments:

Post a Comment