ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Saturday, January 30, 2016


အိမ်ခြံမြေ၊ တိုက်ခန်း အ၀ယ်မမှားစေဖို့
မြေအမျိုးအစားတွင် ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ ဥယျာဉ်ခြံမြေ စသည်ဖြင့်နိုင်ငံတော်ကမြေအမျိုးအစား သတ်မှတ်ပေး ထားပါ သည်။ ဘိုးဘွားပိုင်မြေနှင့် ဂရန် မြေတို့ကို အရောင်းအဝယ် ပြုလုပ် ပါက စာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင် အရောင်းအ ဝယ်စာချုပ် ချုပ်ဆိုခွင့်ရပေသည်။ သို့ရာတွင် ဥယျာဉ်ခြံမြေ၊ ပါမစ်မြေတို့မှာမူစာချုပ်စာ တမ်း မှတ်ပုံတင်ရုံးတွင် အရောင်း အဝယ် မှတ်ပုံတင်စာချုပ်ပြုလုပ် ချုပ်ဆိုခွင့် မပြုသည့် မြေအမျိုး အစားတွင် ပါဝင်သဖြင့် အရောင်း အဝယ် ကတိစာချုပ်- Sale Contract ဖြင့် သာ လွှဲပြောင်းဝယ်ယူကြ ပြီး ထိုမှတစ်ဆင့် ဂရန်သစ် လျှောက်ထားကြရပေသည်။

လယ်ယာမြေ၊ ခြံမြေဆို လျှင်လည်း လူနေရပ်ကွက်အတွင်း ရှိ ရွာမြေအဖြစ် သတ်မှတ်ပြီးဖြစ် ကြောင်း သက်ဆိုင်ရာ မြေစာရင်း ဦးစီးဌာန သို့မဟုတ် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ မြေယာဌာနမှ သက်သေခံ လက်မှတ် ရရှိထားရန် လိုအပ်ပေ သည်။ ထိုသို့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုခွင့် မရ သည့် ဥယျာဉ်ခြံမြေ၊ ပါမစ်မြေတို့ ကို အရောင်းအဝယ် ပြုရာတွင် အရောင်းပဋိဥာဉ်ကတိစာချုပ် (အရပ်စာချုပ်) များပေါ် မူတည်၍ အဆင့်ဆင့် လွှဲပြောင်း၊ ရောင်းချ ကြသဖြင့် ပိုင်ဆိုင်မှုမခိုင်မာဘဲ ပြဿနာများဖြစ်ပေါ်လာလေ့ ရှိပေသည်။ ဤသည်နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ထားသည့် တရားစီရင်ထုံး တစ်ခုကို ဖော်ပြလိုပါသည်။ 'ဦးစိုးမြင့်နှင့် ဦးအောင် ကျော်မင်း၊ ပါ (၂) ၂ဝဝ၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ မျက်နှာ- ၁၆၇' အမှုမှာ ရွှေတောင် မြို့နယ် တရားရုံး၌ ဦးအောင်ကျော် မင်းနှင့် ဒေါ်သန်းနွဲ့တို့က ဦးစိုးမြင့် အပေါ် ပဋဥာဉ်အတိုင်း မှတ်ပုံတင် စာချုပ် ချုပ်ဆိုပြီး မြေနှင့်အိမ်ကို လက်ရောက်ရလိုမှု စွဲဆိုရာ မြို့နယ် တရားရုံးက အနိုင်ဒီဂရီ ချမှတ်ခဲ့ သည်။

