ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Monday, April 24, 2017

Graphic အကြောင်း 3

.

ဂရပ်ဖစ် ဒီဇိုင်းရေးကြမယ်ဆိုရင် အရောင်စနစ်အကြောင်းး သိသင့်ပါတယ် ...
(အဓိက ကွန်ပြူတာမှာ ရှိတဲ့ အရောင်စနစ်အကြောင်း ပြောပြပါမယ် ...)
.
(တချို့ သိပြီးဖြစ်ပေမယ့် ခုမှ လေ့လာသူများ သိဖို့အတွက်ပါ)
.
Color နဲ့ ပတ်သက်လို့ အရောင် စနစ်မှာ အဓိက ၃ မျိုးကို နားလည်သင့်ပါတယ်။ တခြား Lab Color, HSB တွေနဲ့ ပတ်သက်လို့ အသေးစိပ်မသိတောင် ကျွန်တော်တို့ အမြဲလို ထိတွေ့နေတဲ့ ပုံနှိပ်လုပ်ငန်းသုံးနဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်း ... တီဗွီ၊ ကွန်ပြူတာ၊ အင်တာနက်မှာသုံးနေတဲ့ CMYK, RGB, Index အရောင် အကြောင်းတော့ သိထားသင့်ပါတယ်။
.
CMYK color-
.
ပုံနှိပ်လုပ်ငန်းသုံး၊ ကွန်ပြူတာပရင့်တာတွေ ရိုက်ထုတ်နေတဲ့ အရောင်စနစ်ဟာ CMYK လို့ခေါ်ပါတယ်။ လေးရောင်ပေါင်းစပ်တဲ့ စနစ်လို့ပြောလိုရပါတယ်။ အရောင်တခုနဲ့ တခု ပေါင်းစပ်ဖော်ယူတာပါ။ အဝါနဲ့ အပြာပေါင်းရင် အစိမ်းရတယ်လေ။ အပြင်မှာ လက်နဲ့ ဆေးရေး၊ ဆေးသုတ်တာလဲ ဒီစနစ်ပါပဲ။ အလင်းရောင်က အရောင်ကို၊ အရောင်ရှိတဲ့ မျက်နှာပြင်ကို ထိရိုက်ပြီး လူ့မျက်စေ့ကို လာထိတဲ့အခါ မြင်ရတဲ့ အရောင်သဘောတွေဟာ ဒီစနစ်နဲ့ အကြုံးဝင်ပါတယ်။
.
အပြာကို Cyan လို့ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအပြာထဲမှာ အနီလုံးဝမပါပါဘူး။ လူအများမျက်စေ့ထဲမှာ မြင်နေ ပြောနေတဲ့ အပြာက မိုးပြာရောင်ပါ။ အဲဒီက အရောင်သီအိုရီအရ အနီပါနေပါတယ်။ အနီကိုလဲ အဝါမပါရတဲ့ အတွက် Magenta လို့ခေါ်ပါတယ်။ နောက် အဝါနဲ့ အနက်ပါ။ ပရင့်တာမင်အိုးတွေ လေဆာ မင်တွေလဲ ဒီ ၄ ရောင်ပဲစပ်ပါတယ်။ တချို့ပရင့်တာ အကောင်းစားတွေက အနီ ၂ မျိုး အပြာ ၂ မျိုး ထပ်ခွဲ ထားတတ်ကြပါတယ်။ အရောင်ကို ပိုကျယ်ကျယ်ပြန့်ပြန့် စပ်ချင်လို့ လုပ်ကြတာပါ။ စက္ကူပေါ်နဲ့ အပြင်မှာရေးကြတဲ့ ပန်းချီ၊ ဆိုင်ဘုတ်လုပ်ငန်းတွေဟာ ဒီအရောင်စနစ်ပါ။ အရောင်တွေ အချိုးကျ ပေါင်းစပ်ရင် အဖြူဖြစ်ပါတယ်။ ဆတူပေါင်းရင် အမည်းရောင်ဖြစ်သွား ပါတယ်။
