Windows နှစ်ခု တင်လို့မရအောင် ပိတ်ထားတဲ့ Hard Disk ကို ဝင်ဒိုးနှစ်ခု တင်လို့ရအောင် လုပ်နည်း

အခုနောက်ပိုင်း Windows 8 တင်ပြီးသား ပါလာတဲ့ ကွန်ပျူတာတွေမှာ Hard Disk
ကို ဖေါ်မတ်တစ်မျိုးဖြစ်တဲ့ GPT (or) Read Only ဖေါ်မတ်နဲ့ Windows 8
တင်ပေးလေ့ရှိပါတယ်..။ ဒီဖေါ်မတ်နဲ့ဆိုရင် ဟတ်ဒစ်ကို
တခြားအပိုင်းတွေခွဲလို့တော့ ရပြီး အဲ့ဒီအပိုင်းတွေမှာ တခြားဝင်းဒိုးတွေကို
ပြန်တင်လို့ မရပါဘူး..။ ဒါကလည်း Windows 8 ကို တခြားဝင်းဒိုးတွေထက်
ပိုမြန်အောင်၊ သွက်လက်အောင် ဒီ GPT Partition Style ဖေါ်မတ်ကို
သုံးရခြင်းပါတဲ့..။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကွန်ပျူတာ
တစ်လုံးထဲမှာ ဝင်းဒိုးနှစ်ခု၊ သုံးခုကို အတူ တလှည့်စီ တွဲသုံးလိုရင်တော့
ဒီဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းပြီးမှ တခြားဝင်းဒိုးတွေကို တင်လို့
ရမှာပါ..။ ဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းလိုက်မယ်ဆိုရင်တော့
မိမိတို့ကွန်ပျူတာထဲမှာ ရှိပြီးဖြစ်တဲ့ ဝင်းဒိုးအပါအဝင် တခြား ဆော့ဝဲလ်တွေ
Video တွေ၊ ဓါတ်ပုံတွေ အားလုံး ပျက်ပါတယ်..။ ဓါတ်ပုံတွေ၊ Video တွေနဲ့
ဆော့ဝဲလ်တွေကို အရင်သိမ်းထားဖို့ လိုပါတယ်..။ ဒီနည်းကို အသုံးပြုမှ
မိမိတို့ကွန်ပျူတာမှာ ဝင်းဒိုးနှစ်ခု၊ သုံးခု တင်သုံးလို့ ရမှာဖြစ်တဲ့အတွက်
Original Windows 8 တွေဆိုရင် Recovery အပိုင်းပါ ပျက်သွားမှာမို့
မလုပ်ခင် သေချာ စဉ်းစားသင့်ပါတယ်..။
ဒီလုပ်နည်းကို ဝင်းဒိုးတင်တတ်ခါစ လူသစ်များအပြင် ၊ Service သမားတွေပါ
တတ်ထားသင့်ပါတယ်..။ ဘာလို့လဲဆိုတော့ နောက်ပိုင်းထွက်လာတဲ့ Windows 8 နဲ့
စက်အသစ်တွေအားလုံးက ဟတ်ဒစ်ကို ဒီလိုဖေါ်မတ်မျိုးနဲ့ပဲ လာတော့မှာ
ဖြစ်တဲ့အတွက်ကြောင့်ပါ..။ ဒါကြောင့် ဒီနည်းက မသိမဖြစ်နည်းတခု ဖြစ်ပါတယ်..။
အရင်က ကျနော်ကိုယ်တိုင် Original Windows 8 ပါပြီးသား စက်အသစ်ကို
ဖေါ်မတ်ချပစ်လိုက်ပြီးမှ ဝင်းဒိုး ပြန်တင်လို့ မရတဲ့အတွက် ၂-ရက်လောက်
အလုပ်ရှုပ်ခဲ့ရဖူးတဲ့ ဒီလုပ်နည်းကို အခုတော့ Microsoft ကုမ္ပဏီက 2013
December 9 ရက်နေ့က သူ့ဝဘ်ဆိုဒ်မှာ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်..။ ကျနော်
အရင်လုပ်ခဲ့တဲ့နည်းက ဟတ်ဒစ်ကို အပြင်ထုတ်ပြီးမှ လုပ်ရတဲ့နည်းဖြစ်လို့
အလုပ်ရှုပ်ပါတယ်..။ အခု Microsoft ကပေးတဲ့နည်းကတော့ ပိုလွယ်ကူတဲ့အတွက်
အဲ့ဒီနည်းနဲ့ပဲ ဒီပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။
နောက်တခုကတော့ ဟတ်ဒစ်ကို ဖေါ်မတ်မျိုးစုံနဲ့ အသုံးဝင်ပုံတွေကို
အသေးစိတ်သိဖို့ မလိုသေးပဲ ဒီပိုစ့်မှာ ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းလို့ရတဲ့ GPT
, Dynamic , Basic စတဲ့ဖေါ်မတ်တွေမှာ ကျနော်တို့အတွက် ဝင်းဒိုးနှစ်ခု၊
