ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Saturday, April 15, 2017

· 18 hrs ·

Odin All Version ( Create By Aung Min Han)

-------------------------------------------------------
odin version တွေ တစ်ခုတည်းနဲ့ ပြီးပြည့်စုံပါလိမ့်မည်။ Android Version ဘယ်လောက်ဆိုရင် ဘယ်လောက်ကို သုံးပါ စသည်ဖြင့် ဖော်ပြပေးထားတော့ အခက်အခဲ မရှိတော့ဘူးပေါ့။
မိမိရဲ့ဖုန်းက Android Version 5.0 လား ။ အဲ့ဒါဆိုရင် 4.1 & 5.0 Folder ထဲက တစ်ခုခုကို သုံးပေါ့။
မိမိရဲ့ဖုန်းက Android Version 7.0 ဆိုရင် 5.1 & 7.0 Folder ထဲက အဆင်ပြေတဲ့ တစ်ခုခုကို သုံးပေါ့။
အားလုံးဘဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါသည်။

Download
http://www.mediafire.com/…/90q34zdpp5b…/odin_all_version.rar
Passwor  dhttps://web.facebook.com/xiaomisamsungbasicadvance/

Saturday, April 8, 2017

Computer အတွက် ဆော့ဝဲတွေ Free Download ဆွဲရအောင်

ဒီဝက်ဆိုဒ်လေးက .. ကွန်ပြူတာသမားတိုင်းလိုလိုသိကြပါတယ် ..
သို့ သော် မသိသေးတဲ့ ... နည်းပညာမောင်နှမတွေအတွက်
ပြန်ပြီးလက်တို့ ပေးတဲ့သဘောလေးပါ .....
အတော်လေးလည်းစုံလင်ပါတယ် ..
►Window အတွက်ဒေါင်းမလား ...
►Apple Mac အတွက်ဒေါင်းမလား .. အဆင်ပြေပါတယ် ..
www.filehippo.com ဖြစ်ပါတယ် ...
ဝင်ရောက်လေ့လာသင့်ပါတယ်ခင်ဗျာ။
Credit..အမောင် ရွှေဆူး
#Computer_Post5
https://www.facebook.com/groups/223265064745072/permalink/230712490666996/

Friday, April 7, 2017

ကဲ MTK ဖုန်းတွေအတွက် Sp flash tools (all version) ပါ
Virsion မကိုက်လို့ တစ်ခုပီးတစ်ခုမဒေါင်းရလေအောင်
ဆရာကိုစိုင်းမောင်က စုစည်းပေးထားတာပါ

