ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Sunday, November 29, 2015

“The last backup could not be completed” iCloud Error ပြသနာကိုဖြေရှင်းနည်း

6:32 PM

iOS ဆိုတာနဲ့ iCloud ဆိုတာရင်းနှီးပြီးသားဖြစ်ကြမှာပါ iDevices တစ်ခုလုံးရဲ့
Admin ဖြစ်လေမလားပဲ သူမပါရင်မပြီး System စနစ်အားလုံးကို
သူကထိမ်းချုပ်ပေးထားတာဖြစ်ပါတယ်။

iOS ရဲ့ ဗားရှင်းအသစ်အသစ်များအရ iPhone/iPad တွေထဲမှာတင်
Backup တစ်ခုကို iCloud ထဲမှာ အလွယ်တကူ ပြုလုပ်ရယူနိုင်ပြီဖြစ်တဲ့အတွက် အသုံးများပြားလာတာကိုလည်းသတိထားမိကြမှာပါ။

ဒီတော့ခါ အစိုးမရတဲ့မိမိကလစ်မှုကြောင့် ဖျက်စီးသွားခဲ့ရင်
Backup အသင့်လုပ်ထားပြီးသားလေးနဲ့ ဘယ်အချိန်မဆို
Restore ပြလုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။


မိမိက iPhone/iPad ကိုလည်းအသုံးပြုနေတယ်၊ Apple ID လည်းရှိနေတယ်ဆိုရင်တော့
iCloud ထဲမှာ Sing in ပြုလုပ်ထားပြီး မိမိဖုန်းရဲ့ Data အားလုံးကို ဖုန်းမှာတင်
 Fulll Backup ပြလုပ်ထားဖို့လိုအပ်ပါတယ်။
လုပ်တာတော့ဟုတ်ပါပြီ အခုနောက်ပိုင်းပြသနာတက်လာတာတစ်ခုကတော့
Backup လုပ်ရတာအဆင်မပြေပဲ “last backup could not be completed” error, ဆိုပြီး 
ပြသနာတက်လာပါတော့တယ် ဘာဆက်လုပ်ရမှန်းမသိ အဖြေရှာရခက်နေတယ်ဆိုရင်တော့
ယခုပိုစ့်လေးက သင့်အခက်အခဲအားလုံးကို ကူညီပေးနိုင်ပေးပါလိမ့်မယ်။
iCloud Error ပြသနာကိုဖြေရှင်းနည်း
======================
၁။ သင့် iOS Device ကို Reboot ပြုလုပ်ပါ သင်သတိထားမိမှာပါ 
iOS Device အများစုဟာ အသုံးပြုရင်း စက်လေးလန်လာတာတို့
Restart အလိုလိုနေရင်းကျသွားတာတို့ အလုပ်လုပ်နေရင်းကနေ 
သူ့အလိုလိုရပ်သွားတာတို့ ဆိုရင်တော့ သင့်ဖုန်းအတွက် Reboot ချပေးသင့်နေပါပြီ။
ဒါပေမယ့် ပြသနာအကြီးအကျယ်တက်ပြီးမှ Reboot ချလိုက်ရင် 
အဲဒီ Mode ဟာ Normal Reboot မဖြစ်နိုင်တော့ပါ ပြသနာကိုဖြေရှင်းဖို့ရန်အတွက်
 Normal Mode ကိုကျော်ဖြတ်ယူရတော့မှာဖြစ်ပါတယ်။
ဒီတော့ Power + Home Key များကို အကြာကြီး တွဲနှိပ်ထားပါ
 Slide to power off ဆိုပြီး ပေါ်လာပါလိမ့်မယ်
ဆက်နှိပ်ထားပါ၊ အနည်းဆုံး ၈ စက္ကန့်လောက်နှိပ်ထားပါ
ဖုန်းကသူ့အလိုလို Reboot ကျသွားပါလိမ့်မယ် ပန်းသီး 
Logo လေးတက်လာတဲ့အခါ နှိပ်ထားတဲ့ ကီးများကိုလွှတ်လိုက်ပါ။
ပါဝါပွင့်ပြီးတက်လာတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်။
တကယ်လို့အဆင်မပြေသေးရင်တော့ အောက်မှာ ဆက်ဖတ်ပေးပါ။
iCloud ကို Log Out ပြုလုပ်ပါ
================
တစ်ခြားပြသနာဖြေရှင်းနည်းကတော့ သင့် iCloud အကောကို Log Out ပေးပေးခြင်းဖြစ်ပါတယ်။
Sttings > iCloud > Sing Out ဆိုပြီးတစ်ဆင့်ချင်းနှိပ်ပေးလိုက်ပြီး ထွက်ပေးလိုက်ပါ။
Netwrok Settings ကို Reset ပြုလုပ်ပေးပါ
========================
အထက်ဖော်ပြပါဖြေရှင်းနည်းများဖြင့်အဆင်မပြေသေးရင်တော့
သင့်ဖုန်းရဲ့ Netwrok Settings ကို Reset ချပေးရမှာပဲဖြစ်ပါတယ်။
Settings > General > Reset > Reset Network Settings ဆိုပြီး
တစ်ဆင့်ချင်းနှိပ်ပေးလိုက်ပါ။  
Network Settings ကို Reset ချနေတုန်း ခနစောင့်နေလိုက်ပါ
အားလုံးပြီးသွားရင်တော့ သင့်ဖုန်းမှာ Reboot တစ်ကြိမ်ကျပြီးပြန်တက်လာတဲ့အခါ
Netwrok Passwrod တွေကိုပြန်အသစ်ထည့်ပေးလိုက်ရုံပါပဲ။
Backups အဟောင်းကို ဖျက်ပစ်ပါ
==================

တစ်ခြားဖြေရှင်းနည်းကတော့ အရင် Backups အဟောင်းများကို
Delete လုပ်ပေးခြင်းဖြစ်ပါတယ်။

Settings -> iCloud -> Storage -> Manage Storage ဆိုပြီးတစ်ဆင့်ချင်း
နှိပ်သွားလိုက်ပြီး Backups အဟောင်းကို ဖျက်ပစ်လိုက်ပါ။

ဗားရှင်းအသစ်ကို Update ပြုလုပ်ပါ
====================

နောက်ဆုံးဖြေရှင်းနည်းတစ်ခုကတော့ သင့်ဖုန်းအတွက် နောက်ဆုံးထွက်
ဗားရှင်းကို Update ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

အထက်ပါဖြေရှင်းနည်းတွေတော့ 75% လောက်အဆင်ပြေတာများပါတယ်
တကယ်လို့ပြသနာတက်နေတုန်းဆိုရင်တော့ သင့်ဖုန်းမှာ နောက်ဆုံးထွက် ဗားရှင်းကို
Update ပြုလုပ်ပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

Settings -> General -> Software Update ဆိုပြီး တစ်ဆင့်ချင်းနှိပ်ကာ
သင့်ဖုန်းအတွက် Official မှ Rooling out ဖြင့်ချပေးထားတဲ့ နောက်ဆုံးဗားရှင်းကို
Update ပြုလုပ်ပေးလိုက်ပါ။

Internet Connection အပေါ်မူတည်ပြီး အနှေးအမြန်ဖြစ်နေပါလိမ့်မယ်။
Upgrading process တစ်ခုအောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါတော့
“last backup could not be completed” error ဆိုတဲ့ပြသနာ ဖြေရှင်းသွားပါလိမ့်မယ်။


အားလုံးကိုကျေးဇူးတင်ပါတ

No comments:

Post a Comment