မည်သည့်ကွန်ပျူတာမဆို မြန်မာစာ နှင့် မြန်မာ Keyboard ထည့်သွင်းနည်း (Window XP,Vista,7,8,8.1,10)
ကွန်ပျူတာပေါ်မှ မြန်မာစာအဆင်မပြေသမျှကို စုစည်းပေးလိုက်ပါတယ်..။
မြန်မာစာ အဆင်မပြေလို့ပဲဖြစ်ဖြစ် , ကွန်ပျူတာအသစ်မှာပဲထည့်ချင်လို့ပဲဖြစ်ဖြစ်
ပထမဆုံး... သိထားရမှာက....
မိမိကွန်ပျူတာဟာ 32Bit Operating System လား ? 64Bit Operating System လား ? ဆိုတာ သိထားဖို့လိုပါမယ်... တကယ်လို့ မသိသေးဘူးဆိုရင် အောက်ပါပုံအတိုင်း Window Logo နဲ့ Pause ဆိုတဲ့ Key နှစ်ခုကို တွဲနှိပ်လိုက်ပါ။
(ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
ဒီပုံကတော့ System Type : 64Bit Operating System ဆိုတော့ 64Bit ပါ..
ကဲ.... 32Bit Operating System (Or) 64Bit Operating System ဆိုတာ သိပြီးပြီဆိုရင်.....
ဒေါင်းလို့ရလာတဲ့ Program လေးကို Double Click နဲ့ Run လိုက်ပါ...
Window
XP,Vista ကနေ Window 7/8/8.1/10 အထိ အလုပ်လုပ်တဲ့ ဒီ Zawgyi Font Installer လေးကို ဒေါင်းယူပါ... Font ရော Keyboard
ပါ အလွယ်တကူ ထည့်သွင်းနိုင်တဲ့ 2 in 1 Program လေးပါ....32Bit Operating System မှာရော 64Bit Operating System မှာပါ
အသုံးပြုနိုင်ပါတယ်..။
ဒီ Program လေးကိုတော့ ညီလေး Phyo Zin Linn က ရေးထားတာဖြစ်ပါတယ်..။
ဒေါင်းလို့ရလာတဲ့ Program လေးကို Double Click နဲ့ Run လိုက်ပါ...
Install Font ကို နှိပ်ပြီး Next နဲ့ Install လုပ်ပါ...
Next
Next
Finish
Next
Next
Next
Finish
သင့်စက်ဟာ 32Bit Operating System ဆိုရင် ဒီအဆင့်မှာပင် OK ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ရင် မြန်မာလို ရေး/ဖတ် နိုင်ပါပြီ..။
တကယ်လို့ သင့်စက်က 64Bit Operating System ဆိုရင်တော့ Cancel ကိုနှိပ်ပြီး
Install Keyboard ကို ဆက်နှိပ်ပေးကာ Next နဲ့ Install လုပ်ပေးပါ...
ခဏလေး စောင့်ပေးပါ.... အောက်ကပုံလို ပေါ်လာရင် Close နဲ့ ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။
တကယ်လို့ အောက်ကပုံလို ပေါ်နေရင်တော့ Keyboard ကို အရင်က သွင်ထားဖူးလို့ပါ.. Repair the keyboard layout ကို နှိပ်ပြီး Finish ကို ဆက်နှိပ်ပေးလိုက်ပါ။ အားလုံးပြီးရင် စက်ကို Restart ချပေးဖို့လိုပါမယ်။
စက်ပြန်တတ်လာလို့ မြန်မာလို ရေးဖို့အတွက် Ctrl + Shift နဲ့ Keyboard ခေါ်မရသေးဘူးဖြစ်နေရင်တော့.. Window Logo ပေါ်ကို Right Click နှိပ်ပြီး Control Panel ကိုရွေးကာ......
Category ကို နှိပ်ပြီး Large icon ကို ရွေးပါ... (ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
Language ကို နှိပ်ပါ...
Advanced settings ကို ထပ်နှိပ်ပါ...
Override for default input method အောက်မှ English (United States) ကို နှိပ်ပါ...
