Windows 10 အသုံးပြုသူတွေအတွက် Libraries လေးပြန်ဖေါ်နည်း
Windows 10 အသုံးပြုသူတွေအတွက် Libraries လေးပြန်ဖေါ်နည်းလေးကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။Credit - ဇူးနစ်(နည်းပညာ)
Windows 7 စနစ်ထဲမှာတော့ Libraries ဆိုတာကတော့
ပထမဆုံး Introduce feature တစ်မျိုးဖြစ်ပါတယ်။
ကွန်ပျူတာမှာ အဓိကနေရာယူနေတဲ့ အရှုပ်ပွဆုံးဖိုင်များကို တစ်စုတည်း
ထားပေးတဲ့နေရာလည်းအဖြစ် ကူညီပေးထားတာလည်းဖြစ်ပါတယ်။
Windows 8 မှာတော့ ဒီ Libraries စနစ်ကို default ဖြင့်တာထွက်လာခဲ့ပေမယ့်လည်း
System ပိုင်းအတွက်တော့ Featues တွေဟာ ပျောက်ကွယ်သွားတာမျိုးတော့ မရှိခဲ့ပါ
ဒါပေမယ့် ဒီ Windows 10 အရောက်မှာတော့ Folder Options ထဲမှာတင်သူ့ကို
မြေမြှုပ်သင်္ဂြိုဟ်ခဲ့တာလားထင်ရတယ် Libraries လေးကို Hide ထားတာတွေ့ကြရမှာပါ။
မြေမြှုပ်သင်္ဂြိုဟ်ခဲ့တာလားထင်ရတယ် Libraries လေးကို Hide ထားတာတွေ့ကြရမှာပါ။
တကယ်လို့ မိမိ Windows 10 မှာ Library လေးကိုပြန်လေ ဖေါ်ထားချင်တယ်
ဆိုရင်တော့ အောက်ပါပုံလေးတွေအတိုင်းကြည့်လုပ်ပေးလိုက်ပါ။
Windows Explore ကိုဖွင့်လိုက်ပါ W+E ကိုတွဲနှိပ် လိုက်ရင်ရပါတယ်
အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါ View ကိုတစ်ချက်နှိပ်၊
ပြီးရင် Options ကိုထပ်နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း Folder Options ပေါ်လာတဲ့အခါ
View ကိုပြောင်းလဲပေးရမှာဖြစ်တဲ့အတွက် Show libraries ဆိုတဲ့
နေရာမှာ အမှန်ခြစ်လေးကိုပေးလိုက်ပါ ပြီးရင် OK ကိုနှိပ်ပါ။
အောက်ပါပုံမှာတော့ Windows Explorer ဖိုင်ရဲ့နံဘေးမှာ
libraries လေးကို ပြန်လည်မြင်နေရပါလိမ့်မယ်။
ဒီလောက်နဲ့မှမကျေနပ်သေးရင်လည်း libraries တွင် ထားရှိလိုတဲ့ ဘယ် Folder မျိုးကိုမဆို
Right click တစ်ချက်ထောက်ပြီး “Include in library.” နှိပ်ပေးလိုက့်ရုံပါပဲ
တကယ်လို့ အဆင်မပြေသေးရင်တော့ ဖေါ်ပြပေးထားတဲ့ ပုံလေးတွေကိုအသေအချာပြန်ကြည့်လိုက်ပါ။
တကယ်လို့ အဆင်မပြေသေးရင်တော့ ဖေါ်ပြပေးထားတဲ့ ပုံလေးတွေကိုအသေအချာပြန်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
Credit - ဇူးနစ်(နည်းပညာ)
No comments:
Post a Comment