ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်
Monday, November 16, 2015
ဂျီမေးလ် အကောင့်အသစ် အခမဲ့ ဖွင့်နိုင်
Web Proxy ဖြင့်ကျော်ပြီး ဂျီမေးလ် အကောင့်အသစ် အခမဲ့ ဖွင့်နိုင်
By IT weekly
ဂျီမေးလ်အကောင့် အသစ်ဖွင့်ရန် အခက်အခဲ ကြုံနေရာမှ ယခုအခါ ကိုယ်တိုင် အခမဲ့ အကောင့်အသစ် လျှောက်ထားနိုင်တော့မည် ဖြစ်သည်။ Unknown Object ဆိုင်များကို အခကြေးငွေပေး၍ ဆောင်ရွက်စရာ မလိုတော့ဘဲ ယခု နည်းလမ်းကို အသုံးပြုပါက အကောင့်အသစ်ကို လွယ်ကူစွာ ရရှိနိုင်မည်။ ဂျီမေးလ် အကောင့်အသစ် ဖွင့်လိုသူများ အနေဖြင့် ဂျီမေးလ် အကောင့်ကို Web Proxy မှ ကျော်ပြီး ဖွင့်၍ ရနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဂျီမေးလ် အကောင့်များသည် ယခုအခါ သမားရိုးကျနည်းနှင့် ဖွင့်ရန် ခက်ခဲနေပြီး အခုနောက်ပိုင်း မြန်မာပြည်တွင် ဂျီမေးလ် အကောင့်ဖွင့်ရန် ခက်ခဲနေသည်မှာ ကာလ အတော်တန်ကြာခဲ့ပြီ ဖြစ်သည်။
ထိုကဲ့သို့ Proxy ကျော်ဖွင့်ရာ၌ Login Name ကို Check Availability မစစ်ရဘဲ လိုအပ်သည်များကို အားလုံး ဖြည့်စွက်ပြီး နောက်ဆုံး Account လုပ်ရန် နှိပ်လိုက်သည့်အခါ Login Name မရလျှင် ပြန်ဖြည့်ထည့်ပြီး ပြန်ဖွင့်ရမည်နည်းမှာ – ပထမဦးစွာ http://hidemyass.com ကို အရင်သွားရမည် ဖြစ်သည်။ ပြီးလျှင် Box ထဲတွင် https://mail.google.com ဟု ရိုက်ထည့်ပြီး Hide My Ass Button ကိုနှိပ်ရမည်။ ထို့သို့ နှိပ်၍ Access denied ဟုပေါ်နေလျှင် https://mail.google.com ဟု ရိုက်ထည့်ရမည်ဖြစ်ပြီး Box အောက်နားလေးမှ SSL Security ကို On ထားရသည်။ ထိုကဲ့သို့ ပြုလုပ်ပြီး Gmail Window ကျလာလျင် Creat an account ကိုကလစ်လိုက်ပြီး ပုံမှန် ဆောင်ရွက်နေကျ အတိုင်း ဖြည့်စွက်ပြီး အကောင့်ဖွင့်ရမည် ဖြစ်သည်။ သို့သော် ဤသို့ အကောင့်အသစ် ဖွင့်ရာ၌ ကွန်နက်ရှင် ကောင်းမွန်ရန် လိုအပ်ပြီး ကွန်နက်ရှင် နှေးနေလျှင် သုံးလေးခေါက်လောက် ကြိုးစားဖြည့်စွက်ပြီး ဖွင့်ရန် F5 ခလုတ်ကို နှိပ်ပေးရမည် ဖြစ်သည်။
## အင်တာနက် Shortcuts များ ##
Browser မှာ Google လို့ ရိုက်ပြီး Ctrl + Enter နှိပ်လိုက်ရင် www နဲ့ .com ကို အော်တိုထည့်ပေးသွားတာ တွေ့ရပါလိမ့်မယ်.။ .net ဆိုရင် Shift + Enter, .Org ဆိုရင် Ctrl + Shift + Enter..