Tuesday, April 4, 2017

မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း

ဒီနည်းလေးကလည်း Windows Recovery အတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ..။ ကျနော်တို့ အရင်တုန်းက Windows Image Backup File လုပ်နည်း ပိုစ့်မှာ ဟတ်ဒစ်ကို Partation တခုခွဲပြီး ၄င်း Partation ထဲမှာ  Image Backup File ကို သိမ်းတဲ့နည်းလေး ရေးပေးခဲ့ပါတယ်.. အဲ့ဒီနည်းနဲ့လည်း ဝင်းဒိုးအတွက် အဆင်ပြေသလို အခု ဒီနည်းကလည်း ဝင်းဒိုးအတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ.. တကယ်လို့ ကျနော်တို့ ဟတ်ဒစ်ထဲမှာ Partation တခုခွဲပြီး သိမ်းထားခဲ့တဲ့ Windows Image Backup File ဟာ Hard Disk ပျက်စီးသွားရင် ပြန်လည်ထုတ်ယူလို့ မရနိုင်တော့ပါဘူး.. အဲ့လိုအခါမျိုးတွေမှာ ဒီနည်းနဲ့ ဝင်းဒိုးကို DVD ချပ်တွေနဲ့ သိမ်းထားခဲ့မယ်ဆိုရင်.. Hard Disk ပျက်သွားလို့ Hard Disk နောက်တခု လဲသုံးတဲ့အခါမှာ ဒီ DVD ချပ်တွေထဲက မူရင်းအသုံးပြုခဲ့တဲ့ Original ဝင်းဒိုးကို အလွယ်တကူ Restore ပြန်လုပ်ပြီး ထုတ်သုံးလို့ ရမယ့် နည်းလမ်းကောင်းလေး တခုပါပဲ..။ အဲ့ဒီအတွက်တော့ DVD ခွေသစ် များများလိုအပ်ပါတယ်.. ဘာလို့လဲဆိုတော့ လက်ရှိအသုံးပြုနေတဲ့ ဝင်းဒိုးပေါ်မှာ မူတည်ပြီး ပရိုဂရမ်တွေများရင် များသလို DVD များများ လိုအပ်လို့ပါပဲ.. ကျနော်အခု လုပ်ပြထားတဲ့ စက်မှာတော့ DVD ၅ချပ် အသုံးပြုရပါတယ်..။ အရင်တုန်းက လုပ်ပေးခဲ့တဲ့ စက်မှာတော့ DVD ၃ချပ် ကုန်ပါတယ်.. ဘာလို့လဲဆိုတော့ အခုန ပြောသလို မိမိတို့ စက်ထဲမှာ Install ထည့်ထားတဲ့ ပရိုဂရမ် ဆော့ဝဲလ်တွေကြောင့် စက်တလုံးနဲ့ တလုံး မတူတာပါ..။ Install ထည့်ထားတဲ့ ပရိုဂရမ် တွေပေါ် မူတည်ပြီး DVD များများ လိုအပ်တာပါ..။ ဒါကြောင့် စက်အသစ်ဝယ်ဝယ်ချင်း (သို့မဟုတ်) ဝင်းဒိုးအသစ် တင်ပြီးပြီးချင်း ဘာဆော့ဝဲလ်မှာ Install မထည့်ရသေးတဲ့ အချိန်မျိုးမှာ ဒီလို DVD နဲ့ ဝင်းဒိုး Backup File လုပ်ထားရင် ပိုကောင်းပါတယ်.. အဲ့လိုဆိုရင် DVD ခွေလည်း ၃ချပ်လောက်ပဲ ကုန်ပါလိမ့်မယ်.. အခုဒီပိုစ့်မှာ လုပ်ပြထားတဲ့ ပုံတွေအတွက်တော့ DVD ဘယ်နှချပ်ကုန်မလဲဆိုတာ ကြိုမသိနိုင်လို့ ကျနော် DVD အခွေသစ် ၁၀ချပ်ကို လိုလိုမယ်မယ် အဆင်သင့် ပြင်ဆင်ထားတာပါ.. တကယ်ကုန်တာကတော့ ၅ ချပ်ကုန်ပါတယ်.. ပုံသေမမှတ်ပါနဲ့.. မိမိတို့စက်မှာ ဒီလိုလုပ်ရင်တော့ ၅ချပ်ထက်လည်း ပိုရင် ပိုကုန်နိုင်ပါတယ်.. ဒါကြောင့် DVD အခွေသစ် များများ စုထားပြီးမှ ဒီနည်းကို လုပ်ကြပါ.. ဒီနည်းကို အသုံးပြုဖို့ ဘာဆော့ဝဲလ်မှ မလိုပါဘူး.. ဒီအစီအစဉ်အတွက် Windows ထဲမှာ ပြုလုပ်ဖို့ Tools တွေပါပြီးသားပါ.. ဒီလုပ်နည်းကို လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..
 ကော်ပီဝင်းဒိုးပဲ ဖြစ်ဖြစ်၊ Original Windows ဖြစ်ဖြစ် ဒီနည်းကို အသုံးပြုလို့ ရပါတယ်..။ အဓိကက ဝင်းဒိုးထဲမှာ Driver တွေအားလုံး အလုပ်လုပ်နိုင်တဲ့အချိန်၊ ပြည့်စုံတဲ့အချိန်မှ ဒီနည်းကို လုပ်ထားပါ..။
DVD ချပ်တွေနဲ့ Windows Image Backup File ပြုလုပ်ဖို့ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့် ပြုလုပ်ပေးပါ.. အရင်ဆုံး Start ကနေသွားပါ.. အောက်ကပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါဗျာ..

နောက်တဆင့်ကို ရောက်ရင်တော့ A-B အတိုင်း DVD Drive ရှိတဲ့ နေရာကို ရွေးပြီး Next နှိပ်ပါ..


အောက်ကအဆင့်ကို ရောက်ရင် ဝင်းဒိုးက အမှန်ခြစ် ရွေးပေးထားတဲ့အတိုင်းသာ ထားလိုက်ပါ..။ ဆက်ပြီး Next နှိပ်သွားလိုက်ပါ..