သုံးခု တင်လို့ရတဲ့ Basic ဖေါ်မတ်ကိုပဲ ပြောင်းယူအသုံးပြုရမှာ ဖြစ်ပါတယ်..။
Basic ဖေါ်မတ်ကို ပြောင်းလိုရင်တော့ အရင်ဆုံး Dynamic ဖေါ်မတ်ဖြစ်ပြီးမှ
Basic ဖေါ်မတ်ကို ပြန်ပြောင်းလို့ရတာပါ..။ Dynamic ဖေါ်မတ်နဲ့ဆိုရင်တော့ GPT
ဖေါ်မတ်လိုပဲ ဟတ်ဒစ်မှာ ဝင်းဒိုးတစ်ခုပဲ လက်ခံပါတယ်..။ နောက်ထပ်ဝင်းဒိုး
ထပ်တင်လို့ မရတော့ပါ..။ Basic ဖေါ်မတ်ကျပြန်တော့ Partition တွေမှာ
ဝင်းဒိုးတွေ အများကြီးတင်လို့ ရပေမယ့် ဟတ်ဒစ်ကို အပိုင်း ၃-ပိုင်းပဲ
ခွဲထုတ်ခွင့်ပြုပါတယ်..။ ၄/၅-ပိုင်းခွဲထုတ်လိုက်ရင်တော့ သူ့အလိုလို Dynamic
Disk ဖေါ်မတ်ကို ပြန်ပြောင်းသွားတာဖြစ်လို့ တခြား ပါတေးရှင်းအပိုင်းတွေထဲက
တခြားဝင်းဒိုးတွေကို ဝင်လို့မရတော့ပါဘူး..။ အဲ့ဒီဖြစ်သွားရင်တော့ AOMEI
Partition Assistance Pro ဆော့ဝဲလ်နဲ့ Dynamic Disk ကနေ Basic Disk
ဖေါ်မတ်ကို Data တွေနဲ့ တခြားဝင်းဒိုးတွေကို မပျက်စေပဲ ပြန်ပြောင်းယူလို့
ရတဲ့အတွက် အဲ့ဒီဆော့ဝဲလ်လေးကိုပါ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ တင်ပေးထားပြီး
အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီရက်ထဲမှာ
စက်အသစ်နှစ်လုံးနဲ့ ၎င်းတို့ရဲ့ ဟတ်ဒစ်တွေကို ဒီနည်းနဲ့ အပြန်အလှန်
စမ်းသပ်နေတာဖြစ်လို့ ဒီရက်ထဲအလုပ်ရှုပ်ပါတယ်..။ အခုတော့ ဒီပိုစ့်ကို
တင်ပေးဖို့ အတော်လေး ပြည့်စုံသွားပြီဖြစ်လို့ ကျနော်စမ်းသုံးရင်း ရရှိလာတဲ့
အတွေ့အကြုံလေးတွေကိုပါ ဒီပိုစ့်မှာ ဖြည့်စွက်ရေးပေးထားလို့ နောက်ပိုင်း
ဝါသနာရှင်များထဲမှ လေ့လာလိုက်စားတဲ့သူများအတွက် အလွယ်တကူ သင်ယူလို့
အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။
ဒီနည်းကို အသုံးပြုပြီး ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်း၊
ဝင်းဒိုးအသစ်တင်မှာဖြစ်တဲ့အတွက် မိမိတို့မှာရှိတဲ့ Windows 8 (or) Windows 7
DVD သို့မဟုတ် Bootable USB Pendrive ကို မိမိတို့ အသုံးပြုမယ့်
စက်မှာထည့်၊တပ်ထားလိုက်ပြီး စက်ကို Restart ပေးပါ..။ ပြီးရင်တော့ F2, Esc,
Del, F10 စသဖြင့် မိမိတို့ စက်ရဲ့ Bios Setup ထဲဝင်တဲ့ကီးတွေကို
ဆက်တိုက်နှိပ်ပြီး Boot နေရာမှာ DVD (or) USB သွားပြောင်းပြီး
ဝင်းဒိုးတင်တဲ့ထဲကို ဝင်လိုက်ပါ..။ အသေးစိတ်ကို Windows 7 တင်နည်းပိုစ့်မှာ
ပုံလေးတွေနဲ့ ပြပေးထားခဲ့ပြီးမို့ မသိသေးတဲ့သူများကတော့ အဲ့ဒီပိုစ့်ကို
ပြန်ကြည့်လိုက်ရင် အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။
ကျနော်ကတော့ Windows 8 နဲ့ အသုံးပြုထားတာဖြစ်လို့ အောက်ကပုံလေးအတိုင်း
Windows 8 ရဲ့ Install now ကနေ သွားပါတယ်..။ ဒီနည်းကို Windows 7 အခွေနဲ့ပါ
စမ်းသပ်ပြီး အဆင်ပြေပြီးသားဖြစ်တဲ့အတွက် Windows 8 (or) Windows 7
အဆင်ပြေရာနဲ့ အသုံးပြုနိုင်ပါတယ်..။

