iOS 9 မှ iOS 8 .4 ကို ဆင်းလိုတဲ့သူတွေအတွက်အကောင်းဆုံးနည်းလမ်း
iOS
9 ဟာ Beta Version ပဲရှိသေးတာမို့ အဆင်မပြေမှုများရှိရင် iOS 8.4
သို့ပြန်လည် Downgrade ပြုလုပ်ပုံ Turorial ကိုတင်ပြပေးလိုက်ပါတယ်... iOS
9 Public Beta 1 ကိုမကြာသေးခင်ကမှ Apple က Safari မှတဆင့် Profile
သွင်းကာ Upgrade လုပ်ပြီးအစမ်းသုံးနိုင်အောင်ပြုလုပ်ပေးထားပါတယ်..အဆိုပါ
Pubilc Beta 1 မှာတော့ အဆင်ပြေသလောက်ရှိပေမယ့် တခါတရံ App
တွေဖွင့်တဲ့အခါမှာ ချက်ချင်းမပွင့်ချင်း၊ Siri မှခိုင်းစေမှုများကို
အဆင်ပြေပြေမတုန့်ပြန်နိုင်ခြင်းနဲ့အခြား Bugs အနည်းငယ်တို့ရှိပါတယ်...
ဒါပေမယ့်လဲ iOS 9 Developer Beta 3 မှာတော့ အဆိုပါ Bugs တွေဟာ
တော်တော်အဆင်ပြေနေပြီဖြစ်ပါတယ်.....
Public Beta နဲ့ Developer Beta ဟာ အများကြီးသိပ်တော့မကွာခြားပေမယ့် Bugs တွေရှိတဲ့အခါမျိုးမှာ Apple မှ Fix လုပ်ပြီး Developer Beta နောက်တခုထပ်ထုတ်ပေးပါတယ်.... အားလုံးအဆင်ပြေပြီဆိုမှ..နောက်ဆုံးမှာ Official iOS Version မကြေညာမီ Gold Master Beta (GM) ဆိုပြီးထုတ်ပေးပါတယ်.....
ယခု iOS 8.4 ဟာဆိုရင်လည်းပဲ Jailbreak ပြုလုပ်လို့ရနေပြီဖြစ်တဲ့အတွက် iOS 9 မြှင့်ထားသူများ iOS 8.4 ကို Jailbreak လုပ်ချင်တယ်ဆိုရင် iOS 9 မှ iOS 8.4 ကို Downgrade လုပ်ပြီးမှသာ Jailbreak လုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် iOS 9 Developer Beta 3 တင်ထားတဲ့ iOS Device မှနေ iOS 8.4 သို့ပြန်လည် Downgrade ပြုလုပ်ပုံကို Tutorial အဖြစ်ရေးသားပေးလိုက်ပါတယ်...
How to Downgrade iOS 9 to iOS 8.4
~ သင့်ရဲ့ iOS 9 တင်ထားတဲ့ device ကို iOS 8.4 ပြန်လည်ဆင်းဖို့အတွက် Reovery Mode ၀င်ဖို့တော့လိုပါတယ်...
(Recovery Mode ၀င်ပုံဝင်နည်းကိုတော့ ဤနေရာ တွင်ဖတ်ရှုနိုင်ပါတယ်)
၁. အောက်တွင်ပြထားသည့်ပုံမှအတိုင်း Restore ကိုနှိပ်ပါ..
၂. ပြီးလျှင် Restore and Update နှိပ်ပါ..
၃. iOS 8.4 Software Updater Box ကျလာလျှင် Next ကိုရွေးပြီး Terms and Conditions Box ထပ်ကျလာလျှင် Agree ကိုရွေးပါ...
၎. ယခုဆိုရင်တော့ သင့် Device နဲ့ကိုက်ညီတဲ့ iOS 8.4 IPSW ကို Download ချနေပြီပဲဖြစ်ပါတယ်.... သင့်ရဲ့Internet Connection ပေါ်မူတည်ပြီး ကြာမြင့်ချိန်လဲ မတူညီပါ... ပြီးရင်တော့ အားလုံး iTunes မှပြုလုပ်ပေးနေမှာဖြစ်ပါတယ်...
၅. Reboot ကျပြီးပြန်တက်လာရင်တော့ New iPhone အနေနဲ့ပြန်တက်လာတာဖြစ်တဲ့အတွက် သင် iOS 9 မတင်ခင် Backup လုပ်ခဲ့သော Backup ကိုပြန်ယူချင်တယ်ဆိုရင်တော့ iTunes မှ Restore from this Backup ကိုနှိပ်ပေးပါ.. (iOS 9 မှ Backup တော့ပြန်သုံးရမှာမဟုတ်ပါဘူး)
ယခုဆိုရင်တော့ သင်ဟာ iOS 8.4 ကိုပြန်လည် Downgrade ပြုလုပ်ပြီးပြီပဲဖြစ်ပါတယ်....
အကယ်၍..... သင့်ဆီမှာ iOS 8.4 IPSW Download ပြုလုပ်ပြီးသားရှိတယ်ဆိုရင်တော့
၁. Recovery Mode ၀င်ပြီးလျှင် အောက်တွင်ပြထားသောပုံမှ Restore iPhone ကို Alt/Option Key နှင့်တွဲနှိပ်ပါ... (Windows PC များပေါ်တွင်တော့ Shift + Restore iPhone)
၂. ထို့နောက် သင့်ရှိပြီးသား IPSW ကိုရွေးပေးလိုက်ပါ... IPSW နှင့် သင့် Device Model တို့ကိုက်ညီရန်တော့အရေးကြီးပါတယ်
၃. IPSW ရွေးပေးပြီးလျှင်တော့ ပုံတွင်ပြထားသည့်အတိုင်း Open ကိုနှိပ်ပါ
အဆင်ပြေပါစေ

၎. iTunes မှ အားလုံးကိုပြုလုပ်ပေးနေမှာဖြစ်ပြီး .. Reboot ကျပြီး
ပြန်တက်လာသည့်အချိန်၌ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သင့် iOS Device ဟာ
Clean install လုပ်ထားတာမို့ ယခင် Data အဟောင်းများပြန်လိုချင်တယ်ဆိုရင်တော့ iTunes မှ Restore from this Back ကိုရွေးပေးပါ . . .
သင်ဟာ သင့် Data အဟောင်းများကိုပြန်မသုံးပဲ New iPhone
အဖြစ်သာသုံးတော့မည်ဆိုလျှင်တော့ New iPhone Set
up ပြုလုပ်ပုံအဆင့်ဆင့်ကို ဤနေရာ တွင်ဖတ်ရှုနိုင်ပါတယ်
အဆင်ပြေကြပါစေ . . .
THINK DIFFERENT
HtetWai (iOSKnowledgeBank.MM)
အဆင်ပြေပါစေ
No comments:
Post a Comment