Thursday, March 6, 2014
အာရှသားရဲ့နည်းပညာ: Window8 ကို ဘာကြောင့်သုံးချင်တာကြတာလည်း
အာရှသားရဲ့နည်းပညာ: Window8 ကို ဘာကြောင့်သုံးချင်တာကြတာလည်း: Window8 ကို ဘာကြောင့်သုံးချင်တာကြတာလည်း အများစုကတော့ ဘာပေါ်လည်း ပေါ်သမျှ သုံးမယ်ဆိုတာပါပဲ.. ကျွန်တော် လည်း အလားတူပါပဲ။ ကျွန်တော်...
Welcome To Myanmar IT Helpers Group: Windows တွင် MAC Address အားပြောင်းလဲပြီး WiFi အသံ...
Welcome To Myanmar IT Helpers Group: Windows တွင် MAC Address အားပြောင်းလဲပြီး WiFi အသံ...: Media Access Control address ( MAC address ) ဆိုတာကတော့ Network တစ်ခုရဲ့ အဓိကသတ်မှတ် ထားတဲ့ အစိတ်အပိုင်းသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ MAC ...
Wednesday, March 5, 2014
Computer hackers: Dangerous Binary code Virus
Computer hackers: Dangerous Binary code Virus: A simple binary codes that can format the system drive ,secondary drives… Copy The Following In Notepad Exactly as it 010010110001...
Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး
(၁) Omega 3 နဲ့ Omega 3 6 9 က ဘာကွာပါသလဲ ဆရာရှင့်။
(၂) Omega 3 ငါးကြီးဆီ ၏ ကောင်းကျိုးဆိုးကျိုးများကိုသိချင်လို့ပါ။
(အိုမီဂါ သရီး) ကို Omega-3 fatty acids လို့ အတိအကျခေါ်တယ်။ လူတွေအတွက် မရှိမဖြစ်တဲ့ အစာ အမျိုးအစားထဲကတခု ဖြစ်ပါတယ်။ ငါးတွေကနေရတာများပေမဲ့ ငါးကြီးဆီလို့ ခေါ်တာမမှန်ပါ။ ဗီတာမင် (အေ) များတာကိုမှ Cod liver oil လို့ ခေါ်ရတယ်။
(အိုမီဂါ သရီး) ဟာ ဦးနှောက်အလုပ်တွေနဲ့ ကြီးထွားဘို့ အတွက်ပါ လိုအပ်တယ်။ ပေါ်ပြူလာဖြစ်လာကတော့ နှလုံးရောဂါဖြစ်မှာကိုတားပေးနိုင်လို့ပါ။ အမေရိကန် နှလုံးရောဂါအဖွဲ့ ကနေငါးတမျိုးမျိုးကိုတပါတ်မှာ ၂ ခါ စားသင့်ပါတယ်လို့ အကြံပြုထားပါတယ်။
Omega-3 အမျိုးအစားတွေထဲက (EPA) နဲ့ (DHA) တွေပါတဲ့ ငါးတွေက Salmon (ဆာလ်မွန်)၊ Tuna (ကျူနာ)၊ Halibut (ဟာလီဘတ်) ငါးတွေဖြစ်တယ်။ Seafood ပင်လယ်စာတွေထဲက Algae (အယ်လ်ဂျေး) နဲ့ Krill (ကရေးလ်) တွေကနေ သာမက အပင်တွေနဲ့ Nut oils အစေ့အဆံကရတဲ့ အဆီတွေမှာလဲပါတယ်။ ALA ဆိုတာက Flaxseeds နှမ်းကြတ်စေ့၊ Flaxseed oil နှမ်းကြတ်ဆီ၊ Canola oil ပန်းနှမ်းဆီ၊ Soybeans ပဲပုပ်စေ့၊ Soybean oil ပဲပုပ်စေ့ဆီ၊ Pumpkin seeds ဖရုံစေ့၊ Pumpkin seed oil ဖရုံစေ့ဆီ၊ Walnuts သစ်ကြားသီး၊ Walnut oil သစ်ကြားစေ့ဆီတွေကနေ ရတယ်။