အောက်ကပုံကတော့ Windows 8 တခုသာရှိသေးတဲ့ စက်မှာ
တခြားပါတေးရှင်းအပိုင်းတွေမှာ နောက်ထပ်ဝင်းဒိုးကို တင်လို့ မရတော့တဲ့အတွက်
အနီဝိုင်းထားတဲ့ စာသားကို ကလစ်ပြီးကြည့်လိုက်တော့ မျှားနီပြထားတဲ့အတိုင်း
GPT Partition Style ဖြစ်နေလို့ပါတဲ့..။ အခုဒီပိုစ့်ကနည်းနဲ့
လုပ်ပေးလိုက်မှ တခြား ပါတေးရှင်းတွေမှာ နောက်ဝင်းဒိုးတွေကို တင်လို့
ရသွားပါတယ်..။ Basic ဖေါ်မတ်မပြောင်းခင် အရင်ဝင်းဒိုးနဲ့ ဆော့ဝဲလ်တွေ
အားလုံး ပျက်ပါတယ်..။ ပြီးမှ ဝင်းဒိုးတွေ နှစ်ခု၊ သုံးခု တင်လို့ ရတာပါ..။


တခြားဝင်းဒိုးမတင်ရသေးတဲ့ စက်တလုံးမှာတော့ အပေါ်က ပုံအတိုင်း NTFS
ဖေါ်မတ်ဖြစ်မှ ဝင်းဒိုးတင်လို့ ရမှာပါတဲ့..။ အဲ့ဒါမျိုးကတော့
ဖေါ်မတ်ချပစ်လိုက်ယုံနဲ့ ရပါတယ်..။ Basic Disk ဖေါ်မတ်ဖြစ်ဖို့အတွက်
ပိုသေချာအောင် ဒီနည်းကိုပဲ အောက်ကပုံလေးတွေ အတိုင်း
အသုံးပြုသွားလိုက်ပါတယ်..။
အရင်ဆုံး ကီးဘုတ်မှ Shift+F10 ကို တွဲနှိပ်ပြီး ဝင်းဒိုး External Command Prompt ကို ဖွင့်လိုက်ပါ..။ ပြီးရင်တော့ အောက်ကစာသားတွေကို တကြောင်းစီ မှန်အောင် ရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။
အရင်ဆုံး ကီးဘုတ်မှ Shift+F10 ကို တွဲနှိပ်ပြီး ဝင်းဒိုး External Command Prompt ကို ဖွင့်လိုက်ပါ..။ ပြီးရင်တော့ အောက်ကစာသားတွေကို တကြောင်းစီ မှန်အောင် ရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။
diskpart |
---|
list disk |
select disk 0 |
clean |
convert gpt |
convert dynamic |
convert basic |
exit |
Diskpart နည်းနဲ့ လုပ်ရမှာ ဖြစ်လို့ ကြည့်ရရှင်းအောင် အောက်ကပုံလေးတွေ
အတိုင်း တကြောင်းစီ ပြပေးထားပါတယ်..။ ရိုက်ထည့်တဲ့ စာသား မှန်အောင်
သတိပြုရိုက်ပါ..။ စာကြောင်း တစ်ကြောင်းရိုက်ပြီးတိုင်း Enter တချက်စီ
ခေါက်သွားလိုက်ပါ..။


