ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Thursday, October 22, 2015

အင်တာနက်ကို Bill မကုန်အောင် အသုံးပြုနည်း

ဒီနည်းလမ်းလေးကတော့ အင်တာနက်သုံးသူတော်တော်များများအတွက်
အသုံးဝင်မယ့်နည်းလမ်းလေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ဒီနည်းလမ်းလေးကို အခြားသော နည်းပညာဆရာသမားတွေတော်တော်များများက
ကျွန်တော့်ရှေ့မှာ ရေးသားခဲ့ကြပြီးဖြစ်သလို ကျွန်တော်လည်း အဲဒီဆရာသမားတွေ
ရေးသားခဲ့တာကို ကိုယ်တိုင်ပြန်လုပ်ကြည့်ပြီး စမ်းသပ်သုံးစွဲကြည့်ပြီးမှ ပြန်တင်ပေးလိုက်တာပါ။
အခုကျွန်တော်ရေးသားတင်ပြမယ့် အင်တာနက်ကို Free သုံးမယ့်နည်းမှာ ကြိုတင်ပြီးပြောထားစရာ
နည်းနည်းရှိပါတယ်။


၁။ ဖုန်းထဲမှာ Bill လက်ကျန်ရှိနေရင် အဖြတ်ခံရမှာဖြစ်ပြီး Bill ကို 0 kyats အခြေအနေနဲ့သုံးရင်တော့
အင်တာနက်သုံးခ Free ဖြစ်မယ့်အပြင် Bill ထည့်တဲ့အချိန်မှာ ထပ်ဖြတ်သွားတာမျိုးလည်း လုံးဝမရှိပါဘူး။

၂။ Bill တစ်ပြားမှမရှိပဲ ဘယ်က Data နဲ့ Free Server တွေကို သွားချိတ်မှာလဲလို့ စောဒကတက်စရာရှိပါတယ်။
အဲဒီလိုဆိုရင်တော့ လက်တွေ့စမ်းသုံးကြည့်ပါလို့ပဲ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းကို စပြီးဖတ်မိတဲ့
အချိန်တုန်းက ကျွန်တော်ကိုယ်တိုင် အဲဒီလိုစောဒကတက်ပြီး လှောင်ခဲ့ဖူးလို့ပါ။ (အဲဒီအတွက်လည်း သက်ဆိုင်တဲ့ဆရာသမားတွေကို
အနူးအညွတ်တောင်းပန်ပါတယ်)

ကဲ .. စကြစို့ဗျာ

အင်တာနက်ကို Free အသုံးပြုဖို့အတွက် ဖုန်းထဲမှာ Your Freedom ဆိုတဲ့ apk လေး install လုပ်ထားဖို့လိုပါတယ်။
Your Freedom apk မရှိသေးဘူးဆိုရင် ဒီမှာ ကလစ်ပြီး ဒေါင်းယူနိုင်ပါတယ်။                                 ( ဒီပို့စ်တင်ချိန်မှာထွက်ထားတဲ့ Last Update ဗားရှင်း
ထပ်ထွက်နေပေမယ့် အဲဒါက ဖုန်းအတော်များများမှာ Error တက်တာတွေ့ရလို့ အဆင်ပြေတဲ့ဗားရှင်းကိုပဲ သေချာရွေးပြီးတင်ပေးထားပါတယ်)

ကဲ .. Your Freedom apk လေးဖုန်းထဲမှာ Install လုပ်ပြီးပြီဆိုရင်တော့ ဖုန်းအင်တာနက်ကိုဖွင့်ပြီး Your Freedom apk လေးကိုဖွင့်လိုက်ပါ။
အောက်ကပုံအတိုင်းပွင့်လာပါမယ်။




Configure ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းပွင့်လာပါမယ်။





Server Connection ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းပွင့်လာပါမယ်။



Wizard ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းပွင့်လာပါမယ်။



ခဏစောင့်ပေးလိုက်ပါရင် အောက်ကပုံအတိုင်း Server တွေရဲ့စာရင်းပေါ်လာပါမယ်။



ဒင်္ဂါးပုံမပါတဲ့ Server တစ်ခုခုကိုနှိပ်ပြီး အပေါ်ကမြှားလေးကို နှိပ်ပေးလိုက်ပါ။ (ဒီနေရာမှာ နည်းစနစ်အရတော့ Point များတဲ့ Server ကိုရွေးပေးမှ လိုင်းကောင်းမှာဖြစ်ပေမယ့်
စမ်းသုံးကြည့်ရသလောက်တော့ အချို့ Server တွေဆိုရင် Point နည်းပေမယ့် အင်တာနက်လိုင်းအားပိုကောင်းတာတွေလည်းရှိတာကို တွေ့ရပါတယ်)
နောက်တစ်ဆင့်မှာ အောက်ကပုံတွေအတိုင်း ဆက်နှိပ်ပေးသွားပါ။


ဒီအဆင့်အတွက် ပြောချင်တာတစ်ခုရှိပါတယ်။ ဒီအဆင့်ကို သာမာန်အတိုင်းလေးပဲကျော်သွားရင်လည်း ရပေမယ့် username နဲ့ password အကွက်မှာ ကိုယ့်အကောင့်နဲ့ ထည့်ပြီးအသုံးပြုမယ်ဆိုရင် ပိုပြီးမြန်ဆန်ခိုင်မြဲတဲ့ အင်တာနက်လိုင်းအားကို ရရှိတာတွေ့ရပါတယ်။
အဲဒီအတွက် အကောင့်တစ်ခုဖွင့်ထားချင်ရင်တော့ ဒီကို ကလစ်ပြီး အကောင့်သစ်ဖွင့်နိုင်ပါတယ်။ gmail နဲ့ အကောင့်သစ်တစ်ခုဖွင့်ပြီး mail ထဲကိုပို့လာတဲ့ လင့်ကနေ Confirm လုပ်ပြီးတာနဲ့ ကိုယ်ပိုင် username နဲ့ password ကိုသုံးပြီး ဆက်သွားလို့ရပါပြီ။








ဒီအဆင့်ပြီးသွားရင်တော့ အစစာမျက်နှာအထိရောက်အောင် Back နဲ့ပြန်ထွက်သွားပါ။



အစစာမျက်နှာရောက်ပြီဆိုရင်တော့ Start Connecting ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်း Box တစ်ခုတက်လာပါမယ်။



ပုံထဲကအတိုင်း အမှန်ခြစ်လေးတပ်ပေးပြီး OK ကိုနှိပ်ပေးလိုက်ပါ။ အောက်ကပုံအတိုင်း ဖုန်းရဲ့ Noti Bar မှာ အစိမ်းရောင်တံခါးပုံလေးနဲ့ သော့ပုံလေးပေါ်လာပြီဆိုရင် Home ခလုတ်ကိုနှိပ်ပြီးထွက်လိုက်ရုံပါပဲ။
ကဲ .. အခုကစပြီး အင်တာနက်အသုံးပြုခ မကုန်ကျတော့ပဲ အသုံးပြုနိုင်ပါပြီ။


ကဲ .. အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

No comments:

Post a Comment