ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Saturday, January 16, 2016

အခြေခံဂစ်တာသင်ခန်းစာ Plan-1

ကိုတင်မှာချင်တာတော့ ...

ဒီသင်ခန်းစာများကို PLAN များဖြင့် စီစဉ်ရေးသားထားပါတယ် ။ PLAN တစ်ခုကို တစ်ရက်တီးဖို့ရယ်တော့ မဟုတ်ပါဘူး ။ လူတစ်ယောက်နှင့် တစ်ယောက် သင်ယူလက်ခံနိုင်စွမ်းချင်း မတူကြပါ ။ PLAN တစ်ခုကို ဘယ်နှစ်ရက်တီးတီး အကြောင်း မဟုတ်ပါဘူး ။ အဓိကပြောချင်တာတော့ PLAN ၂ခုကို တစ်ရက်တည်းမတီးဖို့နှင့် မကျေညက်မချင်း PLAN အသစ်မတီးဖို့ပါပဲ … ။ အမြန်လိုချင်ဇောနှင့် စည်းကမ်းတွေမေ့ပြီး PLAN တစ်ခုပြီးတစ်ခု အမြန်ကုန်အောင် လိုက်တီးရင် တိုးတက်ဖို့ နှေးသွားပါလိမ့်မယ် ။ တတ်ဖို့မလောပါနှင့် ။ စိတ်အေးအေးထားတီးပါ ။ ဒီ course မှာ Patternတွေကို ကျေညက်အောင်အဓိကထားတဲ့ စနစ်ဖြစ်တဲ့အတွက် သီချင်းတွေ တီးရအုံးမှာ မဟုတ်ပါဘူး ။ သည်းခံပြီးလေ့ကျင့်လိုက်ပါ ။ Patternတွေကို ကျေညက်သွားတဲ့အခါ ခင်ဗျားတို့  တီးချင်တဲ့ သီချင်းကို အလွယ်လေး တီးနိုင်ပါလိမ့်မယ် ။ နောက် courseတွေမှာလည်း styles နှင့် songs တွေတွဲပြီး လေ့ကျင့်သွားမှာပါ … ။ ကဲ... ပျော်ရွှင်စွာ စလိုက်ရအောင်ဗျား…. ။

Warm-up (လက်ချောင်းသွေးပူလေ့ကျင့်ခန်း)

Picture
အခြေခံဂစ်တာသမား (သို့) အဆင့်မြင့် ဂစ်တာသမားပဲဖြစ်ဖြစ် ဂစ်တာစကိုင်ပြီ ဆိုတာနဲ့ warm-up လေ့ကျင့်ခန်းတွေ မလွဲမသွေတီးရပါမယ် ။ ရည်ရွယ်ချက် ကတော့ လက်ချောင်းများ သွေးပူလာအောင် ၊ သန်မာလာအောင် ၊ လွတ်လပ်စွာ လှုပ်ရှားနိုင်အောင် ၊ ဘယ်လက်နှင့် ညာလက် အပေးအယူမျှတအောင် စသည်တို့အတွက်ဖြစ်ပါတယ် ။ အရေးအကြီးဆုံးကတော့ အခြေခံဂစ်တာ လေ့ကျင့်နေတုန်းမှာ speed ဆိုတာကို ခေါင်းထဲက ထုတ်ထားပါ ။ လုံးဝ မတီးပါနဲ့ ။    မှန်ဖို့သာလိုပါတယ် ။ နည်းစနစ်ကျဖို့သာ လိုပါတယ်   ။  အခြေခံလေ့ကျင့်ခန်းများကို   down stroke (ဂစ်တာကြိုးပေါ်မှ အောက်သို့ တီးခတ်ခြင်း) ဖြင့်သာ လေ့ကျင့်ပါမယ် ။ down-stroke up-stroke ရေးပုံကို အပေါ်ကပုံထဲမှာ သင်္ကေတဖြင့် ပြထားပါတယ် ။     လေ့ကျင့်ခန်းများ မလေ့ကျင့်မီ အစပိုင်းတွင် ရေးသားခဲ့သော ဘယ်လက်အနေအထား နှင့် ညာလက် အနေအထား တို့ကို ကျေညက်အောင် မှတ်ထား စေလိုပါတယ် ။ အကြံတစ်ချို့ပေးချင်တာကတော့