အပေါ်ပုံအတိုင်း Start backup ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. အဲ့ဒီအချိန်မှာ မိမိတို့စက်ထဲက DVD Drive ကိုဖွင့်ပြီး DVD အသစ်တချပ်ကို အရင်ထည့်ပေးထားပါ.. ဒီနည်းကို လုပ်တော့မယ်ဆို ကတည်းက DVD ခွေသစ်ကိုအရင်ထည့်ထားရင် ပိုကောင်းပါတယ်.. နောက်တခုက DVD ခွေတွေ Burn ပြီးတိုင်း.. အခွေတွေပေါ်မှာ တချပ် Burn ပြီးတိုင်း၊ Burn ပြီးတိုင်း 1-2-3-4-5 အစဉ်လိုက် ရေးမှတ်ထားဖို့ အထူးသတိပြုပါ.. Restore ပြန်လုပ်တဲ့အခါ အဲ့ဒီ နံပါတ်စဉ်တိုင်း ထည့်ပေးရမှာပါ..။


အောက်ကပုံကတော့ ပထမဆုံးစလုပ်တဲ့ အခွေကို နံပါတ်တစ်အဖြစ် ရေးမှတ်ထားဖို့ ကွန်ပျူတာ သတိပေးတာပါ..။


DVD ခွေသစ်ကို ထည့်ပြီး စက္ကန့်၃၀ လောက်ကြာမှ အပေါ်ပုံမှာ ပြထားတဲ့ OK ကိုနှိပ်ပါ.. မိမိတို့စက်က DVD ခွေ Burn နေတာကို ၁၀မိနစ်ကျော်ကြာအောင် စောင့်နေပေးပြီးရင်တော့ အောက်ကပုံအတိုင်း ဘောက်စ်တခုပေါ်လာရင် DVD ခွေကို နောက်တချပ် လဲထည့်ပေးလိုက်ပါ.. အဲ့လိုလဲထည့်ပေးဖို့ Desktop မှ Computer ကိုဖွင့်ထားပြီး အောက်ကပုံ မျှားပြထားတဲ့အတိုင်း DVD Drive ကို တချက်ကလစ်ပြီး Eject ကိုဆက်နှိပ်လိုက်ရင် ကွန်ပျူတာက DVD Drive ကိုထုတ်ပေးပါလိမ့်မယ်.. အဲ့လိုထုတ်ပေးမှ DVD ခွေသစ်တချပ်ကို လဲထည့်ပေးပါ..


အောက်ကပုံကတော့ ဘားတန်းက Eject ကိုမနှိပ်ပဲ DVD Drive ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ စာသားထဲက Eject ကိုကလစ်လိုက်ရင်လည်း အတူတူပဲ ကွန်ပျူတာက DVD Drive ကို ထုတ်ပေးပါတယ်..


DVD ခွေသစ်မထည့် ရသေးပဲ OK မနှိပ်မိဖို့ သတိပြုပါ.. အောက်ကပုံကတော့ DVD သုံးချပ်မြောက်ကို ထည့်ပြီး အဲ့ဒီအခွေပေါ်မှာ မိမိတို့ သင်္ကေတနဲ့ သုံးခုမြောက်ဆိုတာကို မှတ်မိအောင် ရေးမှတ်ထားပါလို့ ဆိုလိုတာပါ.. ၂ချပ်မြောက်အခွေက ပြီးသွားပါပြီ.. အောက်မှာပြထားတဲ့ပုံက ၃ချပ်မြောက်ခွေကို Burn ဖို့ ပေါ်လာတဲ့စာသားပါ..။


အခွေသစ်လဲထည့်ပေးပြီး အနည်းငယ်စောင့်နေပြီးမှ အောက်မှာပြထားတဲ့ ပုံအတိုင်း OK ကိုနှိပ်ပေးပါ.. ဘာလို့စောင်းခိုင်းတာလဲဆိုတော့ ကွန်ပျူတာအတွက် အခွေသစ်ကို နေရာချ ပြင်ဆင်ဖို့အတွက် စက္ကန့်ပိုင်းလောက် အချိန်ပေး၊ စောင့်ပေးပြီး ကွန်ပျူတာက အခွေ Burn ဖို့ အဆင်သင့် ဖြစ်လောက်ပြီဆိုမှ OK နှိပ်ပေးလိုက်ရင် ကွန်ပျူတာအတွက် အဆင်ပြေပြေ အလုပ်လုပ်လို့ ရအောင်လို့ပါ..။


အောက်ကပုံတွေတိုင်း အလုပ်လုပ်နေပါလိမ့်မယ်.. စောင့်နေပေးပါ..