Address Bar ကို အမြန်သွားချင်ရင် F6, Ctrl + L, Alt + D တစ်ခုခုသာ နှိပ်လိုက်ပါ.။
ပိတ်လိုက်မိတဲ့ Tab ကို ပြန်ခေါ်ချင်တယ်ဆိုရင် Ctrl + Shift + T ..
History တွေ Cookies တွေကို မမှတ်ထားတဲ့ Private Browsing လုပ်ချင်တယ်ဆိုရင် Chrome မှာဆို Ctrl + Shift + N, Firefox နဲ့ IE မှာက Ctrl + Shift + P...
Tab တစ်ခုကနေ တစ်ခုကိုပြောင်းချင်တယ်ဆိုရင် Ctrl + Tab, Tab တစ်ခုခုကို အမြန်သွားချင်တယ်ဆိုရင် Ctrl + (1,2,3,4..)
အခုသုံးနေတဲ့ Window/Tab ကို ပိတ်ချင်တယ်ဆိုရင် Ctrl + W (အခုနှိပ်မကြည့်နဲ့နော်)...
Credit to : www.hardwarezone.com.mm
လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊
(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
(မြန်မာပြည်ပါ မပါတော့ အသေအချာ မသိပါ။ကမ္ဘာနေရာအတော့်များများမှာတော့ အဆင်ပြေပါတယ်)
(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် သင် ဘာလုပ်မလဲ ?။
  1. လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ အဆင်ပြေလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။
  2. တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။
  3. နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။
သင့် ကားတံခါး ပွင့်သွားပါလိမ့်မယ်။
စမ်းကြည့်ရတာ နည်းနည်းတော့စိတ်လှုပ်ရှားစရာ ပါပဲ။ အိမ်ကလူက လာပေးဖို့  မလိုတော့ဘူးပေါ့။ အကွာအဝေးက အဓိက မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။
(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။
(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။
source: journal.sanchaung.com/?p=175
Google ၏ Search Features များ
ကမ္ဘာကျော် Search Engin ကြီး တစ်ခု ဖြစ်တဲ့ Google ဟာ သူ့ရဲ့ ဝက်ဘ်ဆိုက်ကို အသုံးပြုတဲ့သူတွေ အတွက် တစ်နည်းအားဖြင့် သူ့ရဲ့ Search Box မှာ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရိုက်ထည့်ပြီး ရှာဖွေနေသူတွေ အတွက် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မယ့် Features တွေကို ဖော်ပြပေးထားပါတယ်။
ဥပမာအားဖြင့် ကျွန်တော်တို့က အခုအချိန် အမေရိကန်မှာ ဘယ်အချိန်လောက် ရှိနေပြီလဲ၊ စင်ကာပူမှာ ဘယ်အချိန်လောက် ရှိနေပြီလဲ ဆိုတာကို သိချင်တယ် ဆိုပါစို့။ ဒါဆိုရင် Google မှာ time US, time Singapore စသည်ဖြင့် ရိုက်ထည့်လိုက်တာနဲ့တင် Google က သူ့ရဲ့ Search ရဲ့ ထိပ်ဆုံးမှာ အဲဒီ နိုင်ငံတွေရဲ့ အချိန်ကို ဖော်ပြ ပေးပါလိမ့်မယ်။
