ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Friday, September 26, 2014

ဇာတ်ဝင်ခန်းတွေနဲ့ ကစားမယ်-Vertical Cliff Mod Unlimited Money V1.0.4 apk Game

ဇာတ်လမ်း ဇာတ်ကွက်ကျကျ ကစားမယ် အမိုက်စားGameလေးကိုတင်ပေးလိုက်ပါတယ်။ဒီဂိမ်းလေကစား
ချိန်တွင်စိတ်ကိုထိမ်းချုပ်ထားရမယ်ဖြစ်ဗျာ။ဘာကြောင့်လေဆိုရင်စွန့်စွန့်စားစားကြမ်းကြမ်းတမ်းတမ်းလေးနဲ့
ကစားရမယ် ဂိမ်းဖြစ်လိုပေါ့ဗျာ။ဘယ်လိုအခန်းတွေနဲ့ကစားရမယ်ဆိုတာ အောက်မှာ ScreenShot
တွေနဲ့ရိုတ်ပြပေးထားပါတယ်။ဖိုင်ဆိုဒ်က 54.0MB ရှိပြီ Androidဖုန် 2.3 နှင့်အထက်ဖုန်းတွေမှာကစား
နိုင်ပါတယ်။



Adventurer of men and women, who had committed all to a single rope, go on an adventure to find the legendary treasures from the sheer cliff.
There are 13 stages in total of the famous height and cliffs in the world.
In the stages, you will be disturbed in your way by traps, gimmicks and natural phenomenon and also various animals will attack you.

အဆင့် ၁ အောက်မှာ Download Here ဆိုတာကိုနှိပ်ကိုက်ပါ။
အဆင့် ၂ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။
အဆင့် ၃ << SKIP AD>> ကို နှိပ်ပေးပါ။
အဆင့် ၄ Download link ကျလာပါလိမ့်မယ်။
အဆင့် ၅ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။
အဆင့် ၆ အဆင်ပြေပါသွားပြီး ခိခိ


God of war ကို pc မှာကစားချင်တယ်ဆိုလို့ပြန်တင်ပေးလိုက်တာ။
http://www.mediafire.com/download/h6iiawia6emzi1z/God+of+War+1+-+%28ApunKaGames.net%29.zip
195 mb ရှီပါတယ်။ [ps တောင်းရင်ဒါလေးထည့်ပေးပါ။
RAR Password : apunkagames
တစ်ခုတော့ရှိတယ်နော် driver မစုံရင်တော့ကစားလို့မရဘူး

windows 7 iso

Posted by Unknown on 07:38 with No comments


windows 7 iso လိုချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ.။ Windows 7 Ultimate sp1 Windows 7 Professional sp1 Windows 7 Home Premium Sp1 သုံးမျိုးလုံးအတွက် 32 bit and 64 bit ပါ..

 
Windows 7 Home Premium Sp1
32 bit ကို ဒီမှာ ယူပါ..။  
64 bit ကို ဒီမှာ ယူပါ..။

Windows 7 Professional sp1 
 
32 bit ကို ဒီမှာ ယူပါ..။  
64 bit ကို ဒီမှာ ယူပါ..။

 
Windows 7 Ultimate sp1
 32 bit ကို ဒီမှာ  ယူပါ..။
 64 bit ကို ဒီမှာ  ယူပါ..။   
ဒေါင်းဖို့အတွက် (ဒီမှာ)ကို နှိပ်ပြီးရင်  စက္ကန့် လောက်စောင့်ပြီး   ညာဘက်ထောင့်က SKIP AD ကိုနှိပ်လိုက်ပါ..။ အဆင်မပြေတာရှိခဲ့ရင် စာရေးထားခဲ့ပါ..။
Reactions:
Categories:

Tuesday, September 23, 2014

Facebook က Auto Play တဲ့ Videos တွေကို ဖုန်းကနေ ဒေါင်းနည်း။


အခုနောက်ပိုင်း ဖုန်းရဲ့ Facebook Application တွေက Video Auto Play ပြဿ နာကြောင့် FB က Video တွေ ဒေါင်းဖို့ အခက်တွေ့ နေကြပါတယ်။ ဒီနေ့တော့ ဒေါင်းလို့ရတဲ့ နည်းတခု ပုံနဲ့ သေခြာ ရှင်းပြပေးပါမယ်။

Facebook သုံးသူတိုင်း FB က ကိုယ်ကြိုက်တဲ့ Video တွေ့ရင်တော့ လူတိုင်း ဒေါင်းချင်ကြတာပါ။ အခုကျနော်ရှင်းပြသွားတဲ့ နည်းကတော့ တိုက်ရိုက် ဒေါင်းလို့တော့ မရပါဘူး။ ကိုဒေါင်းချင်တဲ့ Video တွေ့ရင် Comment တခုပေးလိုက်ပါ။ ပြီးရင်တော့ မိမိ Profille ထဲဝင်ပြီးတော့ Activity Log ကနေ၀င်ပြီး စောစောက Comment ထားတဲ့ Video ကို လက်နဲ့ ထောက်လိုက်ရုံနဲ့ Download ကျလာမှာ ဖြစ်ပါတယ်။