English (United States) - Zawgyi Myanmar Unicode L ကို ရွေးပေးလိုက်ပါ...
ပြီးရင် Save ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ... စက်ပြန်တတ်လာရင် Ctrl + Shift ကို တွဲနှိပ်ကာ မြန်မာလို ရေးနိုင်ပါပြီ။
နောက်ထပ်...
မြန်မာစာနဲ့ ပါတ်သတ်ပြီး ဖြစ်လေ့ရှိတဲ့ ဆက်စပ်တာလေးတွေကို တခါတည်း လမ်းညွှန်ပေးလိုက်ပါတယ်....
Window 8 / 8.1 / 10 တွေက Folder Name တွေ မြန်မာလို မပေါ်ရင် ဒီနေရာက Post ထဲကအတိုင်း ပြင်ဆင်ပေးနိုင်ပါတယ်။
Window 7 မှာဆိုရင်တော့.....
Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ Personalize ကတဆင့်
ပုံမှ နံပါတ်စဉ်အတိုင်း ပြင်ဆင်ပေးလိုက်ပါ..။
Window Clor
Desktop ကို နှိပ်ပြီး Icon ကို ရွေးပါ..
အောက်က Font ကို နှိပ်ပြီး Zawgyi-One ကို ရွေးပေးပါ..
ဒီပုံအတိုင်းဖြစ်ရမှာပါ... ရပြီဆိုရင် Apply ကို နှိပ်ပြီး....
OK နဲ့ ထွက်လိုက်ပါ...။
အားလုံးပြီးရင် အောက်ကပုံလေးအတိုင်း အဆင်ပြေသွားမှာပါ....။
Internet Browser (IE,Chrome,Firefox) တွေက Menu တွေ မှာ မြန်မာစာတွေ ဖတ်မရဖြစ်နေရင်တော့ စောစောကအတိုင်း ဝင်ပြီး နောက်ထပ် နေရာလေး နှစ်နေရာမှာ Zawgyi-One ကို ပြောင်းပေးလိုက်ပါ..။
Icon နေရာကို နှိပ်ပြီး Menu ကို ရွေးပါ...
Font မှာ Zawgyi-One ကို ရွေးပေးပါ...
နောက်တခါ... Menu မှ Message Box ကိုရွေးပါ....
Font မှာ Zawgyi-One ကို ရွေးပေးပါ...
အားလုံးပြီးရင် Apply ကို နှိပ်လိုက်ပါ....
ခဏနေလို့ ပုံမှန်အတိုင်းဖြစ်ပြီဆိုရင် OK ကိုနှိပ်ပြီး ထွက်လိုက်ပါ... Browser တွေက Menu တွေမှာ မမှန်တာတွေ မှန်သွားပါပြီ...။
နောက်တစ်ခုက Notepad ပေါ်မှာ မြန်မာစာတွေရေးပြီး Save တဲ့အခါ (???) တွေချည်းဖြစ်နေတတ်တာပါ... အဲ့ဒီလိုဖြစ်နေရင်...
Save လုပ်တဲ့အခါ ပုံပါအတိုင်း Unicode ကို ရွေးပြီးမှ Save လုပ်ပါ..။
နောက်ထပ် ဖြစ်တတ်တာတွေကတော့.....
Firefox Browser မှာ မြန်မာစာမမှန်ရင် ဒီနေရာ မှာ ရေးထားပါတယ်။
Chrome Browser အတွက်ကိုတော့ ဒီနေရာ မှာရေးထားပါတယ်။
Opera Browser အတွက်ကတော့ ဒီနေရာ မှာပါ။
အင်တာနက်ကို အခုမှ စ,တင်အသုံးပြုသူတွေအတွက်
အင်တာနက်နဲ့ ပါတ်သတ်တဲ့ Download ဆွဲခြင်း၊ သိလိုသည်များ ရှာဖွေခြင်း စ,တဲ့ အကြောင်း အရာတွေကိုတော့ ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။ (အင်တာနက်ကို အခုမှ စ သုံးတာဆိုရင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ)
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့
No comments:
Post a Comment