ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Tuesday, February 9, 2016

ခရီးသွားလွန်းတဲ့ သူ ။   google map ကို offline သုံးမယ်
အဟိ သွားမယ့်နေရာကို ကြို saveထားပါ။ အမြန်လမ်းတလျောက်မှာတော့ mpt .telenor မိပါတယ်။ လမ်းပေါ်က လမ်းခွဲတွေဆက်သွားရမယ်ဆိုရင်တော့ မသေချာပါဘူး။
google map ကို offline သုံးမယ်
google map ဆိုတာအလွန်အသုံးဝင်တဲ့ မြေပုံ app ဆိုတာအထူးညွှန်းနေဖို့ လိုမယ် မထင်ပါဘူး။ ဒါပေမဲ့ အသုံးပြုတိုင်း internet ဖွင့်ပြီးသုံးနေရမယ်ဆိုရင်
internet လိုင်းမရှိတဲ့နေရာမျိုးမှာ မြေပုံကြည့်ဖို့ လိုလာခဲ့ရင် အခက်တွေ့ရမှာပါ။ ဒါကြောင့် ကိုယ်မရောက်ဖူးတဲ့အရပ်ဒေသတစ်ခုကို ခရီးသွားမယ်၊ အဲဒီနေရာမှာ ဖုန်းလိုင်းတို့၊ အင်တာနက်လိုင်းတို့မိဖို့လည်း မသေချာဘူးဆိုရင် google map ကို offline အနေနဲ့ အသုံးပြုနိုင်မယ့် နည်းလမ်းကို iFight ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

အဆင့်(၁) - google map app ကိုဖွင့်ပါ(ပထမဆုံးအကြိမ်မှာ internet ဖွင့်ထားဖို့လိုပါတယ်) ။ ကိုယ် offline ရယူချင်တဲ့ တည် နေရာကို ရှာထားပါ။ (ဥပမာ စစ်ကိုင်းမြို့မြေပုံကို offline ယူထားချင်တာဆိုရင် search မှာ Sagaing ဆိုပြီး ရှာထားပါ)
အဆင့်(၂) - app ရဲ့ ဘယ်ဘက်အပေါ်ထောင့်က မျဉ်း ၃ ကြောင်းပုံ menu icon ကိုနှိပ်ပါ။
အဆင့်(၃)- menu ရဲ့ အလယ်လောက်မှာ offline area ဆိုတာကိုတွေ့ပါလိမ့်မယ်။ နှိပ်ပါ။
အဆင့်(၄) ဖုန်းစခရင်ရဲ့ ညာဘက်အောက်ထောင့်နားမှာ add ဒါမှမဟုတ် plus icon ကိုတွေ့ပါလိမ့်မယ်။
အဆင့်(၅) မြေပုံမှာပေါ်နေတဲ့ ဧရိယာထဲက ကိုယ်လိုချင်သလောက် ဧရိယာကို drag ဆွဲပြီး ဘောင်ခတ်ပါ။ zoom in , zoom out ကိုကိုယ်လိုသလို လက်နှစ်ချောင်းကိုအသုံးပြုပြီး ချဲ့တာ၊ ချုံ့တာ လုပ်နိုင်ပါတယ်။
အဆင့်(၆) ကိုယ်လိုချင်တဲ့ဧရိယာရပြီဆိုရင် download ကိုနှိပ်ပါ။
အဆင့်(၇) ကိုယ်သိမ်းထားမယ့် ဧရိယာကို ကိုယ့်စိတ်ကြိုက်နာမည်ပေးဖို့အတွက် box တစ်ခုပေါ်လာပါလိမ့်မယ်။ နာမည်ပေးပါ။
အဆင့်(၈) နာမည်ပေးပြီးပြီဆိုရင် စပြီးဒေါင်းလုဒ်လုပ်ပါလိမ့်မယ်။
ဒေါင်းလုဒ် လုပ်တာပြီးသွားပြီဆိုရင်တော့ နောက်တစ်ခါ google map ကိုဖွင့်တဲ့အခါ menu ထဲက offline area ထဲကိုသွားတဲ့အခါ ကိုယ် save ထားတဲ့ တည်နေရာကို ကိုယ်နာမည်ပေးထားတဲ့အတိုင်းနဲ့ တွေ့ရမှာပါ။ အဲဒါဆိုရင် internet မလိုဘဲ အဲဒီဒေသရဲ့ မြေပုံကို ကြည့်နိုင်ပြီဖြစ်ပါတယ်။ ဒေါင်းလုဒ်လုပ်ရတဲ့ ဖိုင်ဆိုဒ်ကတော့ ကိုယ်သိမ်းချင်တဲ့ တည်နေရာရဲ့ အကျယ်အ၀န်းပေါ် မူတည်ပြီး ကွာခြားမှုရှိမှာ ဖြစ်ပါတယ်။ google map ရဲ့ offline area ကို သုံးတဲ့နေရာမှာ ကန့်သတ်ချက်တစ်ခုကတော့ အလွန်ကျယ်ဝန်းတဲ့ တည်နေရာကြီး တစ်ခုလုံး (ဥပမာ မြန်မာတစ်နိုင်ငံလုံး) ကို offline ကြည့်ဖို့ သိမ်းဆည်းထားလို့ မရတာပဲ ဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
iFight Mobile

No comments:

Post a Comment