  • ဘယ်/ညာလက်အနေအထားများမှန်အောင်ဂရုစိုက်ပါ
  • လက်ချောင်းထိပ်များဖြင့် ဖိနှိပ်တီးခတ်ပါ(လက်ပြားနှင့်မတီးပါနှင့်)
  • အနှေးဆုံးကိုတီးပါ ။ Beginnerအတွက် Tempo 60bpm ဟာအသင့်တော်ဆုံးပါ ။
  •  Metronomeဖြင့်ကျင့်ပါ ။ (မရှိပါက ဒီစာအုပ်ရဲ့အသံဖိုင်များဖြင့်တွဲကျင့်ပါ)     
  • အရင်စာအုပ်ကိုသာကြည့်၍ တီးပါ ။ ပြီးမှအသံဖိုင်ဖြင့်စစ်ဆေးပါ ။ တွဲကျင့်ပါ ။ 

လေ့ကျင့်ခန်း Ex -1 အတွက်ရှင်းပြထားသော အောက်က example-1 ပုံကိုကြည့်ပါ ။  

Picture
ပထမဘားက ၁ကြိုး ၊ ဒုတိယဘားက ၂ကြိုး ၊ တတိယဘားက ၃ကြိုး ၊ စတုတ္ထဘားက ၄ကြိုး တို့တွင် တီးခတ်ရပါမည် ။ lineပေါ်တွင် ရေးထားတဲ့ ဂဏန်းများက guitar-fret (ဂစ်တာလက်ကွက်) ကို ဖော်ပြထားခြင်း ဖြစ်ပါတယ် ။ အောက်ဘက်မှာ ဖော်ပြထားတဲ့ လေးထောင့်မှောက်ခုံလေးများက down stoke ဖြင့်တီးခတ်ရမည်ဖြစ်ကြောင်း … ။ အောက်ဆုံးမှာ ရေးထားတဲ့ ဂဏန်းတွေကတော့ ဘယ်လက်ချောင်းနံပါတ်များ (left finger) ဖြစ်ပါတယ် ။ အရေးတကြီး မှာစရာ တစ်ခုသာ ကျန်ပါတော့သည် ။ လေ့ကျင့်ခန်း၁မှာ ၁ကြိုး၊လက်ကွက်၁တွင် ဘယ်လက်ညိုးဖြင့် တီးခတ်ပြီး၊ ၁ကြိုး၊လက်ကွက်၂တွင် ဘယ်လက်ခလယ်ဖြင့် တီးခတ်သောအခါ …. ဘယ်လက်ညိုးကို မလွှတ်ပါနဲ့ ။ ဆက်ပြီးဖိနှိပ်ထားပါ ။ ကျန်လေ့ကျင့်ခန်းများလည်း ထိုနည်း၎င်းပါ ။ ကဲ..စတီးပါပြီဗျားးးး ။  

Ex-1 (လက်ချောင်း၁နှင့်လက်ချောင်း၂)

Picture

Ex-2   (လက်ချောင်း၂ နှင့် လက်ချောင်း၃)

Picture

Ex-3   (လက်ချောင်း၃နှင့် လက်ချောင်း၎)

Picture
Ex-3 ကလက်သန်းလေ့ကျင့်ခန်းဖြစ်လို့ အခြေခံသမားတွေအတွက် နည်းနည်းတော့ အခက်တွေ့နိုင်ပါတယ် ။ ကြိုးစားပြီး လေ့ကျင့်လိုက်ပါ ။
အခုဆိုရင် ခင်ဗျားကို ဂစ်တာသူရဲကောင်းဖြစ်စေမယ့် လှေကား၃ထစ်ကို တက်ပြီးပါပြီ ။ (ပြန်ဆင်းလည်း လူပျိုမဖြစ်တော့ပါ ) အဲဒီတော့ ဆက်လက်ချီတက်ကြတာပေါ့ ။ လေ့ကျင့်ခန်းတစ်ခုကို ၅မိနစ်ခန့် တီးပေးပါ ။ လေ့ကျင့်ခန်း၃ခုတီးပြီးရင် ၃မိနစ်ခန့် နားပေးပါ ။ နားနေချိန်မှာ လက်ချောင်း ၊ လက်ဖျံ ၊ လက်မောင်း ၊ ပခုံးတို့ကို အကြောလျော့ပေး ဆုပ်နယ်ပေးခြင်းသည် ကြာကြာတီးမယ့် ခင်ဗျားအတွက် အလေ့အကျင့်ကောင်းများ ဖြစ်ပါတော့သည် ။ နောက်ပိုင်းလေ့ကျင့်ခန်းတွေမှာ Tablature note အစား stave note နဲ့ ရေးရမှာဆိုတော့ Ex-4ကစပြီး ရေးထား လိုက်ပါတယ် ။ အဲဒီတော့ staff note အကြောင်းကို အရင်ဆုံး လေ့လာလိုက်ရအောင် ။

