Windows 7 Admin
Password ကို Hack နည်း Software မလို 100%
April 21, 2017 ကွန်ပျူတာဆိုင်ရာများ No comments
မိုဘိုင်းဖုန်း နည်းပညာဆိုင်ရာတော့မဟုတ်ပါဘူး Windows 7 အသုံးပြုသူ
ညီအကိုများအတွက် အရေးကြုံလာရင် အသုံးတည့်အောင်လို့ ဒီပို့စ့် လေးကို
အားလုံးအတွက် ရေးဖြစ်သွားတာပါ။
ခေါင်းစဉ်မြင်တာနဲ့ ကွန်ပျူတာ အခြေခံ နားလည်ပြီးသား သူတွေကတော့
သဘောပေါက်ကြမှာပါ မသိကြသေးတဲ့ သူတွေကတော့ ယခုဖေါ်ပြပါ
နည်းလမ်းလေးကို စမ်းသပ်အသုံးပြုကြည့်ဖို့ကို ပြောကြားလိုပါတယ်။
ကွန်ပျူတာပိုင်းဘက် အချိန်ကုန်တုန်းကပေါ့ ကျနော် တစ်ခါတော့
သူငယ်ချင်းတစ်ယောက်ကို ကူညီဖူးပါတယ် ဒါပေမယ့်
နှစ်နှစ်လောက်တော့ရှိခဲ့ပါပြီ၊ အခုပြန်လိုလာလို့ လုပ်ကြည့်တော့ မေ့နေတာနဲ့
ပြန်ရှာဖြစ်တယ်။
အခုပြန်လုပ်ကြည့်တော့လည်း အဆင်ပြေနေတုန်းပဲ အရမ်းအဆင်ပြေတဲ့
နည်းလမ်းလေးမို့ အသုံးလိုသူတိုင်း စမ်းသပ်အသုံးပြုလို့ရအောင် တစ်ဆင့်ပြန်
လည်မျှဝေပေးလိုက်ဖြင်းပဲဖြစ်ပါတယ်။
Windows 7 အသုံးပြုသူ User တိုင်း ကြုံဖူးကြမှာပါ မိမိကွန်ပျူတာကို
Password ပေးပြီး တစ်ခါတလေ မိမိပေးထားသည့် Password ကို လုံးဝ
မမှတ်မိတော့ပဲ Log in ၀င်မရတော့ပဲ အုံးစားဖူးတဲ့ နေ့ရက်တွေကိုပေါ့
ကျနော့် အတွေ့အကြုံလေး ပြောပြချင်ပါတယ်၊ သူငယ်ချင်းတစ်ယောက် ကွန်ပျူတာ
ဝယ်လာခါစရှိသေး Password ထားသုံးချင်တယ် လုပ်ပေးပါဦးဆိုတော့၊ အင်း...
ရတယ်လေ ဆိုပြီး ကွန်ပျူတာကို အနားကို
ဆွဲယူလိုက်တယ်၊ ပြီးရင် ကျနော် သူ့ကို မေးဖူးတဲ့ စကားအချို့ရှိပါတယ်၊
ဘာမေးမိလည်း ဆိုတော့...
မင်းက Password ကိုပေးထားပြီး မေ့တတ်တဲ့ တစ်ယောက်လား?
မင်းအတွက် Password ထားသုံးလို့ တကယ်ကော အဆင်ပြေပါ့မလား?
အဖြေက... ဒါလေးများ ခက်ရော့ လား လုပ်သာလုပ်ပေးစမ်းပါ အဆင်ပြေပါတယ်...။
ဒါဆိုရင်လည်း ပြီးရော့ကွာ ဆိုပြီး လုပ်ပေးလိုက်တယ် တစ်ရက်တော့
အဆင်ပြေသွားတယ် နောက်နေ့ ပြာယာခပ်ပြီးရောက်လာပြီ... ဘာတုန်းငါ့ကောင်
လို့မေးလိုက်တယ်...
ဘာပြောတယ်မှတ်တုန်း... မင်းလုပ်သလို ငါ့ဖာသာငါ Password
ပြောင်းကြည့်လိုက်တာ အခု Password ကိုမမှတ်မိတော့ဘူး Log in လည်း ၀င်မရတော့
အခေါက်ပေါင်းမနည်းတော့ဘူး...ဆိုပဲ...