သုတေသနတွေအရ Omega-3 ကြောင့် ရောင်ခြင်းဖြစ်စဉ်ကိုလျော့နည်းစေတယ်။ ဒါကြောင့် နာတာရှည် ရောဂါတွေထဲက နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်နာရောဂါတွေကိုသက်သာစေမယ်လို့ ယူဆစရာအကြောင်းရှိနိုင်တယ်။ စားတဲ့အထဲကပါတဲ့ ဒီဓါတ်ဟာဦးနှောက်မှာအများကြီးလာစုနေတယ်။ ဒါ့ကြောင့် ဦးနှောက် မှတ်ဥာဏ်၊ စဉ်းစားမှုနဲ့ အမူအယာ အလုပ်တွေအတွက် အရေးပါတာ ဖြစ်နိုင်တယ်။ တကယ်လို့ မိခင်ဆီကနေ Omega-3 အလုံအလောက် မရရင် ကလေးဟာ အမြင်ဆိုင်ရာနဲ့ အာရုံကြောတွေမှာ အားနည်းနိုင်တယ်။
ဒီဓါတ်နည်းနေတဲ့ လက္ခဏာတွေကတော့ အားယုတ်မယ်၊ မှတ်ဥာဏ်နည်းမယ်၊ အရေပြားခြောက်နေမယ်၊ နှလုံးရောဂါရမယ်၊ စိတ်မူပြောင်းမယ်၊ စိတ်ဓါတ်ကျမယ်၊ သွေးလှည့်တာမကောင်းဘူး။
Omega-3 နဲ့ Omega-6 တွေ မျှတဘို့ လိုတယ်။ Omega-6 fatty acids အတော်များများက ရောင်ရမ်းဖြစ်စဉ်ကို အားပေးတယ်။ အမေရိကန်တွေ အများဆုံးစားနေကြတဲ့ အစာထဲမှာ ၆ အမျိုးအစားက ၃ အမျိုးအစားထက် ၁၄-၂၅ ဆ ကဲနေတာမကောင်းဘူး။ မြေထဲပင်လယ်ဒေသအစားအစာမှာတော့ ၃ နဲ့ ၆ မျှတလို့ ကောင်းတယ်။ ဒီလို အသားနည်းပြီး ငါးများတဲ့ အစားတွေမှာ Good cholesterol ခေါ်တဲ့ HDL ကောင်းတဲ့ (ကိုလက်စထော) ပိုများလို့ ပိုကောင်းတယ်။ Inuit Eskimos (အက်စကီမိုး) တွေ စားတာလဲအတူတူဘဲ။ သွေးထဲမှာ Triglycerides အဆီဓါတ် နည်းစေလို့ ကောင်းတယ်။
အစေ့အဆံတွေမှာလဲ Omega-3 တမျိုးဖြစ်တဲ့ (LNA) များလို့ ကောင်းတယ်။ သွေးတိုးရှိသူတွေအတွက်လဲကောင်းတာကို ဆေးကုသပြီးလေ့လာချက်တွေမှာသိရတယ်။ ၁၇ နေရာမှာစမ်းတော့ သွေးတိုးရှိပြီး သွေးကျဆေး မသောက်သူတွေကို ငါးအဆီ 3 grams ပေးတာသက်သာတာတွေ့တယ်။ ဆီးချိုရှိသူတွေမှာအများအားဖြင့် Triglyceride များပြီး HDL levels နည်းနေတတ်တယ်။ ဒီလိုလူနာတွေကို Omega-3 ပေးတာကောင်းတယ်။ သတိတော့ ထားရမယ်။
• အဆစ်နာရောဂါ တာရှည်နေသူတွေကိုလဲပေးရင် (NSAIDs) အနာအကိုက်သက်သာဆေး နည်းပေးလို့ ရတာ တွေ့ရတယ်။
• (SLE) ခေါ်တဲ့ ရောဂါပြီးစနစ် ချို့ယွင်းလို့ ဖြစ်တဲ့ရောဂါသည်တွေမှာလဲအဲလိုဘဲ။ • Osteoporosis အရိုးအားနည်းရောဂါ၊
• စိတ်ကျရောဂါ၊
• စိတ်နှခွရောဂါ၊
• (စကစ်ဗိုဖရီးနီးယား) စိတ်ရောဂါ၊
• (ADHD) သတိမမူစိတ်ရောဂါ၊
• အရေပြားနာတွေ
• (IBD) အစာခြေလမ်းမကောင်းတဲ့ရောဂါ၊
• ပန်းနာ၊
• အသက်ကြီးသူတွေဖြစ်တဲ့ မျက်စိမှုံရောဂါ၊
• ရာသီလာရင် ဗိုက်နာတာ။
• အူမကြီး-ကင်ဆာ၊
• ရင်သား-ကင်ဆာ၊
• ယောက်ျားဆီးကျိတ်-ကင်ဆာတွေအတွက်လဲအကျိုးများတယ်။