Staff notations

Picture
ဂီတကို စနစ်တကျ လေ့လာသင်ယူမယ်ဆိုရင် ဂီတသင်္ကေတများကို ဖတ်ရှုဖို့ staff note ကိုနားလည်ရပါမယ် ။ အခေါ်အဝေါ် ၂မျိုး ရှိပါတယ် ။ stave / staff ။ ဘယ်လိုခေါ်ခေါ် အရေးမကြီးပါဘူး ။ ဖတ်တတ်ဖို့သာ အဓိကပါ ။ Staff note ဆိုတာ ဂီတသင်္ကေတများအားလုံးကို line၅လိုင်း ၊ space၄ခု ပါဝင်တဲ့ staffပေါ်မှာ ရေးသားတဲ့နုတ်ပါ ။ staffပေါ်တွင်ရေးသားသော Clefအမျိုးမျိုး ရှိကြပါတယ် ။ ကြိုးတပ်တူရိယာသမားများ ၊ ဂစ်တာသမားများ အတွက် G Clef ခေါ်တဲ့ Treble Clef နှင့် Tablature ကိုတော့ အဓိက လေ့လာရပါမယ် ။

G Clef / Treble Clef

Picture
G Clef (သို့) Treble Clef ဆိုတာ Guitar, Violin , Flute , Oboe စတဲ့ အမြင့်သံတူရိယာများကို ရေးသားတဲ့ Clef တစ်ခုဖြစ်ပါတယ် ။ staff ၅လိုင်း ပေါ်တွင် အခြေခံရေးသားပြီး Line note နှင့် space note ဟုနှစ်မျိုး ရှိပါတယ် ။ Line note ဆိုတာ မျဉ်းပေါ်မှာရေးတဲ့နုတ်ဖြစ်ပြီး ၊ space note ဆိုတာ မျဉ်း၂ကြောင်းကြားမှာ ရေးတဲ့နုတ်ကိုပြောတာပါ ။ Tablatureနဲ့မတူပါဘူး ။   Tabက နေရာကိုပြ ပြီး   staffက အသံ(pitch) ကိုဖော်ပြ တာပါ ။ Pitchတွေကို Noteဖြင့်ရေးသားပြီး Noteတွေကိုတော့ အင်္ဂလိပ်အက္ခရာ AမှG   A,B,C,D,E,F,G   ဟု စာလုံး7လုံးဖြင့် အမည်ပေးထားပါသည် ။

(Line notes) Lineပေါ်တွင်ရှိသော နုတ်များ ကတော့ (အောက်မှအပေါ်သို့) -

  •  1 st   line = E
  •  2 nd   line = G
  •  3 rd   line = B
  •  4 th   line = D
  • 5 th   line = F    

တို့ဖြစ်ပါတယ် ။   Every   Good   Boy   Does   Fine (မောင်ရင်ငတေ မိုက်ကန်းသည်) လို့အလွယ်မှတ်ထားလိုက်ပါ

Space notes(မျဉ်းကြားကနုတ်များ)   ကတော့ (အောက်မှအပေါ်သို့) ----

  • 1 st   space = F
  •  2 nd   space = A
  •  3 rd   space = C
  • 4 th   space = E

တို့ဖြစ်ကြပါတယ် ။ အလွယ်မှတ်ထားဖို့က   FACE    မျက်နှာ ဖြစ်ပါတယ် ။ အောက်ကပုံကိုကြည့်ပြီး နုတ်တွေကို အလွတ်ကျက်မှတ်ထားရပါမယ် ။

Picture
ဒါဆိုရင်တော့ staff note ကို နားလည်သွားပြီ ထင်ပါတယ် ။ နောက်ထပ်လေ့လာရမယ့် Time Values အကြောင်းကိုတော့ Rhythmတီးပြီးမှ ဆက်ရှင်း ပါတော့မယ် ။ ခင်ဗျားတို့ ခေါင်းရှုပ်သွားမှာစိုးလို့ပါ ။ အခု Rhythm section ကို သွားကြရအောင် ။

