မိမိ iPhone,iPad,iPod မှ Credit-card မတောင်းအောင် Free Apple ID ဖွင့်နည်း

1. Setting > iTunes & App Store မှာ Apple ID SignIn ဖြစ်နေ ပါက Sign Out သေချာစွာ
ပြု လုပ်ပါ ( ပုံ-၁ )

2. App Store ကို သွားပြီး Search မှာ Free App Name ( Example : spotify ) ဆိုပြီး ရိုက်ပါ ပေါ်
လာပါက FREE ဆိုတဲ့ အပြာရောင်လေး ကို နှိပ်ပါ ( ပုံ-၂ )

3.FREE ဆိုတဲ့ အပြာရောင်လေး နေရာမှာ ပြောင်းသွားတဲ့ INSTALL ဆိုပြီး အစိမ်းလေး ကိုနှိပ်ပါ ( ပုံ-၃ )

4. စာ ၃ ကြောင်းပေါ် လာမည် ထို ၃ကြောင်းမှ Create New Apple ID ကိုနှိပ်ပါ ( ပုံ-၄ )

5. New Account ဆိုပြီး ပေါ်လာပါမည် Store နေရာတွင် မိမိ ဖွင့်လိုသော နိုင်ငံကို ရွေးပါ (အများစု
ကတော့ United States ကိုပဲ ရွေးပါသည်) ပြီးလျှင် Next ကိုနှိပ်ပါ ( ပုံ-၅ )

6. Welcome to The iTunes Store ဆိုပြီး ပေါ်လာပါမည် Agree ကိုနှိပ်ပါ ( ပုံ-၆ )

7. I have read and agree to the iTunes Store Terms & Conditions (ကျွန်တော် iTunes
Store ရဲ့ စည်းကမ်းချက်များကို ဖတ်ရှုပြီး သဘော တူညီပါပြီ) ဆိုတာပေါ်လာလျှင် Agree ကိုနှိပ်ပေး
ပါ ( ပုံ-၇ )

8. မိမိ၏အချက်အလက်များဖြည့်စွက်ရန်ပေါ်လာပါမည်
- Email : ***မိမိလက်ရှိSignInလုပ်ပြီးမေးလ်းစစ်နိုင်သောEmailကိုဖြည့်ပါ***
- Password : စစချင်းအကြီးတစ်လုံးပါရမည် ဥပမာ Fasts456
Verify : Fasts456 (Password မှာရေးခဲ့တဲ့အတိုင်း)
- Security Info (လုံခြုံရေးအတွက်မေးခွန်းနဲ့အဖြေများ)
ကျွန်တော် ရွေးသမျှ မေးခွန်းနဲ့ အဖြေတွေပါ ကိုယ်ကြိုက်ရာ မေးခွန်းရွေးပြီး အဖြေလည်း ကြိုက်သလိုဖြေ
လို့ရပါတယ် ***အဓိက က မေးခွန်းရော အဖြေပါ မှတ်မိဖို့ အရေးကြီး ပါတယ်***
Q 1. What was the first thing you learned to cook?
Ans 1. egg
Q 2. What is your dream job?
Ans 2. engineer
Q 3 . What was the first name of your first boss ?
Ans 3 . jackie
- OPTIONAL RESCUE MAIL
Email တစ်ခုပဲ သုံးသူများ အတွက် မဖြည့်လဲ ရပါတယ် သူက ကိုယ့် Email (အပေါ်ဆုံးမှာ ဖြည့်ခဲ့တဲ့ ဟာ)
တစ်စုံတစ်ခုကြောင့် ဝင်မရ ဖြစ်နေရင် Apple ကနေ Mail ပို့တဲ့ အခါ ဒီမှာ ဖြည့်ထားတဲ့ နောက်ထပ် Mail
ကနေ လက်ခံနိုင်အောင်ပါ။
- Date Of Birth(မိမိမွေးနေ့)
အမှန်အတိုင်းဖြည့်တော့မှတ်မိတာပေါ့ သူများကိုဖွင့်ပေးမှာဆိုရင်တော့ ကျွန်တော် သုံးသလို
Jan – 1 – 1990 စသဖြင့်သုံးနိုင်ပါတယ်
အဲဒီအားလုံးဖြည့်ပြီးရင် Next ကိုနှိပ်ပါ ( ပုံ-၈,၉,၁၀ )



9. ဒီအဆင့် ရောက်ရင် အရင်က ကိုယ်တိုင် ဖွင့်ဖူး သူတွေ Credit card တောင်းနေတာ မတွေ့ရပဲ None
မှာ အမှတ်ခြစ်လေးနဲ့ တွေ့ပါ လိမ့်မယ်။

iTunes Card လက်ဝယ် ရှိပြီး ထည့်လို သူတွေ ကတော့
Code မှာ : iTune Gift Card ကဒ်ပေါ်က နံပါတ်များ ရိုက်ထည့် ပေးပါ။
ကဲ...စပြီး နာမည် လိပ်စာ ဖုန်းနံပါတ် တို့ ဖြည့်ကြပါစို့...။
ဥပမာ
Title : Mr.
First Name : Si Thu
Last Name. : Aung
Address. : 899
Address. : Brooklyn (မဖြည့်လဲရ)
City. : Newyork
State. : NY
Zip. : 10001
Phone 123 2087156
အထက်ပါ အတိုင်း အားလုံးဖြည့်ပြီး တစ်ခေါက် စစ်ကြည့်ပါ မှန်ပြီဆိုလျှင် Next ကို နှိပ်ပါ



10. Verify Your Account ဆိုပြီး ပေါ်လာ ပါမည် ( 90% ပြီးနေ ပါပြီ ) Done ကိုနှိပ်ပါ
Mail ထဲကို ၀င်ပြီး iTunes ကပို့ ထားတဲ့ Verify link ကို နှိပ်လိုက်တာနဲ့ Apple ID အသစ် ဖွင့်ခြင်း အဆင့်
များ အားလုံး ပြီးစီးပြီ ဖြစ်ပါတယ်။
No comments:
Post a Comment