အရင်ဆုံး Facebook က Video တွေကို ဒေါင်းဖို့ဆိုရင် ADM Download Manager ရှိထားရပါမယ်။ ADM က မိမိ ဖုန်းထဲမှာ မရှိသေးဘူးဆိုရင် အောက်က လင့်မှာ ဒေါင်းပြီး ဖုန်းမှာ Install ထားပါ။ ပြီးရင်တော့ အောက်မှာ ပုံနှင့် တဆင့်ချင်း ရှင်းပြထားပါမယ်။

(၁) အရင်ဆုံး မိမိ ဒေါင်းချင်တဲ့ Video တွေ့ရင် နှစ်သက်ရာ Comment တခုပေးလိုက်ပါ။ အောက်က ပုံကို ကြည့်လိုက်ပါ။

(၂) နောက်တဆင့်က မိမိ Profile ကို ပြန်သွားလိုက်ပါ။

(၃)ပြီးရင် ပုံ မှာအ၀ိုင်းပြထားတဲ့ Activity Log ထဲကိုဝင်လိုက်ပါ။

(၄) ပုံမှာ ပြထားတဲ့ အတိုင်း ခုနက Comment ကိုတွေ့ရပါမယ်။ အဲတာကို လက်နဲ့ ထောက်လိုက်ပါ။

(၅)ပုံမှာပြထားတဲ့ အတိုင်း ဘောက်တခုတတ်လာပါမယ်။ ADM ကို ရွေးပေးလိုက်ရင် ကို ဒေါင်းချင်တဲ့ Video က ဒေါင်းနေပါပြီ။

(၆)ဒီလောက်ဆို အားလုံးသဘောပေါက်လိမ့်မယ်ထင်ပါတယ်။ ဒီနည်းနဲ့ Facebook Video တွေကို စိတ်ကြိုက် ဒေါင်းနိုင်ပါပြီ။

ADM ဒေါင်းချင်သူများ အောက်က linkမှာဒေါင်းနိုင်ပါပြီ။
 




Firmware တင်နည်းများနှင့် Firmware file extension များ


လုံးဝမသိတဲ့ သူတွေအတွက် ပြန်လည်ဝေမျှလိုကိပါတယ်

Huawei
-----------
1. Firmware file = update.app


တင်နည်း

Firmware file ကို zip ဖြည်ပါ။ရလာတဲ့ dload folder ကို sdcard ထဲ ထည့်ပြီး vol up + vol down + power ဖြင့်တင်ပါ။

2. Firmware file = update.zip

တင်နည်း

Firmware file ကို zip ဖြည်ပါ။ရလာတဲ့ dload folder ကို copy ယူပြီး sdcard ထဲထည့်ပါ။ဖုန်းကို recovery mode ကိုဝင်ပါ။apply update from sdcard update.zip ဆိုတာကိုရွေးပေးလိုက်ပါ။

3. Firmware file = Scatter emmc.txt ( only mtk cpu )

တင်နည်း

Sp flashtool ကိုဖွင့်ပါ။ scatter-loading ဆိုတာကို တစ်ချက်နှိပ်ပါ။ MT65--- scatter emmc အစရှိတဲ့ နာမည်နဲ့ txt file လေးကို ရွေးပါ။ firmware အပြည့်အစုံပါလျှင် firmware upgrade ကို နှိပ်ပါ မပါလျှင် download ကို နှိပ်ပါ။
ဖုန်းကို ဓါတ်ခဲချွတ်ပါ ငါးစက္ကန့်ကြာလျှင်ပြန်တပ်ပါ။ vol up ကို ဖိပြီး usb ကြိုးထိုးပြီး တင်ကြည့်ပါ။ error တက်ပါက vol down ပြောင်းဖိပြီးတင်ကြည့်ပါ။

4. Firmware file = .pac ( only speactrum cpu )

Research downloader ကိုဖွင့်ပါ။ firmware file ဖြစ်တဲ့ pac လေးကို ရွေးပေးပါ download နှိပ်ပါ။
ဖုန်းကို ဓါတ်ခဲချွတ်ပါ ငါးစက္ကန့်ကြာလျှင်ပြန်တပ်ပါ။ vol up ကို ဖိပြီး usb ကြိုးထိုးပြီး တင်ကြည့်ပါ။ error တက်ပါက vol down ကိုဖိပြီး တင်ကြည့်ပါ။

Samsung
-------------

1. Firmware file = .tar or .tar.md5
Samsung firmware တွေက full package ရှိသလို one package တွေလည်း ရှိပါတယ်

Full package
------------------
Odin ကို ဖွင့်ပါ
အောက်ပါအတိုင်း ရွေးပေးပါ။
Pit - ____.pit
Bootloader - _bootloader_.tar
Pda - _code_.tar
Phone - _modem_.tar
Csc - _csc_.tar
ဖိုင်အားလုံးရွေးပေးပြီးရင် vol down + home + power ဖြင့် download mode ဝင်ပြီး usb ကြိုးထိုးပါ။ ပြီးလျှင် start ကိုနှိပ်ပါ။ pass ပြလျှင် ပြီးပါပြီ။

One package

File တစ်ခုတည်း တွေ့ရပြီး file extension ကလည်း .tar (or) .tar.md5 ဖြစ်နေမယ်ဆိုရင် သိပ်မစဉ်း စားပါနဲ့ odin ရဲ့ pda နေရာမှာပဲ ထည့်ပြီး အပေါ်ကအတိုင်း တင်လိုက်ပါ။