ဒီအဆင့်မှာ တချက်က မိမိတို့ ဖေါ်မတ်ပြောင်းလိုတဲ့ ဟတ်ဒစ်က စက်ထဲက
ဟတ်ဒစ်ဆိုရင်တော့ Disk 0 (သုည) လို့ ပေါ်နေမှာဖြစ်ပြီး USB နဲ့ တွဲသုံးတဲ့
ဟတ်ဒစ် သို့မဟုတ် Pendrive တွေဆိုရင်တော့ Disk 1 လို့ ပေါ်နေမှာပဲ
ဖြစ်ပါတယ်..။ ဒါကြောင့် ဒီနေရာမှာ မမှားရအောင် သေချာရွေးယူတတ်ဖို့
လိုပါတယ်..။ ကျနော်ကတော့ စက်ထဲက ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းမှာ ဖြစ်လို့
မျှားအဝါပြထားတဲ့ Disk 0 ကို ရိုက်ထည့်ပါတယ်..။

Disk 0 is now the selected disk ဆိုတဲ့စာသား ပေါ်လာရင်တော့ နောက်စာကြောင်း
တကြောင်းကို ဆက်ပြီး ရိုက်ထည့် Enter တစ်ချက် ခေါက်ပေးလိုက်ပါ..။

Clean စာသားရိုက်ထည့်ပြီးလို့ DiskPart succeeded in cleaning the disk
ဆိုရင်တော့ နောက်စာကြောင်းဖြစ်တဲ့ ဖေါ်မတ်ပြောင်းတဲ့ စာသားကို
ရိုက်ထည့်ပေးရမှာပါ..။ ဒီနေရာမှာ ကျနော်က တခါတည်း Basic ဖေါ်မတ်ကို
ပြောင်းရိုက်ထည့်လိုက်တာ အောက်ကပုံအတိုင်း မျှားနီပြထားသလို Dynamic
ဖေါ်မတ်ပြောင်းပြီးမှ Basic ဖေါ်မတ်ကို ပြောင်းလို့ရမှာပါတဲ့..။ ဒါကြောင့်
အစဉ်လိုက်အတိုင်း အောက်ကပုံမှာ မျှားအဝါတွေနဲ့ ပြထားသလို Convert
သုံးမျိုးပြောင်းလိုက်ပါတယ်..။ Successfully စာသားတွေ ပေါ်ပြီးမှ
နောက်စာကြောင်းတွေကို ရိုက်ထည့်ပေးပါ..။ ပြီးရင်တော့ Exit ၂-ခါနဲ့ ထွက်ပြီး
စက်ကို Restart ပေးလိုက်ပါ..။

အောက်ကမျှားအပြာနဲ့ ပြပေးထားတာကတော့ ဒီပါတေးရှင်းအပိုင်းထဲမှာ
ဝင်းဒိုးတင်လို့မရသေးတာပါ..။ ဒါကြောင့် မျှားနီပြထားတဲ့အတိုင်း
အားလုံးပိတ်ပစ်ပြီး Restart ပေးပြီးမှ ဝင်းဒိုးတင်လို့ ရမှာပဲ ဖြစ်ပါတယ်..။




အပေါ်ကပုံတွေ အတိုင်း အဆင့်ဆင့် ပိတ်ပစ်ပြီးသွားရင်တော့ စက်ပြန်တက်လာရင်
ဝင်းဒိုးပြန်တင်တဲ့အတိုင်း ပြန်ဝင်လိုက်ပါ..။ အောက်ကပုံလေးတွေအတိုင်း
ပါတေးရှင်းအပိုင်းတွေ ခွဲပြီး ဝင်းဒိုးတင်လို့ ရသွားပါပြီ..။