ကျနော် ပြန်ပြောလိုက်တာကတော့ အင်းကွာ...ဖြစ်တတ်ပါတယ် မင်းကို
ငါကြိုပြောသားပဲ မင်းကပဲ အဆင်ပြေပါတယ် ပါးပါးလေးပါ ဒီလောက်လေးကတော့
သာယာပါတယ်ဆိုကွာ...အခုတော့...
ဟုတ်ပါတယ် Windows 7 အသုံးပြုသူတိုင်း မလွဲမသွယ် ကြုံကြိုက်ဖူးကြမယ့်
Windows ဆိုင်ရာ Tutorial လေးတစ်ခုဖြစ်မယ်ထင်ပါတယ်၊ တကယ်လို့
သင့်ကွန်ပျူတာတွင် (သို့) မဟုတ် သူငယ်ချင်း တစ်ယောက်ရဲ့ ကွန်ပျူတာအတွက်
အကူအညီလိုအပ်လို့ နည်းလမ်းကောင်း လိုက်ရှာနေတယ်ဆိုရင်တော့ ယခုဖေါ်ပြပါ
Software မလိုပဲ Windows 7 Admin Password ကို Hack နည်း ကို
စမ်းသပ်ကြည့်လိုက်ပါ။
သိပြီးသား သူတွေကတော့ ကျော်ခွသွားလိုက်ကြပါ၊ အထူးပြောချင်တာကတော့ ဖေါ်ပြပါ
နည်းလမ်းကို တစ်ဦးတစ်ယောက် (သို့) မဟုတ် မကောင်းသည့် စိတ်ထားဖြင့်
သူတစ်ပါး၏ Windows Password ကို ကျော်ခွပြီး Data များကို ခိုးယူမှု
ဖျက်စီးမှုများ ပြုလုပ်ပါက သင့်ထိုက်နဲ့ သင့်ကံဖြစ်သလို (ဘယ်သူမပြု မိမိမှု)
ဆိုသလို ကိုယ်ပြုသည့်ကံ ကိုယ်ထံ ရောင်ပြန်လာမှာဆိုတာကို
ကြိုတင်ပြောထားပါရစေခင်ဗျား...
အဖြစ်စေချင်ဆုံး ဆန္ဒကတော့ School များအတွက် Personal အသုံးပြု သူငယ်ချင်း
ဘော်ဒါများ၏ Computer labs များနဲ့ workplaces လို့ ခေါ်တဲ့ နေရာတွေမှာ
လိုအပ်ပါမှ အသုံးပြုစေချင်ပြီး တစ်ဖက်သားကို ကူညီလိုတဲ့စိတ်ထားဖြင့်
လိုအပ်နေသည့်အချိန်တွင် အသုံးပြုစေချင်ပါတယ်။
အများစုက Password မသိတော့ရင် Windows အသစ်တင်လိုက်တာ (သို့) Service
ဆိုင်သို့သွားပြီး ပြုလုပ်လိုက်တာ စသည်ဖြင့် ပြုလုပ်တတ်ကြပါတယ်
တကယ်တော့မလိုအပ်ပါ ဖေါ်ပြပါ Bypass နည်းကိုသာ သိထားရင်တော့
မိမိကိုယ်တိုင် Windows 7 Admin Password ကို Software မလိုပဲ
အလွယ်တကူ Hack ယူနိုင်မှာပဲဖြစ်ပါတယ်။
တကယ်လို့ သင့်ကွန်ပျူတာတွင် Password ပေးထားပြီး Log in လုပ်ရန် ပေးထားသည့်
Password ကို လုံးဝမမှတ်မိတော့ပဲ Admin Password ကိုဖျက်လိုတဲ့အခါ (သို့)
မဟုတ် တစ်ခြားသူတစ်ဦးတစ်ယောက်ရဲ့ administrator ၏ Admin Password ကို Hack
လိုတဲ့အခါ
ဖေါ်ပြပါ နည်းလမ်းများအတိုင်း Step by Step ပြုလုပ်သွားလိုက်ပါ၊ Software
မလိုဘူးနော် Windows 7 Admin Password ကို Hack နည်းဖြစ်ပါတယ် 1000%
ဖြစ်ပါတယ်။
Windows 7 Admin Password ကို Hack နည်း Software မလို 1000%
========================================
ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ
