ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Monday, December 7, 2015

Oppo ဖုန်းများကို Firmware ရေးသားနည်း ကွန်ပျူတာမလို
================================
Oppo ဖုန်းများအတွက် ကွန်ပျူတာမလိုပဲ ဖုန်းမှာတင် Firmware
အလွယ် ရေးသာနည်းကိုအားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် Normal Rom ကို Official အတိုင်း ရေးသားနည်းနဲ့
Normal Rom Firmware များကို Color Rom များသို့တင်နည်း
ဆိုပြီး အားလုံးနားလည်လွယ်မယ့်ပုံစံမျိုးအသေးစစ်ရှင်းပြပေးထားပါတယ်။
Firmware စတင်ရေးသားနည်း
----------------------------------
၁။ ဒေါင်းလော့ရလာတဲ့ Firmware zip ဖိုင်လုံးဝမဖြေပါနဲ့
၂။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ပြီး Firmware zip ဖိုင်ကို SD Card သို့ကူးထည့်လိုက်ပါ
၃။ ဖုန်းမှာ Recovery Mode ကိုဝင်ပေးရပါမည်၊ (Vol down+power button)
အသံတိုးတဲ့ ခလုပ်နဲ့ ပါဝါ ခလုပ်ကိုများကို တစ်ပြိုင်တည်းတွဲနှိပ်ထားလိုက်ပါ။
၎။ ပြီးရင် Volu+Up ကီးကိုထပ်နှိပ်ပြီး Recovery Mode သို့ဝင်လိုက်ပါ။
၎။ Recovery mode တွင် Volu+up သည် အထက်၊ Volu+Down သည်အောက် အတည်ပြုပေးတဲ့ခလုပ်သည် Power ကီးများဖြစ်ကြပါသည်။
၅။ Recovery mode ဝင်ရောက်နေတဲ့အချိန်မှာ လက်ရှိ မိမိ ဖုန်းဟာ
Normal Rom ဆိုရင်အထက်ဖေါ်ပြပါ Hardware Button များကို အသုံးပြုပြီး
wipe factory / wipe data သွားပြီ စက်ကို factory reset ချပေးလိုက်ပါ ပြီရင် "Install zip from sdcard" >choose zip from internal sdcard ဆိုပြီး
တစ်ဆင့်ချင်းနှိပ်သွားပြီး SD ကဒ် အတွင်း ကူးယူခဲ့ပြီးသော
firmware/rom.. Zip ဖိုင် ကို ရွေးချယ် install လုပ်ပါပေးလိုက်ပါ။
၆။ Firmware update ကို စတင်ပြီး ၁ မီးနစ် ခန့် အကြာဖုန်းမှာ
Auto Reboot ကျသွားပါလိမ့်မယ် ဖုန်းပြန်ပွင့်လာရင်
Firmware update ပြုလုပ်ခြင်းကိစ္စအောင်မြင်ပြီးဆုံးပါပြီ။
Read more tutorial & Download Here>>>http://www.zunite.org/2015/12/oppo-firmware.html
Admin @ဇူးနစ်(နည်းပညာ)
www.zunite.org




No comments:

Post a Comment