ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Thursday, January 14, 2016

မြန်မာစာတန်းထိုးရှပ်ရှင်ကားများ ထည့်ပြီးကြည့်ကြမယ် ။



မြန်မာစာတန်းထိုးရှပ်ရှင်ကားများ ထည့်ပြီးကြည့်ကြမယ် ။
မည်သည့် Android ဗားရှင်းမဆို စာကိုမှန်ကန်စွာမြင်ရမှာဖြစ်ပါတယ် :)
အရမ်းကိုလွယ်ကူပါတယ်
မိမိဖုန်းထဲမှာ ကျနော့်ဖောင့်လေးကို ထည့်ပေးထားယုံနဲ့ ကိုယ့်မှာရှိတဲ့ Movie များကို စာတန်းထိုး srt ဖိုင်လေးထည့်ပြီး ကြည့်လို့ရမှာဖြစ်ပါတယ် ။
လိုအပ်သည့်.... ဆော့ဝဲများ / စာတန်းထိုးဖိုင်များ / ရှပ်ရှင်ကားများ / ကို အောက်တွင်လေ့လာပြီး ဒေါင်းယူပါ :)
အရင်ဆုံး "MM Subtitle Font-DjjoeMan(MMF)" ဆိုတဲ့ မြန်မာ TTF Font လေးကို ဖုန်းရဲ့တစ်နေရာမှာ ထည့်ထားလိုက်ပါ ။
ပြီးရင် ကိုယ်ကြည့်မည့်ကားနှင့် ထိုကား၏စာတန်းထိုးဖိုင်ဖြစ်တဲ့ srt ဖိုင်လေးကို ဖိုဒါတစ်ခုထဲမှာ နာမည်တူပေးထားပြီး ထည့်ထားလိုက်ပါ ။
ပြီးရင် MX Player Pro ကိုဖွင့်ပြီး ကြည့်လိုက်ယုံပါပဲ :)
အဲ့မှာ မြန်မာဖောင့်မပေါ်ပဲ တခြားဖောင့်တွေပေါ်နေပါမယ် အောက်ကရေးထားတဲ့အတိုင်း ကျနော့်ဖောင့်သွားအပ်ပေးလိုက်ပါ ။
ဗွီဒီယိုကို ဖွင့်ပြီးသည့်အခါမှာ MX Player Pro ထဲက Subtitle ရဲ့ Settings ထဲကိုဝင်လိုက်ပါ ။
Font ဆိုတဲ့ အတန်းကိုနှိပ်လိုက်ပါ ။
Select font folder ဆိုတာကို နှိပ်ဝင်လိုက်ပါ ။
( စာမတွေ့ပါက အောက်နားနည်းနည်းပွတ်ဆွဲချလိုက်ပါ )
အဲ့မှာ ရွေးချယ်ဖို့ရန် My File ထွက်လာပါမယ် ။ ဖောင့်ထည့်ထားတဲ့နေရာကိုသွားပြီး ကျနော့်ဖောင့် "MM Subtitle Font-DjjoeMan(MMF)" ဆိုတာလေးကို ရွေးပေးလိုက်ပါ ။
ကဲ.... မြန်မာစာ မှန်ကန်စွာပေါ်လာတာကို သင်တွေ့ရမှာဖြစ်သလို... မည်သည့် Android ဗားရှင်းမဆို စာကိုမှန်ကန်စွာမြင်ရမှာဖြစ်ပါတယ် :)
အရမ်းကို လွယ်ကူတဲ့လုပ်ဆောင်ချက်မို့လို့ လူတိုင်းလိုလို အဆင်ပြေနေကြပါတယ် ။
ဒါပေမယ့်လဲ တစ်ချို့နည်းပညာနဲ့ အလှမ်းဝေးတဲ့သူများအတွက် စကားလုံးများကို သဘောမပေါက်ပဲ ဘာလုပ်ရမှန်းမသိပဲ သဘောမပေါက်ကြတဲ့သူတွေရှိပါတယ် ။
( အကျဉ်းချုပ်ကတော့... ) ကိုယ်ကြည့်လိုတဲ့ကားရဲ့ မြန်မာစာတန်းထိုး srt ဖိုင်လေးကို ကျနော်ညွှန်ပြထားတဲ့ဆိုက်မှာ သွားရောက်ရှာဒေါင်းပါမယ် ။
ထိုစာတန်းထိုးပေးထားတဲ့ ကားနာမည်ရဲ့ရုပ်ရှင်ကားကို မိမိကြိုက်ရာနေရာကဒေါင်းပါ ။ Movie တွေရှိတဲ့ဆိုက်ကိုလဲ ကျနော်ညွှန်ပြပေးထားပါတယ် ။
မိမိမှာ ထို Movie ရှိပြီးသားဆိုရင်တော့ စာတန်းထိုး srt ဖိုင်လေးဒေါင်းလိုက်ယုံပဲပေါ့ ။
ပြီးရင်..ဖိုဒါတစ်ခုထဲမှာ Movie နဲ့ srt ဖိုင်လေးကို နာမည်တူရေးပြီး ထည့်ထားပါမယ် ။
ပြီးတာနဲ့ ဖွင့်ကြည့်လိုက်ယုံပါပဲ မြန်မာစာတန်းထိုးနဲ့ ဖွင့်လာတာကိုတွေ့ရပါမယ် ။
မြန်မာစာအဆင်မပြေပဲ တခြားစာတွေဖြစ်နေပါက ကျနော့်ဖောင့်လေးကို ကျနော်ပြထားသလို သွားအပ်လိုက်ပါ အဆင်ပြေသွားပါပြီ :)
တစ်ခုသိထားရမှာက srt ကို ဒေါင်းပြီးရင် Zip ဖြေရပါဦးမယ် ။ သူတို့က Zip ချုပ်ပြီးတင်ပေးထားလို့ပါ ။ Zip ဖြေလိုက်မှ အထဲက srt ဖိုင်အဖြူလေး ထွက်လာမှာဖြစ်ပါတယ် ။
Android ဖုန်းနဲ့ ကလစ်တစ်ချက်နှိပ်ယုံနဲ့ Zip တို့ Rar တို့ဖြေနိုင်တဲ့ဆော့ဝဲကတော့ Simple Unrar ဆိုတဲ့ ဆော့ဝဲပါပဲ မားကပ်မှာဖရီးပေးထားပါတယ် လိုချင်သူများသွားရောက်ဒေါင်းယူပါ ။
မားကပ်ဝင်ဒေါင်းရမှာ အဆင်မပြေဘူးဆိုပါ ကျနော့်ဒီလင့်မှာတင်ပေးထားပါတယ် သွားရောက်ဒေါင်းယူလိုက်ပါ ။ ပုံနှင့်တကွလဲ ပြသထားပါတယ်။