Google ရဲ့ Search Features တွေကို https://www.google.com/intl/en/help/features.html မှာ သွားရောက် ကြည့်နိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ အဲဒီ Search Features တွေထဲက အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Google Calculator
ကျွန်တော်တို့ အနေနဲ့ Google ကို Calculator တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ Google ရဲ့ Search Box မှာ 2 + 3 လို့ ရိုက်ထည့် ကြည့်လိုက်ပါ။ Google က 2 + 3 = 5 ဆိုပြီး အဖြေ ပြန်ထုတ်ပေးပါလိမ့်မယ်။ ဒါကတော့ အလွယ်ကူဆုံး သင်္ချာ အဖြေတစ်ခုကို ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒီထက် ခက်ခဲတဲ့ ဂဏန်း၊ သင်္ချာ ရလဒ်များကိုလည်း Google က တိကျ မှန်ကန်စွာ အဖြေထုတ်ပေးနိုင်ပါသေးတယ်။
Google Currency Conversion
စင်ကာပူ ဒေါ်လာ ၁၀၀ မှာ အမေရိကန် ဒေါ်လာ ဘယ်လောက် ပေါက်ဈေးရှိသလဲ သိချင်ပါသလား ? အဲဒီ ပေါက်ဈေးကို ဘယ်ဝက်ဘ်ဆိုက်မှာ သွားကြည့်ရမှာလဲ ? ဒီအတွက် Google က သူ့ရဲ့ User တွေကို မပင်ပန်းရအောင်လို့ ကူညီပေးထားပါတယ်။ Google ရဲ့ Search Box မှာ 100 SGD in USD လို့သာ ရိုက်ထည့်လိုက်ပါ။ Google က စင်ကာပူ ဒေါ်လာ ၁၀၀ မှာ အမေရိကန် ဒေါ်လာရဲ့ ပေါက်ဈေးကို ဖော်ပြ ပေးပါလိမ့်မယ်။
ဒီနေရာမှာ ကျွန်တော်တို့ မြန်မာ ငွေကြေးကို MMK လို့ အတိုကောက် သုံးပါတယ်။ အရင် Burma အနေနဲ့ တုန်းက BUK လို့ သုံးပါတယ်။ (ကျွန်တော် စမ်းကြည့်တာတော့ Google ရဲ့ Search Result မှာ MMK ကို အခြား ငွေကြေးလို တိုက်ရိုက် ဖော်ပြပေးခြင်း မရှိပါဘူး။) ကျွန်တော့်အနေနဲ့ ကမ္ဘာ့နိုင်ငံများရဲ့ ငွေကြေး အတိုကောက် စာလုံးများကို ဒီ post ရဲ့ အောက်ဆုံးမှာ World Currencies ဆိုပြီး စုစည်း ဖော်ပြ ပေးလိုက်ပါတယ်။ asknumbers.com ကနေ ယူ၍ ဖော်ပြပေးခြင်း ဖြစ်ပါတယ်။
Google Unit Conversion
၁၅ လက်မမှာ cm အနေနဲ့ ဘယ်လောက် ရှိသလဲ ...? ၃ မိုင်မှာ centimeters ဘယ်လောက် ရှိသလဲ ...? ဒါတွေကို အလွယ်တကူ ရှာဖွေနိုင်ဖို့ အတွက်လည်း Google က သူ့ရဲ့ Search Features မှာ Unit Conversion ကို ထည့်သွင်း ပေးထားပါတယ်။
Google Dictionary Definitions
Google ကို Dictionary တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် Search Box မှာ Zoo လို့ ရိုက်ထည့်လိုက်ပါက Google က Zoo ရဲ့ Definition အချို့ကို ဖော်ပြ ပေးမှာဖြစ်ပြီး ပြည့်ပြည့်စုံစုံ သိချင်သူတွေအတွက်လည်း More Info ဆိုတဲ့ လင့်များကို ပေးထားပါသေးတယ်။
Google Sports Scores