အောက်ကပုံအတိုင်း ထပ်ပေါ်လာရင်တော့ DVD နောက်တချပ်ကို အပေါ်ကနည်းအတိုင်း ထပ်လဲထည့်ပေးလိုက်ပါ.. DVD လဲထည့်ပြီးမှ အောက်ကပုံမှာ ပြထားတဲ့ OK ကိုဆက်နှိပ်ပေးပါ.. အောက်ကပုံမှာ ၄ချပ်မြောက်ဖြစ်သွားပါပြီ..


အောက်ကပုံကတော့ နောက်ဆုံးတချပ်ကို Burn နေတာပါ..။ Burn လို့ပြီးသွားရင်တော့ အောက်ဆုံးပုံအတိုင်း ပေါ်လာပါလိမ့်မယ်..


ဝင်းဒိုးတခုလုံးကို DVD တွေနဲ့ Burn ပြီးလို့ရှိရင်တော့ အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်.. အဲ့ဒါကတော့ System Repair Disc ဆက်လုပ်ထားဖို့ ကွန်ပျူတာက သတိပေး တိုက်တွန်းတဲ့ စာသားဘောက်စ်ပါပဲ.. ဒီနေရာမှာ System Repair Disc မလုပ်ရသေးတဲ့ သူများကတော့ CD ပဲဖြစ်ဖြစ်၊ DVD နဲ့ပဲဖြစ်ဖြစ် DVD Drive ထဲထည့်ပြီး တခါတည်း ဆက်လုပ်ထားလိုက်ပါ.. ဒီ System Repair Disc က ဝင်းဒိုးတွေအတွက် အရေးကြီးပါတယ်.. အရင် ဝင်းဒိုး Recovery ပိုစ့်တွေမှာကတည်းက  System Repair Disc လုပ်ထားဖို့ အမြဲသတိပေးခဲ့ပါတယ်..။ လုပ်မယ့်သူများကတော့ Yes ကိုနှိပ်ပြီး ဆက်လုပ်ပါ.. System Repair Disc လုပ်တာ အခွေထည့်ပြီး Yes >> OK ပေးလိုက်ယုံပဲ.. လုပ်ရတာ လွယ်တဲ့အတွက် ပုံတွေနဲ့ မပြပေးတော့ပါဘူး.. 

ဝင်းဒိုးတခုလုံးကို DVD ချပ်တွေနဲ့ Windows Image Backup File ပြုလုပ်နည်း ဒီမှာတင်ပြီးသွားပါပြီ..  (ဒီအခွေတွေကို ဗူးလေးတခုနဲ့ မပျက်စီးအောင် သေချာဂရုတစိုက် သိမ်းထားဖို့တော့ လိုအပ်ပါတယ်..) သိမ်းထားပြီးသား DVD ချပ်တွေထဲက Windows Image Backup File ပြန်ထည့်နည်းကို နောက်ပိုင်း ပိုစ့်တင်ပေးပါမည်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ နည်းပညာ၊ အတတ်ပညာများ တိုးတက်ပြီး မသိသေး၊ မတတ်သေးတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမများအား ပြန်လည်မျှဝေ၊ သင်ကြားပေးနိုင်ကြပါစေ.. 

