ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Tuesday, October 14, 2014

Block Annoying advertisements with AD Block Plus

December 4th, 2007
အောက်က webpage ကို တစ်ချက်ကြည့်လိုက်ပါ။
Free Service ပေးတာနဲ့အညီ Page တစ်ခုလုံးကို ကြော်ညာတွေ မြင်မကောင်းအောင် ထည့်ထားပါတယ်။ ကြော်ညာ တွေများတော့ ဘာဖြစ်လဲ? (၁) မျက်စိနောက်တယ် ဒါက နည်းနည်း သည်းခံလို့ရသေးတယ်။ (၂) ကြော်ညာတွေကို loading လုပ်နေရလို့ Bandwidth တွေ စားပြီး connection တွေကျတယ်.. ဒါကတော့ ရှိစုမဲ့စု ကွန်နက်ရှင် သမား တွေကို တိုက်ရိုက်ထိခိုက် သွားပါပြီ။ Connection နှေးအောင် လုပ်တဲ့လူက ကျွန်တော်တို့ရဲ့ ရန်သူပါပဲ :) ။ ဒီတော့ စိတ်ညစ်စရာ ကြော်ညာတွေကို ဖျောက်ထားလို့ မရဘူးလား?? သိပ်ရတာပေါ့.. Firefox Addon AD Block Plus ကို သုံးလိုက်လေ။

၁။ ဒီကို ၀င်ပြီး AD Block Plus Addon ကို Install လုပ်ပါ။ ( Install ပြီးရင် FF ကို restart ချပေးရမယ် )

၂။ Restart ချပြီး Firefox ပြန်တက်လာရင် AD List တစ်ခုကို Subscribe ရပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း “EasyList(USA)” ကိုပဲ ရွေးပေးလိုက်ပါ။
၃။ ပြီးရင်တော့ ခုနက ကြော်ညာတွေ သိပ်များပါတယ်ဆိုတဲ့ site တွေကို ပြန်ဝင်ကြည့်လိုက်ပါ။ ကြော်ညာတွေ အကုန်လုံး ပျောက်နေတာ တွေ့ရပါမယ်။ :)
၎။ Browser ရဲ့ အဆင်ပြေတဲ့ တစ်နေရာမှာ AD Block Plus button နေရာယူထားတာတွေ့ရပါမယ်။ အဲဒီ Button ကို နှိပ်ပြီး Page တစ်ခုခြင်းစီအလိုက် Disable လုပ်တာ၊ Domain တစ်ခုလုံး Disable လုပ်တာနဲ့ AD Block ကို Enable/Disable လုပ်တာတွေ လုပ်လို့ရပါတယ်။
၅။ Subscribe လုပ်ထားတဲ့ List ထဲမှာ မပါတဲ့ ကြော်ညာတွေကိုတွေ့ရင်လည်း အဲဒီအပေါ်မှာ Right Click ပြီးတော့ “AD Block Image” “Ad Block iFrame” ရွေးပြီး List ထဲကို ထပ်ထည့်လို့ရပါတယ်။ နောက်ဘယ်တော့မှ ကြော်ညာတွေအတွက် စိတ်ညစ်ခံစရာ မလိုတော့ပါဘူး။ Firefox နဲ့ Ad Block ရှိနေပါပြီ။ :)

Similar Posts:

ShareThis

No comments:

Post a Comment