Sony
--------

Firmware file = .ftf

တင်နည်း

Firmware file ကို c:\flashtool\firmware ထဲသို့ copy ယူပါ
Sony flashtool ကိုဖွင့်ပါ။
မိုးကြိုးပုံစံလေးကို နှိပ်ပါ။ flash mode ကို ရွေးပါ။ firmware file ကိုရွေးပေးပြီး ok နှိပ်ပါ။ ဖုန်းကို back key or vol down ဖိပြီး usb ကြိုးထိုးလိုက်ပါ flashtool က firmware ရေးသွားပါလိမ့်မယ်။

တင်ရမဲ့ firmware တင်နည်းကို firmware file ကြည့်ပြီး ဆုံးဖြတ်နိုင်ကြပါစေ

လမင်းမောင် နည်းပညာ: Firmware တင်နည်းများနှင့် Firmware file extension ...

လမင်းမောင် နည်းပညာ: Firmware တင်နည်းများနှင့် Firmware file extension ...: လုံးဝမသိတဲ့ သူတွေအတွက် ပြန်လည်ဝေမျှလိုကိပါတယ် Huawei ----------- 1. Firmware file = update.app တင်နည်း Firmware file ကို zip ဖြည်ပါ။ရလာတဲ...

Sunday, September 21, 2014

Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများ


10 Aug 12, 06:14 PM
ကတုံး: အစ်ကိုရယ် ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ ဘာကိုပြောတာလဲ ရှင်းပြပေးပါလားကေူးဇူးပြုပြီး
10 Aug 12, 04:55 PM
မောင်စိုး: အစ်ကိုရေ ကျွန်တော်ဘလော့မှာ တင်ပြီးသမျှပိုစ်.လိုပေါ်ခြင်းတယ် ကူညီပေးပါနော်
21 Aug 12, 08:15 PM
မောင်ဇော်: အစ်ကို ကျေးဇူးပြု၍ ရှင်းပြပါရန် မေတ္တာရပ်ခံပါတယ် အခုဖြစ်နေတဲ့  ဘလော့ ပြဿနာပါ.. ဒီလိုပါ အစ်ကို Showing posts with label ကဗျာများ. Show all posts မပေါ်ဘူးဖြစ်နေတယ် .. နိုပ်လိုက်ရင် ဒီအတိုင်းပဲ အောက်မှ
21 Aug 12, 08:17 PM
မောင်ဇော်: ရေးထားတဲ့ ကဗျာများ ပေါ်မလာတော့ဘူး .. ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည် ။
22 Aug 12, 09:11 AM
လွင်မင်းဗိုလ်: ကိုမောင်ဇော်ရေ.. Design >> Blog Posts >> Edit ကနေသွားပြီး ပေါ်လာတဲ့ဘောက်စ်ထဲမှာ အမှန်ခြစ်လေးတွေကို တခုချင်းစီဖြုတ်၊ တပ်လုပ်ပြီးစမ်းကြည့်ပါဗျာ.. စိတ်ကြိုက်ဖြစ်ရင် Save လိုက်ပါ.. မစမ်းခင်အရင်ဆုံး မူရင်းအတိုင်းကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ.. အမှာ�
22 Aug 12, 09:12 AM
လွင်မင်းဗိုလ်: အမှားဖြစ်ခဲ့ရင်ဓါတ်ပုံထဲကအတိုင်းပြန်ပြင်လို့ရအောင်လို့ပါ..
22 Aug 12, 12:29 PM
မောင်ဇော်: ဘာကို ဖြုတ်ရမှာလဲ အစ်ကိုရေ..  ဘယ်လိုမှ နားမလည်ဘူး ..ရှင်းပြပါနော် ..စောင့်မျော်နေလျှက်
ဒီပိုစ့်ကို Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများလို့ ခေါင်းစဉ်တပ်လိုက်တာ အရမ်းများ လွန်သွားမလား မသိဘူး..။ တကယ်တော့ ကျနော်ဆိုလိုချင်တာ၊ ကျနော်ရေးသားထားတဲ့ ဘလော့နည်းလမ်းလေးတွေက လက်ရှိကျနော်အသုံးပြုနေတဲ့ ကျနော့်ဘလော့ထဲက နေ့စဉ်အသုံးဝင်နေတဲ့ နည်းလမ်းလေးတွေကို တစိတ်တပိုင်း စုစည်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်.. စာဖတ်ယုံနဲ့ နားမလည်နိုင်ကြတဲ့ တချို့ Blogger လူသစ်များအတွက်ကို အဓိက ရည်ရွယ်ရေးသားထား ခြင်းသာဖြစ်ပါတယ်..။ ဒါကြောင့် အတတ်နိုင်ဆုံး ပုံလေးတွေနဲ့ ကြည့်ရအဆင်ပြေအောင်၊ နားလည်လွယ်အောင် ရှင်းပြပေးထားတာပါ..။ ပါဝင်တဲ့ လုပ်နည်းလေးတွေကတော့
၁။ မိမိတို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..
၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များ လို့ပေါ်ချင်တဲ့သူများအတွက်..
၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..
၅။ Post တပုဒ်မတင်ခင် ပြင်ဆင်ရမည့် အချက်များ.. Labels (Categories) များအသုံးပြုတတ်အောင်..
၆။ Blog စာမျက်နှာမှာ Labels (Categories) ပေါ်အောင် လုပ်နည်း..
၇။ Post တပုဒ်တင်တဲ့အခါ မိမိညွှန်းချင်တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ်တဲ့ Post တပုဒ်ဖန်တီးခြင်း  (Webpage လိပ်စာနဲ့ Download လင့်တွေ ဘယ်လိုမြုပ်မလဲ)
၈။ Blog Sidebar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း
အရင်တုန်းက တချို့ဘလော့ဂါလူသစ်တွေ မေးထားတဲ့ မေးခွန်းလေးတွေကိုတော့ ပြန်ရှာ မရတော့လို့ ထည့်မပြတော့ပါဘူး.. သိပ်မကြာခင်က မေးခွန်းလေးတွေကိုတော့ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ အပေါ်ဆုံးက အစိမ်းရောင် စာကြောင်းလေးတွေ အတိုင်းပါပဲ.. ဘလော့နဲ့ ပါတ်သက်လို့ တခြားလိုအပ်မယ် ထင်တာလေးတွေနဲ့၊ နာမည်ကြီး မြန်မာနည်းပညာ ဆိုဒ်တွေမှာ ခဏခဏမေးမေးနေကြတဲ့ blog sidebar မှာ  ဇော်ဂျီရုပ်လေး လည်နေပြီး အောက်မှာ ဇော်ဂျီဖေါင့် ဒေါင်းလော့လင့်ကို ဘယ်လိုမြုပ်ရလဲ ဆိုတာပါ လုပ်ပုံလုပ်နည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

