ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Friday, January 29, 2016

ထိုနည်း၎င်းပါပဲ
မောင်(စွယ်စုံကျမ်း) with Bo Aungdin and 3 others.
16 hrs ·
ရင့်ကျက်လာပါပြီ ...
ဒေါသဖြစ်ပေမယ့်
မပေါက်ကွဲအောင် ထိန်းတတ်လာတယ် ...
ဝမ်းနည်းပေမယ့်
မျက်ရည်မကျအောင် ထိန်းတတ်လာတယ်...
မယုံပေမယ့် တစ်ဖက်သား စကားကို
နားထောင်ပေးတတ်လာတယ် ...
ပြောဆိုသူ တစ်ဦးထက်
နားထောင်ပေးတတ်သူ တစ်ယောက် ဖြစ်လာတယ်...
ပြောချင်တဲ့အခါမှာလည်း
အချိန်အခါ ကြည့်ပြီးမှ ပြောတတ်လာတယ်...
စိတ်မပါတဲ့အခါမှာလဲ
ဝတ္တရားရှိတာကို ကျေပွန်အောင်
ဆောင်ရွက်တက်လာတယ်...
မဟုတ်ပဲ အစွပ်စွဲခံရတဲ့အခါ၊
အသာလွတ် ရန်စလာတဲ့အခါ ၊ အကြောင်းမရှိ လာပြီး
ချိုးနှိမ်လာတဲ့အခါ
အပြုံးမပျက် ဖြေရှင်းတတ်လာတယ်...
အထီးကျန်နေတဲ့အခါ ..
အတွေးတွေကို အစွန်းမရောက်ဖို့
သတိထားတတ်လာတယ်...
ပျော်စရာကြုံလာရင်
ချစ်သူ ခင်သူတွေကို ဝေမျှပေးဖို့
သတိရလာတယ်..
သူများအပေါ် မှီခို အားကိုးလိုစိတ် နည်းလာပြီး
ကိုယ့်ဟာကိုယ် အဖော်ပြုတတ်လာတယ်
ကိုယ့်ကိုယ်ကိုလည်း ပိုပြီး ချစ်တတ်လာတယ် ...
တကယ်တော့ ....
ရင့်ကျက်တယ်ဆိုတာ
ဟန်ဆောင်တတ်တာ မဟုတ်ပါဘူး
သည်းခံတတ်ခြင်းနဲ့ သဘောထားကြီးတတ်လာခြင်းပါ ...

No comments:

Post a Comment