ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Sunday, November 29, 2015

iPhone မှာ YouTube App အလုပ်မလုပ်ရင် ဖြေရှင်းနည်း

7:56 PM
ဒီနေ့ iPhone အတွက် Tip & Trick လေးတစ်ခုကိုမျှဝေပေးလိုက်ပါတယ်
အချို့သော iPhone တွေမှာ Youtube app လေးအဆင်မပြေတော့တာကိုကြုံတွေ့လာရပါတယ်။

ဗားရှင်းအဟောင်းကနေ အသစ်သို့ Upgrade ပြုလုပ်ပြီး အသုံးပြုကြတာများတော့
Apps တွေက အသုံးပြုရတာအဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်။

အင်္ဂလိပ်စာလေ့လာဖြစ်တဲ့သူတွေဆို Oxford Dictionary ကောင်းကောင်းလေးကို
ဝယ်ယူအသုံးပြုနေရင်း iOS Verisons ကြီးက ခနခန Update ပြုလုပ်ခိုင်းနေတော့
မနေနိုင် လိုင်းလည်းကောင်းနေတုန်း Upgrade ပြုလုပ်မိတယ်။


ဗားရှင်းအသစ်လည်းတက်လာရော့ ၀ယ်ယူအသုံးပြုထားတဲ့ အချို့သော Apps တွေ
နဲ့ Dictionary လေးဘယ်လိုမှအသုံးပြုလို့မရတော့ How to Fix လည်းသိပ်နားမလည်တော့
ဝယ်ယူထားတဲ့တန်ကြေးလည်း ပြန်တွေးကြည့် နမြောတသ ဖြစ်နေကြရတာတွေ အသင့်အတင့်ရှိလာပါပြီ။

ဒီလိုပါပဲ တကယ်လို့သင့်ဖုန်းမှာ Youtube App လေးအလုပ်မလုပ်တော့ဖူး
ပြသနာတစ်စုံတစ်ရာတက်နေခဲ့ရင်တော့ ဒီဖြေရှင်းနည်းလေးက သင့်ကို
တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပေးပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပြသနာအတွက်ဖြေရှင်းနည်းကို (၅) မျိုးအထိမျှဝေထားပါတယ်
အောက်မှာလေ့လာကြည့်နိုင်ပါတယ်။