.
အောက်မှာ(ပုံ-၁) မူလဓာတ်ပုံ ရောင်စုံကနေ လေးရောင်ခွဲပြီး ပြန်လည်ပေါင်းစပ်မှုကို သိသာအောင် ခွဲပြထားပါတယ်။
.
နောက်အရောင် စနစ်တခုက
.
RGB Color ပါ ... ပုံ-၂
.
RGB စနစ်က စက္ကူပေါ်မှာမဟုတ်ပဲ ကွန်ပြူတာ (မော်နီတာ) ပေါ်မှာမြင်ရတဲ့ အရောင်၊ တီဗွီမှန်သားပြင်ပေါ်မျာ မြင်ရတဲ့ အရောင်။ စလိုက်ထိုးပြတဲ့ ပြပွဲတွေမှာ သုံးတဲ့ အရောင်စနစ်ဟာ RGB ပါ။ ဒီစနစ်မှာ မြင်ရတဲ့ အရောင်တွေဟာ ၄ ရောင်စနစ်ကလို အရောင်ကို အလင်းကထိ နောက်မျက်လုံးကို အလင်းပြန် ရိုက်ခတ်လို့ မြင်ရတာမဟုတ်ပါဘူး။ အလင်းရောင်ကို မီးနဲ့ မျက်နှာပြင် တခုခုပေါ်မှာ ထိုးပြပြီးမှ မျက်စေ့ကို ရိုက်ခတ်ပြီး ပြန်မြင်ရတာပါ။ ပြောရရင် အဲဒီ RGB အရောင်တွေဟာ သဘာဝမှာ သာမန်မျက်လုံးရှေ့မှာ မမြင်ရတဲ့ အရောင်တွေပါ။
.
သူက အရောင်တွေကို တရောင်နဲ့တရောင် ပေါင်းစပ်တာမဟုတ်ပါဘူး။ တရောင်ရဖို့အတွက် အခြား ၂ ရောင်ကို သုံးပြီး အချိုးကျ နှုတ်ယူရတဲ့ သဘောလို့ မှတ်ယူနိုင်ပါတယ်။ အရောင်နှုတ်တယ်ဆိုတဲ့ သဘောကို ပြောရရင် ငယ်ငယ်တုန်းက ဆီစိမ်စက္ကူ ရောင်စုံလေးတွေကို မျက်မှန်လိုလုပ်ပြီး ကြည့်ဖူးကြမှာပါ။
.
အနီရောင်ခံကြည့်တဲ့အခါ။ အနီရောင် အဝတ်ဝတ်ထားသူရဲ့အဝတ်ဟာ ဖြူနေသလို အရောင်မရှိသလို ဖြစ်သွားပါတယ်။ အဲဒါဟာ အနီကို အနီနဲ့ခံကြည့်တာဟာ မြင်ကွင်းက အနီကို အနီနဲ့ နှုတ်ကြည့်တဲ့သဘောပါ။
.
ဒီအရောင်စနစ်မှာ အရောင်တွေကို ဆတူပေါင်းရင် အဖြူဖြစ်သွားပါတယ်။ အရောင်အားလုံး ရာခိုင်နှုန်းပြည့် 100% နှုတ်ကြည့်လိုက်တော့ ဘာရောင်မှ မရှိတော့တဲံ သဘောပါ။ ဆန့်ကျင်ဖက် သုံညရာခိုင်နှုန်းထားပြီး နှုတ်ကြည့်မယ် (ဒါက ဘာမှ မနှုတ်တဲ့သဘောပါ) ကြည့်မယ်ဆိုရင် အမည်းဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဘာမှမရှိတဲ့ တီဗွီဟာ အမည်းရောင် ဖြစ်နေပါတယ်။
.
