ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်
Tuesday, October 17, 2017
Re-Loader Activator
Re-Loader Activator
     ဒီ ဆောဖ့်ဝဲလေးက ၀င်းဒိုးစ် ဗားရှင်းအားလုံး နှင့် ၊ Office 2010, Office 2013, Office 2015, Office 2016 တို့ကို အက်တစ်ဖြစ်အောင် ပြန်လုပ်ပေးနိုင်ပါတယ်။  ၀င်းဒိုးစ်အတွက် activate လုပ်တဲ့ အခြားဆော့ဖ်ဝဲတွေဖြစ်တဲံ Kmspico, Reloader စသည်ဖြင့် အခြား activator တွေထဲကမှ ဒီတစ်ခုက ပိုမို အသုံးတဲ့စေပါတယ်။  အလွယ်တကူ အသုံးပြုနိုင်ခြင်း အပြင် ဖိုင်ဆိုဒ်ကလည်း သေးတော့ အဆင်ပြေပါတယ်။  အဓိကကတော့ မိုက်ခရိုဆောဖ့်ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ ၀င်းဒိုးစ် အိုအက်စ် နဲ့ သူ့ရဲ့ ရုံးသုံး စာစီစာရိုက် ဆော့ဖ်ဝဲတွေကို အမြဲတမ်း အသုံးပြုလိုသူတစ်ယောက်ဆိုရင် ဒီ Re-Loader Activator ကို မဖြစ်မနေအသုံးပြုရပါလိမ့်မယ်။  
     ကျွန်တော်တို့ မူလ ၀င်းဒိုးစ် ထည့်သွင်းစဉ်အခါက တစ်ကြိမ် ၀င်းဒိုးစ်ကို activate လုပ်ထားပြီးသားပါ။ အသုံးပြုရင်း အင်တာနက် ချိတ်ဆက်မိသွားတဲ့အခါ ၀င်းဒိုးစ်က activate ကို ကန့်ကွက်ခြင်းခံရပါတယ်။  ဒါဆို ထင်ရှားတဲ့ ပြောင်းလဲမှုက မိမိတို့ ကွန်ပျူတာ ဒက်စတော့နောက်ခံ အရုပ်က ပျောက်ပြီး အမဲရောင် စခရင် ပဲရှိနေတော့တာပါ။  အရုပ်ပုံပြောင်းလဲ သူ့ဘာသာ အလိုအလျောက် အမဲကို ပြန်ပြန် ပြောင်းနေပါလိမ့်မယ်။  စက် စတက်တက်ခြင်းဆိုလဲ ၀င်းဒိုးစ်ကို activate လုပ်ဖို့ တရားဝင်သုံးစွဲဖို့  အကြောင်းကြားပါလိမ့်မယ်။ အဲ့ဒီလို အချိန်အခါမျိုးနဲ့ ကြုံ့ရင် ဒီ Re-Loader Activator ကို အသုံးပြုပါ။
     ဒီ Loader ကို Run တဲ့အခါ သင့်စက်ထဲရှိတဲ့ ဗိုင်းရပ်သတ်တဲ့ ပရိုဂရမ်တွေရဲ့ ထိန်းသိမ်းခြင်းခံရနိုင်တာကြောင့် Antivirus program တွေကိုခတ္တ ပိတ်ထားပေးဖို့ လိုပါမယ်။
.NET Framework 4.0
ဝင်းဒိုးစ် လုပ်ဒါ ဒေါင်းဖို့ နေရာကတော့ - 
Re-Loader Activator
Share:
No comments:
Post a Comment