ဒီပိုစ့်ကို ကျနော် PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..

Minus
Mediafire


၁။ မိမိတို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..


Blogger တွေဟာ မိမိတို့ ဘလော့ရဲ့ Template ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ စိတ်ကြိုက်ဖြစ်နေတဲ့ အချိန်မျိုးမှာ  မိမိတို့ ဘလော့ရဲ့ Template ကို ဒေါင်းလော့ချပြီး သေချာတဲ့ နေရာတွေမှာ ဖိုင်တွေခွဲပြီး သိမ်းထားသင့်ပါတယ်..။ Blog ရဲ့ HTML တွေကို ပြုပြင်တဲ့ အခါမျိုးတွေမှာ ဒီလိုလုပ်ထားဖို့ ပိုအရေးကြီးပါတယ်..။ HTML တွေမှားထည့်မိလို့ပဲဖြစ်ဖြစ်၊ Read more button လိုမျိုး တစုံတခု ပြုပြင်လိုရင်ပဲ ဖြစ်ဖြစ် မလုပ်ခင် အရင်ဆုံး Blog ရဲ့ Template ကို အရင် ဒေါင်းယူပြီး သိမ်းထားရမှာပါ..။ ပြီးမှ စိတ်ကြိုက်လုပ်ပါ..။ HTML ကုဒ်တွေ မှားချင်သလောက်မှား၊ မလုပ်ခင် အရင်သိမ်းထားခဲ့တဲ့ ဒီ Template လေးကို Upload တင်ပြီး Restore ပြန်လုပ်ပေးရင် အရင်အတိုင်း Blog ကို အကောင်းပြန်ရမှာပါ..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ အောက်ကပုံလေးတွေအတိုင်း လုပ်ပေးလိုက်ရင် ရပါပြီ..
Design >> Edit HTML ကနေသွားလိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်း ကြည့်ပြီး လုပ်ပေးလိုက်ပါ..




အပေါ်ပုံအတိုင်း Blog Template ကို ဒေါင်းယူသိမ်းထားပြီးရင် အဲဒီဖိုင်လေးကို သေချာမှတ်ထားဖို့ လိုပါတယ်..။ ဒီအခန်းမှာ Google Chrome Browser နဲ့ ဒေါင်းယူပြထားတာပါ..။ နောက်တခန်းမှာတော့ Mozilla Firefox Browser နဲ့ လုပ်ပြထားပါတယ်..။ Template ကို Restore ပြန်လုပ်တဲ့ အခါမှာတော့ အောက်ကပုံအတိုင်း Design >> Edit HTML ကနေ သွားပြီး အောက်ပုံလေးအတိုင်း လုပ်ပေးလိုက်ရင် Template ကို Restore လုပ်ပြီးသား ဖြစ်ပါပြီ..


------------------------------------------------------------------------------------------------------

၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..