Rhythm Exercises

Warm-up ပြီးရင် Rhythm လေ့ကျင့်ပါမယ် ။ Chord diagram ဖတ်နည်းကို ရှေ့ပိုင်းက အခြေခံဂစ်တာသင်ခန်းစာ(Intro)မှာ Guitar Tablature ဆိုပြီး ရေးခဲ့ပြီးပါပြီ ။ ထပ်မပြောတော့ပါဘူး ။ သိပ်မကျေညက်သေးရင် ပြန်ဖတ်လိုက်ပါ ။ ပေးထားတဲ့ chord နှစ်ခုဟာ ဂစ်တာကို ထောင်လျက် အနေအထား ပြထားတဲ့ပုံစံပါ ။ ကြည့်တတ်နေပြီလို့ ယုံကြည်ပါတယ် ။
Picture
chordတွေ ကြည့်တတ်ပြီဆိုတော့ Rhythmတီးတဲ့အခါ လိုက်နာသင့်တဲ့ အချက်လေးတွေကို ပြောပြပါမယ် ။ Rhythm guitar တီးတဲ့အခါ -

  •  pickကို ခပ်ရှည်ရှည်ထုတ်၍ ခပ်ဖွဖွကိုင်ထားပါ ။ (*pickနှင့်လက်မ ၉၀ ဒီဂရီ)
  • ခြောက်ကြိုးလုံး အားရပါးရတီးပစ်လိုက်ပါ ။ Floating ဖြစ်ပါစေ ။
  •  တတောင်ဆစ်တစ်ချောင်းလုံးလွှဲ၍တီးပါ ။ လက်ကောက်ဝတ်လှုပ်ရုံမတီးပါနှင့် ။
  • chordအကူးအပြောင်းများကို ဂရုစိုက်ပါ ။ ဆိုလိုတာက ပထမဘားမှ ဒုတိယဘားသို့ ပြောင်းသောအခါ ဒုတိယဘား၏ ပထမစည်းချက်ကိုရောက်မှ chordကို ပြောင်းပါသည် ။ ဒုတိယဘားမရောက်မီ ပထမဘား၏ စတုတ္ထစည်းချက်တွင် chordကို လက်ကိုဖွလိုက်ခြင်း ၊ ကြိုတင်အရှိန်ယူခြင်း မပြုလုပ်ရပါ ။
  • chordကိုင်ထားသော လက်ချောင်းများကို ကြိုးတစ်ချောင်းချင်းတီးခတ်၍ အသံစစ်ဆေး ပေးပါ ။ ကြည်လင် ပီသသော အသံထွက်ရန် လိုအပ်ပါသည် ။
  • စည်းချက်(Beat)တိုင်းတွင် ခြေထောက်ပုတ်၍ 1 2 3 4 ဟုကျယ်ကျယ်ရွတ်ဆိုပါ ။ အခြေခံမှာ လုံးဝပြုလုပ်ရပါမယ် ။ ခြေထောက်မပုတ်ခဲ့ မအော်ခဲ့လျင် နောက်၂ရွက်မှာ တစ်နေပါလိမ့်မယ် ။
  • သံမဏိစည်းကမ်းကို ထပ်ပြောပါအုံးမယ် ။ "နှေးနိုင်သမျှ အနှေးဆုံးကိုတီးပါ….. ဒါပါပဲ ။ လေ့ကျင့်လိုက်ပါအုံး ။
*** ဒီ အခြေခံဂစ်တာသင်ခန်းစာ planအားလုံးရဲ့ အသံဖိုင်တွေကို တစ်ခေါက်စီပဲ တီးပေးထားပါတယ် ။ ဒါပေမယ့် ခင်ဗျားတို့ကတော့ နုတ်ထဲက အတိုင်း (repeat sign) ပါခဲ့ရင် ... ၂ခေါက်တီးဖို့လိုပါတယ် ။ သတိထားပေးပါခင်ဗျာ ***

Ex – 4

Picture

note - strumဆိုတာ လက်ခတ်ကိုပြောတာပါ ။ noteတစ်လုံးချင်းတီးတဲ့အခါ strokeလို့သုံးစွဲပြီး Rhythm တီးတဲ့အခါ strumလို့သုံးပါတယ် ။ countကတော့ beatingပါ ။ ခြေထောက်ပုတ်ဖို့နဲ့ ပါးစပ်ကရွတ်ဖို့ပါ ။ C chord diagram မှာ ၆ကြိုးကို ( )လုပ်ထားပါတယ် ။ မတီးရ/အသံမထွက်ရပါဘူး ။ ဒါပေမယ့် ဒီကော့ဒ်မှာတော့ တီးလည်းရပါတယ် chordရေးတဲ့ပုံစံ အနည်းငယ်သာပြောင်းသွားတာပါ ။   C/E   လို့ရေးပါတယ် ။ အဓိပ္ပာယ်ကတော့   C-chord/bass-E ပါ ။ chord family ထဲကနုတ်ဖြစ်လို့ အသံထွက်လည်းရပါတယ် ။ အခြေခံ Rhythm guitar တီးတဲ့အခါ ကြိုး၆ကြိုးလုံးကို ညီမျှအောင်ခတ်ဖို့ လိုပါတယ် ။ ဒါကြောင့် အားရပါးရတီးပစ်လိုက်ပါ ။  အိုကေ … ဒီလေ့ကျင့်ခန်းကို ၅မိနစ်လောက် ထပ်တီးလိုက်ပါအုံး ။ ဒီ၂ကော့ဒ်ရရင် Jingle Bells တီးလို့ရပြီ ။  (လာနောက်နေတယ်Rockသမားကို) ။ ဒါက Rhythm သွေးပူလေ့ကျင့်ခန်းပါ ။ ပထမဆုံး chord တွေဖြစ်လို့ သေချာမှတ်ထားလိုက်ပါအုံး ။ 
လေ့ကျင့်ခန်းလေး တစ်ခု တီးပြီးပြီဆိုတော့ Time Value အကြောင်းကို နည်းနည်း လေ့လာလိုက်ရအောင်ဗျာ ။