ပုံနှိပ်လုပ်ငန်းအတွက်၊ စက္ကူပေါ်ရိုက်ထုတ်မယ့် ပုံကို အရောင်ချိန်ရင် ပေါင်းစပ်ချိန်ရပေမယ့်၊ တီဗွီ၊ ရုပ်ရှင်လုပ်ငန်း၊ အင်တာနက်၊ စလိုက်ရှိုးးအတွက် ဆိုရင် ၃ ရောင်စနစ်နဲ့ အဲဒီအရောင်ကို ဖြစ်စေတဲ့ အဓိက RGB ထဲကအရောင်ကို ချိန်ပေးရပါမယ်။ အဲဒီစနစ် ၂ ခုလုံး ဖိုတိုရော့မှာ သုံးလို့ရပါတယ်။
.
အရောင်ချိန်ုပုံကို RGB Editiing ကို Graphic အကြောင်း 4 မှာ ဆက်ဖတ်ပါ။
.
နောက်တခုက Index Color စနစ်ပါ။
.
Index Color (ပုံ-၃)
.
ဒီစနစ်က ရှင်းပါတယ်။ လိုချင်တဲ့ အရောင်ပဲ ရှိစေပြီး အပိုတွေကို ဖယ်ထုတ်ထားတာပါ။ ဒါပေမယ့် အရောင်ချုံ့လိုက်တဲ့ အရောင်အရေအတွက်ပေါ်မူတည်ပြီး ရုပ်ပုံအရည်အသွေး ကွာဟသွားတတ်ပါတယ်။
.
အဝတ်အထည်တွေ ဆေးဆိုးပန်းရိုက်စက်တွေနဲ့ ရိုက်တဲ့အခါမှာ ၁၄ - ၁၅ ရောင်လောက်ပဲ တွက်ချက်ဒီဇိုင်းလုပ်ရပါတယ်။ စက်တွေမှာ ရိုက်ချက်ကို အများဆုံး ၁၄ ရောင်လောက်ပဲ ရိုက်ထုတ်လေ့ရှိပါတယ်။ အရောင်အနုအရင့်လိုချင်ရင် အနုတရောင် အရင့်တရောင် ၂ ခါ ရိုက်ရပါတယ်။ ပုံနှိပ်စက်လို Gradient ကိုတရောင်ထဲနဲ့ ရိုက်လေ့မရှိပါဘူး။
.
အောက်မှာ Index အရောင် ၉(အဖြူပါ) ရောင်ပါတဲ့ Print ခေါ် ဆေးဆိုးပန်းရိုက် ဒီဇိုင်းတခုပါ။ အရောင်တွေကို တိုက်ရိုက်အပြင်မှာ ဆေးစပ်ပြီးရိုက်ရပါတယ်။ အဖြူရောင်ကိုလဲ ထည့်တွက်ရပါတယ်။ ဘာလို့လဲဆိုတော့ တချို့က အရောင်ခံပေါ်မျာ ရိုက်ရင် အဖြူကို တချက်သပ်သပ် ထပ်ရိုက်ရပါတယ်။
.
အဲဒီသဘောမျိုးပဲ အင်တာနက်ပုံတွေကို GIF နဲ့လုပ်တဲ့အခါ Index Color လုပ်လေ့ရှိပါတယ်။ ပုံရဲ့လိုတဲ့အရောင်ပဲယူပြီး လျှော့လိုက်တဲ့အတွက် ဖိုင်အရွယ်သေးငယ်သွားပါတယ်။
.
အထက်ကပုံကို GIF က 156 KB, JPG က 616 KB, PNG က 292 KB တို့ ဖြစ်ပါတယ်။
.
ဒါပေမယ့် နောက်ပိုင်းမှာ RGB အရောင်စနစ်နဲ့ လုပ်ထားတဲ့ JPG, PNG တို့ကို သုံးလာကြပါ တယ်။ အဲဒါက မူလ ပုံရဲ့အရည်အသွေးအတိုင်းပဲ ရှိနေပါတယ်။
.
ဝထး072316
Ref:
https://web.facebook.com/permalink.php?story_fbid=1731577667059928&id=100006231343231