ကွန်ပျူတာရဲ့ Advanced Boot Options မှ Repair Method မှသွားရမှာဖြစ်လို့
အောက်ပါပုံအတိုင်း Starting Windows လို့မြင်နေရတဲ့အခါ ကွန်ပျူတာကီးဘုတ်မှ
F8 ကိုနှိပ်ထားလိုက်ပါ၊ (Windows Recovery Option ဟုခေါ်)
အောက်ပါပုံအတိုင်း Windows Error Recovery option ဖြင့် တက်လာပါလိမ့်မယ်
Lauch Starup repair (recommended) ဆိုတာကို ရွေးချယ်ပြီး Enter
ကိုခေါက်လိုက်ပါ။
windows is loading files... ဆိုပြီးမြင်နေရရင်တော့ ခနစောင့်နေလိုက်ပါ
အောက်ပါပုံအတိုင်း Microsoft Corporation ဆိုပြီးမြင်နေရရင်တော့
Windows ကို Recovery လုပ်နေတာပါ စောင့်နေလိုက်ပါ။
အောက်ပါပုံအတိုင်း Startup Repair ဖြင့်တက်လာခဲ့ရင် မိနစ်အနည်းငယ်
ကြမှာဖြစ်တဲ့အတွက် ပြီးဆုံးအောင်စောင့်နေလိုက်ပါ။
System Restore ပြုလုပ်မလား စသည့်ဖြင့် မြင်နေရရင်တော့
Cancel ဆိုတာကို နှိပ်ပေးလိုက်ပါ၊ အောက်ပါပုံအတိုင်း။
အောက်ပါပုံအတိုင်း Attempting repairs... ဆိုပြီး မြင်နေရရင်တော့ ငါးမိနစ်
(သို့) ဆယ်မိနစ်လောက် ကြာနိုင်ပါတယ် ပြီးအောင် စောင့်နေလိုက်ပါ
(ဘာမှထပ်လုပ်နေစရာမလိုပါ)
Windows cannot repair this computer automatically ဆိုပြီးပေါ်လာပါလိမ့်မယ်
အောက်ပါပုံအတိုင်း Hide problem details ဆိုတာကိုနှိပ်လိုက်ပါ
မောက်စ့်ဖြင့် Scroll Down ကိုအောက်သို့ဆွဲချပြီး
X:\windows\system32\en-US\erofflps.txt ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ
အောက်ပါပုံအတိုင်း erofflps - Notepad ဖြင့်ပွင့်လာတဲ့အခါ File
>>Open ဆိုပြီးနှပ်လိုက်ပါ
အောက်ပါပုံအတိုင်း တက်လာခဲ့ရင်တော့ Computer ကိုတစ်ချက်နှိပ်ပါ
မိမိကွန်ပျူတာတွင် Windows ရှိသည့် Local Disk သို့သွားရမှာဖြစ်ပါတယ်
(ဥပမာ- Local Disk (C:) စသည်)
Windows ဆိုတာကိုထပ်နှိပ်ပါ
Scroll Down ကိုအောက်သို့ဆွဲချပြီး System32 ကိုထပ်နှိပ်လိုက်ပါ
အောက်ပါပုံအတိုင်း Files of type: နေရာတွင် All Files
ဆိုတာကိုပြောင်းပေးလိုက်ပါ
Scroll Down ကိုအောက်သို့ဆွဲချပြီး sethc သို့သွားလိုက်ပါ
အောက်ပါပုံအတိုင်း
ဒီတစ်ခါ sethc နေရာကို Right -Click ထောက်ပြီး Rename ပြောင်းပေးရမှာ
ဖြစ်တဲ့အတွက် အောက်ပါပုံအတိုင်း sethc1 ဆိုပြီးပြောင်းပေးပြီး Enter
ကိုခေါက်ပါ။
ဒီတစ်ခါ Scroll Down ကိုအပေါ်သို့ ဆွဲတင်ပြီး cmd ဖိုင်ကိုလိုက်ရှာပါ
cmd ကို အောက်ပါပုံအတိုင်း sethc ဆိုပြီး နာမည်ပြောင်းလိုက်ပြီး
ကွန်ပျူတာကီးဘုတ်မှ Enter ကီးကိုခေါက်လိုက်ပါ။