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ယူ အသင်းရဲ့ နောက်ဆုံး ကန်ခဲ့တဲ့ ပွဲစဉ် ရလဒ်ကို သိချင်တယ် ဆိုရင်လည်း Google က ကူညီပေးနိုင်ပါသေးတယ်။ Man Utd လို့သာ ရိုက်ထည့်လိုက်ပါ။ Search Results တွေရဲ့ ထိပ်ဆုံးမှာ မန်ယူအသင်းရဲ့ နောက်ဆုံး ပွဲစဉ် ရလဒ်ကို ဖော်ပြ ပေးပါလိမ့်မယ်။ Google မှာ ကိုယ် သိချင်တဲ့ အသင်းနာမည်၊ တင်းနစ် အားကစား ဆိုရင်တော့ လူနာမည် ပေါ့ဗျာ၊ အဲဒီ နာမည်ကို ရိုက်ထည့် လိုက်တာနဲ့ နောက်ဆုံး ကစားသွားတဲ့ ပွဲစဉ် ရလဒ်ကို ဖော်ပြ ပေးပါလိမ့်မယ်။
Google Public Data
နိုင်ငံ တစ်နိုင်ငံရဲ့ လူဦးရေ၊ အလုပ်လက်မဲ့နှုန်း စတဲ့ အချက်တွေကို လွယ်လင့်တကူ သိနိုင်ဖို့အတွက်လည်း Google က လုပ်ဆောင် ပေးထားပါသေးတယ်။ ဥပမာအားဖြင့် အမေရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ရဲ့ လူဦးရေကို သိချင်တယ်ဆိုရင် Google Search Bar မှာ population FL လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် ဖလော်ရီဒါ ပြည်နယ်ရဲ့ လူဦးရေဟာ ဘယ်နေ့၊ ဘယ်ရက်အထိ ဘယ်လောက် ရှိတယ်ဆိုတာကို Google က ပြပေးပါလိမ့်မယ်။
Google Sunrise & Sunset
နိုင်ငံတစ်နိုင်ငံ၊ မြို့တစ်မြို့ရဲ့ နေထွက်ချိန်၊ နေဝင်ချိန်တွေကို ကိုလည်း Google မှာ ကြည့်လို့ ရနိုင်ပါတယ်။ ဥပမာ ရန်ကုန်မြို့ရဲ့ နေထွက်ချိန်ဟာ ဘယ်အချိန်လဲ ဆိုတာကို Google မှာ ရှာကြည့်ချင်ရင် sunrise Yangon လို့ ရိုက်ထည့်ပြီး ရှာရုံပါပဲ။ Google search ရဲ့ ထိပ်ဆုံးမှာ ရန်ကုန်မြို့ရဲ့ နေထွက်မယ့် အချိန်ကို ပြပေးမယ့် အပြင် နေထွက်ဖို့ နောက်ထပ် နာရီ ဘယ်လောက် လိုသေးတယ် ဆိုတာကိုပါ ပြပေးပါလိမ့်မယ်။ နေဝင်ချိန်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ sunrise နေရာမှာ sunset ဆိုတာကို ပြောင်းလိုက်ရုံပါပဲ။
Google Weather
ဒီနေ့ နေသာမလား? မိုးအုံ့မလား ? မိုးရွာမလား ? ဒီလို မိုးလေဝသ အခြေအနေတွေကိုလည်း Google မှာ ရှာလို့ ရနိုင်ပါတယ်။ Weather Yangon, Myanmar လို့ Google Search Bar မှာ ရိုက်ထည့်လိုက်ပါက Google က search results ရဲ့ ထပ်ဆုံးမှာ Yangon မြို့ရဲ့ ရာသီဥတု အခြေအနေကို ဖော်ပြပေးပါလိမ့်မယ်။
World Currencies
Afghanistan Afghanis - AFN
Albania Leke - ALL
Algeria Dinars - DZD
America (United States) Dollars - USD
Argentina Pesos - ARS
Australia Dollars - AUD
Austria Schillings - ATS*
Bahamas Dollars - BSD
Bahrain Dinars - BHD
Bangladesh Taka - BDT
Barbados Dollars - BBD
Belgium Francs - BEF*
Bermuda Dollars - BMD
Brazil Reais - BRL
Bulgaria Leva - BGN
Canada Dollars - CAD
CFA BCEAO Francs - XOF
Chile Pesos - CLP
China Yuan Renminbi - CNY
Colombia Pesos - COP
CFP Francs - XPF
Costa Rica Colones - CRC
Croatia Kuna - HRK