ဒီတခုကတော့ ပိုအရေးကြီးတဲ့ အပိုင်းပါ..။ မိမိတို့ရဲ့ Blog အဟတ်ခံရတဲ့ အခါ၊ ဒါမှမဟုတ် တစုံတခု ပြုပြင်လိုက်လို့ ပျက်သွားတဲ့ အခါမျိုးတွေမှာ.. မိမိတို့ရဲ့ Blog မှာ လက်ရှိတင်ထားတဲ့ ပိုစ့်တွေအားလုံးကို ဒေါင်းလော့ချပြီး သိမ်းထားဖို့ပါ..။ ပိုစ့်တွေဆိုပေမယ့် တကယ်တမ်း ဒေါင်းလော့ချတဲ့ အခါမှာတော့ ဘလော့စာမျက်နှာမှာ မြင်ရသလို စာတွေ၊ပုံတွေ ပါလာတာမဟုတ်ပါဘူး..။ XML Document ဖိုင်လေးနဲ့ ရလာတာပါ..။ အဲဒီဖိုင်လေးကို ဖွင့်ကြည့်ရင်လည်း ဘာမှ နားလည်မှာမဟုတ်ပါဘူး..။ ကျနော့် Blog မှာ တင်ထားတဲ့ ပိုစ့်အားလုံး ၂၀၀ ကျော်ကို XML Document နဲ့ သိမ်းလိုက်တာ ဖိုင်ဆိုဒ်က 2 MB ကျော်လေးပဲ ရှိပါတယ်..။ ဘလော့မှာ ပြန်တင်လိုက်တဲ့ အခါမှာတော့ ပိုစ့် ၂၀၀ ကျော်ထွက်လာပါတယ်..။ ပုံတွေရော၊ စာတွေရော ၊ ဒေါင်းလော့လင့်တွေရော အားလုံးပါပါတယ်..။ Read More နဲ့ Sidebar က ဟာတွေပဲ မပါတာပါ..။ ပိုစ့်အပြည့် ရပါတယ်..။ ဒါကြောင့် မိမိတို့ရဲ့ ဘလော့မှာ ပိုစ့်တွေများလာတဲ့ အခါ တလ တခါလောက် ဒီနည်းနဲ့ XML Document ဖိုင်ကို ဒေါင်းလော့ချပြီး သိမ်းထားသင့်ပါတယ်..။ လုပ်နည်းကတော့ အောက်ပုံလေးတွေ အတိုင်းပါပဲ..
အရင်ဆုံး Setting >> Export blog ကနေသွားပြီး အောက်ကပုံလေးတွေ အတိုင်း လုပ်ပေးလိုက်ရင် ရပါပြီ..။ ဒီအခန်းမှာတော့ Mozilla Firefox Browser နဲ့ လုပ်ပြထားပါတယ်..။ Browser ၂မျိုးကို အသုံးပြုတတ်အောင်လို့ပါ..။




Save File နဲ့ သိမ်းပြီး အဆင့်ဆင့် အောက်ကပုံလိုမျိုး ဖိုဒါတခုဖွင့်ပြီး မှတ်မိလွယ်တဲ့ နာမည်ပေးထားလိုက်ပါ..။ အဲဒီဖိုဒါထဲမှာ ဒီဖိုင်လေးကို သိမ်းထားလိုက်ပါတယ်..


ပိုစ့်တွေကို စုသိမ်းထားတဲ့ ဒီ XML Document ဖိုင်ကို Restore ပြန်လုပ်ရင်တော့ အောက်ကပုံအတိုင်း Setting >> Import blog ကနေသွားပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။


အောက်ကပုံမှာ နံပါတ်တွေနဲ့ အက္ခရာတွေကို ကြည့်ရ ရှင်းလိမ့်မယ်လို့ ထင်ပါတယ်..။ နံပါတ်က နံပါတ်အတိုင်း၊ အက္ခရာက အက္ခရာအတိုင်း ခွဲကြည့်ပါ.. 


------------------------------------------------------------------------------------------------------

၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များလို့ ပေါ်ချင်တဲ့သူများအတွက်..

ဒီအခန်းကို မေးထားတဲ့လူရှိလို့ ထည့်ပေးလိုက်တာပါ..။ ဘယ်လိုလုပ်ရလဲဆိုတာ အောက်မှာ ဆက်ကြည့်ပါဗျာ.. Add a Gadget ကနေသွားလိုက်ပါ.. Blog Archive ကိုရှာပြီးကလစ်ပါ..





ကျနော့် ဘလော့မှာ အပေါ်ကပုံအတိုင်း ပြင်ထားပါတယ်..။ အပေါ်ပုံမှာ အစက်ကလေးတွေနဲ့ အမှန်ခြစ်နေရာတွေမှာ မိမိတို့ စိတ်ကြိုက် ပြုပြင်လို့ ရပါတယ်..။ ဒီပုံကတော့ ကျနော့်ဘလော့မှာ ယူထားတဲ့ အတိုင်းပြပေးလိုက်တာပါ..။ အောက်ကပုံအတိုင်း မိမိတို့ ထားချင်တဲ့ နေရာမျာ ရွှေ့ထားလိုက်ပြီး Save ပေးလိုက်ရင်တော့ ဘလော့စာမျက်နှာမှာ ညာဘက်အခြမ်းကလို ပေါ်နေပါပြီ..


 ----------------------------------------------------------------------------------------------------

၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..

ဒီတခုကလည်း အပေါ်မှာ ဖေါ်ပြထားသလို ကိုမောင်ဇော်မေးထားတဲ့ မေးခွန်းလေးနဲ့ တိုက်ဆိုင်မယ်ထင်ပါတယ်..။ ကိုမောင်ဇော်မေးတာ သိပ်မရှင်းလို့ ဒီအတိုင်းပဲ ဖေါ်ပြပေးလိုက်တာပါ.. ဒီပုံကတော့ ကျနော့်ဘလော့ပိုစ့်ရဲ့ Edit နေရာမှာ ပြင်ထားတဲ့ အတိုင်းလေးပါ..။ ဒီလို အပြောင်းအလဲ လေးတွေ မလုပ်ခင် အရင်ဆုံး Blog Post ရဲ့ အနေအထားကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ..။ ပြီးမှ ပြင်ပါ..။ အမှားဖြစ်ခဲ့ရင် ပုံလေးကို ကြည့်ပြီး ပြန်ပြင်လို့ အဆင်ပြေပါတယ်..။ 



ဘလော့စာမျက်နှာမှာတော့ အောက်ကပုံအတိုင်း ပေါ်နေပါပြီ..။


-------------------------------------------------------------------------------------------------------

၅။ Post တပုဒ်မတင်ခင် ပြင်ဆင်ရမည့် အချက်များ.. Labels (Categories) များအသုံးပြုတတ်အောင်..

