ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Tuesday, June 30, 2015

• Hypertension and Pregnancy ကိုယ်ဝန်နဲ့ သွေးတိုး
ကိုယ်ဝန်ဆောင်လို့ သွေးတိုးတယ်ဆိုတာ ဖြစ်တတ်တယ်။ ကိုယ်ဝန် နောက်ပိုင်းမှာ အဖြစ်များတယ်။ ဆေးကုသမှု မလုပ်ရင် ဆိုးဝါးတာတွေ ဆက်ဖြစ်လာနိုင်တယ်။ ဥပမာ Preeclampsia (PET ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ခြင်း (တကယ်တန်း တက်တာ မဖြစ်မီအဆင့်) ကနေ မိခင်ရော ကလေးပါ ဆိုးဝါးတာတွေဖြစ်လောစေနိုင်တယ်။ ဒီလိုဖြစ်သူတွေ ကလေးမွေးပြီး ပြန်ကောင်းပါတယ်။

• Hypertension and Medicine ဆေးဝါးတွေနဲ့ သွေးတိုး
Cold and flu medicines အအေးမိဆေးတွေထဲမှာ Decongestants အမျိုးအစားဆေးတွေ ပါနေတယ်။ ဒီဆေးက သွေးတက်စေနိုင်တယ်။ တခြားဆေးတွေကတော့ NSAID အကိုက်အခဲပျောက်ဆေးတွေ၊ Steroids (စတီရွိုက်) ဆေး။ Diet pills ပိန်ဆေး၊ Birth control pills ကိုယ်ဝန်တားဆေး နဲ့ Antidepressants စိတ်ကျဆေးတွေ ဖြစ်တယ်။

• White Coat' Hypertension (ကော်လာဖြူ) သွေးတိုး
အလုပ်လုပ်တဲ့နေရာ၊ ရုံးတွေမှာ သွေးချိန်တိုင်းရင် အိမ်မှာနေရင်း တိုင်းတာထက် တက်နေတတ်တယ်။ လူနာတွေလဲ ဆေးခန်းလာဘူးကာစ၊ ဆေးခန်းသစ်လာစ၊ ဆရာဝန်-ဆရာမ အသစ်နဲ့ စစ်ကာစ အချိန်တွေမှာ သွေးချိန် နည်းနည်း ပိုတက်နေတတ်တယ်။ ဒါကြောင့် အိမ်မှာ အေးအေးဆေးဆေး တိုင်းတာတာက ပိုသေခြာတဲ့ဂဏန်းကို ရစေနိုင်တယ်။ ဒါပေမဲ့ လူတိုင်းက အိမ်မှာချည်း အမြဲနေကြတာ မဟုတ်ပါ။ အပြင်နေရလို့ သွေးချိန်တက်တာလဲ သူ့သွေးချိန်ဘဲဖြစ်တယ်။

• Hypertension and Children ကလေးနဲ့ သွေးတိုး
သွေးတိုးဟာ လူကြီးရောဂါ မှန်တယ်။ ကလေးတွေလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ကလေး ဝနေမယ်၊ မိဘတွေမှာ သွေးတိုး ရှိနေမယ်ဆိုရင် ကလေးလဲ တက်နေနိုင်တယ်။ ကလေးရဲ့ အသက်၊ အရပ်၊ ကျား-မ မတူရင် သွေးချိန်မတူဘူး။

• Treatment သွေးတိုးကို ဘယ်လိုကုသလဲ
အစားအသောက် ရွေးစားတာကြောင့် သွေတိုးကျစေတယ်။ DASH ဆိုတာ Dietary Approaches to Stop Hypertension ကို အတိုကောက် ရေးထားတာပါ။ Fruits အသီးတွေ၊ Vegetables ဟင်းသီး-ဟင်းရွက်တွေ၊ Whole-grain foods ဖြူနေအောင်ချွတ်မထားတဲ့အဆံတွေ၊ Low-fat dairy အဆီလွတ်နို့၊ Fish ငါး၊ Poultry ကြက်သား၊ Nuts အစေ့အဆံတွေကို စားခိုင်းတာ ဖြစ်ပါတယ်။ Red meat အမဲသား-ဆိတ်သား၊ Saturated fats အဆီ၊ Sweets အချိုတွေ လျှော့စားစေတယ်။ Sodium (ဆိုဒီယမ်) နည်းလေ ကောင်းလေဖြစ်တယ်။

• Exercise ကိုယ်လက်လေ့ကျင့်ခန်း
ပုံမှန်လေ့ကျင့်ခန်းလုပ်တာ သွေးတိုးအတွက်လဲ သက်သာစေတယ်။ ၇ ရက်တပါတ်မှာ မပြင်းထံတဲ့ လေ့ကျင့်ခန်း မိနစ် ၁၅ဝ လုပ်သင့်တယ်။ Gardening ဥယျာဉ်လုပ်တာ၊ Walking briskly လမ်းတိုလျှောက်တာ၊ Bicycling စက်ဘီးစီးတာ၊ Aerobic exercise (အေရိုးဘစ်) လုပ်တာတွေလဲ ပါတယ်။ Muscle-strengthening activities ကြွက်သား ဆန့်တန်းတာကိုလဲ တပါတ်မှာ ၂ ခါလုပ်သင့်တယ်။