Cyprus Pounds - CYP*
Czech Republic Koruny - CZK
Denmark Kroner - DKK
Deutsche (Germany) Marks - DEM*
Dominican Republic Pesos - DOP
Dutch (Netherlands) Guilders - NLG*
Eastern Caribbean Dollars - XCD
Egypt Pounds - EGP
Estonia Krooni - EEK
Euro - EUR
Fiji Dollars - FJD
Finland Markkaa - FIM*
France Francs - FRF*
Germany Deutsche Marks - DEM*
Greece Drachmae - GRD*
Hong Kong Dollars - HKD
Hungary Forint - HUF
Iceland Kronur - ISK
India Rupees - INR
Indonesia Rupiahs - IDR
Iran Rials - IRR
Iraq Dinars - IQD
Ireland Pounds - IEP*
Israel New Shekels - ILS
Italy Lire - ITL*
Jamaica Dollars - JMD
Japan Yen - JPY
Jordan Dinars - JOD
Kenya Shillings - KES
Korea (South) Won - KRW
Kuwait Dinars - KWD
Lebanon Pounds - LBP
Luxembourg Francs - LUF*
Malaysia Ringgits - MYR
Malta Liri - MTL*
Mauritius Rupees - MUR
Mexico Pesos - MXN
Morocco Dirhams - MAD
New Zealand Dollars - NZD
Norway Kroner - NOK
Oman Rials - OMR
Pakistan Rupees - PKR
Peru Nuevos Soles - PEN
Philippines Pesos - PHP
Poland Zlotych - PLN
Portugal Escudos - PTE*
Qatar Riyals - QAR
Romania New Lei - RON
Romania Lei - ROL*
Russia Rubles - RUB
Saudi Arabia Riyals - SAR
Singapore Dollars - SGD
Slovakia Koruny - SKK
Slovenia Tolars - SIT*
South Africa Rand - ZAR
South Korea Won - KRW
Spain Pesetas - ESP*
Sri Lanka Rupees - LKR
Sudan Pounds - SDG
Sweden Kronor - SEK
Switzerland Francs - CHF
Taiwan New Dollars - TWD
Thailand Baht - THB
Trinidad and Tobago Dollars - TTD
Tunisia Dinars - TND
Turkey New Lira - TRY
United Arab Emirates Dirhams - AED
United Kingdom Pounds - GBP
United States Dollars - USD
Venezuela Bolivares Fuertes - VEF
Vietnam Dong - VND
Zambia Kwacha - ZMK
* Absolute and replaced with EURO
Post by Anzartone
(http://anzartone.22web.net)
 Source: http://www.myanmaritpro.com/profiles/blogs/google-search-features
သင့်ရဲ့ Gmail ကိုအလုံခြုံဆုံးဖြစ်ချင်လား
2 step verification
2 step verification ဆိုတာက Gmail ရဲ့ security option အသစ်တစ်ခုဖြစ်ပါတယ်။
option ဆိုတဲ့အတွက် ဒါကိုသုံးမယ်မသုံးဘူးဆိုတာကတော့ သင့်ရဲ့ရွေးချယ်မှု့ပဲဖြစ်ပါတယ်။
ဒါပေမယ့်တော်တော်လေးကို secure ဖြစ်ပါတယ်။
လွယ်လွယ်ကူကူနားလည်အောင်ဥပမာပေးရရင် အခုကျွန်တော်တို့ Gmail ကို sign in