ဒီနေရာမှာတော့ ပိုစ့်တခုတင်တော့မယ်ဆိုရင် သိထားဖို့ လိုအပ်တာလေးတွေပါ..။ ပုံမှာပြထားတဲ့ အတိုင်းပါပဲ..။ Labels နေရာမှာ ရွေးပြီး နာမည်ပေးခြင်းဖြင့် ပိုစ့်တွေကို လေဘယ်ခွဲပြီးသား ဖြစ်သွားပါလိမ့်မယ်..။ လေဘယ်ကနေ သူ့နေရာနဲ့သူ ပို့ပေးလိုက်တာပါ.. တချို့ကလည်း ဘလော့စာမျက်နှာမှာ Label လို့ မပေါ်စေပဲ.. Categories လို့ နာမည်ပြောင်းပေးထားကြပါတယ်..။ 


------------------------------------------------------------------------------------------------------

၆။ Blog စာမျက်နှာမှာ Labels (Categories) ပေါ်အောင် လုပ်နည်း..

တချို့က ပိုစ့်တွေများလာမှ Labels တွေကို ပြန်ခွဲချင်တော့ အလုပ်ရှုပ်ရပြန်ပါတယ်..။ အဲလိုလုပ်ချင်တဲ့ သူများအတွက် အောက်ကပုံလေးအတိုင်း အရင် လေဘယ်တွေကို ပြန်ခွဲလိုက်ပါ.. ဘယ်နေရာကနေ သွားသွားရပါတယ်..။ Edit Posts ကိုရှာပြီး ဝင်လိုက်ပါ..။




ပိုစ့်တွေတခုချင်းစီကို အနီရောင်နဲ့ ဘောင်ခတ်ပြထားတဲ့ Edit နေရာကနေ လေဘယ်ပြန်ခွဲထုတ်လို့ ရပါတယ်..။ (အပေါ်ပုံ..) အောက်ကပုံကတော့ လေဘယ်တွေကို ဘလော့စာမျက်နှာမှာ ပေါ်အောင်လုပ်ဖို့ပါ..။ Add a Gadget ကနေသွားပြီး Labels နေရာကို ကလစ်ပါ..။ 


အောက်ကပုံမှာ ကျနော်ပြုပြင်ထားတဲ့ အတိုင်းလေးပါ..။ Title နေရာမှာ Categories လို့ ရေးလိုက်ပါတယ်.. ကျနော့်ဘလော့စာမျက်နှာမှာ အဲဒီစာသားလေးနဲ့ ပေါ်နေပါပြီ..။ အောက်မှာ ဆက်ကြည့်ပါဗျာ..




-------------------------------------------------------------------------------------------------------

၇။ Post တပုဒ်တင်တဲ့အခါ မိမိညွှန်းချင်တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ်တဲ့ Post တပုဒ်ဖန်တီးခြင်း  (Webpage လိပ်စာနဲ့ Download လင့်တွေ ဘယ်လိုမြုပ်မလဲ)

ပိုစ့်တပုဒ်မတင်ခင် အရင် ပြင်ဆင် ပြောင်းလဲပေးရတာလေးတွေပါ.. အောက်ကပုံလေး အတိုင်း ပြထားပြီး ကျနော်ပိုစ့်တခု ဖြစ်အောင် လုပ်ပြထားပါတယ်..။ နောက်ပြီး ဒေါင်းလော့လင့်တွေ၊ Webpage လင့်တွေကို မမြုပ်တတ်သေးတဲ့ ဘလော့ကာ လူသစ်တန်းတွေ အတွက်၊ စာဖတ်ယုံနဲ့ အဲဒီအဆင့်တွေကို နားမလည်နိုင်ကြတဲ့ သူများအတွက် တဆင့်ချင်းစီကို ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ ဆက်ကြည့်ပါဗျာ..


အပေါ်ပုံမှာ ပြထားတဲ့ အတိုင်း ပုံထည့်ရန် လို့ပြထားတဲ့ နေရာကိုကလစ်ပြီး မိမိတို့စက်ထဲမှာ ရှိတဲ့ မိမိတို့ တင်ချင်တဲ့ ပုံကို အောက်ကပုံအတိုင်း တင်ပေးလိုက်ယုံပါပဲ..