ဦးစိုးမြင့်က မြို့နယ်တရား ရုံး၏ စီရင်ချက်နှင့် ဒီဂရီကို ပဲခူး တိုင်းတရားရုံး (ပြည်ခရိုင်) သို့ အယူခံဝင်ခဲ့ရာ ပလပ်ခြင်း ခံခဲ့ရ သည်။ တိုင်းတရားရုံး၏ စီရင်ချက် နှင့် ဒီဂရီကို မကျေနပ်၍ ဦးစိုးမြင့် က တရားရုံးချုပ်သို့ ထပ်မံအယူခံ ဝင်ခဲ့ရာ အောင်မြင်မှု မရရှိခဲ့သ ဖြင့် အထူးအယူခံရုံးသို့ အယူခံဝင် ခဲ့သောအမှုဖြစ်သည်။ အထူးအယူခံခုံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ အချင်းဖြစ် မြေကွက်ကို ဦးအောင်ကျော်မင်းတို့ က ဦးစိုးမြင့်ထံမှ သက်သေခံမြေ နှင့် အဆောက်အအုံ အရောင်းအ ဝယ် ကတိစာချုပ်အရ အဖိုးစား နားပေး၍ ဝယ်ယူခဲ့သဖြင့် ပဋိÓဉ် အတိုင်း အရောင်းအဝယ် မှတ်ပုံ တင်စာချုပ် ချုပ်ဆိုပြီး မြေနှင့် အဆောက်အအုံကို လက်ရောက် ပေးအပ်ရန် ဦးအောင်ကျော်မင်း တို့က အဆိုပြု၍ တရားစွဲဆိုခြင်းဖြစ်သည်။ ပဋိဥာဉ်အတိုင်း ဆောင် ရွက်ပေးစေလိုမှုတွင် တရားလိုနှင့် တရားပြိုင် အကြား ပြီးမြောက်သော ပဋိဥာဉ်ရှိဖို့ လိုပေသည်။ ယင်းပဋိ ဥာဉ်ပါ စည်းကမ်းချက်များကို ကတိပါအတိုင်း ဆောင်ရွက်ပေးစေ လိုခြင်းဖြစ်၍ ကတိပဋိÓဉ်အပေါ် အခြေခံစွဲဆိုခြင်း ဖြစ်သည်။

ပစ္စည်းကို လက်ရောက် ပေးစေလိုမှုများ၊ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ် ပဋိဥာဉ်အပေါ် အခြေ ခံ ဆုံးဖြတ်ရမည် ဖြစ်သည်။ ယခုအမှု သည် ပစ္စည်း လက်ရောက်ရရှိခဲ့ခြင်း မရှိသဖြင့် ပဋိÓဉ်အတိုင်း ဆောင်ရွက်ပေး စေလိုမှုအပြင် ပစ္စည်းလက်ရောက် ရလိုမှုပါ ပူးတွဲစွဲ ဆိုထားပေသည်။ ပစ္စည်းလက်ရောက် ရလိုမှုဖြစ်လျှင် အချင်းဖြစ်ပစ္စည်း၏ ပိုင်ဆိုင်မှုကို မူတည်၍ တရားရုံးက ဆုံးဖြတ်ပေး ရမည် ဖြစ်သည်။ အချင်းဖြစ်မြေကွက်၏မြေပုံနှင့်မြေရာဇဝင်အရမြေကွက်အမည်ပေါက် ပိုင်ရှင်မှာဦးမောင်ခနှင့် ဒေါ်စောရှင်တို့ အမည်ပေါက် ဖြစ်နေသည်။ ဦးစိုး မြင့်သည် အချင်းဖြစ်မြေကွက်ကို ခြံမြေအရောင်းအဝယ် ကတိစာ ချုပ် အရ ငွေကျပ်တစ်ထောင်ဖြင့် ဦးသူတော် ထံမှ ဝယ်ယူခဲ့သည်။ ဦးသူတော်နှင့်မြေကွက်အမည်ပေါက်ဦးမောင်ခ၊ဒေါ်စောရှင် တို့၏ တရားဝင် အရောင်းအဝယ် ပြုလုပ်ထား သည့် ဆက်စပ်စာချုပ် များလည်း မတွေ့ရပေ။ ဦးစိုးမြင့် တင်ပြသော ခြံမြေအရောင်းအဝယ် ကတိစာချုပ် မှာလည်း တံဆိပ်ခေါင်း ထမ်း ဆောင်ထားခြင်း မရှိသည့်အပြင် မှတ်ပုံတင်ထားခြင်း မရှိသဖြင့် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၅၄ နှင့် စာချုပ်စာတမ်း များ မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇ တို့အရ တရားမဝင်သောကြောင့် အချင်းဖြစ်မြေကွက်ကို ဦးစိုးမြင့်က တရားဝင် ပိုင်ဆိုင်ခွင့် မရှိနိုင်ပေ။ ရောင်းချပိုင်ခွင့်လည်း မရှိချေ။