အားလုံးပြီးသွားရင်တော့ Windows များကို Exit or Close ကိုနှိပ်ပြီးထွက်ပါ
အောက်ပါပုံအတိုင်း Don't send ကိုဆက်နှိပ်ပေးလိုက်ပါ
အောက်ပါပုံအတိုင်း Finish ကိုနှိပ်ပါ
ကွန်ပျူတာမှာ Restart ကျသွားပြီး Starting Windows ဖြင့်တက်လာပါလိမ့်မယ်
ဒီတစ်ခါ ပုံမှန်အတိုင်း Log in Windows သို့ရောက်သွားပါလိမ့်မယ်
ဒီတစ်ခါ Setch.exe ကို ဖွင့်ပြီး အသုံးပြုရမှာဖြစ်လို့
ကွန်ပျူတာကီးဘုတ်မှ shift ကို ငါးခေါက် ဆက်တိုက်နှိပ်လိုက်ပါ
အောက်ပါပုံအတိုင်း sethc.exe ဖြင့် Command Prompt ပွင့်လာပါလိမ့်မယ်
net user လို့ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ
ကွန်ပျူတာပိုင်ရဲ့ နာမည် (Name) ကိုမသိခဲ့ရင်လျှင် Net user ဆိုပြီး
ရိုက်ထည့် Enter ခေါက်လိုက်ရင် ကွန်ပျူတာပိုင်ရှင်၏ Name (နာမည်)
ပေါ်လာပါလိမ့်မယ်။
ဥပမာ - Administrator ..... Chad.....Guest ဆိုပြီးမြင်နေရပါလိမ့်မယ်
ထိုတွင် .....Chad..... ဆိုပြီး မြင်နေရသည့် (Name) နာမည်က
ကွန်ပျူတာပိုင်ရှင် Administrator ပဲဖြစ်ပါတယ်။
ကွန်ပျူတာရဲ့ Admin (Name) နာမည်ကိုသိပြီးသားဆိုရင်တော့
net user * ဆိုပြီးရိုက်ထည့်ပြီး Enter ကိုခေါက်ပါ
Enter ကီးကိုခေါက်လိုက်တဲ့အခါ အောက်ပါအတိုင်း ဖြစ်သွားပါလိမ့်မယ်
ဒီတစ်ခါ အောက်ပါ အတိုင်း Command ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ
Net user (Admin Account -နာမည်ကို (သို့) ကွန်ပျူတာပိုင်ရှင်နာမည်)
ဒီနေရာတွင် Option နှစ်ခုပြုလုပ်နိုင်ပါတယ်၊ တကယ်လို့ Admin ၏ password
ကိုတိုက်ရိုက်
Delete ပြုလုပ်လို့ရသလို (သို့) Admin ၏ Password
ကိုပြောင်းလဲအသုံပြုနိုင်ပါတယ်။
Password ပြောင်းလဲအသုံးပြုလိုက New Password ကိုပေးလိုက်ပါ
တိုက်ရိုက်ဖျက်လိုတယ်ဆိုရင်တော့ ကီးဘုတ်မှ Enter ကီးကို ဆက်ခေါက်ပါ
နောက်ထပ် Enter ကီးကို ထပ်ခေါက်ပေးလိုက်ပါ (နှစ်ချက်
ဆက်တိုက်ခေါက်ပေးရမှာပါ)
Admin ၏ Password ကို Delete လုပ်ပြီးဖြစ်လို့
Exit ဆိုပြီးရိုက်ထည့် Enter ခေါက်ပြီး ထွက်လိုက်ပါ
Lock Screen သို့သွားလိုက်ပြီး Log in နေရာတွင်
mouse Cursors မြှာထားပြီး Enter ကီးကိုခေါက်လိုက်ရုံပါပဲ
Welcome ဆိုပြီး Admin Password ကို မတောင်းတော့ပဲ
ကွန်ပျူတာပွင့်သွားပါလိမ့်မယ်
ပုံများဖြင့် အားမရသေးရင်တော့ အောက်ပါ Youtube
လင့်များတွင် Video ဖိုင်များကို လေ့လ့ာကြည့်ရှုလိုက်ပါ
Read & Video Tutorial