How to Fix YouTube App
==================
၁။ ဗားရှင်းအသစ် YouTube App ကို Apple Store မှာဒေါင်းလော့ရယူပါ။
ဘာကြောင့်လဲဆိုတော့ System Version က နောက်ဆုံးထွက်အထိမြှင့်ပြီးလို့ 
သင့် Youtube app က ဗားရှင်းအဟောင်းဖြစ်နေခဲ့ရင်လည်း 
အဆင်မပြေတာမျိုးဖြစ်နေတတ်လို့ပါ။
၂။ Safari Browser ဖြင့် Download ရယူပါ
တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် App ကိုဒေါင်းလော့ရယူတာ
အဆင်မပြေဖြစ်နေခဲ့ရင်တော့ အဖြစ်နိုင်ဆုံး iPhone မှာပါဝင်တဲ့သူ့ 
Safari Browser ကနေရယူနိုင်ပါတယ်။
ဒီနေရာပြောလိုတာက အခြားသော Browser တွေကနေ ဒေါင်းလော့ရယူရင်
တစ်ခါတစ်ရံ Netwrok အခြေအနေကြောင့် Block ပြုလုပ်ထားတတ်လို့ပါ။
Viber app ဆိုရင် 7.1.2 ဗားရှင်းကနေ ယခုနောက်ဆုံးထွက်ဗားရှင်း 9.1 အထိ
Apple Store မှတိုက်ရိုက်ရှာဖွေပြီး Install ပြုလုပ်ရတာ အဆင်မပြေတာမျိုးကြုံဖူးကြမှာပါ
Safari Browser ကနေ Viber ဆိုပြီးရိုက်ထည့်ကာ ရှာဖွေဒေါင်းလော့ရယူမှ အဆင်ပြေတာမျိုးပါ။
၃။ Software Update ပြုလုပ်ပေးပါ
တကယ်လိုသင့်ဖုန်းရဲ့ဗားရှင်းက အဟောင်းဖြစ်နေခဲ့ရင်လည်း 
Software Update ပြုလုပ်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။ 
ဘာကြောင့်လဲဆိုတော့ နောက်ဆုံးထွက် iOS Version တိုင်းမှာ
 ဖြေရှင်းပေးနိုင်တဲ့ Fixes issue ပါဝင်နေတတ်လို့ပဲဖြစ်ပါတယ်။
နောက်ဆုံးထွက်ဗားရှင်းဆိုရာတွင် သင့်ဖုန်းရဲ့ iOS Operating System အရ 
iPhone 4 သာဖြစ်နေခဲ့ရင်တော့ ဗားရှင်း 7.1.2 လောက်သာ
မြှင့်တင်ခွင့်ပေးတော့မှာဖြစ်ပါတယ်။
ဒါလည်း iOS Devices ရဲ့ policy တစ်ခုဖြစ်မယ်ထင်ပါတယ်။
တစ်ခြားသော iPhone 4s to iPhone 6 Plus အထိတော့ နောက်ဆုံးထွက်
iOS Versions 9.1 အထိ ဖုန်းမှာတင် Rooling out အနေဖြင့်ဒေါင်းလော့ရယူနိုင်ပါတယ်။
ပြသနာလေးတစ်ခုကတော့ သင့်ဖုန်းသာ တကယ်လို့ Jailbrekon ဖုန်းတစ်လုံးဆိုရင်တော့
ဖုန်းကနေ Rooling out လို့ခေါ်တဲ့ တိုက်ရိုက် Update တင်ယူလို့ရနိုင်မှာမဟုတ်တော့ပါ။
၎။ Router & Network ကိုစီစစ်ပြီးသုံးပါ
Youtube app not working ပြသနာကိုဖြေရှင်းနည်းနောက်တစ်ခုကတော့
မိမိဖုန်းမှာအသုံးပြုနေတဲ့ internet connection ကြောင့်ပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံ Wifi ရဲ့ပြသနာက ဖုန်းမှာတော့ 3G,4G ပြနေပြီးတော့ 
Facebook လေးတောင် အ၀ိုင်းလည်နေတာနဲ့ညားနေတတ်လို့ပါပဲ ဒါကြောင့် Wifi ကို Restart ချပြီး
အသုံးပြုသင့်ပါတယ် Password ကို Forgot ပြုလုပ်ပြီး အသစ်ပြန်ထည့်ပြီးအသုံးပြုသင့်ပါတယ်။
၅။ Network Settings ကို Reset ချပြီးအသုံးပြုပါ
iPhone မှာ YouTube App အလုပ်မလုပ်ရင် ဖြေရှင်းနည်း နောက်ဆုံးတစ်ခုကတော့
ဖုန်း System မှာပါဝင်တဲ့ Netwrok Settings ပိုင်းကို Reset ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။
ဒါကတော့ နောက်ဆုံးဖြေရှင်းနည်းပဲဖြစ်ပါတယ် တကယ်လို့အပေါ်မှာနည်းလမ်းတွေဖြင့်
အဆင်မပြေရင် ဒီနည်းလမ်းဖြင့် ဖြေရှင်းပေးရမှာပဲဖြစ်ပါတယ်။
Netwrok Settings ပိုင်းကို ဖြေရှင်းပေးရန်အတွက် Settings -> General -> Reset -> 
Reset Network Settings -> Confirm ဆိုပြီးတစ်ဆင့်ချင်းစီးသွားကာ အတည်ပြုပေးလိုက်ရုံပါပဲ။
ဖုန်းပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Youtube app လေးပြသနာကင်းပြီးအလုပ်လုပ်နေပါလိမ့်မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်

Ref-www.unlockboot.com

No comments:

Post a Comment