ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Saturday, January 16, 2016

Chromatic Guitar Tuner for Android



ဖိုင်ဆိုက်သေးပေမယ့် ... ဒီ tuner လေးရဲ့ ကောင်းခြင်းတွေက အများကြီးပါပဲ ။

= standard tuning သာမက Open tunings , drop tunings , flat and sharp tunings ၊ ကျွန်တော်တို့ မကြားဖူးတဲ့ Major third , minor third tuning တွေပါ တွေ့ရတယ် ။
= တစ်ကြိုးချင်း အသံနားထောင်ပြီး ညှိနိုင်သလို ၊ mic ကတဆင့် meter နဲ့လည်း ညှိနိုင်တယ် ။
= Tuning folk လည်းပါတယ် ။
= Frequency အတိအကျညှိဖို့ Digital tuner လည်းပါတဲ့အတွက် ဂစ်တာနဲ့ ယူကလေးလေး အဓိကဆိုပေမယ့် တခြားတူရိယာတွေလည်း ညှိနိုင်တယ် ။
= 100 % free ဖြစ်တဲ့အပြင် No ads တဲ့ဗျာ ။ ကဲ ... ဘာလိုသေးလဲ ...
ခင်ဗျား ဂစ်တာတီးတယ်ဆိုရင်တော့ google store ကနေ အခုပဲဒေါင်းလိုက်ပေတော့ဗျို့ ... ။

ဒီမှာဒေါင်းနိုင်ပါတယ်

30 March 2015

Voice Training for Android


အဆိုသမားတွေအတွက် အထောက်အကူဖြစ်စေမယ့် voice training apps ပါ ။
- sing the note
piano က တီးပေးတဲ့ Rondom note တစ်လုံးချင်းကို အသံမှန်အောင် လိုက်ဆိုရတဲ့ လေ့ကျင့်ခန်း
- sing the phrase
interval ၂လုံးကို အသံမှန်အောင် ဆိုရတဲ့ လေ့ကျင့်ခန်း
- hold the pitch
နုတ်တစ်လုံးတည်းကို ကြာရှည်ဆွဲပြီး ဆိုရတဲ့လေ့ကျင့်ခန်း
- Free sing
ကိုယ်ဆိုတဲ့ နုတ်ကို record လုပ်ပြီး ၊ play တဲ့အခါ ၊ ဘာနုတ်တွေဆိုတာ piano မှာ ပြန်ပြီးပြပေးတဲ့ function

29 March 2015

Metronome for Android Phone

တူရိယာလေ့ကျင့်နေသူတိုင်း မရှိမဖြစ် metronome ပါ ။ Android apps ထဲမှာတော့ ဒီကောင်လေးက အကောင်းဆုံးပဲ ။
- Beats per Bar , Beat Value တွေကို အမျိုးမျိုးပြောင်းလို့ရတဲ့အတွက် compound time , complex time တွေလည်း လေ့ကျင့်လို့ရတယ် ။
- 16th note , 24th note တွေသာမက .. မဂဏန်းတွေလည်း လေ့ကျင့်ဖို့ Sub Beats ပါတယ် ။ sub beats ပေါင်းရင် တစ်ခုသတိထားဖို့က ၊ ဥပမာ - Triplet ကို တီးမယ်ဆိုရင် မူလ 1 beat ရှိပြီး ဖြစ်တဲ့အတွက် ၊ sub beats ကို 2 (၂လုံး) ပဲ ထပ်ပေါင်းပေးရတယ် ။
- finger stamina , speed တွေ run ချင်သူတွေအတွက် ၊ Accelerando မှာ ... 1 bar ကို bpm ဘယ်လောက်တိုးမယ်ဆိုတာ သတ်မှတ်ပေးပြီး ... တဖြည်းဖြည်းမြန် ၊ တဖြည်းဖြည်း နှေးသွားလို့ရတယ် ။
- ကျန်တဲ့ accent , tap beat .. စတဲ့ funtion တွေလည်း အကုန်ပါဝင်ပါတယ် ။
- အကောင်းဆုံးကတော့ ... 100% Free ဖြစ်တဲ့အပြင် ၊ ကြော်ငြာလုံးဝမပါပါ ။

google play ကနေ install လို့ ရတယ်
= https://play.google.com/store/apps/details?id=com.keuwl.metronome&hl=en

No comments:

Post a Comment