ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Sunday, November 29, 2015

iPhone တွေမှာ iTues ကိုအသုံးမပြုပဲ Ringtone များကိုအလွယ်ဖန်တီးနည်း

7:37 PM
ကျနော် iOS အကြောင်းစတင်လေ့လာခါစတုန်းက ဘော်ဒါတစ်ယောက်ရဲ့အမေးကို
ခံဖူးပါတယ် မင်း iPhone မှာ Ringtone ပြုလုပ်တတ်လားဆိုပဲ

အဲဒီတုန်းကဘာမှတော့မသိသေးတော့ မသိဖူးလို့ပြောလိုက်တယ် ဒါပေမယ့် အဲဒီတုန်းကတော့
iTools 3 ကိုအသုံးပြုတတ်နေပါပြီ iTools 3 ကိုအသုံးပြုပြီး Ringtone တွေထဲလုပ်တတ်နေပါပြီ။



ဒါပေမယ့် iOS apps တွေကိုအသုံးပြုနည်းကိုတော့ တကယ်မသိသေးတာဖြစ်လို့
မလုပ်တတ်ပါဘူးလို့ ၀ံခန်လိုက်ပါတယ်။

စနစ်တစ်ခုဆိုတာ ခေတ်ရေစီးကြောင်းအတိုင်း အမြဲပြောင်းလဲနိုင်ပါတယ်
အရင်တုန်းက Ringtone ပြုလုပ်နိုင်တဲ့ Apps တွေမရှိသေးပေမယ် ဒီနေ့မှာတော့
ဖုန်းမှာတင် Free ရယူပြီး မိမိစိတ်ကြိုက်သီချင်းများကို အလွယ်တကူ
Ringtone ပြုလုပ်ယူနိုင်ပြီဖြစ်ပါတယ်။
အရင်တုန်းကတော့ iPhone တွေအတွက် Ringtone တစ်ခုကိုပြု 
လုပ်ချင်တယ်ဆိုရင်တော့ iTunes ကိုအသုံးပြုပါမှ အဆင်ပြေပါတယ်။
ဒီနေ့အရောက်မှာတော့ iTunes ကိုအသုံးပြုပြီးမှာ Ringtone ပြုလုပ်ရခြင်းကို 
Revolution ကောင်းကောင်းပြုလုပ်နိုင်ပါပြီ။
Ringtone ပြုလုပ်နည်း
===============
၁။ သင့်ဖုန်းမှာ မိမိ Ringtone ပြုလုပ်လိုတဲ့ Song တွေတော့အသင့်ရှိနေရပါမည်။

၂။ Ringtone ပြုလုပ်နိုင်တဲ့ GarageBand ဆော့ဝဲကို App Store မှာဒေါင်းလော့ရယူပါ။

Click Here to download GarageBand app
၃။ GarageBand App ကိုဖွင့်လိုက်ပါ၊ အောက်ပါပုံအတိုင်း မြှားပြထားတဲ့နေရာကိုတစ်ချက်နှိပ်ပါ။။

၎။ အောက်ပါပုံအတိုင်းမြင်နေရတဲ့အခါ Songs ထဲ မိမိဖုန်းအတွက်
Ringtone ပြုလုပ်လိုတဲ့ သီချင်းကို ရွေးပေးလိုက်ပါ။
၅။ အောက်ပါပုံအတိုင်း သီချင်း၏ အရှည်အတိုကို လိုသလောက်ကို ဆွဲယူနိုင်ပါတယ်။
မိမိအတွက် လိုချင်တဲ့ point တစ်ခုကိုသတ်မှတ်ထားပေးလိုက်ပါ။

၆။ Ringtone creation တစ်ခုကိုစိတ်ကြိုက်ဖန်တီးယူပြီးတဲ့နောက်
အောက်ပါပုံအတိုင်း My Songs ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။

သူ့အလိုလို Save ပြုလုပ်သွားပါလိမ့်မယ်၊ နောက်မှ Rename ပြုလုပ်နိုင်ပါတယ်။

၇။ အောက်ပါပုံအတိုင်းတက်လာတဲ့အခါ Share icon ကိုနှိပ်ပြီး 
Ringtone နေရာကိုဆက်နှိပ်ပါ။ ပြီးရင် Export ဆိုတာကိုနှိပ်လိုက်ပါ။


၈။ Export ပြုလုပ်ပြီးတဲ့အခါ အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မယ်။
Use sound as ဆိုတာကိုရွေးလိုက်ပါ။
မိမိဖုန်းအတွက် ထားလိုတဲ့နေရာကိုရွေးချယ်ပေးလိုက်ပါ။


၉။ Settings > Sounds > Ringtone ဆိုပြီးတစ်ဆင့်ချင်းသွား၍
မိမိပြုလုပ်ထားတဲ့ Ringtone ကိုရွေးချယ်ပေးလိုက်ပါ။

App တစ်ခုအသုံးပြုပြီး Ringtone တစ်ခုကိုအလွယ်တကူ
ဖန်တီးခြင်းကိစ္စအောင်မြင်စွာဖြင့်ပြီးဆုံးပါပြီ။

အားလုံးကိုကျေးဇူးတင်ပါတယ်

No comments:

Post a Comment