Monday, April 3, 2017

DGFLICK PASSPORT XPRESS PRO 5.0.0 MULTILINGUAL + CRACK





ဒီကောင်လေးကတော့ passport နဲ့ VISA design တွေကိုအမြန်ဆုံးပြုလုပ်ပေးနိုင်တဲ့ဆောစ့်ဝဲပါပဲ။printing လုပ်နိုင်သလို ID card တွေည်းပြုလုပ်နိုင်ပါတယ်။330 ကျော်packages ပါဝင်ပြီး photo sizes တွေကိုမြန်ဆန်တိကျစွာပြုလုပ်ပေးနိုင်ပါတယ်။color background တွေကအစလိုသလိုပြုပြင်နိုင်ပြီး Color Correction ပါဝင်တဲ့အတွက်ပုံတွေကိုစိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။Full ဖြစ်စေဖို့အတွက် Crack ဖိုင်ကိုထည့်သွှုးပေးထားပါတယ်။အင်စတောလုပ်တဲ့အခါအင်တာနက်ကွန်နရှင်ကိုပိတ်ထားပါ။အင်စတောလုပ်ပြီးတာနဲ့တန်းမဖွင့်ပဲ Crack ဖိုင်ထဲက Dll လေးကိုကော်ပီကူးပြီး အင်စတောလုပ်ထားတဲ့ဖိုင်တည်ရှိရာ C/Prog ထဲကသူ့ဖိုင်ထဲမှာထည့်ပေးလိုက်ပါ။Full အဖြစ်နဲ့အသုံးပြုနိုင်ပါပြီ။အင်စတောလုပ်နည်းဖိုင်ထဲမှာအရင်ဖတ်ပါ။


Passport Xpress Pro enables you to design passport and VISA packages in seconds. Set default location of photos and automatically load the path everytime. Saves your browsing time. Connect device through USB to computer and get the photos in the software. Import photo from any Bluetooth media device to make package.

Inbuilt 330 packages
Ready Packages of Visa & Passport for easy project saving and printing. In addition to it, get ID card package, Stamppackages with different stamp sizes & general packages.

Make your own package
Get your own package requirements in software. Simplified package making with photo size insertion and grid creation by defining rows and columns.

ID photos and beyond
It is something more than creating passport package. Get your ICARDs, business cards, certificates, photo labels requirement done in Passport Xpress.

Multi photo package
Mix packages having multiple photo sizes including text fields to add name as well.

Variable data packages
Packages with data. Fulfil client’s requirements like photo with name and details. Some packages includes variable data fields like label packages with fields to include Name , STD, DIV, Date of Birth, Roll Number, Address.

Face Area Guidelines
Face area guidelines to maintain the face percentage visibility as per the requirement of visa.

Batch Zooming and Panning
Multi photo zooming and panning. Set every photo at a same height with same zooming ratio.

Change Background
Remove the even color background and replace it with required background color

Touchup
A tool to make quick improvements on photos.

Change Clothes and Accessories of the Photo
Formals and casual wear cutouts for male and female. Spectacles to avoid glass reflection during photo capturing

Basic
Color Correction, BCG, Curves and levels with individual color channels. Filters like opacity, blur, feather, shadow, Colorize, crop and rotate. History tools to restore certain parts of the image as they are.

Advance
In addition to background removal, lasso is to cut out the uneven backgrounds & get the output.

Order number
Reference maintenance with automatic order number generation for each package. Reprint old orders by finding them with order numbers

Direct Print
Print your packages as soon as you design them. Accurate delivery by notifying order number.

JPG
Convert packages in JPG that can be printed anywhere.


================
[INSTALL NOTES]
================

(1): Please use 7Zip/WinRAR/Universal Extractor to EXTRACT FILES
(2): run the setup
(3): Copy the crack folder content and paste it to the software installed directory.
(4): Enjoy and Support Developers, Buy It, They Deserved It!