လုပ်နေတာက one way method နဲ့ပါ။
ကျွန်တော်ကကျွန်တော်ပဲသိတဲ့ စကားစုတစ်ခုကိုပေးတယ် Gmail က approve လုပ်ပေးတယ်
ဘာလို့လဲဆိုတော့ Gmail ကလဲကျွန်တော့်ရဲ့စကားဝှက် ကိုသိနေလို့ပဲ
အဲ့တော့ကျွန်တော်ကပဲ Gmail ကိုစကားဝှက်ပေးတာ Gmail ကသူ့ဆီမှာရှိတာနဲ့တူမတူစစ်ကြည့်ပြီးလက်ခံပေးတာ။အဲ့တော့ကျွန်တော်ကပဲပေးတဲ့အတွက် one way method ပဲ။
အခု 2 step verification က two way method. ဘာလို့ ဒီလို method ရှိသင့်တာလဲ။ လွယ်လွယ်ကူကူရှင်းပြပါမယ်။
>ဘဏ်မှာငွေထုတ်တာနဲ့တူတယ်ဗျ။ ဘဏ်ကိုကိုယ်တိုင်သွားတယ်
မှတ်ပုံတင်ပြပြီးကိုယ်တိုင်ငွေထုတ်တယ်။
>ဘဏ်ကိုကိုယ်တိုင်သွားတယ် ဘဏ်က agent ဆိုတဲ့သူနဲ့တွေ့တယ်
အဲ့လူကသူငွေထုတ်ပေးပါမယ်ဆိုပြီးပြောလို့
မိမိမှတ်ပုံတင်ပေးလိုက်တယ် အဲ့လူ လိမ်သွာတယ် မိမိပိုက်ဆံပါသွားတယ်။
one way method မှာ အခုလို ဘဏ်အေးဂျင့်အယောင်ဆောင်
Gmail log in page အတုတွေပေါ်လာပြီး password တွေ
hack ခံရတယ်။ ဒါမှမဟုတ် keylogger တို့လို software တွေကြောင့်လဲပါတာပေါ့။ နည်းလမ်းပေါင်းစုံနဲ့ပါ။
အခု 2 step verification မှာ သင်ကသင့်ရဲ့ စကားဝှက်ကိုပေးလိုက်တယ်
Gmail က approve လုပ်တယ်။ နောက် Gmail က internet လိုင်းမဟုတ်တဲ့
တခြားလိုင်းကနေ hacker တွေမသိအောင် (တစ်ခါသုံး)code တစ်ခုပြန်ပေးတယ်။ အဲ့ code ကိုမှန်အောင်
ပြန်ထဲ့နိုင်ရင် သင့်ရဲ့ account ကိုဖွင့်ပေးလိုက်တယ်။
ဘယ်လိုမျိုး 2 step verification ကို activate လုပ်မှာလဲ။ အောက်မှာပုံလေးတွေနဲ့ပြထားပါတယ်။
ပုံမှာပြထားတဲ့အဆင့်အတိုင်းသွားပြီး သင့်ရဲ့ ဖုန်းနံပတ်ထဲ့ပြီး Send code ကို click လိုက်ပါ။
gmail ကသင့်ဖုန်းထဲကို verification code ပါတဲ့ message တစ်စောင်ပို့ပါလိမ့်မယ်
အဲ့ထဲကကုဒ်နဲ့ verify လုပ်လိုက်လို့အဆင်ပြေတယ်ဆိုရင်
save လိုက်ပါ။ ဒါဆို 2 step verification activate ဖြစ်သွားပါပြီ။
printable back up code ဆိုတာက သင့်ရဲ့ဖုန်းပျောက်သွားတဲ့အချိန် တနည်းအားဖြင့်
သင့်ရဲ့ gmail verification code ကိုလက်မခံနိုင်တော့တဲ့အချိန် မှာ
အပေါ်က back up code တွေနဲ့ sign in ဝင်လို့ရပါတယ်။ ကုဒ်တစ်ခုကို တစ်ခါ sign in ဝင်လို့ရမှာပါ။
ဒီ back up code တွေကို print ထုတ်ပြီးစိတ်ချရတဲ့ကိုယ်နဲ့မကွာရှိမယ့်
တစ်နေရာရာမှာသိမ်းထားပေါ့၊ ပိုက်ဆံအိတ်လိုမျိုးထဲမှာပေါ့။
အဲ့ဒါရော ဖုန်းရော ပျောက်သွားပါပြီတဲ့။ other way to get a verification code ဆိုတဲ့ option ကို
click ပြီး recovery ပြန်လုပ်လို့ရပါတယ်။ အသေးစိတ်ကိုတော့အောက်ကလင့်ထဲမှာသွားကြည့်နိုင်ပါတယ်
http://support.google.com/accounts/bin/static.py?hl=en&topic=10…