Time Values / Note values

Picture
Note values ကတော့ note/pitchတွေရဲ့ တီးခတ်ရမယ့် တန်ဖိုးကိုဖော်ပြတဲ့ အမှတ်အသားတွေဖြစ်ပါတယ် ။ noteတွေကို အမည်နှင့်တကွ မှတ်သားထားရပါမယ် ။ အထက်ပါဇယားသည် လွယ်ကူရှင်းလင်းတဲ့ American nameများဖြင့်ဖော်ပြထားခြင်းပါ ။ British nameများကိုလည်း မှတ်ထားသင့်ပါတယ် ။ (ကွင်းစကွင်းပိတ်ထဲမှာ British nameများကိုရေးပေးထားပါတယ်)

  • Whole note / (Semibreve)  စည်း(beat)၄ချက်တန်ဖိုးရှိ
  • Half note / (Minim)            စည်း၂ချက်တန်ဖိုးရှိ
  • Quarter note / (crotchet)    စည်း၁ချက်တန်ဖိုးရှိ
  • Eight note / (Quaver)         စည်းထက်ဝက်တန်ဖိုးရှိ …. ။

Whole note က စည်း4ချက် တန်ဖိုးရှိပါတယ် ။ ဆိုလိုတာက Whole note တစ်လုံးကို တီးခတ်သောအခါ 1-2-3-4 ဆိုပြီး စည်း၎ချက်(4-beats) ပြည့်အောင် အသံရှိန်ကို ဆွဲထားရပါမယ် ။ ဥပမာ 4/4 timing ဟူသော common time မှာ (4-beats/1-bar) အပြည့် တီးခတ်ခြင်းကိုဆိုလိုပါသည် ။ အဲဒီလို 1-barအပြည့် တီးခတ်ရသောကြောင့် Whole note လို့ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ် ။ Half note ကတော့ 1-2 စည်း၂ချက်တန်ဖိုးရှိပါသည် ။ 1-bar၏ ထက်ဝက်၊ စည်း၂ချက်တန်ဖိုးရှိသောကြောင့် Half note ဟုခေါ်ဆိုခြင်းဖြစ်ပါတယ် ။ Quarter note ဆိုတာလည်း 1-beat တန်ဖိုးရှိ၍ 1-bar တွင် Quarter note ၄လုံးပါဝင်သောကြောင့် Quarter note လို့ ခေါ်ခြင်းပါ ။ Eight note ကတော့ 4-beatsပါဝင်တဲ့ 1-barမှာ နုတ်၈လုံး ပါဝင်သောကြောင့် Eignt noteလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ် ။ 4-beats ရေတွက်တဲ့ 1-barမှာ နုတ်၈လုံး ပါဝင်သောကြောင့် 1-beatမှာ နုတ်၂လုံး တန်ဖိုး ရှိပါတယ် ။ ဒါ့ကြောင့် Eight noteကို ရေတွက်တဲ့အခါ ခြေထောက်အား ...