Thursday, March 30, 2017

Dream League Soccer 2017 ဂိမ်းအသစ်ကခုမှစထွက်လာတာ
ဆိုတော့ဆော့ချင်တဲ့သူတွေများတာမဆန်းပါဘူး 2016 နဲ့မတူတဲ့ကွဲ
ပြားခြားနားတဲ့ဟာတွေလည်းရှိတာပေါ့ ကျနော်ကအလုပ်တွေမအား
လို့ နှစ်ပွဲပြည့်အောင်မကစားရသေးပါဘူး ဒါအမှန်ပြောတာနော် ဒီတော့ ဝါသနာတူသူငယ်ချင်းတွေကိုကူညီအကြံပေးချင်တဲ့သဘော
နဲ့ ဒီ post ကိုတင်လိုက်ပါတယ် ဘာလဲဆိုတော့ ကိုယ်ကိုင်ကစားချင်
တဲ့အသင်းကို လုပ်ချင်တယ်ဆိုရင် ကိုယ့်ဖုန်းထဲမှာရှိတဲ့ dls 2016 ရဲ့ data ဖိုင်ကိုတည်းဖြတ်ပြီးအခု 2017 data ဖိုင်မှာအစားထိုးလို့
ရပါတယ် logo တစ်ခုပဲ copy link နဲ့ပြန်လုပ်ယူလိုက်ပေါ့ လုပ်
နည်းကို ပုံတွေနဲ့ အသေးစိပ်ရှင်းပြပေးထားပါတယ် စိတ်ဝင်စားမယ်
ဆိုရင်လုပ်ကျိကြပေါ့ တစ်ယောက်ချင်းစီကိုရှင်းပြပေးဖို့အချိန်မရှိတဲ့
အတွက်ကျနော့်ကိုနားလည်ပေးကြပါ ကိုယ်ပိုင်အသင်းမရှိသေးရင်
ဒေါင်းလို့ရအောင်( မန်ယူ ချဲဆီး ဘာကာ ရီးရဲ )လူစာရင်းတွေပါပေး
လိုက်တယ်နော်
မန်ယူလူစာရင်း
https://www.mediafire.com/download/c6wjrxyryh956p7
ချဲဆီးလူစာရင်း
https://www.mediafire.com/download/c5dgl17s8124a66
ဘာကာလူစာရင်း
https://www.mediafire.com/download/1zerso400h04111
ရီးရဲလူစာရင်း
https://www.mediafire.com/download/sd2k0qaaxzd1h9z
ခိုးပြီး data player
https://www.mediafire.com/download/gp2f5a2pp3jroop
အာစင်နယ်လူစာရင်း
https://mega.nz/…
မန်စီတီးလူစာရင်း
https://www.mediafire.com/download/isvkskz66oriz1m
စပါးလူစာရင်း
https://www.mediafire.com/download/l6bfip7bf3y7ft0

Image may contain: 2 people, text
ဒီမှာကအခုနောက်ဆုံးထွက် dls 2017 ကိုမဒေါင်းရသေးတဲ့
သူတွေအတွက် mega link နဲ့လုပ်ပေးထားပါတယ်
Apk
https://mega.nz/…
obb
https://mega.nz/…
crd -uploader
#သုဝဏ္ဏနည်းပညာ
Comment

Saturday, February 18, 2017

Window 10,8,8.1,7 နှင့် Microsoft Office 2007,2016 များကို တိုက်ရိုက် Download Link နှင့် ဒေါင်းယူနည်း (Windows ISO Downloader)

Window 10,8,8.1,7 ISO နှင့် Microsoft Office 2007 ကနေ 2016 ISO အထိ မိမိတို့ လိုချင်တာတွေကို အချိန်ကုန်ခံ ရှာဖွေနေစရာမလိုပဲ တစ်နေရာတည်းကနေ အလွယ်တကူဒေါင်းယူနိုင်တဲ့ နည်းလမ်းကို ဒုတိယအကြိမ်အဖြစ် မျှဝေပေးလိုက်ပါတယ်..။ အရင်က ဒီနေရာမှာ ပထမအကြိမ်အဖြစ်တင်ပေးဖူးပါတယ်..။ (Window 10 တင်ပေးပါ၊ Window 8.1 တင်ပေးပါ၊ Microsoft Office 2007/2016 တင်ပေးပါဆိုပြီး အမြဲပြောနေကြလို့ပါ) 
လိုအပ်တဲ့ Windows ISO Downloader ဆိုတဲ့ Software လေးကို အရင်ဒေါင်းယူပါ.. 64KB မျှသာရှိပါတယ်..။
ဒေါင်းလို့ရလာတဲ့ Windows ISO Downloader.exe ဖိုင်လ်ကို Click နှစ်ချက်နဲ့ Run လိုက်ပါ... 
ကျန်တာကိုတော့ အောက်က ပုံလေးတွေအတိုင်း လုပ်ဆောင်ပေးရုံပါပဲ..
မိမိဒေါင်းယူလိုသည့် တစ်ခုခုကိုရွေးပါ..
IDM နှင့် ဒေါင်းယူလိုလျှင် ညာဖက်မှ Copy Link For 32Bit (သို့) 64Bit ကို နှိပ်လိုက်ပါ..
Add URL မှာ Right-Click > Paste နဲ့ ဒေါင်းယူနိုင်ပါပြီ..။
အဆင်ပြေလိမ့်မယ်လို့
မျှော်လင့်ရင်း
ခင်မင်လျှက်
WinKabarKyaw