ပါတေးရှင်းပိုင်းတွေကို အောက်ကပုံတွေအတိုင်း ကျနော် ရသလောက် ခွဲထုတ်ပါတယ်..။


အောက်ကပုံမှာ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်း
၃-ပိုင်းခွဲပြီးတဲ့နောက်မှာတော့ ၄-ပိုင်းမြောက်အပိုင်းကို ခွဲထုတ်လို့
မရတော့ပါ..။ သူ့မှာရေးထားတဲ့ စည်းကမ်းချက်လေးကို အောက်ကပုံအတိုင်း
ဖတ်ရှုနိုင် ပါတယ်..။


Basic Disk ဖေါ်မတ်မှာတော့ သတ်မှတ်ထားတဲ့ အပိုင်းတွေခွဲထုတ်လို့
ပြည့်သွားပြီဖြစ်လို့ နောက်ဆုံးအပိုင်းကိုတော့ ဆက်လက်အသုံးပြုလို့
မရပါဘူးတဲ့..။ ဒီအတိုင်းပဲသွားလိုက်ပါ..။ ကိစ္စမရှိပါဘူး..။ ဒီပိုစ့်ရဲ့
အောက်ဆုံးမှာပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ ပြန်ခွဲထုတ်လို့ ရပါသေးတယ်..။
ဒါကြောင့် ခွဲထုတ်ထားတဲ့ ပါတေးရှင်းအပိုင်းတွေထဲက မိမိတို့ နှစ်သက်တဲ့
အပိုင်းကို ကလစ်ပြီး အောက်ကပုံလေးအတိုင်း ဝင်ဒိုးတင်လို့ ရသွားပါပြီ..။


အောက်ကပုံတွေအတိုင်း ဝင်းဒိုးတင်လိုက်ပါတယ်..။



ဝင်းဒိုးတင်ပြီးတဲ့အခါမှာတော့ အောက်ကပုံအတိုင်း အပေါ်မှာ ခွဲထုတ်လို့
မရခဲ့တဲ့ နောက်ဆုံးအပိုင်းကို ပြန်ပြီးခွဲထုတ်ပါတယ်..။ Computer >>
Right Click >> Manage >> Disk Management ကနေ ဝင်ပြီး
ပါတေးရှင်း မအောင်သေးတဲ့ အမဲရောင် အပိုင်းပေါ်မှာ Right Click >> New
Volume ကနေ အဆင့်ဆင့် Next နှိပ်ပြီး သွားလိုက်ရင်တော့ အောက်ကပုံအတိုင်း
Yes ပေးရမယ့် ဘောက်စ်လေး ကျလာမှာဖြစ်ပါတယ်..။ မျှားအစိမ်းရောင်နဲ့ပြထားတဲ့
စာသားတွေကတော့ ဒီအပိုင်းကို ခွဲထုတ်လိုက်မယ်ဆိုရင်တော့ ယခုလက်ရှိ Basic
Disk ဖေါ်မတ်ကနေ အလိုလို Dynamic ဖေါ်မတ်ကို ပြောင်းလဲသွားပါလိမ့်မယ်တဲ့..။
Dynamic Disk ဖေါ်မတ်ဖြစ်သွားရင် ဒီလက်ရှိဝင်းဒိုးက လွဲလို့
တခြားဝင်းဒိုးတွေ တင်လို့ မရတဲ့အပြင် ၊ တခြား အပိုင်းတွေမှာ ရှိပြီးတဲ့
ဝင်းဒိုးပါ အသုံးပြုလို့ မရတော့ပါဘူးတဲ့..။ သေချာတယ်ဆိုရင်တော့ Yes
ပေးလိုက်ပါတဲ့..။ ကျနော်က Yes ပေးလိုက်ပါတယ်..။ သူပြောတဲ့အတိုင်းပဲ
ဟတ်ဒစ်တခုလုံး Dynamic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။ တခြားစက်တလုံးမှာတော့
ဝင်းဒိုး၂-ခု တင်ပြီးမှ ပါတေးရှင်းထပ်ခွဲလိုက်တာ Dynamic Disk ဖြစ်သွားလို့
ဟိုဘက်ဝင်းဒိုးကို ဝင်သုံးလို့ မရတော့ပါဘူး..။ ဒီအောက်ကဆော့ဝဲလ်နဲ့ Basic
Disk ပြန်ပြောင်းလိုက်မှ အဲ့ဒီစက်မှာ နောက်ဝင်းဒိုး တခုကို ပြန်ဝင်သုံးလို့
ရသွားပါတယ်..။