" ဒီကသွားပါ "
Credit - " ဇူးနစ် ( နည်းပညာသို့ )
Email ThisBlogThis!Share to TwitterShare to Facebook
You might also like:
Gmail accounts ဖျက်နည်း
Go Keyboad အသုံးပြု နည်း
ဗီဒီယိုတွေကိုအကောင်းဆုံးဒေါင်းယူနည်း
BAGAN KEYBOAD APK (ပုဂံကီးဘုတ်)
Blog လုပ်နည်းအပြည့်အစုံ(ဖုန်းဖြင့်သာ)
Linkwithin
Newer Post Older Post Home
0 post comment:
Post a Comment
Social Profiles
TwitterFacebookGoogle PlusLinkedInRSS FeedEmail
" Wecome To My Page "
Facebook တွင်ထားရှိပါ
❆ ❆ ❆ ❆ ❆ ❆
ကဏ္ဍအလိုက်ရှာပါ
English Website (1)
Facebook All Version (6)
Facebookဆိုင်ရာများ (52)
Game ဆိုင်ရာများ (2)
KingRoot All Version (1)
Mail ဖွင့်နည်းများ (5)
Root ဆိုင်ရာများ (4)
TubeMate All Vresion (1)
ကွန်ပျူတာဆိုင်ရာများ (7)
ဖုန်းပြသနာဆိုင်ရာများ (35)
ဘလော့ဆိုင်ရာများ (5)
မြန်မာမူ့ဆော့ဝဲများ (2)
သီချင်းများဆိုင်ရာ (9)
အမှာစကား (1)
ဆော့ဝဲPROဆိုင်ရာ (7)
ဆော့ဝဲဆိုင်ရာများ (37)
Popular
Tags
Blog Archives
⏩⏩⏩
မေးမြန်းနိုင်သည်
Related Posts Plugin for WordPress, Blogger...
လူကြိုက်များသောပို့စ်
ကိုယ်လိုင်းပေါ်မှာရှိနေတာကို သူများမသိအောင်လုပ်မယ်
ကိုယ် Facebook
သုံးနေတာကိုတစ်ဖက်လူမသိအောင်ဒီနည်းအတိုင်းလေးလုပ်လိုက်ပါ
အောက်မှာလေ့လာကြည့်ပါ.. အိုင်တီဖို...
Report ကိုထိရောက်စွာထုနည်း
Report ထုနည်းလေးတင်ပေးလိုက်ပါတယ်ဗျာ..
လူတိုင်းသိတဲ့နည်းပါပဲ..
ဒါပေမဲ့..အသိသေးတဲ့သူတွေအတွက်..တင်ပေးတာပါ.. အောက်မှာပုံနှင်...
Facebook မှာသူငယ်ချင်းအပ်မရအောင်ပိတ်နည်း
Facebook မှာ
သူငယ်ချင်းအပ်မရအောင်လုပ်ထားချင်သူတွေအတွက်တင်ပေးလိုက်ပါတယ်
သူငယ်ချင်းအပ်မရအောင်လုပ်ပြီး Follow ပဲဖွင့်ြ...
Gmail password မေ့နေတာပြန်ယူနည်း
ဒီနည်းကတင်သာတင်ရတယ်.လွယ်တော့မလွယ်ဘူး.နည်းပညာတွေကလဲနေစဉ်
နဲ့အမျှပြောင်းလဲနေကြတယ် အခုဟာက ကျွန်တော်တင်တဲ့နည်းနဲ့တခြားသ...
Viber မှာကိုယ်သုံးနေတာကိုOnline မှာမတွေ့ အောင်ထားနည်း (Screen Close)
ကဲ..အထွေအထူးတော့မရှိဘူး. Viber သုံးတဲ့သူတွေခဏခဏမေးတဲ့ပိုစ့်ပါ..
ကျွန်တော်တင်ပေးထားပေမဲ့ပျက်သွားခဲ့ပါတယ်.. အခုပြန်ဖြည့်စွက်တင်ပေးထ...
POST http://itpoekarlay.blogspot.sg/2017/04/windows-7-admin-password-hack-software.html
အိုင်တီဖိုးခွါး - နည်းပညာမှကူးယူဖော်ပြသည်

No comments:
Post a Comment