ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Sunday, November 29, 2015

iOS 9 မှ iOS 8 .4 ကို ဆင်းလိုတဲ့သူတွေအတွက်အကောင်းဆုံးနည်းလမ်း

2:32 AM
iOS 9 ဟာ Beta Version ပဲရှိ​သေးတာမို့ အဆင်မ​ပြေမှုများရှိရင် iOS 8.4 သို့ပြန်လည် Downgrade ပြုလုပ်ပုံ Turorial ကိုတင်ပြ​ပေးလိုက်ပါတယ်...  iOS 9 Public Beta 1 ကိုမကြာ​သေးခင်ကမှ Apple က Safari မှတဆင့် Profile သွင်းကာ Upgrade လုပ်ပြီးအစမ်းသုံးနိုင်​အောင်ပြုလုပ်​ပေးထားပါတယ်..အဆိုပါ Pubilc Beta 1 မှာ​တော့ အဆင်​ပြေသ​လောက်ရှိ​ပေမယ့် တခါတရံ App ​တွေဖွင့်တဲ့အခါမှာ ချက်ချင်းမပွင့်ချင်း၊ Siri မှခိုင်း​စေမှုများကို အဆင်​ပြေ​ပြေမတုန့်ပြန်နိုင်ခြင်းနဲ့အခြား Bugs အနည်းငယ်တို့ရှိပါတယ်... ဒါ​ပေမယ့်လဲ iOS 9 Developer Beta 3 မှာ​တော့ ​အဆိုပါ Bugs  ​တွေဟာ ​တော်​တော်အဆင်​ပြေ​နေပြီဖြစ်ပါတယ်.....

Public Beta နဲ့ Developer Beta ဟာ အများကြီးသိပ်​တော့မကွာခြား​ပေမယ့် Bugs ​တွေရှိတဲ့အခါမျိုးမှာ Apple မှ Fix လုပ်ပြီး Developer Beta ​နောက်တခုထပ်ထုတ်​ပေး​ပါတယ်.... အားလုံးအဆင်​ပြေပြီဆိုမှ..​နောက်ဆုံးမှာ Official iOS Version မ​ကြေညာမီ Gold Master Beta (GM) ​ဆိုပြီးထုတ်​ပေးပါတယ်.....

ယခု iOS 8.4 ဟာဆိုရင်လည်းပဲ Jailbreak ပြုလုပ်လို့​ရ​နေပြီဖြစ်တဲ့အတွက် iOS 9 မြှင့်ထားသူများ iOS 8.4 ကို Jailbreak လုပ်ချင်တယ်ဆိုရင် iOS 9 မှ iOS 8.4 ကို Downgrade လုပ်ပြီးမှသာ Jailbreak လုပ်နိုင်မှာဖြစ်တဲ့အတွက်​ကြောင့် iOS 9 Developer Beta 3 တင်ထားတဲ့ iOS Device မှ​နေ iOS 8.4 သို့ပြန်လည် Downgrade ပြုလုပ်ပုံကို Tutorial အဖြစ်​ရေးသား​​ပေးလိုက်ပါတယ်...

How to Downgrade iOS 9 to iOS 8.4

~ သင့်ရဲ့ iOS 9 တင်ထားတဲ့ device ကို iOS 8.4 ပြန်လည်ဆင်းဖို့အတွက် Reovery Mode ၀င်ဖို့​တော့လိုပါတယ်...
(Recovery Mode ၀င်ပုံဝင်နည်းကို​တော့ ဤ​နေရာ တွင်ဖတ်ရှုနိုင်ပါတယ်)

၁. ​ ​အောက်တွင်ပြထား​သည့်ပုံမှအတိုင်း Restore ကိုနှိပ်ပါ..



၂. ပြီးလျှင် Restore and Update နှိပ်ပါ..



၃. iOS 8.4 Software Updater Box ကျလာလျှင် Next ကို​ရွေးပြီး Terms and Conditions Box ထပ်ကျလာလျှင် Agree ကို​ရွေးပါ...

၎. ယခုဆိုရင်​တော့ သင့် Device နဲ့ကိုက်ညီတဲ့ iOS 8.4 IPSW ကို Download ချ​နေပြီပဲဖြစ်ပါတယ်.... သင့်ရဲ့Internet Connection ​ပေါ်မူတည်ပြီး ကြာမြင့်ချိန်လဲ မတူညီပါ...  ပြီးရင်​တော့ အားလုံး iTunes မှပြုလုပ်​ပေး​နေမှာဖြစ်ပါတယ်...

၅. Reboot ကျပြီးပြန်တက်လာရင်​တော့ New iPhone ​အ​နေနဲ့ပြန်တက်လာတာဖြစ်တဲ့အတွက် သင် iOS 9 မတင်ခင် Backup လုပ်ခဲ့​သော Backup ကိုပြန်ယူချင်တယ်ဆိုရင်​တော့ iTunes မှ Restore from this Backup ကိုနှိပ်​ပေးပါ.. (iOS 9 မှ Backup ​တော့ပြန်သုံးရမှာမဟုတ်ပါဘူး)

ယခုဆိုရင်​တော့ သင်ဟာ iOS 8.4 ကို​ပြန်လည် Downgrade ပြုလုပ်ပြီးပြီပဲဖြစ်ပါတယ်....


အကယ်၍..... သင့်ဆီမှာ iOS 8.4 IPSW Download ပြုလုပ်ပြီးသားရှိတယ်ဆိုရင်​တော့

၁. ​ Recovery Mode ၀င်ပြီးလျှင် ​အောက်တွင်ပြထား​သောပုံမှ Restore iPhone ကို Alt/Option Key နှင့်တွဲနှိပ်ပါ...  (Windows PC များ​ပေါ်တွင်​တော့ Shift + Restore iPhone)


၂. ထို့​နောက် သင့်ရှိပြီးသား IPSW ကို​ရွေး​ပေးလိုက်ပါ... IPSW နှင့် သင့် Device Model တို့ကိုက်ညီရန်​တော့အ​ရေးကြီးပါတယ်


၃. ​IPSW ​ရွေး​ပေးပြီးလျှင်​တော့ ပုံတွင်ပြထားသည့်အတိုင်း Open ကိုနှိပ်ပါ



၎. iTunes မှ အားလုံးကိုပြုလုပ်​ပေး​နေမှာဖြစ်ပြီး ..   Reboot ကျပြီး ပြန်တက်လာသည့်အချိန်၌ အထက်တွင်​ဖော်ပြခဲ့သည့်အတိုင်း သင့် iOS Device ဟာ Clean install လုပ်ထားတာမို့ ယခင် Data အ​ဟောင်းများပြန်လိုချင်တယ်ဆိုရင်​တော့  iTunes မှ Restore from this Back ကို​ရွေး​ပေးပါ . . .
သင်ဟာ သင့် Data အ​ဟောင်း​များကိုပြန်မသုံးပဲ New iPhone အဖြစ်သာသုံး​တော့မည်ဆိုလျှင်​တော့ New iPhone Set up ပြုလုပ်ပုံအဆင့်ဆင့်ကို ဤ​နေရာ တွင်ဖတ်ရှုနိုင်ပါတယ်
အဆင်​ပြေကြပါ​စေ . . .
THINK DIFFERENT 
HtetWai (iOSKnowledgeBank.MM)


အဆင်ပြေပါစေ

No comments:

Post a Comment