ထို့ ကြောင့် အချင်းဖြစ်မြေနှင့် အိမ်ကို ဦးစိုးမြင့်က ပဋိဥာဉ်အတိုင်း မှတ်ပုံ တင် အရောင်းစာချုပ် ချုပ်ဆိုပြီး လက်ရောက်ပေးအပ်ရန် တရားရုံး က အမိန့်ချနိုင်မည် မဟုတ်ဟု ဆုံး ဖြတ်ထားပေသည်။ သို့ရာတွင် ရောင်းကြေး ငွေအတွက် တစ်စိတ်တစ်ဒေသ ပေးသွင်း ထားပါကရောင်းသူသော် လည်းကောင်း၊ ဝယ်သူသော် လည်းကောင်း၊ ပဋိဥာဉ်အတိုင်း ဆောင် ရွက်ရန် ပျက်ကွက်လျှင် ထိုငွေကိုပြန် လည်ပေးအပ်ရမည်ဖြစ်သည်။ ဤအမှုတွင် ဦးစိုးမြင့်က ပဋိဥာဉ်အတိုင်း ဆောင်ရွက်မပေး နိုင်သော အခြေအနေ ရှိသဖြင့် အရောင်း အဝယ် ကတိစာချုပ်ပါ အတိုင်း ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပေ။ ဝယ်သူ ဦးအောင် ကျော်မင်းတို့က တစ်စုံတစ်ရာပျက် ကွက်ခြင်းမရှိကြောင်း တွေ့ရသည်။ ဦးအောင်ကျော်မင်းတို့က ဦးစိုးမြင့်သို့ ရောင်းကြေးငွေ တစ်သိန်းလေးသောင်း ကျပ် အ ပြည့်အဝ ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ထိုငွေကို ဦးစိုးမြင့်ကပြန်လည်ပေးစေသင့်သည်ဟု သုံးသပ်ပြီး ဦးစိုးမြင့်က ဦးအောင်ကျော်မင်းတို့ကို ရောင်းကြေးငွေကျပ် တစ်သိန်းလေးသောင်းကိုပြန်ပေးစေရန် အမိန့်ချမှတ်ခဲ့ပေသည်။ ထို့အတူ အပျောက်စ နစ်ဖြင့် တိုက်ခန်း ဝယ်ယူရာတွင် အမှန်တကယ် ရောင်းပိုင်ခွင့်ရှိသူ ထံမှ မဟုတ်ဘဲ ပိုင်ရှင်အစစ်ဟုထင်၍ ဝယ်မိသဖြင့် တိုက်ခန်းမှ ဖယ်ရှားပေး ခဲ့ရသော အမှုတစ်ခုကို ဖော်ပြလိုပါသည်။ 'ဒေါ်တင်မော်၊ ပါ (၂) နှင့် ဦးမြင့်သိန်း၊ ပါ (၂)။