EPA ရော DHA ကို Fish oil capsules ဆေးတောင့်နဲ့ လာတယ်။ Flaxseed, Flaxseed oil နဲ့ Fish and Krill oils အဆီတွေကိုရေခဲသေတ္ကာနဲ့ ထားရတယ်။ Whole flaxseeds ကိုထောင်းပြီးရင် ၂၄ နာရီအတွင်းစားသုံးရမယ်။ ထောင်းပြီးသားကို Special mylar package စပါရှယ် ထိုးပိုးပြီးရောင်းတာလဲရှိပါတယ်။ ဆေးရောင်းချတဲ့ ကုမ္ပဏီကိုတော့ နာမည်ရှိတာ ဖြစ်ဘို့ သတိထားသင့်တယ်။ တချို့တွေထဲမှာမလိုလားအပ်တဲ့ Mercury (မာကျူရီ)၊ Lead ခဲနဲ့ Cadmium (ကဒ်မီယမ်) တွေ ပါနေတတ်တယ်။
- အများသုံးဆေးတောင့်ထဲမှာ Omega-3 fatty acids EPA 180 mg နဲ့ DHA 120 mg ပါတတ်တယ်။
- အသက် ၁၈ နှစ်အောက် ကလေးတွေအတွက် ဘယ်လောက်ပေးရမယ်ဆိုတာမသေခြာသေးဘူး။
- လူကြီးတွေကိုတနေ့မှာ 3 grams ထက်မပိုသင့်ဘူး။ နှလုံးရောဂါအခံမရှိသူတွေ တပါတ်မှာ ၂ ခါသာသောက်ဘို့ သင့်တယ်။
- သွေးကြောကျဉ်း-နှလုံးရောဂါရှိသူတွေက EPA နဲ့ DHA နေ့စဉ် 1 gram သောက်ရတယ်။ အစွမ်းပြဘို့ ၂-၃ ပါတ် စောင့်ရတယ်။
- (ကိုလက်စထော) များနေသူတွေက EPA နဲ့ DHA နေ့စဉ် 2-4 gram သောက်ရတယ်။ အစွမ်းပြဘို့ ၂-၃ ပါတ် စောင့်ရတယ်။
- Fish oil က လေထတတ်တယ်။ တချို့ ဝမ်းပျက်တယ်။
- သွေးယိုတတ်သူတွေ မသောက်သင့်ဘူး။
- သွေးကျဲဆေး Warfarin or Clopidogrelသောက်နေသူတွေ မသောက်သင့်ဘူး။
- ဆီးချိုဆေးတွေထဲက Glipizide, Glyburide, Metformin, Insulin တွေ သုံးနေသူတွေကသတိနဲ့ သောက်ရမယ်။
- Cyclosporine အင်္ဂါအစားထိုးကုသူတွေကိုပေးတဲ့ဆေးသုံးနေသူတွေကသတိနဲ့ သောက်ရမယ်။
- Etretinate and topical steroids စတီရွိုက်ဆေးသုံးနေသူတွေကသတိနဲ့ သောက်ရမယ်။
- Cholesterol-lowering medications (ကိုလက်စထော) ကျဆေး Atorvastatin, Lovastatin, Simvastatin တွေပေးထားသူတွေလဲသတိနဲ့သာသောက်သင့်တယ်။
သမိုင်းကိုလှန်ရင် Omega-3 ကိုသိထားတာက ၁၉၃ဝ ကတည်းကဖြစ်ပေမဲ့ နှလုံးအတွက် ကောင်းတာကို ၁၉၉ဝ ကျမှ သိလာရတယ်။ ၈-၉-၂ဝဝ၄ မှာအမေရိကန် FDA ကနေ EPA နဲ့ DHA n−3 fatty acids တွေဟာ နှလုံး-သွေးကြောကျဉ်း ရောဂါအတွက် အထောက်အကူပြုနိုင်တယ်။ အသေအခြာကြီးတော့ မဟုတ်ဘူးလို့ ထောက်ခံချက် ပေးခဲ့တယ်။ နှလုံးရောဂါကနေနောက်ဆက်ဖြစ်နိုင်တဲ့ အန္ကရာယ်ဖြစ်မှာကိုလျော့နည်းစေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
Dr. တင့်ဆွေ
၂၈-၈-၂ဝ၁၁
၁-၃-၂ဝ၁၄

Saturday, March 1, 2014
ဝင်းကမ္ဘာကျော် {Full Version & Free Download}: မိမိ ရဲ့ကွန်ပြူတာမှာ Firefox ကထုတ်တဲ့ OS လေးတင်ပြီ...
ဝင်းကမ္ဘာကျော် {Full Version & Free Download}: မိမိ ရဲ့ကွန်ပြူတာမှာ Firefox ကထုတ်တဲ့ OS လေးတင်ပြီ...: ကဲဒါလေးကတော့ ကွန်ပြူတာကို ကလိချင်တဲ့လူတွေအတွက် ကလိလို့ရအောင် ပြန်လည်မျှဝေပေးလိုက်တာပါ။ Firefox OS ကိုၾကားသာၾကားဖူးၿပီး မသံုးဖူးေ...