ပုံကို အကြီးအသေး ကြိုက်သလို ပြုပြင်ဖို့ အပေါ်ပုံအတိုင်း လုပ်ပေးလိုက်ရင် ရပါပြီ...။ အောက်ပုံမှာ စာရေးပြီးတဲ့ အခါ စာကြောင်းတွေကို ညီညီညာညာလေး ဖြစ်နေဖို့ စာကြောင်းအားလုံးကို Select ပေးပြီး စာများစီရန် ဆိုတဲ့နေရာကို ကလစ်ပါတယ်..။ အဲထဲက အောက်ဆုံးမှာပေါ်တဲ့ မျဉ်းကြောင်းလေးတွေ ညီညာနေတဲ့ နေရာလေးကို တချက်ကလစ်ပါတယ်..။ ဒါဆို စာကြောင်းတွေ ညီညာသွားပါပြီ..။ (မိမိတို့ ပြုပြင်ချင်တဲ့ စာကြောင်းလေးတွေကို လိုသလောက် မောက်စ်မျှားနဲ့ ဖိဆွဲပြီး၊ စာကြောင်းတွေအားလုံး အပြာရောင် အောက်ကို ရောက်သွားရင် စလက်ပေးတယ်လို့ ခေါ်ပါတယ်.. အဲ့လိုဖြစ်သွားရင် စာကြောင်းတွေကို မိမိတို့ စိတ်ကြိုက် လုပ်လို့ ရပါပြီ..။)


အောက်ကပုံကတော့ လင့်မြုပ်တတ်အောင် ပြထားတဲ့ပုံလေးပါ..။ IDM 6.12 beta built 3 ပိုစ့်မှာ IDM ကို ဖူးဖြစ်အောင် ရှင်းပြထားတာ ဖြစ်တဲ့အတွက် အဲဒီပိုစ့်ကို ဒီပိုစ့်ကနေ ပြန်သွားလို့ ရအောင်၊ အဲဒီပိုစ့်ရဲ့ လင့်လေးကို ပြန်ညွှန်းပေးလိုက်တာပါ..။ မိမိညွှန်းချင်တဲ့ လင့်ကိုထည့်ပါ ဆိုတာ ဘယ်လိုလုပ်ရမလဲလို့ မေးတဲ့သူများ ဒီနေရာမှာ သေချာကြည့်ပေးပါ..။ မိမိညွှန်းချင်တဲ့ နောက်ထပ် Webpage တခုကို ရောက်အောင် အောက်ကပုံအတိုင်း စာသားနေရာမှာ စလက်ပေးပြီး Link နေရာကို တချက်ကလစ်ပါတယ်..။ 


ဒီအောက်ကပုံအတိုင်း ပေါ်လာပါပြီ..


အောက်ကပုံအတိုင်း ကျနော်ပြန်ညွှန်းချင်တဲ့ IDM 6.12 built 3 ပိုစ့်ကို ဖွင့်လိုက်ပါတယ်..။ Address Bar နေရာက လင့်လေးကို စလက်ပေးပြီး Right Click နဲ့ copy ယူလိုက်ပါတယ်..။ ကျနော့်ဆိုဒ်မှာ အမြဲလာကြည့်နေတဲ့ သူငယ်ချင်းများကတော့ Right Click ကို R/C လို့ ပုံတွေမှာ အတိုခေါက် ရေးလေ့ရေးထ ရှိတယ်ဆိုတာ သိပြီးသားမို့ ရှင်းပြဖို့ မလိုလောက်ဖူး ထင်ပါတယ်..။ 


copy ယူလာတဲ့ လင့်လေးကို အောက်ကပုံအတိုင်း Web address နေရာမှာ paste နဲ့ ထည့်လိုက်ပါတယ်..။ ပြီးရင် ok ပေးလိုက်ပါတယ်..။


IDM 6.12 built 3 နေရာမှာတော့ လင့်အရှင်လေးဖြစ်သွားပါပြီ..။ ကလစ်ကြည့်လိုက်ရင် နောက်စာမျက်နှာ တခုကို ရောက်သွားပါလိမ့်မယ်..။ ပြီးရင်တော့ စာမျက်နှာခေါက်တာဖြစ်တဲ့ Read More ကို ထည့်ပါတယ်..။ ဒေါင်းလော့လင့်ကိုလည်း ဒီနည်းအတိုင်းပဲ ထည့်တာပါပဲ..။




Minus မှာတင်ထားတဲ့ ဖိုင်ရဲ့ ဒေါင်းလော့လင့်ကို copy ယူပြီး အပေါ်နည်းအတိုင်း ထည့်ပေးလိုက်ပါတယ်..။




ပိုစ့်တခု အားလုံးပြင်ဆင်ပြီးသွားရင်တော့ PUBLISH POST စာသားနေရာကို တချက်ကလစ်လိုက်ရင် ဘလော့စာမျက်နှာမှာ အောက်ကပုံအတိုင်း ပေါ်နေပါပြီ..။


-------------------------------------------------------------------------------------------------------

၈။ Blog Side Bar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း

ဒီတနည်းကတော့ အမေးများတဲ့ မေးခွန်းလေးလို့ ထင်ပါတယ်..။ ကျနော့်ဆီမှာ သူငယ်ချင်း တယောက်တော့မေးဖူးပါတယ်..။ ဒါပေမယ့် အရင်တုန်းက နာမည်ကြီးဘလော့တွေမှာ ခဏခဏ တွေ့ရတဲ့ မေးခွန်းလးတခုပါ..။ ကျနော်ဒီပိုစ့်မှာ တခါတည်း ဒီနည်းလေးကိုပါ ထည့်ပေးလိုက်ပါတယ်.. မလုပ်တတ်သေးတဲ့ ဘလော့ဂါများအတွက်ပါ..။