၂ဝဝ၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈၉' အမှုတွင် ရန်ကုန် တိုင်းတရားရုံး၌ ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့က ဦးမြင့် သိန်းနှင့် ဒေါ်ဆွေဆွေမြင့်တို့အ ပေါ် တရားလိုများ ပိုင်ဆိုင်သော တိုက်ခန်းအတွင်းသို့ ကျူးကျော် ဝင်ရောက်နေထိုင်သည့် တရားပြိုင်များအား ဖယ်ရှားထွက်ခွာပေးစေလိုမှု စွဲဆိုရာ အနိုင်ဒီဂရီ ရခဲ့သည်။ တိုင်းတရားရုံး၏ စီရင် ချက်နှင့် ဒီဂရီကို ဦးမြင့်သိန်းတို့က တရားရုံးချုပ်သို့ အယူခံဝင်ရာ မူလ ဒေါ်တင်မော်တို့ စွဲဆိုသည့် အမှုကို ပလပ်ကြောင်း အမိန့်ချ မှတ်ခဲ့သည်။ ယင်း အမိန့်ကို ဒေါ်တင်မော်တို့က မကျေနပ်၍ အထူး အယူခံခုံရုံးသို့ အယူခံဝင်လာခြင်းဖြစ်သည်။ အထူးအယူခံခုံရုံးက သုံး သပ် ဆုံးဖြတ်သည်မှာ ဤအမှုတွင် ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်း ဝင်းတို့သည် ရန်ကုန်မြို့၊ ပန်းဘဲ တန်းမြို့နယ်၊ (၈) ရပ်ကွက်၊ လမ်း ၃ဝ၊ ပထမထပ်၊ ၂၃၂ အချင်းဖြစ် တိုက်ခန်းကို ၂၈-၄-၉၄ နေ့တွင် ဒေါ်လှလှစိန်ထံမှ တန်ဖိုးငွေကျပ် တစ်ဆယ့်သုံးသိန်းငါးသောင်းဖြင့် သက်သေခံ တိုက်ခန်း အရောင်း အဝယ် ကတိစာချုပ်အရ ဝယ်ယူခဲ့သည်။

ဝယ်ယူပြီးနောက် ဒေါ်တင် မော်တို့သည် အချင်းဖြစ်တိုက်ခန်း ကို ဦးချင်တိန်ဟောက်အား ငှား ရမ်းထားခဲ့သည်။ အိမ်ငှား ဦးချင်တိန် ဟောက် ပြောင်းရွှေ့ချိန်တွင် ဒေါ် တင်မော်၏ သားဖြစ်သူ ဦးတင် ထွန်းဝင်းအား ခေတ္တနေထိုင်ခွင့်ပြု ခဲ့သည်။ ဒေါ်တင်မော်နှင့် ဒေါ် သန်းသန်းဝင်းတို့သည်နိုင်ငံခြားသို့ သွားရောက်လည်ပတ်ပြီးပြန်ရောက်လာသည့်အခါ အချင်းဖြစ် တိုက်ခန်းသို့ သွားရောက်ကြည့်ရှု သည်။ ဤတွင် တိုက်ခန်း၌ ဦးမြင့် သိန်းတို့ မိသားစုက ကျူးကျော်ဝင် ရောက်နေထိုင်လျက် ရှိသည်ကို တွေ့ရ၍ ဦးမြင့်သိန်းတို့အပေါ် တိုက်ခန်းမှ ဖယ်ရှားထွက်ခွာပေး စေလိုမှု စွဲဆိုခြင်း ဖြစ်သည်။ အချင်းဖြစ်တိုက်ခန်း ပါဝင်သော တိုက်အမှတ် ၂၃၂ ၏ မြေပိုင်ရှင် ဦးရာကွတ်မောင်မောင် က ၁၉၉၃ ခုနှစ်တွင် အချင်းဖြစ် တိုက်ခန်းကို ဒေါ်လှလှစိန်က ဒေါ် တင်မော်နှင့် ဒေါ်သန်း သန်းဝင်းတို့ ထံ ရောင်းချခဲ့သည်။ ဒေါ်လှလှစိန်က ကျွန်တော့်အား အမည်ပြောင်း ခ ခြောက်သောင်းပေးသဖြင့် ကျွန် တော်သည် တိုက်ခန်း ပိုင်ရှင်အဖြစ် ဒေါ်လှလှစိန်အမည်မှ ဒေါ်တင် မော်နှင့် ဒေါ်သန်းသန်းဝင်းအမည် သို့ ပြောင်းပေးလိုက်သည်။ ဒေါ်တင်မော်နှင့် ဒေါ် သန်းသန်းဝင်းတို့ သည် ယခုအချိန်ထိ အိမ်လခပေး ချေရန် ပျက်ကွက်မှု လုံးဝမရှိသေး ပါဟု ထွက်ဆိုထားသည်။