           ဒီ DOWNLOAD ကိုနှိပ်၍သွားပါ။




အားလုံးပဲ သဘောပေါက်ကြရင်း အဆင်ပြေကြပါစေလို့...... မျှော်လင့်ပါတယ်။

          ကွန်ပြူတာနဲ့ ကြည့်ချင်သူများကတော့

      ဒီမှာ DOWNLOAD ကိုနှိပ်၍ဝင်လေ့လာပါ။

မြန်မာစာတန်းထိုးလုပ်ပေးထားသော srt ဖိုင်များအား လိုချင်သူများ ဒီမှာသွားရောက်ဒေါင်းယူပါ

http://subscene.com/u/654477/subtitles 
srt စာတန်းထိုးတွေ လုပ်ပေးတဲ့ မူရင်းဂရုလင့်လေးပါ ။
အဲ့မှာမန်ဘာလှမ်းဝင်ထားကြပါ ။ နေ့တိုင်းလိုလို စာတန်းထိုးတွေ တင်ပေးသလို ။
ကိုယ်လိုချင်တဲ့ကားရဲ့ စာတန်းထိုးကိုလဲ တောင်းဆိုလုပ်ခိုင်းလို့ရပါတယ် :)

    MM Subtitle Font-DjjoeMan(MMF)ကို

                     >>DOWNLOAD <<


                      Mx player proကို

                     >>DOWNLOAD <<


credit:DjjoeMan(MMF)


No comments:

Post a Comment