ပုတ်ကြွ - ပုတ်ကြွ - ပုတ်ကြွ - ပုတ်ကြွ ပုတ်ပြီး  ပါးစပ်က 1and - 2and - 3and - 4and ဟုရွတ်ဆိုရပါမည်။ အောက်က ပုံကိုကြည့်ပါ။
Picture
ဒါက Eight note ရေတွက်ပုံပါ ။ Eight note မှာ ခြေထောက်ကြွတဲ့ အကြွနေရာ (and)နေရာ များကို off-beatလို့ ခေါ်ပါတယ် ။ ခြေထောက်ပုတ်တဲ့ 1 - 2 - 3 - 4 နေရာများကိုတော့ on-beatလို့ ခေါ်ကြပါတယ် ။

Rest (ရပ်နားခြင်းသင်္ကေတများ)

Rest ဆိုတာ တီးခတ်ခြင်းမပြု၊ (အသံမရှိ) ရပ်နားရမယ့် သင်္ကေတများ ဖြစ်ပါတယ် ။ တန်ဖိုးကတော့ note တန်ဖိုးတွေ လိုပါပဲ ။ Whole rest ဆိုရင် 1-bar/4-beats ရပ်နား ၊ Half rest ဆိုလျင် 2beats ဘားတဝက်နားပြီး ၊ Quarter rest ဆိုလျင် 1beat ရပ်နား ၊ Eight rest ဆိုလျင် half beat / စည်းချက်တဝက် ရပ်နားရပါမယ် ။ အပေါ်ဆုံးက Time values ဇယားကွက်ကို ကြည့်ပြီး Note နှင့် Rest ကို တွဲမှတ်ထားလိုက်ပါ ။ (အခု မရှင်းလည်း လေ့ကျင့်ခန်းတွေ တီးရင်းနဲ့ သဘောပေါက်သွား ပါလိမ့်မယ်)

Time signatures

Time signature ကတော့ နရီပြအမှတ်အသားပါ ။  ကိုယ်တီးခတ်မယ့် သီချင်းရဲ့ နုတ်အမျိုးအစားနဲ့ စည်းအရေအတွက်ပါ ။ ဥပမာ - ကိုဇော်ဝင်းထွဋ်ရဲ့ အနှိုင်းမဲ့ သီချင်းက 4/4 timing ပါ ။ မျိုးကြီးရဲ့ ညနေ သီချင်းက 3/4 timing ပါ ။ ကိုအငဲရဲ့ မျှော်လင့်ခြင်းကွင်းပြင် သီချင်းက 6/8 timing ပါ ။ အဲဒီ 4/4 , 3/4 , 6/8 စတာတွေကို Time signature လို့ ခေါ်ပါတယ် ။ Time signature မှာ simple time signature နဲ့ compound time signature ဆိုပြီး  timing အမျိုးအစားများစွာ ရှိသော်လည်း ခင်ဗျားတို့ အများဆုံး ကြုံတွေ့ရမှာတော့ common time ခေါ် 4/4 timing ပါပဲ ။ အောက်က ပုံလေးကို ကြည့်ပါ ။
Picture





ပုံထဲက G-Clef နောက်မှာ ရေးထားတဲ့ 4/4 2/4 6/4 6/8 ဆိုတာတွေက Time signatureတွေပါ ။ အရင်ဆုံး 4/4 ဆိုတာကို ရှင်းပြပါမယ် ။ အပေါ်ဘက်မှာ ရေးထားတဲ့ 4 ဆိုတာက 1-barမှာ ပါဝင်တဲ့ (beat) စည်းချက်အရေအတွက်ပါ ။ 4 လို့ ရေးထားတဲ့အတွက် 1-2-3-4လို့ ၄ချက်ရေတွက်ပါမယ် ။ အောက်ဘက်မှာ ရေးထားတဲ့ 4 ကတော့  beatရဲ့နုတ်တန်ဖိုးပါ ။ 4ဆိုသောကြောင့် Quarter note ဖြစ်ပါတယ် ။ ဒါကြောင့် 4/4 timing တာ 1-barမှာ Quarter note ၄လုံး(ပါဝင်၍) ၄ချက်ရေတွက်ရသော timingအမျိုးအစားပဲ ဖြစ်ပါတယ် ။ ပိုပြီးနားလည်သွားအောင် နောက်တစ်ခု 2/4 ကို ထပ်ရှင်းပြပါမယ် ။ 2/4 timing မှာ ... အပေါ်က 2 ဆိုတာက 1-barမှာ ပါဝင်တဲ့ (beat) စည်းချက်အရေအတွက်ပါ ။ 2 လို့ ရေးထားတဲ့အတွက် 1-2ဆိုပြီး ၂ချက်ရေတွက်ပါမယ် ။  အောက်ဘက်မှာ ရေးထားတဲ့ 4 ကတော့  beatရဲ့နုတ်တန်ဖိုးပါ ။ 4ဆိုသောကြောင့် Quarter note ဖြစ်ပါတယ် ။ အဲဒါကြောင့် 2/4 timing ဆိုတာ 1-barမှာ Quarter note ၂လုံး(ပါဝင်ပြီး) ၂ချက် ရေတွက်ရသော timing အမျိုးအစားပဲ ဖြစ်ပါတယ် ။ ဒီလောက်ဆို သဘောပေါက်လောက်မှာပါ ။ ကဲ..ခင်ဗျားလက်လည်း warm-upလုပ်ပြီးပြီ ။ chord၂ခုလည်း တီးပြီးပြီ ။ staff note လည်း ဖတ်တတ်ပြီဆိုတော့က ၁ကြိုးပေါ်က note တစ်ချို့တီးလိုက်ရအောင် …. ။
ဒီပုံထဲက note တွေကိုတစ်ခေါက်လောက် ပြန်နွှေးလိုက်ပါအုံး ။ (ရှေ့မှာပြောပြီးသားပါ)
  • Line note များ - (အောက်မှအပေါ်) = E G B D F (Every Good Boy Does Fine) 
  • Space note များ - (အောက်မှအပေါ်) = F A C E (Face)