Thursday, April 20, 2017

နေ့စဉ်သတင်းထူးများ
· 7 hrs ·

ကားတစ်​စီးဝယ်​​တော့မယ်​ဆိုရင်​ ဘာ​တွေကြည့်​ရမလဲ။

မကျွမ်းကျင်​​သေးတဲ့သူ​တွေအတွက်​ အ​ခြေခံ​လေး​တွေပါ။ ကားနားလည်​တဲ့သူကိုလည်း​ခေါ်သွားရင်း ကိုယ်​လည်းဒါ​လေး​တွေစစ်​ကြည့်​ပါ။
ကားမှာအ​ရေးအကြီးဆုံးက အရှုပ်​အရှင်းကင်းပြီး လိုင်​စင်​ပါတဲ့ကားဖြစ်​ဖို့ပါ။ အုံနာဘုတ်​ ဝှီးတပ်​ မှန်​မမှန်
ချက်​စီ (Chassis) ​ဘောင်​ နှင့်​ မိန်းပလိတ်​ပြား ဖြတ်​ဆက်​လုပ်​ထားလားဆိုတာ ​သေချာ​အောင်​ ကညနရုံးမှာကားမဝယ်​ခင်​ သွားစစ်​ပါ။ မှတ်​ပုံတင်​ပြပြီး တရားဝင်​စစ်​တာ ​ငွေငါး​ထောင်​​ပေးရပါတယ်​။ ကားမှာအလိမ်​​တွေပါရင်​​တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်​မှာပါ။
ဒါက​တော့ ကားကိုကြည့်​ပြီး အားလုံးကြိုက်​လို့ ​ဈေးပါတည့်​ပြီးမှ final အ​နေနှင့်​ လုပ်​ရမှာပါ။
ကားတစ်​စီးဝယ်​ဖို့ သွားကြည့်​ရင်
၁။ အင်​ဂျင်​ခန်း ကြည့်​မယ်
ကားရဲ့အရိုးအစစ်​လို့​ခေါ်တဲ့ အဓိကတန်း​တွေ Frame ​တွေကြည့်​ပါမယ်​။
ရေတိုင်​ကီတန်း​တွေ ဘေး​ဘောင်​​တွေ ​ရှော့ဘား​ဘောင်​​တွေ ​သေသပ်​ရမယ်​။ အင်​ဂျင်​ ဂီယာ​ဘောက်​စ်​ အားလုံးကြည့်​​ကောင်း​နေရမယ်​။ ​Original ချိတ်​​တွေဖြစ်​ရမယ်​။ အင်​ဂျင်​ခန်းက​အော်​​ဆေးဖြစ်​ရမယ်​။ 
ဘောနပ်​​အောက်​က ​အော်​​ဆေး ​ဖြစ်​ရမယ်​။
{​Original ဟုတ်​မဟုတ်​သိရန်​ နားလည်​တဲ့သူလိုပါသည်​}
၂။ စက်​နှိုးမယ်​ ။ AC ဖွင့်​မယ်​။
အင်​ဂျင်​သံနား​ထောင်​မည်​။ အသံ​ကောင်းလား ငြိမ်​လား။
လီဗာ​ဖြေး​ဖြေးနင်းကြည့်​မယ်​ RPM တက်​တာမှန်​လား။
AC ​အေးလားကြည့်​မယ်​ ။ ပါဝင်​တဲ့ စနစ်​​တွေအလုပ်​လုပ်​လားစမ်းမယ်​ {ဥပမာ Auto , Swing , Mode }
အင်​ဂျင်​ဝိုင်​တိုင်းတဲ့အတံကိုဆွဲကြည့်​မယ်​။ အင်​ဂျင်​ဝို​င်​ထည့်​တဲ့အဖုံးဖွင့်​ကြည့်​မယ်​။ အင်​ဂျင်​ဝိုင်​ ဂျိုး​တွေရှိ​နေမယ်​ဆို အင်​ဂျင်​ cleaning လုပ်​ရမှာ။
၃။ ကားတစ်​စီးလုံး ပတ်​လည်​ ​အော်​​ဆေးလား လိုက်​ကြည့်​မယ်​။ တံခါး​တွေဖွင့်​ပြီး တံခါး​ဘောင်​​တွေ အချိုးတွေ အရိုးအစစ်​​တွေ သပ်​ရပ်​လား ကြည့်​မယ်​။ ​အော်​​ဆေးလားသိဖို့ကခက်​ပါသည်​။ သို့​သော်​ ​ဆေးသားအ​ရောင်​လွဲတာ မညီတာ ​လှိုင်းေ​တွလိုမျိုးဖြစ်​​နေတာ ​အရိုးအစစ်​ ​တွေမညီတာ​တွေက ​သေချာကြည့်​ရင်​မြင်​ရပါသည်​။ ကားတစ်​စီးလုံးမှာ ချိတ်​​တွေ spot ​တွေရှိပါတယ်​။ အဲဒါ​တွေက ထိခိုက်​မိရင်​ ​အော်​အတိုင်းပြန်​လုပ်​ဖို့မလွယ်​ပါဘူး။ တစ်​ခုခုကို သံသယရှိတယ်​ဆိုရင်
ဘယ်​ဘက်​နဲ့ညာဘက်​ တစ်​ဖက်​နဲ့တစ်​ဖက်​ တူလားကြည့်​ပါ။ ​တံခါး​တွေဆေးပြန်​မှုတ်​ထားတယ်​ထင်​ရင်​ ​ခေါက်​ကြည့်​ပါ။သံပြားအသံလား ပတ်​တီးအသံလားနား​ထောင်​ပါ။