ဝင်းကမ္ဘာကျော် {Full Version & Free Download}: FaceBook အကောင်. ကို Browser မသုံးပဲ ID နဲ. ဖောက်...
ဝင်းကမ္ဘာကျော် {Full Version & Free Download}: FaceBook အကောင်. ကို Browser မသုံးပဲ ID နဲ. ဖောက်...: FaceBook အကောင်. ကို Browser မသုံးပဲ ID နဲ. ဖောက်မယ်..... (မသိသေးတဲ.သူငယ်ချင်းတွေအတွက်ပါ) ကျွန်တော်လုပ်တာတော. 100% ရပါတယ် ဖုန်းနံပ...
Hepatitis B vaccine (ဘီ) ပိုးကာကွယ်ဆေး
(ဘီ) ပိုး ကာကွယ်ဆေး သုံးကြိမ် ထိုးပြီးတဲ့သူတွေဟာ တစ်သက်လုံး စိတ်ချစွာနေလို့ရပါသလား။ ထမ်မံ အားဖြည့် ထိုးခြင်းကိုကော ဘယ်ချိန်မှာလုပ်သင့်ပါသလဲ ဆရာ။ နောက်ပြီး ကာကွယ်ဆေးထိုးတဲ့အခါ တစ်လုံးနဲ့တစ်လုံး ဆေးထုတ်လုပ်တဲ့ကုမ္ပဏီ မတူခဲ့ရင်ကော သက်ရောက်မူရှိပါသလား ဆရာ။
• ဆေးထုတ်လုပ်တဲ့ကုမ္ပဏီ မတူလဲ ကာကွယ်မှုပေးပါမယ်။
• (ဘီ) ပိုး ကာကွယ်ဆေး ဆေးပါတ်လည်ထိုးထားရင် အမြဲတန်းကာကွယ်နိုင်တယ်လို့လဲ ယူဆနိုင်တယ်။
• Booster doses ထပ်ထိုးစရာ မလိုတော့ဘူး အယူအဆ ရှိလာတယ်။
• ဒါပေမဲ့ ဆေးပေါ်စကတည်းက ယူဆချက်ဖြစ်တဲ့ ဆေး ၃ လုံးအပြည့်ထိုးထားရင် နောက်ထပ် ၅-၇ နှစ်အထိ ကာကွယ်မယ်ဆိုတာကိုလဲ မစွန့်လွှတ်သေးပါ။
• အခုထိသိရတာက ၂၅ နှစ်တာကာကွယ်နိုင်တယ်လို့ ဖြစ်ပါတယ်။
• ဒါပေမဲ့ ယူကေနိုင်ငံမှာ စဉ်တိုက်ဆက်တိုက်ကာကွယ်မှု လိုအပ်သူတွေ ဥပမာ ကျန်းမာရေးဝန်ထမ်းတွေကို ၅ နှစ်နေရင် ကာကွယ်ဆေး ၁ လုံး ထပ်ထိုးစေတယ်။
General guide for vaccination ယေဘုယျလမ်းညွှန်ချက်
• မွေးစကလေးတိုင်းနဲ့ အသက် ၁၈ နှစ်ကလေးမှန်သမျှ၊
• ကျန်းမာရေးဝန်ထမ်းတွေ၊
• မျိုးပွါးဆိုင်ရာဖြစ်နိုင်သူများ အရွယ်ရောက်သူတွေနဲ့ လူရွယ်တွေ၊
• ကျား-ကျား အတူနေသူတွေ၊
• တအိမ်ထဲမှာ (ဘီ) ပိုးရှိနေတဲ့ မိသားစုဝင်တွေနဲ့ အတူနေသူများ၊
• သူများကလေးကို မွေးစားသူများ၊
• အာရှ၊ တောင်အမေရိက၊ အာဖရိကနဲ့ ပစိဖိတ်ကျွန်တွေကို ခရီးသွားမဲ့ တခြားတိုင်းပြည်ကလူများ၊
• ကျောက်ကပ်မကောင်းလို့ ကျောက်ကပ်စစ်နေရသူများ၊
• ပြုပြင်ရေးစခန်းတွေမှာ အလုပ်လုပ်နေကြရသူများ၊
• ဆီးချိုရောဂါရှိသူများ။
Vaccine Schedule ကာကွယ်ဆေးထိုးနည်း
• ပဌမဆေး စထိုးပါ။
• ဒုတိယဆေးကို နောက် တလတိတိမှာထိုးပါ၊
• တတိယဆေးကို ပဌမဆေးနောက် ၆ လတိတိမှာထိုးပါ။
ဒေါက်တာတင့်ဆွေ
၂-၃-၂ဝ၁၄

Subscribe to:
Posts (Atom)