၁ကြိုးပေါ်မှနုတ်များ

Picture
လွယ်လွယ်လေးပါ ။ ပထမဆုံးတွေ့တဲ့ နုတ်လုံးလေးဟာ 4th space မှာရေးထားပါတယ် ။ ဒါကြောင့် space note တွေ ကို ပြန်ရွှတ်ကြည့်ပါ ။ "F A C E" ။ အဲ့တော့ 4th space (E)နေရာမှာ ရေးသားထားသောကြောင့် အဲဒီနုတ်လေးကို E လို့ သိလိုက်ရပါပြီ ။ နောက်တစ်လုံးက Eနုတ်ရဲ့အပေါ် 5th lineမှာ ရေးထားတဲ့နုတ်ပါ ။ Line noteတွေကို ပြန်ရွတ်ပါ ။ E G B D F ။ 5th line မှာ ရေးထားတဲ့အတွက် Fလို့ သိနိုင်သလို  staff noteရဲ့သဘောဟာ အောက်မှအပေါ်သို့ အင်္ဂလိပ် အက္ခရာများကို အစဉ်လိုက်ရေးထားတဲ့အတွက် ၊ 4th space (E)ရဲ့အပေါ် 5th lineမှာ တွေ့တဲ့ အတွက်ကြောင့်လည်း Fလို့ အလွယ်တကူ နားလည်နိုင်ပါတယ် ။ ဂစ်တာပေါ်မှာတော့ ၁ကြိုး-လက်ကွက်၁ပါ ။ ဒါဆို နောက်နုတ်တလုံးဖြစ်တဲ့ Gဟာ မည်သည့်line မည်သည့်spaceတွင်မှ မပါဝင်ပေမယ့် 5th line (F)ရဲ့အပေါ်မှာ ရေးထားတဲ့အတွက် Gဆိုတာ နားလည်လိုက်ပါပြီ ။ ဂစ်တာပေါ်မှာတော့ ၁ကြိုး- လက်ကွက်၃ ပါ ။ ဒါဆို အခုလေ့ကျင့်မယ့် ၁ကြိုးပေါ်မှနုတ်တွေက -

  •  E (4th space) ၁ကြိုး-လွှတ်ကြိုး
  • F (5th line) ၁ကြိုး-လက်ကွက်၁-လက်ချောင်း၁
  • G (above 5th line) ၁ကြိုး-လက်ကွက်၃-လက်ချောင်း၃ တို့ပါပဲ ။

လေ့ကျင့်ခန်းတွေနှင့်အတူ ဒီnote ၃လုံးကို မှတ်မိအောင်လုပ်ပါ ။ နုတ်တွေကို ကြည့်ပြီးတီးပါ ။ အသံကို အလွတ်ကျက်ပြီး မတီးပါနဲ့ ။ Tabကို ကြည့်ပြီးလည်း မတီးပါနဲ့ ။ လေ့ကျင့်တဲ့အချိန်မှာ နုတ်ကို ပါးစပ်က ရွတ်ဆိုပေးပါ ။ ရည်ရွယ်ချက်က နုတ်တွေကို လက်တန်းဖတ်နိုင်ဖို့ ဖြစ်ပါတယ် ။ အလေ့အကျင့် မဖြစ်ခင်မှာတော့ တော်တော်ကို ကသိကအောက်နဲ့ သတိထား နေရပါလိမ့်မယ် ။ အဲလိုမှ စနစ်တကျ မလေ့ကျင့်ရင်လည်း တိုးတက်မှု နှေးကွေးပါလိမ့်မယ် ။

