Myanmar Font For iOS 8.0,8.0.2,8.1 မှာ အလွယ်ထည့်နည်း (All iPhone & iPad)
Myanmar Font For iOS 8.0,8.0.2,8.1 မှာ အလွယ်ထည့်နည်း
အားလုံးတောင်းဆိုနေကြတဲ့ မြန်မာဖောင့်နဲ့ iOS 8 ပြသနာလေးပါ.
ကျနော် တင်ပေးချင်နေခဲ့တာ တော်တော်လေးကိုကြာခဲ့ပါပြီ၊
ခနခနတော့ အတူနေဘော်ဒါတွေကို လုပ်ပေးနေကြပါ...။
ဒါပေမယ့် Recording လုပ်စရာက ရှိမနေတော့ Videos Tutorial ကောင်းကောင်း
တင်ပေးစရာရှိမနေတာနဲ့ မတင်ဖြစ်တာပါ...။
ဒီနေ့တော့ ချစ်အစ်ကိုကြီး Linlin က သူ့ရဲ့ iPhone 5 မှာ မြန်မာစာ
ပြန်ထည့်ပေးပါဦးဆိုတာနဲ့ Video Tutorial ကိုပါ လုပ်ဖြစ်သွားတာပါ...။
Screenshot ထားတော့ မရှိပါဘူးခင်ဗျား...
ဒါပေမယ့် ဘော်ဒါများအားလုံး အဆင်ပြေအောင်
ကျနော် အသေစိတ်ရေးပေးလိုက်ပါတယ်...။
My Font for All iOS
Download Here
ttKeyboard For Alll iOS
Download Here
Installation Guide for iOS & Myanmar font
၁။ Setting>>>General>>>About>>>Version>>>ကိုအရင်ကြည့်ပါ။
၂။ My Font & TTkeyboard နှစ်ခုကို Apple Store မှ ဒေါင်းယူထားပါ။
၃။ My Font icon ကို တစ်ချက်နှိပ်လိုက်ပါ..Zawgyi One>>>Install>>>
(This Profile is not signed-စာတန်းအောက်မှ-Install-ဆိုတဲ့ စာတန်းအနီလေးကို နှိပ်ပါ..
>>>(Profile installed) ..ရဲ့ဘေး.. Done.. ကို ထပ်နှိပ်လိုက်ပါ...။
၎။ Setting>>>General>>>Keyboard>>>Add New Keyboard>>>ttKeyboard>>>Zawygyi ကို On ပေးလိုက်ပါ..ပြီးတော့...Done..ကိုထပ်နှိပ်ပေးလိုက်ပါခင်ဗျား...။
၅။ Search iPhone ကီးဘုတ်နေရာမှာ ကမ္ဘာ့လုံးလေး ပုံကို တစ်ချက်နှိပ်ပေးပါ..
နောက်ထပ် ကမ္ဘာလုံးလေး ပုံကို ထပ်နှိပ်ပေးလိုက်ပါ...
Smart ZawGyi ရဲ့ အောက်မှာ မြန်မာစာလေး ပေါ်နေပါပြီခင်ဗျား...။
အောက်မှာ ကျနော် Video Tutorial လေးကို Youtube ကနေ ကြည်ကြည်လေး
ကြည့်ရအောင်လို့ တင်ပေးထားပါတယ်...။
Myanmar Font For iOS 8.0,8.0.2,8.1 မှာ အလွယ်ထည့်နည်း (All iPhone & iPad)
ဗွီဒီယိုလေး မအားတဲ့ကြားက ရိုက်ကူပေးခဲ့တဲ့
ချစ်အစ်ကိုကြီး Linlin အား အထူးကျေးဇူးတင်ပါတယ်ခင်ဗျား..
တောင်းဆိုထားကြတဲ့ ဘော်ဒါများလည်း စိတ်ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ်...။
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
www.zunite.org
No comments:
Post a Comment