• Diuretics ဆီးသွားစေတဲ့ဆေး
သတိပေးချင်တာက ဆီးဆေးဆိုတာ မတူတဲ့ ၂ မျိုး မရောစေချင်ဘူး။ ဆီးကို အတင်းသွးခိုင်းတဲ့ဆေး နဲ့ ဆီးအောင့်လို့ သောက်ရတာ မတူပါ။ သွေးတိုးမှာ ဆီးကို တမင်တကာ သွားစေအောင် လုပ်ရတယ်။ သွေးကျတာမြန်လို့ ပဌမတန်းစားဆေး အနေနဲ့ သုံးလေ့ရှိတယ်။ ဆီးသွားရင် ကိုယ်ထဲကနေ ရေရော၊ ဆားရောထွက်ကုန်စေတယ်။ သတိထားစရာက တချို့ ဆီးဆေးတွေက Potassium နည်းစေနိုင်လို့ ကြွက်သားနာတာ၊ အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။ တချို့ဆီးဆေးက ဆီးချို တက်စေတတ်တယ်။ တချို့မှာ Erectile dysfunction ယောက်ျား လိင်အရေး နည်းစေနိုင်တယ်။

• Beta-blockers (ဘီတာ-ဘလော့ကာ) ဆေး
ဒီဆေးမျိုးက နှလုံးခုန်တာနှေးစေတယ်။ တခြားနှလုံးရောဂါအတွက်လဲ သုံးတယ်။ ဥပမာ Arrhythmia ရောဂါ။ ဒီဆေးမျိုးက Insomnia အိပ်မပျော်တာ၊ Dizziness ခေါင်းမူးတာ၊ Fatigue အားယုတ်တာ၊ Cold hands and feet ခြေ-လက် အေးစက်တာ နဲ့ Erectile dysfunction ယောက်ျား လိင်အားနည်းတာတွေ ဖြစ်စေနိုင်တယ်။

• ACE Inhibitors (အေ-ဟီ-အီး အင်န်ဟဘစ်တာ) ဆေး
သွေးကြောတွေကို ကျုံ့စေ-ကျဉ်းစေတဲ့ ကိုယ်ကနေထွက်တဲ့ Angiotensin II ဓါတ်ကို ဆန့်ကျင်တယ်။ ဒီဆေးမျိုးက Dry cough ချောင်းခြောက်ဆိုးတာ၊ Skin rash အရေပြားအနီစက်ထွက်တာ၊ Dizziness ခေါင်းမူးတာ၊ Potassium (ပိုတက်ဆီယမ်) များတာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မပေးသင့်ဘူး။

• ARBs (အေ-အာရ်-ဘီ) ဆေး
ဒီဆေးမျိုးက သွေးကြောတွေကို ကျုံ့စေ-ကျဉ်းစေတဲ့ Angiotensin II ဓါတ်ကို ကိုယ်ကနေထွက်တာကို နည်းစေတယ်။ ဆေးသတ္တိပြဘို့ အချိန်စောင့်ရတယ်။ Dizziness ခေါင်းမူးတာ၊ Muscle cramps ကြွက်သားနာတာ၊ Insomnia အိပ်မပျော်တာ၊ Potassium (ပိုတက်ဆီယမ်) များတာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မပေးသင့်ဘူး။

• Calcium Channel Blockers (ကယ်လ်စီယမ်-ချင်နယ်လ် ဘလော့ကာ) ဆေး ဒီဆေးမျိုးကနေ နှလုံးနဲ့ သွေးကြော (ဆဲလ်) တွေထဲကို (ကယ်လ်စီယမ်) ဓါတ်ဆား ဝင်တာကိုနှေးစေမယ်။ (ကယ်လ်စီယမ်) ဓါတ်က နှလုံကိုပိုညှစ်စေပြီး သွေးကြောကို ကျယ်စေတယ်။ Dizziness ခေါင်းမူးတာ၊ Palpitations ရင်တုန်တာ၊ Swelling of the ankles ခြေထောက်ရောင်တာ၊ Constipation ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်တယ်။ အစာနဲ့ သောက်ရတယ်။ အရက်၊ စပျစ်ဖျော်ရည်တွေနဲ့ တွဲမသောက်သင့်ဘူး။

• Other Medications တခြားဆေးတွေ
Vasodilators, Alpha blockers, Central agonists အမျိုးအစားဆေးတွေကိုလဲ သုံးတယ်။ Dizziness ခေါင်းမူးတာ၊ Fast heart beat or heart palpitations ရင်ခုန်-ရင်တုန်တာ၊ Headaches ခေါင်းကိုက်တာ၊ Diarrhea ဝမ်းလျှောတာတွေ ဖြစ်စေနိုင်တယ်။

• Complementary Therapies အထောက်အကူပြုကုသနည်းတွေ
Meditation တရားထိုင်တာ၊ Yoga ယောဂလုပ်တာ၊ Deep breathing အသက်ပြင်းပြင်ရှူတာတွေက သွေးတိုးကျဘို့ အထောက်အကူရစေနိုင်တယ်။ Herbal therapies တိုင်းရင်းဆေးတချို့က သွေးတိုးကိုပိုတိုးစေတယ်။

• Living With High Blood Pressure သွေးတိုးနဲ့ ဘယ်လိုစခန်းသွားမလဲ
သွေးတိုးကို ပျောက်သွာအောင် ဆရာဝန်တွေ မစွမ်းသေးပါ။ တသက်တာသွေးတိုးကို ထိန်းနေတတ်အောင် လုပ်နေနိုင်ရင် အသက်တမ်းစေ့ နေနိုင်ပါမယ်။ လူဆိုတာ ရသာ ၆ ပါးကို အာရုံထားကြတယ်။ ရှောင်ရမှာက ငန်တာက တပါးတည်းပါ။ ကျန် ၅ ပါး အားကိုးရတာ မနည်းပါ။

• Hypertension (1) သွေးတိုးရောဂါ (၁) http://dts-medicaleducation.blogspot.com/2008/10/high-blood-pressure.html
• Side Effects of High Blood Pressure Medications http://www.webmd.com/hypertension-high-blood-pressure/guide/side-effects-high-blood-pressure-medications?ecd=wnl_hyp

No comments:

Post a Comment