၎။ ​နောက်​ဖုံးဖွင့်​မယ်​။ ချိတ်​​တွေမှန်​ရမယ်​။ အတွင်းခန်း​​အော်​ဆေးဖြစ်​ရမယ်​။
၅။ ​အောက်​ပိုင်းကြည့်​မယ်​။ သံ​ချေးအ​ဆွေးရှိလား။
ဖရိန်​​တွေ​တန်း​တွေ ကြည့်​​ကောင်းလား။ ​ကွိုင်​စပရိန်​​တွေ ရှော့ဘား​တွေကြည့်​မယ်​။
၆။ မီးလုံး​တွေ original အမှန်​​တွေလား။ မှန်​​တွေလိုက်​စစ်​မယ်​ ။ ​အော်​မှန်​​တွေလား ။ ပြန်​ထည့်​လား။ မှန်​တံဆိပ်​​တွေ ပြန်​ရိုက်​ထားတဲ့ဟာ​တွေလား။ မှန်​​ဘေးလိုင်​နာ​တွေ ​သေသပ်​လား။ မှန်​အကွဲ အက်​ရာရှိလား။
၇။ အတွင်းခန်းကြည့်​မယ်​။ စီလင်​ ဒက်​ရှ်​ဘုတ်​ ထိုင်​ခုံ
ဘေးကာဗာ​တွေ အ​ခြေအ​နေ။ စတီရာရင်​ ဂီယာ အမှန်​လား။ ကားမှာပါတာ​တွေ အကုန်​စစ်​ { TV ထိုင်​ခုံ​မော်​တာ seat-heater seat-memory TRC ECO }
၈။ Original Alloy လား။ ပြန်​ထည့်​လား။
တာယာ​တွေ​ကောင်း​သေးလား။ လဲရ​တော့မလား။
၉။ Model Year ကို internet မှာစစ်​ပါ။{https://jpcenter.ru/month}
ကား color code ကိုမှန်​လား google မှာရှာပြီးစစ်​ပါ။
{တစ်​စီးလုံး အ​ရောင်​​ပြောင်း​တွေရှိတတ်​လို့}
ပြောထားတဲ့ ကား Grade ပြည့်​လား။ Grade change ထားလား။ { ဥပမာ Wish 2003 XS ဆိုပြီး အ​နောက်​ဘရိတ်​က Drum ဖြစ်​​နေတာမျိုး }
၁၀။ ခွင့်​ပြုတယ်​ဆို ကားစမ်း​မောင်းကြည့်​မယ်​။ AC ဖွင့်​ထားမယ်​။ အင်​ဂျင်​အသံ ​အောက်​ပိုင်းအသံ နား​ထောင်​မယ်​။ ချိုင့်​အ​သေး​လေး​တွေကျရင်​ ဘယ်​လိုလဲ။ ​ 
ရှော့ဘား​တွေ ဘွတ်​​တွေ​ကောင်းလား။ ဘရိတ်​​ကောင်းလားစမ်းမယ်​။ ​မော်​ဒယ်​မြင့်​ကားဆို ကိုယ့်​အသိ workshop မှာ computer ထိုးစစ်​မယ်​ {ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာ​ကြောက်​ရင်​ }
ကားများသည်​ brand new ကားများမဟုတ်​လို့ အနည်းအများ ပြစ်​ချက်​ရှိမှာပါ။ ​ဈေး​ပေါ်မူတည်​ပြီး ဝယ်​သင့်​မဝယ်​သင့်​ဆုံးဖြတ်​ပါ။ အချို့လူများသည်​ ကားအားလုံး​ကောင်း​ပြီး​ဈေးတန်​သော်​လည်း ဘန်​ဘာ တွင်​​အဆင်းရာများရှိ၍ မကြိုက်​ဟု​ပြောသည်​။ ထို့​နောက်​ အ​ရှေ့​ရောအ​နောက်​ပါ တိုက်​ထားပြီး ​ဆေးbody ပြန်​လုပ်​ထား​သောကားကို စင်းလုံး​ချောထင်​၍ ဝယ်​သွားသည်​ကို ကြားဖူးသည်​။ kilo 120000 ကားကို ကီလိုများသည်​ဟု မဝယ်​ဘဲ kilo 180000 ကို ကီလို 70000 ​ပြောင်းထား​သောကားကိုဝယ်​သည်​။ ကီလိုအနည်းအများ အ​ရေး
ကြီး​သော်​လည်း အင်​ဂျင်​ ဂီယာ​ဘောက်​စ်​ ​အောက်​ပိုင်း ပို​ကောင်းတဲ့ကားကိုယူရပါမည်​။
ကီလိုနည်းပြီး ကား​ကောင်းရင်​​တော့ အ​ကောင်းဆုံး​ပေါ့။
သိသ​လောက်​ မှတ်​သ​လောက်​ ​​လေး​တွေတင်​​ပေးလိုက်​ပါသည်​။ ကျန်​ခဲ့တာ​တွေလည်းရှိမှာပါ​။
ကားဝယ်​သူတိုင်း ကား​ကောင်းရကြပါ​စေ။
Credit : Yan Naing - Car City