အောက်ကပုံအတိုင်း ပါတေးရှင်းတွေ အားလုံး Dynamic Disk ဖေါ်မတ်တွေ
ဖြစ်ကုန်ပါတယ်..။ Dynamic Disk ဖြစ်ပြီးသွားမှ ကျနော် ပါတေးရှင်း
နောက်တခုပါ အောက်ကပုံအတိုင်း ထပ်ခွဲထုတ်လိုက်ပါသေးတယ်..။ ခွဲထုတ်လို့
ရပါတယ်..။ Dynamic Disk အတိုင်းပါပဲ..။


အပေါ်ပုံအတိုင်း Dynamic Disk ဖေါ်မတ်နဲ့ ပါတေးရှင်း အပိုင်း ၅-ပိုင်း
ခွဲထုတ်ပြီးမှ ဒီအောက်က ဆော့ဝဲလ်လေးနဲ့ Basic Disk
ပြန်ပြောင်းလိုက်ပါတယ်..။ Data တွေ တခုမှ မပျက်ပဲ အဆင်ပြေပြေနဲ့
ပြောင်းယူလို့ ရသွားပါပြီ..။ ဒီဆော့ဝဲလ်လေးကို ကီးတွေ ထည့်ပေးပြီးမှ
ဖူးသုံးလို့ရမှာပါ..။ လိုအပ်တဲ့သူများကတော့ အရင်ဆော့ဝဲလ်ကို
ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်က 8 MB ရှိပါတယ်..။ နောက်ဆုံး
ဗါးရှင်းလေးပါ..။
(OR)


အပေါ်ပုံအတိုင်း ကီးတွေ ထည့်ပေးလိုက်ရင်တော့ ဒီကောင်လးကို ဖူးသုံးလို့ ရသွားပါပြီ..။

ပြီးရင်တော့ Dynamic စာသားကနေ ဝင်ပြီး ပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ..။



အပေါ်ကပုံတွေအတိုင်း အဆင့်ဆင့် ဝင်လာပြီးရင်တော့ အောက်ကပုံအတိုင်း Ok
ပေးပြီး စက်ကို Restart ပေးလိုက်ရင် Dynamic Disk ကနေ Basic Disk
ဖေါ်မတ်ဖြစ်သွားပါပြီ..။

စက်ပြန်တက်လာရင်တော့ အောက်ကပုံအတိုင်း ပါတေးရှင်းအပိုင်တွေမှာ
အပြာရောင်တွေနဲ့ Basic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။ ဒါဆိုရင်တော့
တခြားပါတေးရှင်းအပိုင်းတွေမှာလည်း နောက်ထပ် ဝင်းဒိုးတွေကို တင်ပြီး
အသုံးပြုလို့ ရသွားပါပြီ..။

ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်လို့မရတတ်တဲ့ ဟတ်ဒစ်ပြဿနာကို ဒီနည်းနဲ့
ဖြေရှင်းလို့ ရသွားပါပြီ..။ နောက်တခုကတော့ ကျနော် မစမ်းသပ်ရသေးတဲ့
ဟတ်ဒစ်မှာ Password ပေးထားလို့ ဝင်းဒိုးတင်လို့ မရတဲ့ ပြဿနာကို ဒီ Diskpart
နည်းနဲ့ စမ်းသုံးကြည့်ရင် အဆင်ပြေနိုင်မယ် ထင်ပါတယ်..။ ဒါကတော့ ကျနော့်မှာ
Password ပိတ်ထားတဲ့ ဟတ်ဒစ်မရှိသေးတဲ့ အတွက်ကြောင့်ပါ..။ စာဖတ်သူများထဲမှ
ဒီ Diskpart နည်းနဲ့ Password ပိတ်ထားတဲ့ ဟတ်ဒစ်မျိုးရှိခဲ့မယ်ဆိုရင်တော့
ဒီနည်းနဲ့ စမ်းသပ်ပြီး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီပိုစ့်ရဲ့ Comments မှာ
အဆင်ပြေ၊ မပြေဆိုတာကို နောက်လူများ လေ့လာလို့ ရအောင် ဆက်လက်၍ ရေးပေးခဲ့ဖို့
တောင်းဆိုပါတယ်..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေကြပါစေဗျာ..။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ.
No comments:
Post a Comment