Samsung Galaxy S2 GT I9100T အခြေခံပြီး Samsung All ဖုန်းတွေအားလုံးကို Odin သုံးပြီး Firmware တင်နည်း
05
August
August
Samsung Galaxy S2 GT I9100T အခုကျနော်ဖုန်းအစုတ်လေးနဲ ကို အခြေခံပြီး Samsung All ဖုန်းတွေအားလုံးကို Odin သုံးပြီး Firmware တင်နည်း ကို တင်ပေးသွားမှာပါ။ Samsung Firmware တင်နည်းတွေက အားလုံအတူတူပါပဲ။
ကဲ့ အခု Galaxy S2 ကို တင်နည်း ပေါ့ Odin အသုံးပြီး Firmware တင်နည်းကိုတော့ သူငယ်ချင်း တော်တော်များများသိကြပြီးသားဖြစ်မှာပါ။
ဒါပေမယ့် မသိသေးကြတဲ့ သူငယ်ချင်းတွေအတွက်ရည်ရွယ်ပြီး ကျနော် သိသလောက်ကို အခြေခံ တင်ပေးလိုက်တာပါ။
အောက်မှာ ပုံတွေနဲ့ရော့ ဗီဒီယိုဖြင့် တကွ အသေအချာရှင်းပြပေးထားပါတယ်။အားနည်းချက်ရှိခဲ့လည်း ခွင့်လွတ်ပေးကြပါဗျာ။
အောက်မှာ လိုအပ်တာတွေကို အရင်ဒေါင်းပြီ။ သိမ်းထားပေးပါ။
Download Galaxy S2 GT I9100T Firmware
Download Samsung Drivers
Download Odin
အဓိကပြောရှင်တာကတော့ Firmware တင်မယ့်ဆိုရင်ဖြင့် မိမိကွန်ပျုတာထဲ့မှာ Drivers ကို အင်စတော့ အရင်လုပ်ထားပေးပါ။
ကိုယ်ဒေါင်းလို့ရလာတဲ့ Firmware ဖိုင်ကို Zip ဖြည်လိုက်ပြီး တစ်နေရာမှာ သေချာသိမ်းထားပေးပါ။
ပြီးရင်တော့ Odin ကိုဖွင့်ပြီး Odin ထဲ့က PDA ကို နှိပ်ပြီ ခုနားက သိမ်းထားတဲ့ Firmware ဖိုင်ကို နေရာကိုရှာပြီ ဖိုင်ကို ရွေးပြီး Open နှိပ်ပေးလိုက်ပါ။
Firmware ဖိုင်ကိုရွေးပြီးထည့်ပြီးရင်တော့ အောက်မှာပုံလေးအတိုင်မြင်တွေ့ရမှာ။။။
ပြီးရင်တော့ ဖုန်းကို ဘတ္တရီဖြုတ်လိုက်ပြီ။
ဒါဆိုတော့ Firmware တင်ဖို့အဆင်သင့်ဖြစ်နေပါပြီ အောက်ပါအတိုင်း ကြည့်ရှုပေးပါရန်။
အရင် ဖုန်းကိုပါဝါပိတ် ဘက်ထရီဖြုတ်လိုက်ပါ။
ပြီးရင် ဘက်ထရီပြန်တပ်ပြီး Download Mode ကိုဝင်ရပါမယ်။
Download Mode မဝင်တတ်ရင် အောက်ပါပုံကိုကြည့်ပါ။
Vol Down+Home+Power ခလုတ်သုံးခုကို ပြိုင်တူနည်းနည်းကြာကြာဖိထားလိုက်ပါ။
အောက်မှာ ဒီလို့လည်းပေါ်လာရင် Vol Up ကိုတစ်ချက်နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်းပေါ်လာရင် Download Mode
ကိုရောက်ရင် ဖုန့်း USB နဲ့ ကွန်ပျုတာနဲ့ ချိတ်ပေးလိုက်ပါ။
ကွန်ပျုတာနဲ့ဖုန်းကို USB ကြိုးကို ချိတ်ပြီးသွားရင်တော့ဖုန်း USB Drivers ကို
ကွန်ပျုတာကသိပြီဆိုရင်ဖြင့် Odin ရဲ့ အပေါ်မှာ အပြာရောင်လေး သန်သွားပါလိမ့်မယ်။ပြီးရင်တော့
Start ကို နှိပ်ပေးလိုက်ပါ ။ Firmware တင်နေတဲ့ အချိန်မှာ USB ကို မလွတ်ပါစေနဲ့ သတိထားပေးပါ။
Firmware သွားနေပါသဖြင့် ခဏစောင့်နေလိုက်ပါ။
အစိမ်းရောင်အကွက်ဆုံးတာနဲ့ Pass လို့ပြရင် ပြီးပါပြီ။ ဖုန်းက Auto Reboot ကျသွားပါလိမ့်မယ်။
ပြီးရင် ပါဝါပြန်တက်လာပါလိမ့်မယ်။ Boot တက်နည်းနည်းကြာပါတယ် စောင့်ပေးလိုက်ပါ။
Boot ပြန်တက်လာရင်တော့ Firmware Update သူကိုယ်သူ လုပ်ပေးသွားပြီးရင်တော့ အဆင်ပြေပါပြီ။ USB ကြိုးကိုဖြုတ်လို့ရပါပြီ
အားလုံးအဆင်ပြေကြလိမ်မယ်လို့
ထင်ပါတယ် ကျန်ရှိသော Andriod ဖုန်းအမျိုးအစားတွေကိုလည်း Firmwarer
တင်နည်ကိုလည်း အားသလို့ တင်ပေးသွားမှာပါ။ နည်းပညာ လမ်းကြောင်းပေါ်က
သူငယ်ချင်းတွေကိုလည်း လေးစားလျှက်ပါ။
Samsung All ဖုန်းတွေအားလုံးကို Odin သုံးပြီး
Firmware တင်နည်းကို အောက်မှာ ဗီဒီယိုဖြင့် ကြည့်ရှုရန်
ကျနော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို Like လုပ်ထားပေးပါ. ကျေးဇူးတင်ပါတယ်။
အဆင်ပြေကြပါစေ။
No comments:
Post a Comment