Monday, April 17, 2017

nfinity နည်းပညာစုစည်းမူ့များ

Photoshop CS version Collection
လိုအပ်သူတွေယူပါအဆင်ပြေအောင်စုစည်းပေးထားပါတယ်

(1) CS3 full (456mb)
https://docs.google.com/uc…
(2) CS4 extended (1.41GB)
https://docs.google.com/uc…
(3) CS5 extended (1.3Gb)
https://docs.google.com/uc…
(4) CS6 Full Version
73.73mb extended
http://app-licensing.com/get-adobe-photoshop-cs6-full-vers…/
CS6 Key
https://my.pcloud.com/publink/show…
(OR)
(5) CS6 extended 1.3 GB
https://docs.google.com/uc…
မတူခြားနားတဲ့ digital copier အမျိုးစားတွေ။
#############################
################ Digital copier ကိုဝယ်မယ် သို့မဟုတ် ငှားမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အဲဒီမတူခြားနားတဲ့ digital copier အမျိုးစားတွေကိုတော့ သိသင့်ပါတယ်။ ဒါမှလည်း ကိုယ်နဲ့သင့်တော် အသုံးသက်မယ့်စက်မျိုးကို ဝယ်ယူနိုင်မယ်။ ပြီးတော့ ကုန်ကျစရိတ်လည်းသတ်သာမယ်။ Digital copier အမျိုးစား ၄ မျိုးရှိပါတယ်။
၁။ Monochrome digital copier (black and white)
ဒီအမျိုးစားကတော့ ဈေးနှုန်းအသတ်သာဆုံးပေါ့။ ဒီစက်အမျိုးစားရဲ့ အခြေခံအလုပ်လုပ်နိုင်တဲ့ Function တွေကတော့ copying, faxing and scanning ဆိုပြီး ရိုးရိုးရှင်းရှင်းပဲဖြစ်ပါတယ်။ တစ်မိနစ်အတွင်း ထုတ်နိုင်မယ့် ရွက်ရေကတော့ ၃၀ မှ ၁၄၀ အတွင်းရနို်င်ပါတယ်။ အံဆွဲတစ်ခုကို စာရွက်ရေ ၁၀၀ အထိဝင်ဆန့်နိုင်တယ်။
၂။ Digital Color copier
ဒီအမျိုးစားတွေကတော့ အရောင်နှင့်ပတ်သက်လာရင် အကောင်းဆုံး resolution ကိုထုတ်ပေးနိုင်တဲ့အတွက်ကြောင့် လုပ်ငန်းသုံး ကြော်ငြာစာစောင်၊ လက်ကမ်းစာစောင် နှင့် presentation တွေထုတ်တဲ့အခါမှာ အများဆုံးသုံးကြတယ်။ တစ်မိနစ်အတွင်းထုတ်နိုင်တဲ့ အရွက်ရေကတော့ ၄၀ မှ ၉၀ အထိထုတ်နိုင်ပါတယ်။ အံဆွဲကတော့ စာရွက်ရေ ၁၀၀၀ အထိဝင်ဆန့်ပါတယ်။ ဒီအမျိုးစားတွေကတော့ ဈေးနှုန်းနည်းနည်းပိုများပါတယ်။
၃။ All-in-one copier (AIO)
ဒီအမျိုးစားကတော့ အသေးစားလုပ်ငန်း သို့မဟုတ် ရုံးခန်းတွေမှာ အသုံးပြုတာများပါတယ်။ Print, scan and fax ဆိုပြီး ရိုးရိုး Functions လောက်ပဲပါပါတယ်။ ဒီစက်ရဲ့ speed ကတော့ နည်းနည်းနှေးပါတယ်။ တစ်မိနစ်ကို စာရွက်ရေ ၂၀ မှ ၃၀ အထိပဲထုတ်လို့ရနိုင်တယ်။ resolution ကတော့ တခြားအမျိုးစားနှင့်ယှဉ်ရင် မလုံလောက်ပါဘူး၊ ဈေးနှုန်းလည်း သက်သာပါတယ်။
၎။ Multifunction copier
ဒီအမျိုးစားကတော့ ယခုလက်ရှိ အရမ်းလူကြိုက်များတဲ့ လုပ်ငန်းကြီးသေး အရွယ်အစားမရွေး သုံးကြတဲ့ အမျိုးစားဖြစ်တယ်။ ဒီစက်အမျိုးစားဟာ အလုပ်လုပ်နိုင်တဲ့ Functions တွေအများကြီးပါတဲ့ အတွက်ကြောင့် မလိုအပ်တဲ့ စက်ကိရိယာတွေ သို့မဟုတ် လုပ်သားတွေကို လည်းလျော့ချစေတယ်။ လုပ်ငန်းတွေမှာ အဆင်ပြေ အလုပ်သွင်ကျယ်အောင် အထောက်ကူပြုတဲ့အတွက်ကြောင့် လူကြိုက်များတာပါ။