တစ်ခြား third party application တွေအတွက်လဲ gmail က application-specific password ဆိုတဲ့နည်းနဲ့
secure ဖြစ်အောင်လုပ်ထားပါသေးတယ်။ ဒါပေမယ့် ဒါကတော့နောက်နေ့မှပေါ့ အချိန်မရတော့လို့ပါ :)
အခု 2 step verification ကဘယ်လိုအသုံးဝင်ပြီး secure ဖြစ်လဲ။ စဉ်းစားကြည့်ရအောင်
သင့် gmail ကို login ဝင်လိုက်တဲ့အချိန် သင့်ရဲ့ gmail password ကို တစ်ယောက်ယောက်က
hack လိုက်ပြီဆိုပါတော့ gmail က သင့် password ရရုံနဲ့သင့် account ကိုဖွင့်ပေးမှာမဟုတ်ပါဘူး။
နောက်ပြီး gmail verification ကုဒ်က hacker ရှိနိုင်မယ့်internet line ကနေလာတာမဟုတ်ပါဘူး။ သင့်ရဲ့မျက်စိနဲ့တကိုယ်ရေသုံးပဲမြင်နိုင်မယ့် သင့်ရဲ့ လက်ကိုင်ဖုန်းထဲကို
message ပို့ပေးတာဖြစ်တဲ့အတွက် hacker ဘယ်လိုမှမသိနိုင်ပါဘူး။
အဲ့ဒီမှာ Hacker ဆိုတာက kyelogger နဲ့ gmail login page အတုတို့ကိုဆိုလိုတာပါ
gmail က login page ကနေအစသုံးနေတုန်းရယ် နောက်ပြီး log out လိုက်တဲ့အထိ
secure ဖြစ်တဲ့ https:// နည်းပညာကိုသုံးထားတဲ့အတွက် secure ဖြစ်ပါတယ်။
သင့်ကို keylogger နဲ့ hack ရင် hack တဲ့သူက သင့်ရဲ့ password ကိုသိသွားမယ်ဆိုပေမဲ့
သူဘယ်လိုမှ verify လုပ်လို့ရမှာမဟုတ်ပါဘူး။ gmail login page အတုလုပ်ထားရင်လဲအတူတူပါပဲ
password မှန်ပါစေအုံးသင့်ရဲ့ account ကိုသူလုံးဝ access လုပ်လို့ရမှာမဟုတ်တဲ့အပြင်
သင် login ဝင်ဖို့လဲ မကြိုးစားပဲနဲ့သင့်ဖုန်းထဲကို verification code တွေဝင်လာရင် သေချာပါပြီ။
သင့် account hack ခံထားရပါပြီ။
Nokia ဖုန်းကို Original ဟုတ်လားမဟုတ်လား စစ်ဆေးနည်း
IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။
ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။15 လုံးရှိပါတယ်….
Phone serial no. x x x x x x ? ? x x x x x x x
အဲဒီနံပါတ်ထဲက ၇ လုံးမြောက်နဲ့ ၈ လုံးမြောက် နံပါတ်တွေကို ကြည့်ရမှာပါ။
1…..အဲဒီနံပါတ်နှစ်လုံးဟာ 02 သို့မဟုတ် 20 ဆိုရင် သင့်ဖုန်းဟာ Emirates ကထုတ်တာဖြစ်ပြီး အရမ်းကိုညံ့ပါတယ်။
2…..အဲဒီနံပါတ်နှစ်လုံးဟာ 08 သို့မဟုတ် 80 ဆိုရင် သင့်ဖုန်းဟာ ဂျာမနီ ကထုတ်တာဖြစ်ပြီး သုံးဖို့ သင့်တော်ပါတယ်။
3…..01 သို့မဟုတ် 10 ဆိုရင် သင့်ဖုန်းဟာ ဖင်လန်နိုင်ငံ ကထုတ်တာဖြစ်ပြီး အရမ်းကောင်းပါတယ်။
4…..00 ဖြစ်ခဲ့ရင် သင့်ဖုန်းဟာ Original စက်ရုံကထုတ်တာဖြစ်ပြီး အကောင်းဆုံး Quality ရှိပါတယ်။
5…..13 ဆိုရင်တော့ အဇာဘိုင်ချန်ကထုတ်တာဖြစ်ပြီး အရမ်းညံ့တဲ့အပြင် ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။
သုံးဖို့မသင့်တော်ပါဘူး။
No comments:
Post a Comment