လုပ်ရတာတော့ မခက်ပါဘူး..။ မသိခင်တုန်းကတော့ တော်တော်ကြာပါတယ်..။ Google မှာလိုက်ရှာရတာ အချိန်အများကြီး ပေးရပါတယ်..။ အခုတော့လည်း လွယ်မှလွယ်ပဲ..။ Animation လေးတွေကို မိမိတို့ ဖာသာဖန်းတီး ရမှာပါ..။ Photoshop နဲ့ပဲ ဖြစ်ဖြစ်၊ တခြား Animation ဆော့ဖ်ဝဲတွေနဲ့ပဲ ဖြစ်ဖြစ် ဖန်တီးလို့ ရပါတယ်..။ မိမိတို့ ဖန်တီးလိုက်တဲ့ Animation လေးက ဖိုင်ဆိုဒ်သေးရပါမယ်..။ အရမ်းကြီးနေရင် Web ပေါ်တင်လို့ အဆင်မပြေနိုင်ပါဘူး.. ဒါပေမယ့် GIF Resizer လေးနဲ့ ပြန်ချုံ့လိုက်လို့ အဆင်ပြေနိုင်ပါတယ်..။ အဲဒီကောင်လေးကို လိုအပ်တဲ့သူများအတွက် ကျနော်တင်ပေးလိုက်ပါတယ်..။ အောက်မှာ ယူလိုက်ပါဗျာ.. ကျနော် Animation လုပ်တာကို ရေးမှာမဟုတ်ပါဘူး..။ Animation ဖိုင်ကို ဘယ်လိုတင်ရမလဲဆိုတာကိုပဲ ရေးပေးသွားမှာပါ..။ မိမိတို့ ဖန်တီလိုက်တဲ့ Animation လေးကို Blog မှာဒီတိုင်းတင်လို့ ရပါတယ်..။ ဖိုင်ဆိုဒ်သေးရင်တော့ လှုပ်ရှားနေပါလိမ့်မယ်..။ ဒါပိုစ့်နေရာမှာ တင်တာကို ပြောတာနော်..။ ဆိုဒ်ကြီးရင်တော့ အလုပ်မလုပ်ပါဘူး.. ဒါလည်းတခု သတိပြုရမှာပါ..။ Blog Sidebar မှာဆိုရင်တော့ လုံးဝ မလှုပ်ဘူးဗျာ..။ အကြိမ်ကြိမ်စမ်းတယ်..။ အကြိမ်ကြိမ် ခေါင်းကိုက်ရပါတယ်..။ နောက်တော့ အောက်ကပုံလေးအတိုင်း နေရာပြောင်းပြီး စမ်းသပ်ကြည့်မိပါတယ်..။ အဲလိုနဲ့ Google မှာ ရှာရင်းနဲ့ English ဆိုဒ်အများစုမှာ ဖေါ်ပြထားတဲ့ http://photobucket.com/ မှာ အဆင်ပြေသွားပါတယ်..။ အခုတော့ မသိသေးတဲ့ Blogger များအတွက် လုပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်...။ 

GIF Resizer



http://photobucket.com/ မှာ အကေင့်တခု ဖွင့်ပါ..။ ဖရီးအကောင့်ပါ..။ ပြီးရင်တော့ အောက်ကပုံလေးတွေအတိုင်း Animation GIF ဖိုင်ကို Upload တင်ပါ..



အောက်ကပုံအတိုင်း မိမိတို့တင်တဲ့ GIF ဖိုင်ဟာ ဆိုဒ်သေးဖို့ လိုပါတယ်..။


ကျနော်တင်လိုက်တဲ့ Animation လေး ရောက်သွားပါပြီ..။ အောက်ကပုံလေးတွေ  အတိုင်း Direct Link ကို copy ယူလိုက်ပါ..



အောက်ကပုံအတိုင်း Save ပြီး Direct Link ကို album ထဲမှာ သွားယူရင်လည်း ရပါတယ်..။ အဆင်ပြေသလိုလုပ်ပါ..။


ပြီးရင်တော့ မိမိတို့ ဘလော့ရဲ့ Gadget >> Picture ကနေ သွားထည့်ပေးလိုက်ပါ..။



ဟိုဘက်ဆိုဒ်က Animation လေး လှုပ်ရှားနေတဲ့ Direct Link ကို copy ယူပြီး အပေါ်ပုံမှာ ပြထားတဲ့ နေရာမှာ paste နဲ့ ထည့်ပြီး ခဏစောင့်ပေးလိုက်ပါ..။ အောက်ပုံ..



အောက်ကပုံကတော့ မိမိတို့ ထားချင်တဲ့ နေရာကို ရွေ့ပြောင်းပေးလိုက်ပါ...။



ကျနော့်ဘလော့ Sidebar မှာ အရုပ်လေးတွေ လှုပ်ရှားနေပါပြီ..။ ဒီမှာတော့ ပုံကိုပဲ ရိုက်ပြလို့ ရပါတယ်..။ ပုံလည်နေတာကတော့ ကျနော့် ဘလော့ထဲမှာပါ..။


ဒီလောက်ဆိုရင် Blogger လူသစ်များအတွက် အတော်လေး အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်ဗျာ..။