ယင်း အချက်ကို ထောက်ရှုခြင်းအားဖြင့် ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်း ဝင်းတို့သည် အချင်းဖြစ်တိုက်ခန်း ကို အပျောက်စနစ်ဖြင့် ဝယ်ယူ ကြောင်း ထင်ရှားသည်။ ဦးတင်ထွန်းဝင်းသည် မိခင်ဒေါ်တင်မော်နှင့် ဒေါ်သန်း သန်းဝင်းတို့ နိုင်ငံခြားသို့ ခရီး ခေတ္တသွားနေစဉ် အချင်းဖြစ်တိုက် ခန်းကို မိခင်ဒေါ်တင်မော်နှင့် ဒေါ် သန်းသန်းဝင်းတို့၏ ခွင့်ပြုချက် သို့မဟုတ် လွှဲအပ်ချက် တစ်စုံတစ် ရာ မရှိဘဲ မိမိပိုင်ဆိုင်လေဟန်ဖြင့် လိမ်လည်၍ ဦးမြင့်သိန်းတို့အား လွှဲပြောင်းရောင်းချခဲ့ခြင်း ဖြစ် ကြောင်း ပေါ်ပေါက်သည်။ 'Nemo Dat Quod non habet' ဥပဒေဆိုရိုးအရ မည်သူမျှ မိမိတွင် မရှိသော အခွင့်အရေးကို သူတစ်ပါးအား မအပ်နှင်းနိုင်ပေ။ ထို့ကြောင့် ပစ္စည်းလွှဲပြောင်းပေး ရန် အခွင့်အရေးမရှိသူက လွှဲ ပြောင်းပေးခြင်းသည် တရားဝင် အတည်မဖြစ်ပေ။ ဦးတင်ထွန်းဝင်းသည် အချင်းဖြစ် ဥပစာနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲနိုင်သည့် အခွင့်အရေး တစ်စုံတစ်ရာ ရှိသူ မဟုတ်သဖြင့် ဦးမြင့်သိန်းတို့သည် ¤င်းထံမှ အချင်းဖြစ်တိုက်ခန်းကို လွှဲပြောင်း ရယူခြင်းသည် ဥပဒေနှင့် ညီညွတ် ခြင်း မရှိသည့်အပြင် ¤င်းတို့အနေ ဖြင့် တရားဝင် လက်ရှိထားပိုင်ခွင့် လည်း ရှိမည်မဟုတ်ပေ။

ဦးမြင့်သိန်းတို့အနေဖြင့် ရောင်းသူ ဦးတင်ထွန်းဝင်းအပေါ် တွင်သာ မိမိတို့ နစ်နာမှုအတွက် ထိုက်သင့်သောသက်သာခွင့်ကို တောင်းဆိုရန်သာ ရှိပေသည်။ အထက်ပါ အကြောင်းများကြောင့် ဒေါ်တင်မော်တို့သည် အချင်းဖြစ် တိုက်ခန်းကို လက်ရောက် ရထိုက် ခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့ပေသည်။ ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်းများ ဝယ်ယူရာတွင် ရောင်းချသူသည် အမှန်တကယ် ပိုင်ရှင်ဖြစ်သူ ဟုတ်၊ မဟုတ်ကို သေချာလေ့လာ စုံစမ်းဖို့ လိုအပ် ပေသည်။ ပိုင်ရှင် အစစ်အမှန် မဟုတ်သူထံမှ မှားယွင်းဝယ်ယူမိပါ လျှင် ပစ္စည်းဆုံးရှုံး နစ်နာသည် အထိ ဖြစ်နိုင်ကြောင်း သတိပေး ရေးသားလိုက်ပါသည်။

No comments:

Post a Comment