Sunday, April 16, 2017

· 19 hrs ·

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်

===============================================
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။
◘◘နည်းလမ်း(၁)◘◘
ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။
အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။
◘◘နည်းလမ်း(၂)◘◘
ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။
◘◘နည်းလမ်း(၃)◘◘
ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

lava 702 root & mm font
လုပ်စမ်းကြည့်တာ
ဆိုင်က ၃ လုံး စမ်းပြီပြီ

Saturday, April 15, 2017

Resolve Full ဗားရှင်း

သူလဲ နာမည်ကြီး ဗွီဒီယိုတည်းဖြတ် ဆော့ဝဲးတစ်ခုပါပဲ အသုံးပြုလိုသူများအတွက် အသုံးပြုရတာ အဆင်ပြေအောင် Full ဗားရှင်းကို ရှာပြီးတင်ပေးလိုက်ပါတယ်

MBလဲ သိပ်မများပါဘူး ဘယ်ဝင်းဒိုးမဆို အသုံးပြုနိင်ပါသည်။

===========================
( မှတ်ချက် - ကျွန်တော်တို့ လို နည်းပညာ သမားတွေဟာ ဆော့ဝဲးကောင်းတစ်ခုရဖို့  ပညာတစ်ခု ရဖို့ ဆိုတာ အချိန်လဲကုန် ငွေလဲကုန်ပါတယ် အခုလိုအခမဲ့တင်ပေးတာကလဲ နည်းပညာ သမားတစ်ယောက်ရဲ့ စေတနာပါ ကြာလာတောလဲ ပညာတော ရပေမဲ့ ဝမ်းရေးအတွက်လဲရှိပါသေးတယ် ဒါကြောင့် ဆော့ဝဲးရောင်းခြင်း ၊ သင်တန်းဖွင့် နေတာဟာ ဘာအတွက်လဲ ဘာကြောင့်လဲ ဆိုတာ အားလုံးပဲနာလည်ပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ် )
-------------------------------------
ဆော့ဝဲးအားဒေါင်းရန်......https://drive.google.com/open…
LikeShow more reactions
Comment