ဒီအခြေခံကစပြီး အလေ့အကျင့်ကောင်းတွေ လုပ်သွားပါမယ် ။ အဲဒါကတော့ F ကိုတီးပြီး G ကို တီးတဲ့အခါ F တီးခဲ့တဲ့ လက်ချောင်း-၁ကို မလွှတ်ဘဲ ဆက်ဖိထားပါ ။ speedအတွက် အခြေခံ building  ဖြစ်ပါတယ် ။ ကြိုးစားတီးကြည့်ပါ ။ Exeအားလုံး down-strokeနဲ့တီးပါ ။ ပျော်ရွှင်ပါစေ ။ 

Ex – 5

Picture


Ex – 6

Picture


Ex – 7

Picture
Add caption
Ex-7 က Quarter နဲ့ Half note ပေါင်းထားတာပါ ။ Half noteကို 2-beatsဆွဲဖို့ သတိထားပါ ။ အသံတွေ မပြတ်ပါစေနဲ့ ။ လွယ်ပါတယ်နော့ ။ နောက်ပိုင်းဆို Tabတွေ မရေးတော့ပါဘူး ။ staff note ကိုပဲ ကြည့်ပြီး တီးကြပါတော့မယ် ။


Ex – 8

Picture


Ex – 9

Picture


Ex – 10

Picture


Ex – 11

Picture


Ex – 12

Picture


Ex – 13

Picture

ဒီနေ့ ခင်ဗျားတို့ E,F,G ဆိုတဲ့ staff-note ၃လုံးကို ခပ်တည်တည်နဲ့ တီးပစ်လိုက်နိုင်ပြီ ။ ဂုဏ်ယူပါတယ် ရော့ကာ ။ စည်းကမ်းလိုက်နာ နည်းစနစ်ကျရင် ဘယ်လောက် လွယ်ကူတယ် ဆိုတာ ခင်ဗျားသဘောပေါက်သွားပြီ ။ (ထင်တာပဲ) ။ မိုင်၁၀၀၀ခရီးရဲ့ အစဟာ ရွာထိပ်ဇရပ်က ဆိုသလို နောက်ပိုင်းသင်ခန်းစာများမှာ ပိုမိုလွယ်ကူအောင် တီးခဲ့သမျှ လေ့ကျင့်ခန်းတွေကို တစ်ခေါက်လောက်ပြန်ပြီး ကျွတ်ကျွတ်ဝါး လိုက်ပေအုံးဗျို့။
Picture




Section တစ်ခုတီးပြီးတိုင်း ၂မိနစ်ခန့် break-time ယူနိုင်ပါတယ် ။ Section အားလုံး တီးပြီးသွားရင်တော့ break-time အကြီးစားယူချင်ယူပေါ့  ။ ဒီလေ့ကျင့်ခန်း အားလုံးအတွက် Tempo ကို 60bpm ဖြင့်သာတီးပါ ။ bpm ဆိုတာ beat per minute / ၁မိနစ်မှာ ပါဝင်တဲ့ စည်းချက် အရေအတွက်ကို ပြောခြင်းဖြစ်ပါတယ် ။ 60bpm ဟာ ၁မိနစ်မှာ စည်းချက်၆၀ ပါဝင်တဲ့အတွက် ၁စက္ကန့်မှာ စည်းတစ်ချက်ဖြစ်ပါတယ် ။ Metronome မရှိခဲ့လျင် နာရီလက်တံ (စက္ကန့်တံ)ကို ကြည့်ပြီး ရေတွက်နိုင်ပါတယ် ။ ဒီလေ့ကျင့်ခန်းတွေက PLAN-1 အတွက်ပါ ။ ဒီနေ့ ဒါတွေကို ကျေညက်အောင်ဖို့ အနည်းဆုံး၂ခေါက် လေ့ကျင့်ရပါမယ် ။ လေ့ကျင့်ခန်းအကြိမ် အရေအတွက် ကတော့ ခင်ဗျားတို့သဘောပဲ ။ လက်ချောင်းလေးတွေ ဒဏ်ဖြစ်အောင်တော့ မလုပ်နဲ့ပေါ့ ။ Section အားလုံး ပြီးသွားတဲ့အချိန် နားချိန်ယူပြီး လက်တွေကိုအကြောလျော့ပေး ၊ ဆုပ်နယ်ပေးပါ ။ OK !
Plan-1 ကို ကျေညက်ပြီ ဆိုရင်တော့ Plan-2 ကို ဆက်တီးဖို့ အောက်က link လေးကို နှိပ်လိုက်ပါ ။


ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်

No comments:

Post a Comment